ငါမူန့်‌ကြော်

အမ်းသူတို့ရခိုင်ပြည်မှာ အလှူပွဲတွေမှာအများဆုံးချက်တဲ့ဟင်းပါ နှစ်သက်ရာ ငါး‌ခြောက်တွေကိုပြုတ် အရိုးထွင် ညက်နေအောင်ထောင်းပါ
ငါးကြော်ဆိုရင်ကြက်သွန်နီများမှကြိုက်ကြပါတယ် များများလှီးထားပါ
အဆင်သင့်ဖြစ်ရင် ဒယ်အိုးကိုအပူ‌ပေးပါ ငါးထောင်းကဆီစုပ်တဲ့အတွက်ဆီများများသုံးပါ ဆနွင်းထည့်ပါ ကြက်သွန်ထည့်ကြော်ပါ ကြက်သွန်ကိုတအား‌ခြောက်အောင်မကြော်ရဘူးနော် ကျက်ပြီးနွမ်းအောင်ပဲ‌ကြော်ပါ ငါးထောင်းထည့်ပါ ဆား ဟင်းခပ်မူန့်တို့သင့်သလိုထည့်‌ကြော်ပါ ငါးပြုတ်နံ့ပျောက်ပြီးမွးမွှေးလေးနဲ့အိလာရင်တော့ရပါပြီရှင် See less

image
50 w - Translate

12.9.2024(2:30 PM) Update Exchange Rate

ရက်အတော်အကြာ မတည်မငြိမ်ဖြစ်နေတဲ့

မြန်မာ့ငွေစျေးနူန်း ယခုအချိန် တည်ငြိမ်နေဆဲ

#ဘတ်စျေး
#ဒေါ်လာစျေး
#ငွေ
#ငွေစျေး

image
50 w - Translate

၂၄နာရီအတွင်း မြောက်ဦး
ကမ်းတောင်ကြီး ကန်ပက်လက် ဆော ထီးလင်း ပေါက်မြိုင် မြစ်ခြေ ကံမ ချောက် ဆိပ်ဖြူ ကန်ဇွန်းမ လောင်းရှည် စေတုတ္တရာ ဒေသတွေမှာ မိုးကြီးနိုင်ပါတယ်

image
50 w - Translate

အငယ်ဆုံးလေးအာ: ငါးကြော်ခိုင်းလိုက်သောအခါ...🥹

Crd

image
50 w - Translate

အိပ်ချင်နေပေမဲ့ ဖုန်းသုံးချင်နေသောအခါ

image
50 w - Translate

စိတ်ဖိစီးမှု သက်သာစေရန် သောက်သင့် တဲ့ မုန်လာဥနီ ဟင်းနုနွယ် ဖျော်ရည်

ပါဝင်ပစ္စည်းများ
– ဟင်းနုနွယ် လူကြီးလက်နှစ်ဘက်အပြည့်
– ဂေါ်ဖီစိမ်း (ဘရိုကိုလီ) အခက်သေး ၄ ခက်
– တရုတ်နံနံ အခက်ရှည်ရှည် ၄ ခက်
– မုန်လာဥနီ အနေတော် ၂ ဥ

ပြုလုပ်နည်း

မုန်လာဥနီကို ခပ်ပါးပါးလှီးပါ။ ဂေါ်ဖီစိမ်း၊ တရုတ်နံနံ၊ ဟင်းနုနွယ်ရွက်တို့ကို ကတ်ကြေးဖြင့်ညှပ်ပါ။ ပြီးရင်တော့ Blender နဲ့ရောကြိတ်ပြီး သောက်သုံးနိုင်ပါပြီ။ အဖတ်ပါတာမကြိုက်သူများ ရေစစ်နဲ့စစ်ပြီးလည်း သောက်နိုင် ပါတယ်။ ချက်ချင်းမသောက်နိုင်သူများ ရေခဲသေတ္တာထဲသိမ်းပြီး ၂၄ နာရီအတွင်း သောက်သင့်ပါတယ်။ သောက်ရလွယ်ပြီး များများလည်းသောက်နိုင်တာမို့ အသီးအရွက်များများစားဖြစ်စေတဲ့နည်းပါပဲ။

အကျိုးကျေးဇူး

ဟင်းနုနွယ်ရွက်နဲ့ မုန်လာဥနီဟာ ဟော်မုန်းဓါတ်ညီမျှအောင် ထိန်းညှိပေးတဲ့အတွက် အိပ်မပျော်ခြင်း၊ အကြောတက်ခြင်းတို့ကို သက်သာစေပါတယ်။ ဂေါ်ဖီစိမ်းနဲ့တရုတ်နံနံက အရိုးနဲ့ ကြွက်သားကို ကျန်းမာစေတာကြောင့် ပေါ့ပါးလန်းဆန်းစေပါတယ်။

image
50 w - Translate

သစ်ရွက်တစ်မျိုးကို ဝါးပြီး သူ့ဒဏ်ရာသူ ဆေးကုနေတဲ့ လူဝံ

ဆူမားတြားမျိုးစိတ် လူဝံတစ်ကောင် သူ့ဒဏ်ရာသူ ဆေးကုနေတဲ့မြင်ကွင်းကို Scientific Reports က ဖော်ပြခဲ့တာပါ။ ရာကုစ်လို့ အမည်ပေးထားတဲ့ လူဝံဟာ တခြားလူဝံတွေနဲ့ လုံးထွေးရင်း မျက်နှာမှာ ဒဏ်ရာရခဲ့ဖွယ်ရှိပြီး တောထဲက သစ်ရွက်တစ်မျိုးကို ဝါးကာ သတ္တုရည်ကို မျက်နှာဒဏ်ရာမှာ သုတ်လိမ်းနေခဲ့တာ ဖြစ်ပါတယ်။

ရာကုစ်ဟာ ဒဏ်ရာရပြီး ၃ ရက်အကြာမှာ နွယ်ပင်တစ်မျိုးရဲ့ အရွက်ကို ဝါးပြီး သတ္တုရည်ကို လိမ်း၊ အဖတ်တွေကို ဒဏ်ရာပေါ်အုံခဲ့တာပါ။ အဲဒီနွယ်ပင်ဟာ ဒဏ်ရာ ပျောက်ကင်းမြန်ပြီး ရောင်ရမ်းမှုကို သက်သာစေနိုင်တဲ့ အာနိသင်ရှိနေတာလည်း တွေ့ရပါတယ်။

image
50 w - Translate

လစ်သီယမ်အိုင်းယွန်းဘတ္တရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တရုတ်သိပ္ပံပညာရှင်တွေ တီထွင်

တရုတ်နိုင်ငံ သိပ္ပံအကယ်ဒမီမှ သုတေသီအဖွဲ့ဟာ လစ်သီယမ်ဘက်ထရီထက် စွမ်းအင်သိုလှောင်နိုင်စွမ်း ပိုများတဲ့ ရေဓာတ်အခြေပြုဘက်ထရီကို တီထွင်ခဲ့ပါတယ်။ အဲဒီဖန်တီးမှုကြောင့် မီးလောင်နိုင်ခြေ မြင့်မားတဲ့ လစ်သီယမ်အိုင်းယွန်းဘက်ထရီတွေနေရာမှာ ရေဓာတ်အခြေပြုဘက်ထရီတွေကို အစားထိုး အသုံးပြုလာနိုင်ဖွယ် ရှိနေပါတယ်။

လျှပ်စစ်ဓာတ်အား ဖြတ်သန်းနိုင်တဲ့ လျှပ်လိုက်ရည်အဖြစ် ရေကို အသုံးပြုထားတာဖြစ်လို့ ပိုမိုဘေးကင်းစေပါတယ်။ အိုင်အိုဒင်းနဲ့ ဘရိုမင်းကို အသုံးပြုပြီး အီလက်ထရွန် အများအပြားရွှေ့ပြောင်းစေနိုင်တဲ့ cathode (ကက်သုတ်)ကို အသုံးပြုထားတာကြောင့် ရေဓာတ်အခြေပြုဘက်ထရီရဲ့ စွမ်းအင်သိပ်သည်းဆကို အားကောင်းစေပြီး ၁ လီတာမှာ ၁ နာရီ ၈၄၀ အမ်ပီယာနှုန်းအထိ စီးဆင်းစေနိုင်ပါတယ်။ ကက်သုတ်နဲ့ သတ္တုကက်ဒ်မီယမ်ကို ပေါင်းစပ်ဖန်တီးထားတာဖြစ်လို့ တစ်လီတာမှာ တစ်နာရီ ဝပ် ၁၂၀၀ အထိ သိုလှောင်နိုင်စွမ်း ရှိပါတယ်။

image
50 w - Translate

Breaking News!!!

အာဆင်နယ်အသင်းဟာ အသင်းရဲ့ နည်းပြဖြစ်သူ မီခယ်လ် အာတီတာကို (၃)နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်တစ်ရပ် တိုးမြှင့် ချုပ်ဆိုသွားဖို့အတွက် သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ နာမည်ကျော် ဗြိတိန် ဘောလုံးသတင်းထောက် ဒေးဗစ် အွန်စတိန်းက သတင်းဖော်ပြလာခဲ့ပါတယ်။

ဒါကြောင့် နည်းပြ အာတီတာက အာဆင်နယ်အသင်းနည်းပြအဖြစ် ၂၀၂၇ခုနှစ်အထိ တာဝန်ယူ ကိုင်တွယ်သွားရတော့မှာပဲ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကြီး မရမချင်း အာတီတာကို သက်တမ်းတိုးဖို့ အစီအစဉ်တစ်ခုရေးဆွဲနေကြောင်းလဲသိရပါတယ်။

image
50 w - Translate

လာတော့မယ် မကြာဘူး

image