51 w - Translate

၁၁၅ မှုကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ဒေါ်နယ်ထရမ့်ဆီ သွားပြီး ဉာဏ်နီဉာဏ်နက် တောင်းနေတဲ့ စီးတီးဥက္ကဌ မူဘာရက်

image
51 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ အွန်လိုင်းမှ ရွှေရောင်းချခြင်းအတွက် လုပ်ငန်းမှတ်ပုံတင် လျှောက်ထားရမည်
အွန်လိုင်းလူမှုကွန်ရက်မှတစ်ဆင့် ရောင်းချနေသည့် ရွှေဆိုင်များအနေဖြင့် ကုန်သွယ်ရေးဦးစီးဌာနတွင် အွန်လိုင်းစနစ်ဖြင့်ရောင်းချခြင်း (Online Sales) လုပ်ငန်းမှတ်ပုံတင်လျှောက်ထားရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း (YGEA)မှ သိရသည်။
ရွှေဆိုင်များအနေဖြင့် ဓာတ်သတ္တု (ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလိုင်စင်အပြင် Online Sales မှတ်ပုံတင်ပါလျှောက်ထားရမည်ဖြစ်ကာ အွန်လိုင်းစနစ်ဖြင့်မရောင်းပါက ထပ်မံလျှောက်ထားရန် လိုအပ်မည်မဟုတ်ကြောင်းသိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေ ပုဒ်မ ၄၊ပုဒ်မခွဲ(ဂ) အရပြည်ထောင်စုအစိုးရအဖွဲ့က အပ်နှင်းသည့် အမိန့်ထုတ်ပြန်နိုင်ခွင့်ကိုကျင့်သုံး၍ ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်းဝန်ဆောင်မှုလုပ်ငန်းကို အရေးကြီးဝန်ဆောင်မှုအဖြစ်သတ်မှတ်ခဲ့ပြီးနောက် နေ့စဉ်ရွှေရည်ညွှန်းဈေးနှုန်းကို သတ်မှတ်ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် စံချိန်မီရွှေရည်ညွှန်းဈေးအတိုင်း ရောင်းဝယ်ခြင်းမရှိသူများနှင့် ဓာတ်သတ္တု(ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားမှုမရှိသူများ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အသိပေးကြေညာထားကြောင်း သိရသည်။

image
51 w - Translate

iPhone 17 တွေ အားလုံး Aluminum အလူမီနီယံ နဲ့ ပြန်လာပါမယ်…
အလူမီနီယံ တဝက် glass တဝက်ပါ
17 Pro တွေကိုလည်း Titanium မဟုတ်ဘဲ Aluminum နဲ့ ပြန်ထုတ်တော့မှာပါ
အခုတွေ့ရတဲ့ Design အတိုင်း Camera နေရတာတွေက Aluminum ဖြစ်ပြီး ကျန်တဲ့ နောက်ဘက်က wireless charging ရဖို့ Glass ဖြစ်မှာပါ။
Aluminum ကိုပြန်သုံးတာက ပိုပြီး ခံနိုင်ရေရှိအောင်လို့ လုပ်တာဖြစ်နိုင်တယ်လို့ ပြောကြပါတယ်.

image
51 w - Translate

Verizon ဂြိုလ်တုစာပို့စနစ် Pixel နဲ့ Galaxy ဖုန်းတွေမှာ ရပြီ

ဖုန်းလိုင်းမမိတဲ့အချိန် ဂြိုလ်တုကနေ စာပို့နိုင်မယ့် Verizon ဝန်ဆောင်မှု ထွက်လာပါတယ်။

ဒီဂြိုလ်တုစာပို့စနစ်ကို Verizon က free ပေးသုံးတာ ဆိုပေမယ့် လောလောဆယ်တော့ Google Pixel 9 နဲ့ Samsung Galaxy S25 ဖုန်းတွေအတွက်ပဲ ရဦးမှာပါ။

အခု ဝန်ဆောင်မှုအတွက် Verizon က Skylo ဂြိုလ်တုတွေကို သုံးပါတယ်။ Verizon ဟာ နောက်ထပ် ဂြိုလ်တုဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ AST SpaceMobile မှာ ဒေါ်လာသန်း ၁၀၀ ရင်းနှီးမြှုပ်နှံထားပြီး ဂြိုလ်တုကနေ video call ခေါ်နိုင်အောင် ကြိုးစားနေပါတယ်။

image
Khine Su Zin shared a post  
51 w

51 w

Leo ♌️, Sagittarius ♐️, Gemini ♊️, Pisces ♓️, Cancer ♋️, Scorpio ♏️,Aries ♈️
ဒို့တွေက red flag တွေကိုတအားကြိုက်တယ်ကွာ ။အထာကျကျနဲ့ဘဲကြီးတွေကြိုက်တယ်ကွာ။အပေါ်စီးဆန်ဆန် အထက်စီးဆန်ဆန်ပေါ့ကွာ မင်းကငါ့အပိုင်ပဲတို့ ဘယ်ကောင်နဲ့မှ သောက်စကားမပြောနဲ့တိူ့ဘာတို့ဆို ဒဲ့ကြွေ ဒဇောင်းကြွေ😑
ခက်တာကဘာလဲဆိုတော့အာ့လိုဘဲလဲရရော အဲ့လိုပြောတာမခံနိုင်တာ ဟို ကအဲ့လိုပုံစံလာပြောတာနဲ့တင် နင်ကဘာကောင်မို့လို့လဲ ဆိုတာနဲ့တင်ဇာတ်သိမ်း။အကြောင်းမှာကား red flag ကြိုက်သော်လဲ အဟောက်မခံ အကြောမခံ နိုင်သောသူများပါပေါ့အေ။
#lunatarot
#crd

image
51 w - Translate

မေး🗣️ "ဘောလုံးကစားတာပြီးရင်ဘာလုပ်ရတာကြိုက်တာရှိသေးလဲ"

မက်အလစ္စတာ🗣️ “ဘာမှမရှိပါဘူး။ လုပ်စရာမရှိရင် ခုံပေါ်လှဲတယ်။ ဘောလုံးပွဲကြည့်တယ်။ Mate သောက်တယ်။ အခုတော့ Pokémon ထိုင်ဆော့ပါတယ်။" 🇦🇷

image
51 w - Translate

Leo ♌️, Sagittarius ♐️, Gemini ♊️, Pisces ♓️, Cancer ♋️, Scorpio ♏️,Aries ♈️
ဒို့တွေက red flag တွေကိုတအားကြိုက်တယ်ကွာ ။အထာကျကျနဲ့ဘဲကြီးတွေကြိုက်တယ်ကွာ။အပေါ်စီးဆန်ဆန် အထက်စီးဆန်ဆန်ပေါ့ကွာ မင်းကငါ့အပိုင်ပဲတို့ ဘယ်ကောင်နဲ့မှ သောက်စကားမပြောနဲ့တိူ့ဘာတို့ဆို ဒဲ့ကြွေ ဒဇောင်းကြွေ😑
ခက်တာကဘာလဲဆိုတော့အာ့လိုဘဲလဲရရော အဲ့လိုပြောတာမခံနိုင်တာ ဟို ကအဲ့လိုပုံစံလာပြောတာနဲ့တင် နင်ကဘာကောင်မို့လို့လဲ ဆိုတာနဲ့တင်ဇာတ်သိမ်း။အကြောင်းမှာကား red flag ကြိုက်သော်လဲ အဟောက်မခံ အကြောမခံ နိုင်သောသူများပါပေါ့အေ။
#lunatarot
#crd

image
51 w - Translate

Huawei နဲ့ GAC ပေါင်းပြီး ကားကုမ္ပဏီ ထောင်မည်

နိုင်ငံပိုင်ကားလုပ်ငန်း GAC နဲ့ Huawei ကုမ္ပဏီတို့ လက်တွဲပြီး အဆင့်မြင့်ကားတွေ ထုတ်တော့မှာပါ။

ကွမ်ကျိုးမော်တော်ယာဉ်လုပ်ငန်းစု GAC က Huawei နဲ့ ပေါင်းပြီး ထောင်မယ့် ကားကုမ္ပဏီအတွက် ယွမ် ၁.၅ ဘီလျံ (ဒေါ်လာ ၂၀၇.၄၆ သန်း) ထည့်ဝင်ထားတယ်လို့ ဆိုပါတယ်။ တရုတ်ရဲ့ ပဉ္စမအကြီးဆုံး ကားလုပ်ငန်း GAC Group က Trumpchi , Aion , Hyptec , Hycan စတဲ့ brand တွေနဲ့ ကားတွေ ထုတ်နေတာပါ။

GAC နဲ့ Huawei တို့ရဲ့ ကားပရောဂျက်ကနေ ပထမဆုံးထွက်မယ့်ကားက ယွမ် ၃ သိန်းနဲ့အထက် (ဒေါ်လာ ၄၀၉၂၀ ကျော်) ဈေးနဲ့ လာမယ်လို့ ဆိုပါတယ်။ GAC နဲ့ Huawei တို့က ဒီနှစ်ထဲ အကြီးစား luxury MPV , SUV နဲ့ sedan အမျိုးအစား တန်ဖိုးမြင့်ကားသုံးမျိုး ထုတ်ဖို့ ပြင်ထားပါတယ်။

ဒီမော်ဒယ်သစ်သုံးခုလုံးမှာ Huawei ရဲ့ နောက်ဆုံးပေါ် Harmony ထိန်းချုပ်မှုစနစ်နဲ့ Qiankun ADS 3.0 ယာဉ်မောင်းအကူနည်းပညာတွေ ပါမှာပါ။ GAC က လောလောဆယ်မှာကိုပဲ Trumpchi brand အောက်ကနေ Xiangwang ဆိုတဲ့ နာမည်နဲ့ ဆီဒင်ကားတစ်မျိုး မိတ်ဆက်ထားပြီး နောက်ပိုင်းမှာ Level 3 အဆင့် ယာဉ်မောင်းနည်းပညာတွေ ထည့်ပေးတော့မယ်လို့ ပြောပါတယ်။

image
51 w - Translate

𝐎𝐅𝐅𝐈𝐂𝐈𝐀𝐋 ✅

2026 ကမ္ဘာ့ဖလားခြေစစ်ပွဲကို ပထမဆုံးအောင်မြင်ပြီး ကမ္ဘာ့ဖလားဝင်ခွင့်ရရှိသွားတာကတော့ ဂျပန်လက်ရွေးစင်အသင်းပဲဖြစ်ပါတယ် 🇯🇵

image

၂၀၂၅ ခုနှစ်၊ မတ်လ တတိယ(၁၀)ရက်ပတ်အတွက် မိုးလေဝသနှင့်ဇလဗေဒခန့်မှန်းချက်
=====================================================
ဘင်္ဂလားပင်လယ်အော်အခြေအနေ
----------------------------------
၁။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ပါသည်။
မိုးအခြေအနေနှင့် မိုးရွာရက်
--------------------------
၂။ မိုးရွာသွန်းမှုအ‌ခြေအနေမှာ ကချင်ပြည်နယ်တွင် ရွာသွန်းမြဲထက် ပိုနိုင်ပြီး၊ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် ရွာသွန်းမြဲအောက် လျော့နည်းနိုင်ကာ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွာသွန်းမြဲခန့် မိုးထစ်ချုန်းရွာနိုင် ပါသည်။
၃။ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် ၄ ရက်မှ ၆ ရက်ခန့်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂ ရက်မှ ၃ ရက်ခန့်နှင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အရှေ့ပိုင်း)၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ၁ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်ပါသည်။ နေပြည်တော်၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါသည်။
နေ့အပူချိန်
-----------
၄။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာ၀တီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့တွင် မတ်လပျမ်းမျှအပူချိန်၏ ၁.၅ ဒီဂရီဆဲလ်စီးယပ်နှင့်အထက် ပိုနိုင်ပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် မတ်လပျမ်းမျှအပူချိန်ခန့်သာ ရှိနိုင်ပါသည်။
မြူအခြေအနေ
--------------
၅။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ် တို့တွင် ၅ ရက်မှ ၈ ရက်ခန့်၊ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ၂ ရက်မှ ၄ ရက်ခန့်နှင့် ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ကယား ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ၁ ရက်ခန့် နံနက်ပိုင်းတွင် မြူထူများဆိုင်းနိုင်ပါသည်။
မြစ်ရေအခြေအနေ
------------------
၆။ ဧရာ၀တီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့နှင့် ရွှေကူမြို့တို့တွင် ၃ ပေမှ ၄ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပြီး၊ ကသာမြို့၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့၊ စစ်ကိုင်း မြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ အောင်လံမြို့၊ ပြည်မြို့၊ ဆိပ်သာမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် ၂ ပေမှ ၄ ပေခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
၇။ ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့၊ ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် ပေဝက်မှ ၁ ပေခွဲခန့် လက်ရှိရေမှတ်များအထက် မြင့်တက် လာနိုင်ပါသည်။
၈။ ဒုဋ္ဌဝတီမြစ်ရေသည် ရွှေစာရံတွင် ပေဝက်ခန့်နှင့် မြစ်ငယ်မြို့တွင် ၃ ပေခန့်၊ စစ်တောင်းမြစ် ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တွင် ပေဝက်ခန့်စီ၊ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် ၁ ပေခန့်၊ သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် ၃ လက်မခန့်၊ ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် သာပေါင်း မြို့တို့တွင် ပေဝက်ခန့်စီနှင့် ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် ပေဝက်ခန့် လက်ရှိရေမှတ်များ အထက် မြင့်တက်လာနိုင်ပြီး၊ မြစ်သာမြစ်ရေသည် ကလေးမြို့တွင် ၃ လက်မခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါမြို့တွင် ၃ လက်မခန့်၊ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၃ လက်မခန့်၊ ပဲခူးမြစ်ရေသည် ဇောင်းတူမြို့တွင် ပေဝက်ခန့်နှင့် ပဲခူးမြို့တွင် ၂ ပေခန့်၊ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ၁ ပေခွဲခန့်နှင့် တိုးမြစ်ရေသည် မအူပင်မြို့တွင် ၁ ပေခွဲခန့် လက်ရှိရေမှတ်များအောက် ကျဆင်းလာနိုင်ပါသည်။