51 w - Translate

Asterix: The Secret of the Magic Potion (2018)

ပနော်မိဇ်လို့ခေါ်တဲ့ ဆရာတော်တစ်ပါး သစ်ပင်ပေါ်က
ပြုတ်ကျသွားလို့ သူ့ကိုယ်သူ အရမ်းအသက်ကြီးပြီး
ဆရာတော်မဖြစ်တော့ဘူးလို့ ယူဆလာတော့
သူ့ရဲ့နေရာ ဆက်ခံမဲ့သူ တစ်ယောက်
ရှာဖွေဖို့ နယ်မြေပေါင်းစုံကို ခရီးနှင်ပါတော့တယ် …ပနော်မိဇ်ဆိုတာ သူ့ရဲ့ အစွမ်းတိုးစေတဲ့ မှော်ဆေးရည်ကြောင့်
လူတွေ ကြည်ညိုလေးစားရတဲ့ ဆရာတော်တစ်ပါးပါ
သူ့နေရာဆက်ခံသူကို သူ့ရဲ့မှော်ဆေးရည်စပ်နည်းပါ
ပေးမှာဖြစ်တာကြောင့် မသာမာသူလက်ထဲ
ရောက်သွားရင် အရမ်းကို အန္တရာယ်များလွန်းလို့
သူ့နောက်လိုက်တွေကတော့ ဆက်ခံသူမရှာစေချင်ပါဘူး…ဒါပေမဲ့လည်း ပနော်မိဇ်ကတော့ ဆုံးဖြတ်ချက်ခိုင်မာစွာနဲ့
ဆက်ခံသူရှာဖို့ ခရီးပြုတဲ့အခါမှာ သူတို့ကြုံတွေ့ရမဲ့ အခက်အခဲတွေ
သူတို့ကို အနိုင်သိမ်းချင်နေတဲ့ ရောမတပ်သားတွေရဲ့
အန္တရာယ်တွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ
အတူကြည့်ကြရအောင်ပါ။

ဇာတ်ကားလင့်
https://t.me/c/2186686827/177

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
51 w - Translate

Escape Room (2019)

Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခုပါ

အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့ သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင် တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရတဲ့ ကားပဲ ဖြစ်ပါတယ်

ဒီကားဟာ သေရေးရှင်ရေးကို ရုန်းကန်လွတ်မြောက်အောင် အသည်းအသန်ဝိုင်းကြိုးစားကြရတာ ဖြစ်လို့ အရမ်းကြည့်ကောင်းတဲ့ ကားပဲ ဖြစ်ပါတယ်

image
51 w - Translate

နောက်ထပ် Anime အဆက် ဆက်ထွက်ဖိုတရားဝင်ကြေညာသွားခဲ့တဲ့ Konosuba Anime

image
51 w - Translate

သီလရှင်က ထွက်ပြီးနောက် ဖွား,ပွင့်,ဟော,စံ (၄) ဌာနသို့ သွားရောက်ခဲ့တဲ့ ဂန္တဝင် 🙏🙏🙏

သရုပ်ဆောင် ဂန္တဝင်က ဗုဒ္ဓဂါယာမှာ ၄ ကြိမ်မြောက် သီလရှင် ဝတ်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ဆံပင်အရှည်ကြီးကို ဖြတ်ချခဲ့ပြီးမှ သီလရှင်ဘဝသို့ ဝင်ရောက်ခဲ့တာပါ။ ဗုဒ္ဓဂါယာမှာ သီလရှင်ဘဝကနေထွက်ပြီးနောက်မှာလည်း သူမရဲ့ ဆံပင်ဖက်ရှင်ကို အမိုက်စားနဲ့ ဖွားပွင့်ဟောစံ ၄ ဌာနသို့ သွားရောက် လည်ပတ်ခဲ့ပါတယ်။

image
51 w - Translate

Reservoir Dogs (1992)
အကျဉ်းလေးကတော့ တစ်ယောက်ကိုတစ်ယောက်မသိကြတဲ့နာမည်ဝှက်ကိုယ်စီနဲ့ဒုစရိုက်သမား ၆ယောက်ကိုဓားပြတိုက်မှုတစ်ခုလုပ်ဖိုအတွက် စုစည်းလိုက်တဲ့တာကစတာပဲဖြစ်ပါတယ်။တကယ်တော့အဲဒီအဲဒါဟာရဲတွေရဲ့ထောင်ချောက်ဆင်မှုတစ်ခုဖြစ်ပြီးဒါကိုမသိလိုက်တဲ့၆ယောက်သား ကိုယ်လွတ်ရုန်းဖိုလုပ်ရတော့တာပဲဖြစ်ပါတယ်။

သူတိုတွေထောင်ချောက်ဆင်ခံလိုက်ရတာကိုသိသွားပြီးတဲ့နောက်မှာအဓိကလက်သည်ဟာဘယ်သူလဲအဲဒီသူဟာသူတိုထဲမှာရှိနေပြီသစ္စာဖောက်သွားတာလားဆိုတာအဖြေရှာကြတော့တာပါပဲ။ဇာတ်လမ်းအချိုးအကွေ့တွေနဲ့စိတ်ဝင်စားစရာကောင်းပြီးဝေဖန်မှုတွေလည်းကောင်းကောင်းရထားပြီး အောင်မြင်ခဲ့တဲ့Crime/Thriller ဖြစ်တာကြောင့်ကြည့်စေချင်ပါတယ်။R rated ဖြစ်ပြီးအပြောအဆိုကြမ်းတမ်းတာတွေပါနိုင်ပါတယ်။

image
51 w - Translate

ပဋာစာရီလို ကျိန်စာ မတိုက်လေနဲ့
******************************
ငါ့အိမ်ကို ဓားပြတိုက်ပြီး
ငါ့ရဲ့ မိသားစုကို သတ်တဲ့ သူတွေ
ငါ့ရှေ့မှာ အသေဆိုးနဲ့ သေတာကို
ငါကိုယ်တိုင် မြင်တွေ့ပါရစေ...
၁။ တောထဲသွား မြွေကိုက် သေပါစေ။
၂။ ရေထဲဆင်း ရေမျော သေပါစေ။
၃။ ကုန်းပေါ်မှာနေ စွန်ချီ ခံရပါစေ။
၄။ အိမ်ထဲနေရင် အိမ်ပြိုပိလို့ သေပါစေ။
ရန်သူအဖြစ် ကျိန်ခဲ့တဲ့ ကျိန်စာ
မိသားစုအဖြစ်နဲ့ ဆုံလာခဲ့ပြီး
ဆုတောင်း ပြည့်လေတော့
ကိုယ်ပေါ် အဝတ်အစား
မကပ်နိုင်အောင်အထိ
ရူးသွပ်ခဲ့ရပါတယ်...
ပဋာစာရီဟာ
လင်ကို မြွေကိုက်
သားကြီး ရေနစ်
သားငယ် စွန်ချီ
မိဘ နှစ်ပါး နှင့် အကိုကြီး
လေပြင်း မုန်တိုင်းကြောင့် အိမ်ပိလို့
ဆုံးရှုံးတာတွေ ကြုံရတော့
အဝတ်အစားမဲ့သည့်အထိ
ရူးခဲ့ရပါတယ်...
မြတ်ဗုဒ္ဓ နှင့်တွေ့တော့
ချစ်သမီး
ဒီပွဲဟာ ငိုရမယ့်ပွဲ မဟုတ်ဘူး
လက်ခုပ်လက်ဝါးတီးပြီး
ရယ်ရမောရတဲ့ ပွဲ တဲ့...
ဘာလို့လည်း ဆိုတော့..?
အတိတ်ဘဝ တစ်ခုတုန်းက
ခုသေဆုံးသွားတဲ့
ဆွေမျိုးရင်းချာ ( ၆ )ဦးဟာ
ချစ်သမီးရဲ့အိမ်ကို ဓားပြတိုက်၊
မီးရှို့ လူသတ် လုပ်တော့
ချစ်သမီးက စိတ်ဆိုးလွန်းလို့
ဒင်း တို့ (၆)ဦးလုံး
ငါ့မျက်စေ့ရှေ့မှာ အသေဆိုးနဲ့
သေတာကို တပ်အပ် မြင်ရပါစေသားလို့
ကျိန်စာတိုက် ဆုတောင်းခဲ့ဖူးတယ်...
အဲဒီ ဆုတောင်းတွေ ပြည့်ပြီလေတဲ့...
ဒါကြောင့်
ပြုသူ အသစ် ဖြစ်သူ အဟောင်း
ကံမှန်ရင် အကျိုးပေး သန်လှပါတယ်...
သံသရာမှာ
ဉာဏ်နဲ့ မဖြတ်ရင် မပြတ်ပါဘူး...
ပဋာစာရီ ရူးသွပ်နေချိန်မှာ
မြတ်ဗုဒ္ဓနဲ့ ဘာကြောင့် ကြုံဆုံခွင့်
ရပါသလဲ..?
အတိတ်ဘဝ တစ်ခုမှာ _
ဝိပဿနာ တရားကို တစ်ကြိမ်တစ်ခါ
အားထုတ်ခဲ့ဖူးလို့ပါတဲ့...
သင်တို့ ကျွန်ုပ်တို
ပဋာစာရီလောက်လည်း
အခြေအနေ မဆိုးခဲ့ ကြပါဘူး...
ကံကောင်းသူများ
တရားနာခွင့် ရကြသည်...
ကံ အလွန် ကောင်းသူများ
တရား အားထုတ်ခွင့် ရကြသည်...
ဘဝမှာ
မုန်းလို့ ဖြစ်စေ စိတ်ဆိုးလို့ ဖြစ်စေ
ဘယ်တော့မှ ကျိန်စာတိုက်ပြီး
ဆုမတောင်းပါနဲ့...
ချစ်လို့လည်း ဆုမတောင်း လေနဲ့။
နောင်လာမည့်အကြောင်း
မသိရဘူးလေ...
သင်
ကံကောင်း သူလား..?
ကံဆိုး သူလား..?
ဘဝမှာ
ဒုက္ခ တစ်ခုနဲ့ ကြုံတိုင်း
ကောင်းမူ ကုသိုလ် တစ်ခု
အနည်းဆုံး လုပ်ဖို့ တိုက်တွန်းပါရစေ..

image
51 w - Translate

မိုင်းယောင်းမှာ ငွေကျပ်သိန်း(၁၂၀၀)တန်ဖိုရှိ ထိုင်းဘီယာဖာ ၂ဝဝဝ ဖမ်းမိ
******************
(မှုခင်း) မတ်လ ၂၀
မိုင်းယောင်းခရိုင်နှင့်မြို့နယ် တရားမဝင် ကုန်ပစ္စည်းများတားဆီး ကာကွယ်ရေးပူးပေါင်းအဖွဲ့သည် မြို့နယ်အတွင်း တရားမဝင်ကုန်ပစ္စည်းများ ဖြတ်သန်းသွားလာမှုမရှိစေရေးအတွက် မိုင်းယောင်းမြို့၊ အမှတ်(၃)ရပ်ကွက် လမ်းဆုံတွင် မတ် ၁၉ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်တွင် ယာဉ်များအားတားဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့စစ်ဆေးနေစဉ် ကျင်းယန်း – မိုင်းယုမြို့ ဘက်မှ မိုင်းယောင်းမြို့တွင်းဘက်သို့ ယာဉ်မောင်း မိုင်းယောင်းမြို့၊ အမှတ်(၂)ရပ်ကွက်နေသူ မင်းမင်းလတ် (၃၄)နှစ်၊ မောင်းနှင်လာသည့် FAW အမျိုးအစား အပြာရောင် (၆) ဘီးတပ်မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံထုတ် SINGHA အမှတ်တံဆိပ်(၁)ဖာလျှင် (၂၄)ဗူးစီပါ ဘီယာဖာ (၁၀၀၀)ဖာ (ကာလတန်ဖိုး ဘီယာ(၁)ဗူးလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်မာငွေသိန်း (၆၀၀) ကျပ်) အား စစ်ဆေးတွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုသို့စစ်ဆေးနေစဉ် မိုင်းယုမြို့ဘက်မှမိုင်းယောင်းမြို့တွင်းဘက်သို့ မိုင်းယုမြို့ မြို့မရပ်ကွက်နေသူ ယာဉ်မောင်း ဇော်ထွန်းဝင်း (၃၇)နှစ် မောင်းနှင်လာသည့် FAW အမျိုးအစား အပြာရောင်(၆)ဘီးတပ် မော်တော်ယာဉ် အား ဆက်လက် စစ်ဆေးခဲ့ရာ မော်တော်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံ ထုတ် SINGHA အမှတ်တံဆိပ်(၁)ဖာလျှင် (၂၄)ဗူးစီပါ ဘီယာဖာ (၁၀၀၀)ဖာ (ကာလ တန်ဖိုးဘီယာ(၁)ဗူးလျှင် ၂၅၀၀ ကျပ်နှုန်းဖြင့် မြန်မာငွေသိန်း(၆၀၀)ကျပ်)အားထပ်မံဖမ်းဆိးရမိခဲ့ကြောင်း သိရသည်။

မိုင်းယောင်းခရိုင်နှင့် မြို့နယ်တရားမဝင် ကုန်ပစ္စည်းများတားဆီး ကာကွယ်ရေးပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိသည့် မော်တော်ယာဉ် ၂ စီးမှ SINGHA အမှတ်တံဆိပ်ပါ ဘီယာဖာ(၂ဝဝဝ) ဖာ၊ ကာလတန်ဖိုး ကျပ်သိန်း(၁၂၀၀) ခန့်အား တွေ့ရှိ ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းများဖြစ်ကြသော မင်းမင်းလတ် နှင့် ဇော်ထွန်းဝင်းတို့အား ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

image
51 w - Translate

လာမယ့် July လထဲမှာထွက်ရှိလာတော့မှာဖြစ်တဲ့ GACHIAKUTA Anime

image
51 w - Translate

လာမယ့် July လထဲမှာထွက်ရှိလာတော့မှာဖြစ်တဲ့ GACHIAKUTA Anime

image
51 w - Translate

လာမယ့် July လထဲမှာထွက်ရှိလာတော့မှာဖြစ်တဲ့ GACHIAKUTA Anime

image