ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
နေထိုင်မကောင်းရင် မမကို ပိုသတိရတယ်။
သိပ်လွမ်းတာပဲမမရယ်။ အသက်ရှုမ၀လို့ ပါးစပ်နဲ့ အားစိုက်ရှုချလိုက်ရင်
မမ ရှိနေတဲ့ နှလုံးအိမ်ထဲက အောင့်အောင့်သွားတယ်။
အရမ်းပင်ပန်းတာပဲ။ မမရင်ခွင်ထဲမှာဆို သက်သာမှာလို့ပြောရင်လဲ
မမက ဘာလုပ်ပေးနိုင်တာမို့လို့ဆိုပြီး ပြောဦးမှာမလား။
မသိဘူး မမရှိနေရင် နွေးထွေးနေမှာတော့ အသေအချာပဲ။
နာကျင်မှုဆိုတာ
ရင့်ကျက်မှုရဲ့ အစိတ်အပိုင်းတစ်ခုပါ
လောကကြီးမှာ အရာရာတိုင်းဟာ ယာယီခဏတာပါဘဲ
စိုးရိမ်နေရုံ၊ မကျေမနပ်ဖြစ်နေရုံနဲ့
ဘာမှပြောင်းလဲမသွားဘူး
မင်းရဲ့ အမာရွတ်တွေဟာ မင်းဘယ်လောက်
ကြံ့ခိုင်လဲဆိုတာ ပြနေတဲ့လက္ခဏာတွေဘဲ
ရုန်းကန်လှုပ်ရှားမှုတိုင်းဟာ
ရှေ့အတွက်ခြေတစ်လှမ်း လှမ်းခြင်းဘဲ
ဒါကြောင့် တခြားသူတွေရဲ့
မကောင်းပြောတဲ့စကားတွေကို
မင်းဂရုစိုက်နေစရာမလိုဘူး
ဖြစ်ဖို့အကြောင်းပါလာရင်
နောက်ဆုံးမှာဖြစ်ကိုဖြစ်လာလိမ့်မယ်
မင်းလုပ်နိုင်တဲ့အကောင်းဆုံးအရာတစ်ခုကတော့
မရပ်လိုက်ဘဲရှေ့ဆက်လျှောက်ဖို့ဘဲ။💪🏻
#koluuchaw
#knowledgesharing
#generalknowledge
// 31.8.2024 //🌻