2 yrs - Translate

လေထုထဲမှာ ကာဗွန်တွေကို စုပ်ယူပေးမယ့် ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်

လေထုထဲမှ ကာဗွန်ဓာတ်ငွေ့တွေကို စုပ်ယူပေးတဲ့ ကမ္ဘာ့အကြီးဆုံး ကာဗွန်စုပ်စက်ဟာ အိုက်စလန်နိုင်ငံမှာ စတင်လည်ပတ်နေပါပြီ။ ဆွစ်ဇာလန်ကုမ္ပဏီ Climeworks နဲ့ အိုက်စလန်ကုမ္ပဏီ CarbFix တို့ ပူးတွဲတည်ထောင်ထားတဲ့ Orca ကာဗွန်စုပ်စက်ရုံဟာ နှစ်စဉ်နှစ်တိုင်း လေထုထဲမှာ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ တန်ချိန် ၄၀၀၀ စုပ်ယူပေးနိုင်မယ်လို့ ခန့်မှန်းထားပေမဲ့ တကယ့်လက်တွေ့မှာတော့ ကာဗွန်ဓာတ်ငွေ့ တန်ချိန် ၃၆၀၀၀ အထိ စုပ်ယူနိုင်မယ်လို့ ဆိုပါတယ်။

လေထုထဲမှ စုပ်ယူလိုက်တဲ့ ကာဗွန်ဓာတ်ငွေ့တွေကို အလွန်တရာနက်တဲ့ မြေအောက်ထဲကို ပို့ဆောင်မှာဖြစ်ပြီး လာမယ့်နှစ်သန်းပေါင်း ရာချီအထိ မြေပေါ် ပြန်ထွက်လာစေမှာ မဟုတ်ပါဘူး။ အဲဒီလုပ်ဆောင်မှုအားလုံးကို ဘူမိအပူ စွမ်းအင်နဲ့ လည်ပတ်မှာဖြစ်လို့ ကာဗွန်ထုတ်လုပ်မှုရှိမှာ မဟုတ်ပါဘူး။

အမေရိကန်နိုင်ငံ ဝိုင်အိုမင်းပြည်နယ်မှာလည်း တစ်နှစ်ပျမ်းမျှ ကာဗွန်တန်ချိန် ၅ သန်းအထိ စုပ်ယူပေးနိုင်မယ့် ကာဗွန်စုပ်စက်ရုံ တည်ဆောက်ဖို့ စီစဉ်နေပြီး တခြားနိုင်ငံတွေမှာလည်း အလားတူ စီမံကိန်းတွေ စီစဉ်တာ (သို့မဟုတ်) တည်ဆောက်နေပါပြီ။

image
2 yrs - Translate

"ငါဘာလို့ နှုတ်ဆက်ခြင်းတွေနဲ့ အမြဲရင်ဆိုင်ရမှာလဲ၊ ငါ့ရင်ထဲထိ နာကျင်ခံစားရတဲ့ နာကျင်မှုတွေကို သူတို့ မမြင်နိုင်ကြဘူးလား။ ". ".

image
2 yrs - Translate

"တစ်ခါလောက်ပါပဲ ငါ့ကိုဆုံးရှုံးရမှာကြောက်တဲ့ လူတစ်ယောက်ကို ငါလိုချင်မိတယ်. """.

image
2 yrs - Translate

ဇနီးသည်အပြုစုကောင်းလို့ ၁၀ နှစ်တာကိုမာဖြစ်နေရာမှ နိုးထလာခဲ့တဲ့ တရုတ်အမျိုးသား

အမျိုးသမီးတစ်ဦးဟာ ၁၀ နှစ်ကြာအောင် ကိုမာဖြစ်နေတဲ့ ခင်ပွန်းဖြစ်သူကို ကိုယ်ကျိုးမငဲ့ဘဲ ပြုစုပေးခဲ့ပါတယ်။ အခုဆို သူ အခုလိုပြုစုပေးခဲ့တာကြောင့် ခင်ပွန်းဖြစ်သူက ကိုမာဖြစ်နေရာမှ နိုးထလာခဲ့ပါပြီ။ စန်ဟုန်ရှားဆိုသူ အဲ့ဒီအမျိုးသမီးဟာ ၂၀၁၄ ခုနှစ်က နှလုံးဖောက်ပြီး သတိမေ့မြောကာ ကိုမာဖြစ်သွားခဲ့တဲ့ ခင်ပွန်းဖြစ်သူကို လက်မလျော့ခဲ့ပါဘူး။ သူက ခင်ပွန်းဖြစ်သူ ပြန်လည်ကောင်းလာမယ်လို့ အမြဲခံစားမိနေခဲ့တာပါ။

သူက ခင်ပွန်းဖြစ်သူ ကိုမာကနေပြန်လည်ကောင်းမွန်လာဖို့ ချစ်ခြင်းမေတ္တာအပြည့်နဲ့ ဂရုစိုက်ကာပြုစုစောင့်ရှောက်ပေးခဲ့တာပါ။ လက်ရှိ လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုမှာ စန်ဟုန်ရှားဟာ ကိုမာကနိုးထလာပြီး အိပ်ရာထဲလဲနေတဲ့ ခင်ပွန်းဖြစ်သူရဲ့ဘေးမှာ ထိုင်နေတာတွေ့ရပါတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အကြောင်းကို ခင်ပွန်းဖြစ်သူကို ပြန်ပြောပြတော့ ခင်ပွန်းဖြစ်သူရဲ့မျက်ရည်တွေက ပါးပြင်ပေါ်စီးကျလာပါတယ်။

စန်ဟုန်ရှားက သူ ပင်ပန်းပေမဲ့ မိသားစုတွေ ပြန်လည်ဆုံစည်းတဲ့အခါ အရာအားလုံးအဆင်ပြေသွားမယ်လို့ သူ ခံစားမိကြောင်း ပြောပါတယ်။ ခင်ပွန်းဖြစ်သူ ရုတ်တရက်နှလုံးအမောဖောက်ပြီး ကိုမာဖြစ်သွားတဲ့အချိန် ထိတ်လန့်နာကျင်ခဲ့ရတယ်လို့ သူက ဆိုပါတယ်။

သူ့ကလေးတွေကြောင့်ပဲ သူဟာ သန်မာလာပြီး မျှော်လင့်ချက်ထားချင်စိတ်ဖြစ်လာခဲ့ပါတယ်။ ကလေးတွေအတွက် စံနမူနာကောင်းဖြစ်ဖို့ မျှော်လင့်ခဲ့တာပါ။ သူ့အတွေးတွေက ခင်ပွန်းဖြစ်သူ ပြန်နေကောင်းလာဖို့ပါပဲ။ မေ့မြောနေချိန်မှာ ခင်ပွန်းဖြစ်သူ သက်တောင့်သက်သာဖြစ်ဖို့ အချိန်ပေးခဲ့ပါတယ်။
အချိန်အကြာကြီးမေ့မြောခြင်းရဲ့ နောက်ထပ်ကျန်းမာရေးပြဿနာတွေရှိနေသေးတဲ့အတွက် စန်ဟုန်ရှားက သူ့ခင်ပွန်းဖြစ်သူကို ဆက်ပြီးပြုစုပေးရဦးမှာဖြစ်ပါတယ်။

image
2 yrs - Translate

တစ်ချိန်ချိန်ကျရင်ပေါ့

မနက်၃နာရီလောက်ကြီး ကျနော်နိုးလာပြီး
ပြန်အိပ်မရလို့ ဘေးကိုကြည့်လိုက်တဲ့အခါ
ခင်ဗျားရှိနေမယ်၊
ကျနော့်ဘေးမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိမ့်မယ်
အဲဒီအချိန်ကျရင် ကမ္ဘာကြီးဟာ
ထင်သလောက်လည်း အထီးကျန်မဆန်ပါလားလို့
ကျနော်တွေးရင်း ကျေနပ်နေမိမှာပဲ

တစ်နေ့နေ့ပေါ့...။

- မိုးနေ့ | အပိုင်းအစများ

💭 || 9.9.2024

image
2 yrs - Translate

BREAKING: မန်ချက်စတာယူနိုက်တက်အသင်းသည် ဘီဘာအိုအသင်းရဲ့ အသက် ၁၉နှစ်အရွယ် ကွင်းလယ်လူ Peio Canales ကို ခေါ်ယူဖို့စောင့်ကြည့်နေတဲ့ ကလပ်အသင်းများထဲမှ တစ်သင်းဖြစ်သည်။

image
2 yrs - Translate

Me: နာကျင်စရာစကားလုံးတွေကို ကြားပြီး မျက်ရည်မကျမိအောင် ကြိုးစားပြီးတဲ့နောက်...

image
2 yrs - Translate

ရိုးရိုးလေးပါပဲ။
ချစ်တယ်၊ လွမ်းတယ်။ မင်းနဲ့အတူရှိချင်တယ်။

💭 || 8.9.2024

image

"စွာသင့်သလောက်စွာပါ "
ဟုတ်ပါတယ် ။ စွာပါ ။

အရေးအကြောင်းတွေ
ဖြစ်လာလို့ ပြောကြဆိုကြပြီ
ဆိုရင် ဆွံ့အတာမျိုး
မဖြစ်အောင်နေပါ ။

ရင်ထဲရှိသမျှ
မထိန်မချန်ပဲပြောပစ်ပါ ။
နောက်မှ တနုံ့နုံ့လုပ်နေရင်
သင်ဟာ အရှုံးသမားပါ ။

နဂိုက ဘယ်လိုပဲ
အေးပါ စေ ။
ကိုယ့်ကိုမဟုတ်မတရား
စွပ်ဆွဲပြီး နှိမ်တာမျိုးဆိုစွာသာ စွာပါ။

စိတ်ထိခိုက်ရလွန်းလို့
အားတင်းပြီး ပြောရလွန်းလို့
မျက်ရည်တွေကျရင်လည်း
ငိုရင်းနဲ့ ပြောပစ်ပါ ။
ဒါဆိုသင်မရှုံးပါဘူး ။

တစ်ချို့လူတွေက အဲ့လို
ပြောမှကို တန်ရာကျတာပါ။

ပညာတတ်ပီပီတွေ ၊
ရန်အေးအောင်တွေ ၊
ငဲ့စရာရှိတာတွေ မတွေးဘဲ
မကျေနပ်သမျှကို ပြန်ပြောပစ်ပါ။

သူနဲ့တန်တဲ့ 
စကားလုံးတွေဟာ သူ့ဆီ
ရောက်အောင်ပို့မှကို
ဖြစ်တာမလို့ ပြောပြစ်ပါ ။

ကျား ကို တရားချလို့မရပါဘူး ။
ခြင်္သေ့ကိုတရားချလို့မရပါဘူး ။

အဲ့လိုပဲ တစ်ချို့လူဖြစ်ပြီး
လူစိတ်မရှိတဲ့လူတွေကို
တရားချလို့မရပါဘူး ။

သူတို့ပေးသလို
ပြန်ပေးနိုင်မှ
တော်ကာကြတာမလို့
စွာသင့်သလောက်စွာပါ ။

  #credit_to_original_writer
#crdphoto #မေတ္တာဖြင့် #စိတ်၏စေရာ

2 yrs - Translate

လက်တွေ့ ဆန်ပါ...

လက်တွေ့ဆန်တယ် ဆိုတာ မဖြစ်နိုင်မှန်းသိတာကို လုပ်ခြင်းမလုပ်ခြင်းဆိုတာထက် ပိုပြီး ထိရောက်ပါတယ်...

လက်တွေ့ဆန်တယ်ဆိုတာ အများထက်မြန်တဲ့ အတွေးကို ဆုံးဖြတ်ရပေမယ့် သားနားတဲ့ အနာဂတ်ကို အလျှင်အမြန်အကောင်ထည်ဖော်နိုင်ပါတယ်..

လက်တွေ့ဆန်တယ်ဆိုတာ ဖြတ်သန်းရာဘဝမှာ အချိန်တွေကို မစောင့်ပဲ ထိရောက်တဲ့ ဖော်ဆောင်မှုကိုပေးပါတယ်..

လက်တွေ့ဆန်တယ်ဆိုတာ ချိန်းမထားပဲ ရုတ်တရက်ပေါ်လာတဲ့ အရာဆိုပေမယ့် အလွန်ကောင်းတဲ့ အမှတ်တရကိုတွေးတောင်မထားပဲ ရရှိစေနိုင်ပါတယ်..

ဒါကြောင့် MySpace ရဲ့ချစ်ရသူတွေလဲ တခါတလေ ဘဝမှာ လက်တွေ့ဆန်ကြည့်ပါ..



#myspaceadmin

#frankiestories

image