Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သူတစ်ပါး ကျေနပ်ဖို့
ကိုယ့်စိတ်ကို မစတေးပါနဲ့။
ကိုယ့်ကိုယ်ကိုယ်
ကျေနပ်ဖို့ ကြိုးစားပါ။
သူတစ်ပါး ငြိုငြင်မှာ မကြောက်ပါနဲ့။
ကိုယ့်ကိုယ်ကိုယ် လေးစားဖို့
အရေးကြီးပါတယ်။
သူတစ်ပါးက ကိုယ့်ဘဝကို မဖန်တီးပါစေနဲ့။
ကိုယ့်ဘဝကို ကိုယ့်မူပိုင်ဟန်ပုံစံအတိုင်းပဲ
ထုဆစ်ဖန်တီးပါ။
ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ
ကိုယ့်လက်ထဲမှာပဲ အသေချာဆုံးပါ။ ။
လွန်းထားထား (ဆေးတက္ကသိုလ်)
𝐂𝐫𝐞𝐝𝐢𝐭_𝐨𝐫𝐢𝐠𝐢𝐧𝐚𝐥_𝐰𝐫𝐢𝐭𝐞𝐫
ယောက်ျားတစ်ယောက် သူ့မိန်းကလေးအပေါ် ဘယ်လောက်တန်ဖိုးထားသလဲဆိုတာ ပတ်ဝန်းကျင်တွေ၊ အသိုင်းအဝိုင်းတွေကို ကြည့်ရင် သိနိုင်တယ်။
သူ့မိန်းကလေးကိုလေ ကောင်းတဲ့အချက်တွေပဲထောက်ပြပြီး အမြဲချီးကျူးဂုဏ်ယူနေတတ်တာ။
သူကိုယ်တိုင် တန်ဖိုးထားတော့ တစ်ပါးသူကလွယ်လွယ်မဝေဖန်ရဲသလို၊ လွယ်လွယ်မစော်ကားရဲဘူး။
နောက်ဆုံးမိဘတွေအထိ မကြည်ဖြူရင်တောင် အပြစ်တင်ဖို့ခဲယဥ်းကြတယ်။ ဒါဟာအမျိုးသားတစ်ဦးရဲ့ စွမ်းအားပဲ။
#hsulubeaindray
💭 || 8.9.2024
သွေးမတော်သားမစပ်တဲ့
လူတစ်ယောက်ကို
သည်းခံဖို့ နားလည်ပေးဖို့ဆိုတာက
လွယ်တဲ့ကိစ္စမှမဟုတ်တာ..နော်...
ရှေးရေစက်တွေရှိအုံးမှ
၀ဋ်ကြွေးတွေပါအုံးမှ
ဒါတွေက ဖြစ်လာရမှာပါ....
#ရင်နင့်မေ
❛ ဘယ်အရာကို ငါတို့အလိုရှိ
ငါတို့မသိ။
ရည်မှန်းချက်ဆီသွားရင်း
ထွေပြားလာတယ်
များလာတယ်။
မီးကိုမတွေ့သူနဲ့
မီးကိုစတင်တွေ့ရှိသူဟာ
ငါတစ်ယောက်တည်း
ငါပါပဲ။
▪️အောင်ချိမ့်
#အောင်ချိမ့်
#geniusbookhouse