" အစားထိုးဖို့ ခက်တဲ့သူ "

▪️ငယ်ငယ်က စွဲစွဲလန်းလန်းဖတ်ခဲ့ရတဲ့ ဆရာမဂျူးရဲ့ဝတ္ထုလေးတစ်အုပ် ရှိပါတယ်။ "မရှိမဖြစ် မိုး"တဲ့ ။ အဲဒီစာအုပ်လေးထဲမှာ ဇာတ်ကောင်က မခင်မိုးမြင့်။ သူ့ရဲ့လုပ်ငန်းနယ်ပယ်မှာ သူ့ရဲ့ကျွမ်းကျင်မှုကိုလည်း အမြဲဂုဏ်ယူနေတဲ့သူ။ Essential ဖြစ်ချင်တဲ့သူ။ သူနေထိုင်ရှင်သန်ရာပတ်ဝန်းကျင်မှာ"မရှိမဖြစ်မိုး"ဆိုတာမျိုး ဖြစ်ချင်တဲ့သူပေါ့။

" မိန်းမဖြစ်စေ..ယောင်္ကျားဖြစ်စေ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်ဟာ အလိုအပ်ဆုံးလူသားဖြစ်အောင် ကြိုးစားခွင့်တော့ ရှိတယ်လေ..။ ကျွန်မဝန်းကျင်မှာ ကျွန်မဟာ မရှိရင်မဖြစ်လောက်အောင် လိုအပ်နေဖို့ ကြိုးစားခဲ့တာပဲ။ ကျွန်မသတ်မှတ်ထားတဲ့ လူ့တန်ဖိုးဆိုတာ အဲဒါပဲ.." တဲ့ ။ အဲဒီဇာတ်လမ်းထဲက မခင်မိုးမြင့်ပြောတဲ့ မှတ်သားစရာလေးပါပဲ။

▪️အဲဒါအမှန်ပဲနော်..။ လူရယ်လို့ဖြစ်လာဆိုရင် ယောက်ျားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ်ပါ၊ ကိုယ့်တန်ဖိုးဆိုတာ ကိုယ်တိုင်ပဲ တည်ဆောက်ရမှာ။ ကိုယ့်ရဲ့ဘဝကို တာဝန်ယူမှု တာဝန်ခံမှုရှိရမှာ။ အရွယ်ရောက်လာပြီဆိုရင် ကိုယ့်ဘဝက မတိုးတက်ရတာ ဘယ်သူ့ကြောင့်၊ ဘယ်ဝှာ့ကြောင့် ဆိုပြီးတော့ အပြစ်တင်နေလို့မရဘူး၊ လွှဲချနေလို့မရဘူး။

ကိုယ့်ဘဝကိုယ် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အကောင်းဆုံးဖြစ်အောင်တည်ဆောက်နေမှုဆိုတာ လူတစ်ယောက်ရဲ့တန်ဖိုး (Value) တစ်ခုပဲ။

စဉ်းစားကြည့်ပါ။ ကိုယ့်ဘဝကို ကိုယ့်တာဝန်မှ ကိုယ်မယူရင် ဘယ်သူက ယူပေးမှာလဲ..။ ကိုယ်မှ ပျင်းနေရင် ဘယ်သူက လာတည်ဆောက်ပေးမှာလဲ..။ ဘယ်သူ့မှာမှ တာဝန်မရှိဘူးနော်။ ကိုယ့်တာဝန် ကိုယ်ပဲရှိတာ။ ဒီတော့ ကိုယ့်ဘဝကို တာဝန်ယူမှုအပြည့်နဲ့ တည်ဆောက်တဲ့နေရာမှာ အရေးကြီးတဲ့အချက်လေးတွေကို သေချာလေး သိထားစေချင်တယ်။

💟၁။ အစားထိုးဖို့ ခက်တဲ့သူ ဖြစ်ပါစေ

သာမန်လောက်နဲ့ မကျေနပ်ပါနဲ့လို့ ပြောရင် "ဒါက လောဘကြီးရာ ရောက်တယ်၊ အပူတွေ များတယ်" လို့ ထင်နေကြတာ များတယ်။ အဲဒီလိုတွေ ထင်နေရင် ဘယ်နေရာမှာမှ ဖြစ်ဖြစ်မြောက်မြောက် ရှေ့ရောက်လာမှာ မဟုတ်ဘူး။ သာမန်ဆိုတာမျိုး မရှိစေချင်ဘူး။ လုပ်မယ့်လုပ် အကောင်းဆုံးလုပ်မယ်ဆိုတဲ့ စိတ်မျိုးပဲ ထားသင့်တယ်။

▪️တကယ့်လက်တွေ့မှာလည်း သာမန်ကာလျှံကာဆိုတဲ့လူတွေအတွက် နေရာမရှိဘူး။ အမျိုးသမီးတွေဆို ပိုဆိုးပါတယ်။ တစ်ချို့နေရာတွေမှာဆို အမျိုးသမီးတွေကို ရာထူးအမြင့်ပိုင်းတွေမှာ နေရာမပေးချင်ကြတာ များပါတယ်။ အဲဒီလိုနေရာတွေမှာဆို ကိုယ်က သာမန်အရည်အချင်းလောက်နဲ့ တိုးလို့ မရနိုင်ပါဘူး။ ကိုယ့်နေရာမှာ ကိုယ်မရှိရင် အဆင်မပြေနိုင်လောက်ပါဘူးဆိုတဲ့အထိ အစားထိုးဖို့ ခက်တဲ့သူတစ်ယောက် ဖြစ်လာပါစေ။

ဥပမာ.. ကိုယ်က Social မကောင်းဘူး။ စကားနည်းတယ် ဆိုပါစို့။ ကိုယ့်ရဲ့စကားနည်းမှု၊ မဖော်ရွေမှုကို လူတွေက သဘောမကျဖြစ်နိုင်တယ်။ ဒါပေမယ့် ကိုယ်က ကိုယ့်ရဲ့ Professional၊ ကိုယ်ရဲ့နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်နေမယ်၊ အစားထိုးဖို့ခက်နေတဲ့သူဖြစ်နေမယ်ဆိုရင် ကိုယ့်ရဲ့အရည်အချင်းကို လျစ်လျှူရှုလို့ မရနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်တန်ဖိုးကို အစားထိုးဖို့ ခက်လောက်အောင်သာ မြှင့်ထားကြည့်ပါ။

💟၂။ ကြိုးစားနေချိန်မှာ အထီးကျန်တယ်ဆိုတာ သဘာဝပဲ

ကြုံဖူးတဲ့သူတွေ နားလည်လိမ့်မယ်၊ ကိုယ်က တကယ့်ကိုအလုပ်ကို အသည်းအသန် ကြိုးစားနေရတဲ့အခါ ကျန်တဲ့နေရာတွေမှာ လစ်ဟင်းသလို ဖြစ်လာတယ်။ လူမှုရေးတွေ ပျက်ကွက်လာတာမျိုး ရှိလာနိုင်တယ်။ သူငယ်ချင်းတွေ ချိန်းတိုင်းလည်း မသွားနိုင်တော့ဘူး။ နောက်ပြီး တစ်ယောက်တည်းဖြစ်လာသလို ခံစားလာရလိမ့်မယ်။

▪️ကိုယ့်အနားမှာလည်း ဘယ်သူမှ မရှိသလို ခံစားရနိုင်သလို.. ကိုယ့်အနားကနေ ထွက်သွားကြတာတွေလည်း ကြုံလာရမှာပဲ။ အဲဒီလို ဖြစ်လာရင် စိတ်ဓာတ်မကျလိုက်ပါနဲ့..။ ဒါလေးက အချိန်တိုလေးပါပဲ။ ဒီအချိန်လေးတွေကို သည်းခံနိုင်တယ်ဆိုရင် ကိုယ်ဟာ စိတ်ဓာတ်ခိုင်မာမှုပိုင်းဆိုင်ရာ နောက်တစ်ဆင့်ကို တစ်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ကြိုးစားနေတဲ့ကာလဖြစ်တာမို့ ပင်ပန်းမယ်၊ အထီးကျန်သလိုခံစားရမယ်၊ တာဝန်ယူမှု တာဝန်ခံမှုမြင့်နေရမယ်၊ ဒါက သဘာဝပါပဲ။ အဲဒါကပဲ မိမိကို သန်မာတဲ့သူတစ်ယောက် ဖြစ်လာစေမှာပါ။

💟၃။ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ပြီး လုပ်ကိုင်ပါ

နယ်ပယ်တခုမှာ ထိပ်ဆုံးကိုရောက်ဖို့၊ အကျွမ်းကျင်ဆုံးဖြစ်ဖို့ဆိုရင် မစတင်ခင်ကတည်းက ကိုယ်ဘာဖြစ်တာလဲ၊ ကိုယ်ဘာလိုချင်တာလဲ ရှင်းလင်းပြတ်သားစွာ သိထားဖို့လိုတယ်။

သူများက ဟိုဟာကောင်းတယ် ပြောလို့ လုပ်တယ်။ ဒါ ကောင်းတယ်ပြောလို့ လုပ်တယ်ဆိုတာမျိုးက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိတဲ့သူတွေရဲ့စရိုက်လက္ခဏာမျိုးပဲ။ သုများပြောတိုင်း ကောင်းနိုးရာရာကို လုပ်နေမယ်ဆိုရင် ဘယ်နေရာမှ ဖြစ်ဖြစ်မြောက်မြောက်ရှိလာမှာ မဟုတ်ဘူး။ ပျောက်သောလမ်းမှာ စမ်းတဝါး ဖြစ်နေရမှာ။

▪️သူများက ဖြူတိုင်းလိုက်ဖြူ၊ သူများ မည်းတိုင်းလိုက်မည်း၊ သူများစကားနဲ့ လမ်းဆုံးမနေဘဲ ပညာရပ်တစ်ခုကို သင်ယူ၊ နယ်ပယ်တစ်ခုခုမှာ ကျွမ်းကျင်အောင် လေ့ကျင့်ထားပါ။ ရာနှုန်းပြည့် စိတ်ရောလူပါ နှစ်မြှုပ်ပြီး လုပ်ကိုင်ပါ။

ကိုယ့်ကိုယ်ကိုယ်တာဝန်ယူမှု တာဝန်ခံမှုအပြည့်ရှိပြီး နယ်ပယ်တစ်ခုမှာ Professional အဖြစ်၊ အစားထိုးဖို့ ခက်တဲ့သူတစ်ယောက်အဖြစ် ရပ်တည်နေသရွေ့ ကိုယ့်ရဲ့တန်ဖိုးကို နားလည်တဲ့ ရပ်ဝန်းတွေက ကိုယ့်ကို လိုအပ်နေမှာ အမှန်ပါပဲ။

#ဉာဏ

September 3, 2024

image
2 yrs - Translate

Training on value-added livestock products, organized by the Myanmar Livestock Federation (MLF) and the Department of Livestock Development-DLD of Thailand, will be conducted in Chiang Mai, Thailand, in November, MLF reported.
The training will offer technical know-how on value-added dairy and meat products at the Livestock Product Research and Development Centre in Chiang Mai, Thailand, from 17 to 23 November 2024.
MLF is making efforts to effectuate the development of the livestock sector and ensure food security and food safety for the people ‌‌‌‌‌‌‌. The federation is joining hands with local and international organizations to enhance the value-added businesses on livestock products.
The professionals from Thailand will conduct practical and theoretical training. The Livestock Product Research and Development Centre adds new modules related to popular marketable items every year. The center also asks for ideas from the trainees as well. Trainees can visit recreation areas in Chiang Mai.
Trainees must bear the Yangon-Chiang Mai-Yangon flight cost, training fees and training materials.
Thanks to the negotiation of MLF and LPRDC, it is a customized course tailored to Myanmar trainees. The minimum number of trainees is 10 per course. Course modules and fees will be notified further. Training fees will be set at a much fairer rate.
Those who want to attend the training must have a passport with validity of six months at least on 16 November 2024. Those enthusiastic entrepreneurs and startups in value-added markets can enquire about the training program through the contact number of MLF 09 752278795 and email myanmarlivestock@gmail.com. — NN/KK

image
2 yrs - Translate

ခေတ်ပျက်ကြီးထဲ 🧠 အားလုံးစိတ်ပျော်သွားအောင် Goat simulator ဆိုတဲ့ free to play android game လေးတစ်ခု အကြောင်း မိတ်ဆက်ပေးချင်ပါတယ် ။
😳 Goat တကောင်အနေနဲ့ ကစားရမှာဖြစ်ပီး open world map ထဲမှာ စိတ်ကြိုက် ခြယ်လှယ်ခွင့်ရမှာပါ ။
🤭Trampoline တွေပေါ်တက်ခုန် ပြီးအမြင့်ပျံလို့ရတယ် ။
😱 လူတွေကို ချိုနဲ့ခွေ့လို့ရတယ် ။
🤥 ကားတွေ ရထားတွေကို headbutting လုပ်ပြီး destructive force အနေနဲ့လည်း လုပ်လို့လဲရတော့ ဆော့ကြည့်ရင် စိတ်ထွက်ပေါက် ဖြစ်မှာသေချာပါတယ် ။
Gaming Control ကတော့ smooth ဖြစ်ပြီး android 6အထက်ဆိုဆော့လို့ရပါပြီ ။
Offline type ပါခင်ဗျ ။
Download link: https://play.google.com/store/....apps/details?id=com.
အားလုံးအဆင်ပြေကြပါစေနော် 🙏

Credit

image
2 yrs - Translate

""မြန်မာကျပ်ငွေ တစ်သိန်းတိတိဖြင့်
BMW ကားအသစ်တစ်စီး ရောင်းမည် ” ဆိုပြီး
နန်းတော်ကြီးတမျှ ခမ်းနားလွန်းတဲ့ အိမ်ကြီးတစ်လုံးရဲ့
ခြံတံခါးပေါက်မှာ ကြော်ငြာတစ်ခုကပ်ထားပါတယ်
ဒီကြော်ငြာကို ကျွန်တော် တွေ့နေတာ သုံးလေးလလောက်ရှိနေပါပြီ။ သိန်းထောင်ချီ တန်တဲ့ BMW ကားကို တစ်သိန်း နဲ့ရောင်းမယ်လို့ကြော်ငြာထားတာဖြစ်တဲ့ အတွက် ထူးဆန်းနေတာပါ။
တစ်ယောက်ယောက်က လာနောက်ထားတာလား ?
ဒါမှမဟုတ် ပိုင်ရှင်က စိတ်ဝေဒနာရှင်လား ?
ပုံမှန်မဟုတ်တာတော့ သေချာနေပါတယ်။
ဒါကြောင့် ကျွန်တော့်မိတ်ဆွေတစ်ချို့နဲ့
ဒီကြော်ငြာအကြောင်း ပြောမိပါတယ်။
ဒီအိမ်အကြောင်းသိတဲ့ သူငယ်ချင်းပြောပြတာက
" အိမ်ပိုင်ရှင်အဖိုးကြီး သေသွားတာ မကြာသေးကြောင်း ဒီအိမ်ကြီးမှာ အဖွားကြီး တစ်ယောက်တည်းနေတဲ့အကြောင်း အဖိုးကြီးသေသွားတဲ့အတွက် အဖွားကြီးက စိတ်ဝေဒနာ ခံစားနေရတာဖြစ်နိုင်ကြောင်း ” ပြောပြပါတယ်။
ဒီလိုနဲ့နောက် သုံး,လေးလ ကြာသွားပေမယ့် ကြော်ငြာကတော့ ရှိနေတုန်းပါပဲ။ တစ်နေ့မှာ ကျွန်တော် အဲဒီအိမ်ရှေ့ကဖြတ်သွားတုန်း ခြံထဲမှာ လမ်းလျှောက်နေတဲ့ အဖွားကြီးကို လှမ်းတွေ့လိုက်ပါတယ်။ သူ့ကိုကြည့်ရတာတော့ တကယ့်လူကောင်းအတိုင်းပါပဲ။
ဒါနဲ့ကျွန်တော်လည်း အခွင့်အခါသင့်တုန်းစပ်စုလိုက်ဦး မယ်ဆိုပြီး အဖွားကြီးကိုလှမ်း စကားပြောလိုက်ပါတယ်။
" အန်တီ မင်္ဂလာပါဗျာ ”
" မင်္ဂလာပါ သားရေ ”
" ဟုတ်ကဲ့ပါအန်တီ
ကျွန်တော်တစ်ခုလောက်မေးလို့ရမလားဗျာ ”
" မေးလို့ရပါတယ် မေးပါ ”
" ဒီရှေ့မှာ ကြော်ငြာထားတာ တကယ်လားဗျာ”
" ဟုတ်ပါတယ် သားရေ
တကယ်ပါ တကယ်ရောင်းမှာပါ ”
"ဒါဆို အဲဒီကားကို
ကျွန်တော် ကြည့်လို့ရမလားဗျာ ” ဆိုတော့
" ရတယ် အိမ်ထဲ၀င် ” ဆိုပြီး
သူ့ခြံစောင့်ကိုတံခါးဖွင့်ခိုင်းပြီး
ကျွန်တော့်ကို ကားဂိုဒေါင်ဆီခေါ်သွားပါတယ်။
ဂိုဒေါင်ထဲရောက်တဲ့အခါ အ၀တ်နဲ့အုပ်ထားတဲ့
BMW ကားသစ်ကြီးကိုတွေ့လိုက်ရပါတယ်။
" ဒါ ဒါ ဒါကြီးကို တကယ်ရောင်းမှာလား....အန်တီ ”
"ဟုတ်တယ် ရောင်းမှာ”
"တစ်သိန်း ... တစ်သိန်း
မြန်မာငွေ တစ်သိန်းနဲ့ရောင်းမှာ သေချာလား အန်တီ ”
" ဟုတ်ပါတယ်ဆို တကယ်ရောင်းမှာ
မင်း၀ယ်မယ်ဆိုရင် စာချုပ်စာတမ်း အပြည့်အစုံနဲ့
ရှေ့နေခေါ်ပြီး စာချုပ်ချုပ်မယ် ” လို့
စိတ်မရှည်တဲ့ပုံနဲ့ပြန်ပြောပါတယ်။
ကျွန်တော်က အဖွားကြီးကိုအနီးကပ် သေသေချာချာ
လေ့လာကြည့်ပေမယ့် စိတ်ရောဂါသည်ပုံစံ
လုံး၀မတွေ့ရတဲ့အတွက်မေးခွန်းတစ်ခုထပ်မေးပါတယ်။
" ဒီကြော်ငြာကို ကျွန်တော်တွေ့နေတာကြာပြီ အန်တီ
မဖြစ်နိုင်ဘူးထင်လို့၀င်မမေးဖြစ်တာပါ
တခြားသူတွေရော လာမေးကြသေးလားဗျာ ”ဆိုတော့
သူမက
"အန်တီ ကြော်ငြာထားတာ ၆ လ ကျော်နေပြီ
အားလုံးက မင်းထင်သလိုထင်တဲ့အတွက်
ဘယ်သူမှ လာမမေးကြဘူး မင်းကပထမဦးဆုံးပဲ ”
လို့ပြန်ပြောပါတယ်။
ဒါနဲ့ကျွန်တော်လည်း
မယုံတယုံနဲ့၀ယ်ဖို့ဆုံးဖြတ်လိုက်လိုက်ပါတယ်။
အဖွားကြီးကရှေ့နေခေါ်ပြီးစာချုပ်စာတမ်း အပြည့်အစုံနဲ့ကျွန်တော့ကို လက်မှတ်ထိုး လွှဲပေးပါတယ်။
သိန်းထောင်ကျော်တန်တဲ့ BMW ကားအသစ်ကြီးကို တစ်သိန်းနဲ့ရလိုက်တဲ့အတွက် ပျော်မိတာမှန်ပေမယ့် ဘာကြောင့် တစ်သိန်းနဲ့ရောင်းတာလည်းဆိုတာကို ပိုပြီးစိတ်၀င်စားမိပါတယ်။
ဒါကြောင့် ကားကိုစက်နှိုးပြီး ခြံထဲကထွက်ခါနီးမှာ
ဘယ်လိုမှ မနေနိုင်တဲ့အတွက် မေးလိုက်မိပါတယ်။
" နောက်ဆုံးအနေနဲ့မနေနိုင်လို့မေးခွန်းလေးတစ်ခု
မေးခွင့်ပြုပါ အန်တီ ဒီလိုကားအကောင်းစားကြီးကို
ဘာလို့ တစ်သိန်းတည်းနဲ့ရောင်းရလဲဆိုတာကိုပါ ”
" ထွေထွေထူးထူး မရှိပါဘူးကွယ်
ဆုံးပါးသွားတဲ့အန်တီ့ အမျိုးသားရဲ့ ဆန္ဒပေါ့ကွယ်
သူကဒီ ကားကြီးကိုရောင်းလို့ ရတဲ့ငွေကို
သူ့နောက်မိန်းမကို ပေးရမယ်ဆိုပြီး
သေတမ်းစာ ရေးထားခဲ့လို့လေ ”
Credit

image
2 yrs - Translate

Good Idea

image

၃ နာရီ ၃၀ မိနစ်

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး

၆၂၃၀၀၀၀

------------------------------

🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်

🐣 NUGGTS လုပ်ငန်းစု ကုန်သည်များအကြား အရောင်းအဝယ်စျေးများမှာ

🇺🇲 ရန်ကုန် လက်ငင်း ၄၈၄၀-၄၉၀၀

🇹🇭 ဘတ် ၇၂၄-၇၁၇

🇸🇬 စင်္ကာပူ ၃၅၈၀-၃၆၃၀

-------------------------------

#crd

image
2 yrs - Translate

စပိန်တိုက်စစ်မှူး အော်လ်မို ဒဏ်ရာပြင်းထန်မှာကို ဘာစီလိုနာအသင်း စိုးရိမ်

စပိန်တိုက်စစ်မှူး အော်လ်မိုရဲ့ ဒဏ်ရာပြင်းထန်မှာကို ဘာစီလိုနာအသင်းက စိုးရိမ်နေပါတယ်။

အသက်၂၆ နှစ်အရွယ် တိုက်စစ်ကစားသမားဟာ ဆားဘီးယားနဲ့ သရေကျတဲ့ပွဲစဉ်မှာ ဒူးဒဏ်ရာရရှိခဲ့ပြီး လူစားလဲခဲ့ရတာပါ။

ဒဏ်ရာအခြေအနေ ပြင်းထန်မှုမရှိပေမဲ့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ဒဏ်ရာပြဿနာတွေ ရှိလာမှာ စိုးရိမ်တာကြောင့် စပိန်အသင်းလူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။

ဘာစီလိုနာအသင်းဘက်ကတော့ အော်လ်မိုရဲ့ ဒဏ်ရာပြင်းထန်မှာကို စိုးရိမ်နေပြီး အသေးစိတ် စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားရမှာပါ။

ဘာစီလိုနာအသင်းဟာ လာမယ့်တပတ်အတွင်းမှာ ဂျီရိုနာနဲ့ လာလီဂါပွဲ ကစားသွားရဖို့ရှိသလို ဥရောပချန်ပီယံလိဂ်အဖွင့်ပွဲစဉ်တွေ ကစားသွားရမှာ ဖြစ်ပါတယ်။
DVB

image
2 yrs - Translate

မိမိတို့ မိသားစုခရီးစဉ်

image
2 yrs - Translate

သူငယ်ချင်းကို သူစိတ်တိုင်းကျတဲ့
ပုံရတဲ့ထိ ဓတ်ပုံရိုက်ပေးအခါ💀📷

image

image