1 y - Translate

ဖီလစ်ပီလူးဝစ် “ ကျွန်တော့်ကစားသမားမှာ လုပ်ခဲ့သမျှထဲနောင်တအရဆုံးက အေတီကို နဲ့ ရီးရဲလ်မက်ဒရစ်ပွဲတုန်းက ဒီမာရီယာကို ထိန်းချုပ်ကစားနိုင်ဖိုအတွက် အဂူရိုရဲ့ စကားကိုနားထောင်ခဲ့တာဘဲ။
အဂူရိုက မင်းအနေနဲ့ ဒီမာရီယာကို ကွင်းထဲမှာ အနိုင်ပိုင်းချင်ရင် သူ့ရဲ့မိန်းမ နာမည်ကိုသာ ပြောပြီး ဒေါသထွက်အောင်လုပ်နေလိုက်။ ဒါဆို မင်းကို ဒီမာရီယာက ကျော်နိုင်မှာတောင် မဟုတ်ဘူး လို ပြောတယ်။
ကျွန်တော်လဲ တစ်ပုံစံတည်းလုပ်ပြီး ဒီမာရီယာကို စိတ်တိုအောင်ဆွခဲ့တာ ကျွန်တော် အောင်မြင်ခဲ့တယ်ဗျ။ ဒါပေမယ့်လည်း ကျွန်တော် ဒါကြီးကို အခုချိန်အထိ နောက်တရနေမိတယ်။ ငါတောင်ပန်းပါတယ် ဒီမာရီယာရေ၊ ငါ့ကိုခွင့်လွှတ်ပါကွာ။”

image
1 y - Translate

BYD ရဲ့ အောင်မြင်မှုအသစ်နဲ့အတူ မှေးမှိန်လာတဲ့ Tesla ရဲ့ အနာဂါတ်
BYD ကတော့ သူတို့ရဲ့လျှပ်စစ်ကားတွေကို ၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်တဲ့ နည်းပညာအသစ်ကြောင့် ရှယ်ယာဈေးတွေ စံချိန်တင် မြင့်တက်နေပါတယ်။
BYD ကနေ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Han L နဲ့ Tang L ဆိုပြီး မော်ဒယ်အသစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ ထူးထူးခြားခြားအနေနဲ့ ဒီမော်ဒယ်အသစ်တွေဟာ ၅ မိနစ်အားသွင်းရုံနဲ့ အားပြည့်နိုင်တဲ့ နည်းပညာထည့်သွင်းထားတာပါ။

ဒေါ်လာ ၅ သောင်းဝန်ကျင်တန်ဖိုးရှိတဲ့ BYD လျှပ်စစ်ကားအသစ်တွေဟာ ကီလို 400 ခရီးစဉ်အတွက် ၅ မိနစ်အားသွင်းရုံပဲ လိုအပ်တယ်လို့ဆိုပါတယ်။ Tesla လျှပ်စစ်ကားတွေရဲ့ အမြန်ဆုံးအားသွင်းချိန်ဟာ ၁၅ မိနစ်သာဖြစ်တဲ့အပြင် 275 ကီလိုမီတာအကွာအဝေးသာ ရနိုင်မှာဖြစ်ပါတယ်။
လောလောဆယ်တော့ BYD အနေနဲ့ မော်ဒယ်အသစ်တွေ မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာတင် ကုမ္ပဏီရှယ်ယာပမာဏဟာ 6% အထိမြင့်တက်လာပီဲး ဒေါ်လာ 154 ဘီလီယံအထိ ရှိလာနေပြီလို့ ဆိုပါတယ်။ BYD မော်ဒယ်အသစ်တွေ မိတ်ဆက်ပြီးရက်ပိုင်းအတွင်း တစ်ဖက်မှာလည်း Tesla ဟာ Musk ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး ဈေးကွက်ရှယ်ယာတွေဟာ 5% ကျဆင်းသွားတယ်လို့ ဖော်ပြလာပါတယ်။

image
1 y - Translate

iPhone18 မှာပါလာနိုင်တဲ့C2 Modem
Apple ၏ iPhone 16e သည် 2025 ဖေဖော်ဝါရီ 19 တွင် မိတ်ဆက်ခဲ့ပြီး Apple ၏ ကိုယ်ပိုင် C1 cellular modem ပါဝင်သည့် ပထမဆုံး စမတ်ဖုန်း ဖြစ်သည်။အဆိုပါ အဆင့်မြှင့်တင်မှုသည် Qualcomm ကဲ့သို့သောပြင်ပကုမ္ပဏီများအပေါ် မှီခိုမှုကိုလျှော့ချရန်နှင့် Hardware နှင့် Software ပိုင်းအတွက်ပိုမိုကောင်းမွန်စေရန်ရည်ရွယ်သည်။

C1 modem သည် စွမ်းအင်အသုံးချမှုကိုမြှင့်တင်နိုင်ပြီး iPhone 16e ၏ ဘက်ထရီသက်တမ်းကိုလည်းတိုးမြှင့်ပေးသည်။ ဥပမာ ဗီဒီယိုကြည့်ရှုချင်းအတွက် အချိန်26နာရီအားခံသည်။ ထို့အပြင်လိုင်းစွဲအားအတွက် 5G ဆက်သွယ်မှုကိုပိုမိုကောင်းမွန်စေပြီး A18 chip နှင့် iOS 18 ၏ စွမ်းအင်အသုံးပြုမှုစနစ်ကိုပါကောင်းစွာလုပ်ဆောင်ပေးနိုင်သည်။

မကြာမီတွင် C2 modem ကို upgrade ပြုလုပ်ပြီးထုတ်လုပ်ရန်နှင့်ယခုစွမ်းဆောင်ရည်ထက်သိသာအောင်လုပ်ဆောင်သွားမည်လို့လဲဆိုထားသည်။လက်ရှိအနေအထားအရတော့ Appleသည်iPhone 17 Pro စီးရီးအတွက်အကောင်အထည်ဖော်ရန် မဖြစ်နိုင်တော့ဘဲ Qualcomm modem ကိုသာအသုံးပြုရမည့်အနေအထားရှိသည်။

ဒါပေမယ့် Apple C2 modem ကို မြင်တွေ့နိုင်တာကတော့နောက်နှစ် iPhone 18 series တွင်ပါဝင်လာနိုင်ပြီး iPhone 18 Pro နှင့် iPhone 18 Pro Max တို့တွင်သာသီးသန့်ရောင်းချမည်ဟုလဲထင်ရသည်။ အခြေခံအကျဆုံး iPhone 18 သည် လက်ရှိ C1 chipနှင့်ထွက်လာနိုင်ပြီး ဒါမှမဟုတ် Qualcomm modem နဲ့လည်းထွက်ရှိလာနိုင်သည်။

image
1 y - Translate

"ပေါ်တူဂီဘက်ကို ဂိုးသွင်းပြီး Siuu လို့အောင်ပွဲခံခဲ့တာက ရော်နယ်ဒိုကို မလေးမစားလုပ်တာမဟုတ်ပါဘူး။ သူက ကျွန်တော့်စံပြပုဂ္ဂိုလ် Idol ပါ။ ကျွန်တော့်ကစားသမားဘဝကို Impact အရှိဆုံးသူ ဆိုလည်းမမှားပါဘူး။ ဒါကြောင့် သူ့ရဲ့ပေါ်တူဂီနဲ့အတူကစားရတယ်ဆိုတာ အိပ်မက်လိုပါပဲ။" 🔴

🗣️ဟွိုင်လန်း

image
1 y - Translate

၁၁၅ မှုကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဒေါ်နယ်ထရမ့်ဆီ သွားပြီး ဉာဏ်နီဉာဏ်နက် တောင်းနေတဲ့ စီးတီးဥက္ကဌ မူဘာရက်

image
1 y - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အွန်လိုင်းမှ ရွှေရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည်
အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် ရောင်းချနေသည့် ရွှေဆိုင်များအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။
ရွှေဆိုင်များအနေဖြင့် ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အပြင် Online Sales မှတ်ပုံတင်ပါလျှောက်ထားရမည်ဖြစ်ကာ အွန်လိုင်းစနစ်ဖြင့်မရောင်းပါက ထပ်မံလျှောက်ထားရန် လိုအပ်မည်မဟုတ်ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ပုဒ်မခွဲ(ဂ) အရပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ်ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှုမရှိသူများ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

image
1 y - Translate

iPhone 17 တွေ အားလုံး Aluminum အလူမီနီယံ နဲ့ ပြန်လာပါမယ်…
အလူမီနီယံ တဝက် glass တဝက်ပါ
17 Pro တွေကိုလည်း Titanium မဟုတ်ဘဲ Aluminum နဲ့ ပြန်ထုတ်တော့မှာပါ
အခုတွေ့ရတဲ့ Design အတိုင်း Camera နေရတာတွေက Aluminum ဖြစ်ပြီး ကျန်တဲ့ နောက်ဘက်က wireless charging ရဖို့ Glass ဖြစ်မှာပါ။
Aluminum ကိုပြန်သုံးတာက ပိုပြီး ခံနိုင်ရေရှိအောင်လို့ လုပ်တာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်.

image
1 y - Translate

Verizon ဂြိုလ်တုစာပို့စနစ် Pixel နဲ့ Galaxy ဖုန်းတွေမှာ ရပြီ

ဖုန်းလိုင်းမမိတဲ့အချိန် ဂြိုလ်တုကနေ စာပို့နိုင်မယ့် Verizon ဝန်ဆောင်မှု ထွက်လာပါတယ်။

ဒီဂြိုလ်တုစာပို့စနစ်ကို Verizon က free ပေးသုံးတာ ဆိုပေမယ့် လောလောဆယ်တော့ Google Pixel 9 နဲ့ Samsung Galaxy S25 ဖုန်းတွေအတွက်ပဲ ရဦးမှာပါ။

အခု ဝန်ဆောင်မှုအတွက် Verizon က Skylo ဂြိုလ်တုတွေကို သုံးပါတယ်။ Verizon ဟာ နောက်ထပ် ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ AST SpaceMobile မှာ ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဂြိုလ်တုကနေ video call ခေါ်နိုင်အောင် ကြိုးစားနေပါတယ်။

image
Khine Su Zin shared a post  
1 y

1 y

Leo ♌️, Sagittarius ♐️, Gemini ♊️, Pisces ♓️, Cancer ♋️, Scorpio ♏️,Aries ♈️
ဒို့တွေက red flag တွေကိုတအားကြိုက်တယ်ကွာ ။အထာကျကျနဲ့ဘဲကြီးတွေကြိုက်တယ်ကွာ။အပေါ်စီးဆန်ဆန် အထက်စီးဆန်ဆန်ပေါ့ကွာ မင်းကငါ့အပိုင်ပဲတို့ ဘယ်ကောင်နဲ့မှ သောက်စကားမပြောနဲ့တိူ့ဘာတို့ဆို ဒဲ့ကြွေ ဒဇောင်းကြွေ😑
ခက်တာကဘာလဲဆိုတော့အာ့လိုဘဲလဲရရော အဲ့လိုပြောတာမခံနိုင်တာ ဟို ကအဲ့လိုပုံစံလာပြောတာနဲ့တင် နင်ကဘာကောင်မို့လို့လဲ ဆိုတာနဲ့တင်ဇာတ်သိမ်း။အကြောင်းမှာကား red flag ကြိုက်သော်လဲ အဟောက်မခံ အကြောမခံ နိုင်သောသူများပါပေါ့အေ။
#lunatarot
#crd

image
1 y - Translate

မေး🗣️ "ဘောလုံးကစားတာပြီးရင်ဘာလုပ်ရတာကြိုက်တာရှိသေးလဲ"

မက်အလစ္စတာ🗣️ “ဘာမှမရှိပါဘူး။ လုပ်စရာမရှိရင် ခုံပေါ်လှဲတယ်။ ဘောလုံးပွဲကြည့်တယ်။ Mate သောက်တယ်။ အခုတော့ Pokémon ထိုင်ဆော့ပါတယ်။" 🇦🇷

image