ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

image

ပြင်ဦးလွင် 某个地方

imageimage
+5
29 w - Translate

“ သီတာဒေဝီသည် ကျွန်ုပ်ကို ကြောက်ရွံ့နေသည် ။
သီတာဒေဝီသည် ကျွန်ုပ် အောင်မြင်မှာကို ထိတ်လန့်နေသည် ။ ထို့နောက် ကျွန်ုပ်သည် လေးတော်ကို စက်ဆုပ်စွာဖြင့် ခုံပေါ်သို့ ပြန်တင်ထားလိုက်သည် ။ ”
“ ခေါင်းဆယ်လုံးပါတာ
နှလုံးသား ဆယ်ခုပါတာမှ မဟုတ်ဘဲကွယ်
ပိုင်ဆိုင်ချင်လွန်းခဲ့လို့များ ဆုံးရှုံးခဲ့ရသလား...။
ရာဇဝင်တွေမှာ ဘယ်လိုပင်စာတွေဖွဲ့သော်ငြား
ငါကထာဝရ လူကြမ်းကြီးပါကွာ”
ရှိတ်စပီးယားပြောတဲ့ အချစ်ဆိုတာ ရူးတာမှ တကယ့် အရူးတွေလို ရူးတာတဲ့ ။ ဒီလိုဆိုရင် ဒဿဂီရိဟာလည်း အဲ့သလို အချစ်ရူး ရူးနေခဲ့တဲ့ အရူးတစ်ယောက်ပဲ ။
မယ်သီတာရဲ့ပုံလေးကို မြင်လိုက်ရုံနဲ့ ရန်သူ ဘုရင်တွေကြားထဲသွားရမှာလည်း သူ မမြင်ဘူး ။ မယ်သီတာမျက်နှာကိုသာ သူ မြင်တော့တယ် ။
မယ်သီတာ အနားထားမယ့် ကျွန်တွေကိုတောင်မှ ရုပ်ရည်ချောတဲ့သူသာ ရွေးထားတယ် ။ မယ်သီတာ လန့်မှာဆိုးလို့တဲ့လေ ။ မယ်သီတာ သူ့ကို ဘယ်လောက်စိတ်ဆိုးဆိုးဘယ်လိုပဲပြောပြော သူ့အတွက်တော့ မယ်သီတာဟာ ကမ္ဘာလောကကြီးတစ်ခုလုံးရဲ့ အပြစ်ကင်းဆုံးသူ
အနုနယ်ဆုံးသူပဲ ။
မယ်သီတာ ငိုမှာ အလွန် ထိတ်လန့် တုန်လှုပ်ရှာတဲ့ ဒဿ
သေခါနီးတောင် သူ့ခန္ဓာကို မယ်သီတာရဲ့ ရွှေရုပ်ပုံလွှာလေး တွေ့ခဲ့တဲ့ ချောင်းနံဘေးမှာ မြုပ်နှံပေးဖို့ တောင်းဆိုခဲ့တဲ့ဒဿ ။ မသေခင်ကတော့ စစ်ကြီးပြီးရင် ထီးနန်းစွန့်ပြီး မယ်သီတာနဲ့ ဒီချောင်းလေး နံဘေးမှာပဲ လာနေချင်တဲ့ ဒဿ ။ အားလုံးက ဘီလူးဆိုးကြီးလို့ သတ်မှတ်ထားတဲ့ ဒဿကြီးကို ဆရာချစ်ဦးညိုက ဒီစာအုပ်လေးထဲမှာ လုံးဝကို အမြင်ကွဲပြားသွားအောင် ရေးသားထားတာပဲဖြစ်ပါတယ်ရှင့် ။
ဒီစာအုပ်လေးကို ဖတ်ပြီး စာဖတ်သူတို့ နှလုံးသားထဲမှာ တစ်စုံတစ်ခု စွဲကျန်ရစ်နေမယ်ဆိုတာတော့ လုံးဝကို အသေအချာပဲ ဖြစ်ပါတယ် ။
#ချစ်ဦးညို #လင်္ကာဒီပချစ်သူ

image
29 w - Translate

Lava from Hawaii's most active volcano created fountains that reached 700 feet Thursday during the latest episode of an ongoing eruption.

https://abcnews.go.com/Technol....ogy/wireStory/hawaii

image
29 w - Translate

ကမ္ဘာကြီးပူနွေးလာတာနဲ့ ရုပ်ကြွင်းလောင်စာတွေ ကုန်ခမ်းလာမယ့် အရေးကို ရင်ဆိုင်နေရချိန်မှာ သန့်ရှင်းတဲ့ စွမ်းအင် အရင်းအမြစ်အသစ်တွေ ရှာဖွေမှုက အရေးတ ကြီး လိုအပ်နေပါတယ်။
မကြာသေးခင်က ထွက်ပေါ်လာတဲ့ သုတေသနရလဒ်တစ်ခုက မျှော်လင့်ချက်ရောင်ခြည် သန်းလာစေခဲ့ပါတယ်။ အဲ့ဒါကတော့ ကမ္ဘာမြေအောက် နက်ရှိုင်းစွာ မြှုပ်နှံလျက်ရှိတဲ့ ဟိုက်ဒရိုဂျင် ဓာတ်ငွေ့ တန်ချိန်ထရီလျံပေါင်းများစွာပဲ ဖြစ်ပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS) က Geoffrey Ellis ဦးဆောင်တဲ့ သုတေသီတွေရဲ့ လေ့လာချက်အရ ဒီမြေအောက် ဟိုက်ဒရိုဂျင်သိုက်တွေဟာ ရာစု နှစ်ပေါင်းများစွာ ကမ္ဘာ့စွမ်းအင်လိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်စွမ်းရှိပြီး၊ ရုပ်ကြွင်းလောင်စာအပေါ် မှီခိုနေရတာကို သိသိသာသာ လျှော့ချပေးနိုင်မယ်လို့ ဆိုပါတယ်။
ဘူမိဖြစ်စဉ်တွေကနေ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့ ဒီ "ဘူမိဗေဒဆိုင်ရာ ဟိုက်ဒရိုဂျင်" ဟာ ခန့်မှန်းခြေအားဖြင့် ၅.၆ ထရီလျံ မက်ထရစ်တန်ခန့် ရှိနိုင်တယ်လို့ ခန့်မှန်းထားပြီး၊ ကာဗွန်ထုတ်လွှတ်မှု နည်းပါးတဲ့ စွမ်းအင်အရင်းအမြစ်အဖြစ် အလားအလာ ကြီးကြီးမားမား ရှိနေပါတယ်။
အယ်လ်ဘေးနီးယားနဲ့ မာလီလို နိုင်ငံအချို့မှာ ဟိုက်ဒရို ဂျင်သိုက်တွေကို တွေ့ရှိထားပြီးဖြစ်ပေမယ့်၊ သုတေသီတွေက ကမ္ဘာတစ်ဝှမ်းမှာ အလားတူ ဟိုက်ဒရိုဂျင်သိုက်တွေ ရှိနေနိုင်တယ်လို့ ယုံကြည်ကြပါတယ်။
Science Advances ဂျာနယ်မှာ ဖော်ပြထားတဲ့ လေ့လာမှုအရ ဒီသိုက်တွေကနေ ခန့်မှန်းခြေ ၂% လောက်ကိုသာ ထုတ်ယူနိုင်ရင်တောင် နှစ်ပေါင်း ၂၀၀ စာ ကမ္ဘာ့ဟိုက်ဒရို ဂျင် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး၊ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေး ရည်မှန်းချက်တွေ ပြည့်မီအောင် အထောက်အကူပြုနိုင်မယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း စိန်ခေါ်မှုတွေအများကြီး ရှိနေပါသေးတယ်။ ဟိုက်ဒရိုဂျင်အများစုက အရမ်းနက်ရှိုင်းတဲ့နေရာတွေ ဒါမှမဟုတ် ကမ်းလွန်ပင်လယ်ပြင်တွေမှာ တည်ရှိနေတာကြောင့် အကြီးစားထုတ်ယူဖို့ ခက်ခဲစေပါတယ်။ ပြီးတော့ ဟိုက်ဒရိုဂျင် ထုတ်ယူတာနဲ့ သယ်ယူပို့ဆောင်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေ တည် ဆောက်ဖို့ကလည်း ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လို အပ်မှာပါ။
လန်ဒန်တက္ကသိုလ်ကောလိပ်က ပါမောက္ခ Bill McGuire လို ကျွမ်းကျင်သူတွေက ဒီလုပ်ငန်းစဉ်မှာ ကြီးမားတဲ့ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လိုအပ်မယ်လို့ သတိပေးထားပါတယ်။
ဒီစိန်ခေါ်မှုတွေရှိပေမယ့်၊ မြေအောက် ဟိုက်ဒရိုဂျင်သိုက်တွေဟာ လက်ရှိသဘာဝဓာတ်ငွေ့သိုက်တွေထက်တောင် စွမ်းအင်ပမာဏ ပိုမိုပါဝင်နေတာကြောင့် သန့်ရှင်းတဲ့ အနာဂတ်စွမ်းအင်အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။
ဒီသုတေသနရလဒ်တွေက ဘူမိဗေဒဆိုင်ရာ ဟိုက်ဒရိုဂျင်နဲ့ ပတ်သက်ပြီး နောက်ထပ်သုတေသနတွေ ဆက်လက်လုပ်ဆောင်ဖို့ တွန်းအားပေးနေပြီး၊ ရေရှည်တည်တံ့တဲ့ စွမ်းအင် အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ခြေလှမ်းတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
#knowledge

image