29 w - Translate

𝐁𝐑𝐄𝐀𝐊𝐈𝐍𝐆🚨🔴
Marca သတင်းစာရဲ့ ဖော်ပြချက်အရ အလက်ဇန်းဒါးအားနိုးလ်ဟာ လီဗာပူးလ်နဲ့ စာချုပ်သစ်မချုပ်ဘဲ ရီးရဲလ်မက်ဒ
ရစ်ကို ရာသီကုန်ရင်ပြောင်းရွှေ့တော့မှာဖြစ်ပြီး အပြောင်းအရွှေ့ဟာလည်း 99% ပြီးမြောက်နေပြီလို့ သိရပါတယ် 👀

image
29 w - Translate

Dimensity 6300 chip နဲ့ 6500mAh ဘက်ထရီသုံး vivo V50 Lite 5G ထွက်ရှိ
premium ဒီဇိုင်းနဲ့ mid-range မော်ဒယ်သစ်ကို vivo က မိတ်ဆက်သွားပါတယ်။
vivo V50 Lite 4G ထွက်ပြီး သိပ်မကြာခင် 5G ဗားရှင်း ဈေးကွက်ဝင်လာတာပါ။ ဒီဇိုင်းနဲ့ specs အတော်များများမှာ vivo V50 Lite 5G က 4G မော်ဒယ်နဲ့ အတူတူပါပဲ။ မတူတာက chipset နဲ့ connectivity ပိုမြင့်လာတာပါ။
vivo V50 Lite 5G က SoC ကို Snapdragon 685 ကနေ Dimensity 6300 ကို upgrade လုပ်လာပါတယ်။ LPDDR4X RAM 8/12GB ၊ UFS 2.2 storage 256/512GB တွေနဲ့ လာပြီး microSD slot မပါပါဘူး။
Dimensity 6300 chip မှာက 5G ရတဲ့အပြင် Bluetooth လည်း version 5.4 ဖြစ်လာလို့ 5.0 ဗားရှင်းထက် လိုင်းဆွဲအားပိုကောင်းပြီး multi-device ချိတ်နိုင်စွမ်းရှိလာပါတယ်။ WiFi specs တော့ vivo က ပြောမထားပေမယ့် WiFi 5 (AC) ပါမယ်လို့ ယူဆရပါတယ်။
ကျန်တဲ့အပိုင်းတွေက 4G အတိုင်းပါပဲ။ flat body သုံး ၆.၇၇ လက်မ 120Hz OLED FHD+ display နဲ့ လာပြီး brightness nits 1800 အထိ ထွက်ပါတယ်။ display အောက်မှာ optical လက်ဗွေထည့်ထားပြီး punch hole မှာ 32MP selfie ကင်မရာ တပ်ပေးထားပါတယ်။
ကင်မရာပိုင်းမှာ 50MP main sensor (Sony IMX882 1/2.0' က အရင်အတိုင်း ဆိုပေမယ့် Ultrawide lens ကို အရင် 2MP ကနေ 8MP sensor ပြောင်းလာပါတယ်။ ကင်မရာ lens နှစ်ခု အောက်မှာ Aura Light တပ်ထားပါတယ်။
ဘက်ထရီနဲ့ Charging ပိုင်းမှာလည်း ၅ နှစ်သုံးပြီးတဲ့နောက်မှာ ဘက်ထရီ Health ၈၀% ကျန်နေမယ့် အကြီးစား 6500mAh ဘက်ထရီ နဲ့ ၅၃ မိနစ်အတွင်း အားပြည့်နိုင်မယ့် 90W Fast Charging စနစ်ကို သုံးလာတာပါ။
vivo V50 Lite 5G ကို Titanium Gold နဲ့ Phantom Black နှစ်ရောင်နဲ့ လာပြီး Fantasy Purple နဲ့ Silk Green အရောင်ဆန်းတွေလည်း ထပ်ထွက်လာဖို့ ရှိပါတယ်။ စပိန်မှာတော့ 12/512GB ဗားရှင်းကို ပေါင် ၄၀၀ ဈေးနဲ့ ရောင်းနေပြီလို့ ဆိုပါတယ်။

image
Khine Su Zin shared a post  
29 w

29 w

ပြည်ပ ဖုန်းနံပတ်နဲ့ KBZ pay အကောင့်များ သုံးစွဲခွင့်မပြုတော့ဘူးလို့ အသိပေး
မတ် ၂၀၊ ၂၀၂၅
ပြည်ပဖုန်းနံပတ်တွေ နဲ့ KBZ pay သုံးစွဲနေသူတွေ အနေနဲ့ မြန်မာဖုန်းနံပတ်ကို ပြောင်းလဲ ရမယ်လို့ KBZ pay က သတိပေးချက် ထုတ်ပြန်ထားပါတယ်။
မြန်မာဖုန်းနံပတ် ပြောင်းလဲ သုံးစွဲခြင်းမရှိပါက ၎င်း K pay အကောင့် တွေ သုံးစွဲလို့ မရတော့ဘူးလို့ သိရပါတယ်။
ထိုင်းဖုန်းနံပတ် နဲ့ ဖွင့်လှစ်အသုံးပြုနေတဲ့ KBZ Pay အကောင့်တွေကိုလည်း မတ်လ ၁၉ ရက်ကစပြီး ငွေလွှဲဝန်ဆောင်မှု တွေကို ယာယီဆိုင်းငံ့ထား ပြီး KBZ Pay အကောင့်ကို ဆက်လက်အသုံးပြုနိုင်ဖို့အတွက် မြန်မာ ဖုန်းနံပါတ်နဲ့ ပြောင်းလဲ အသုံးပြုဖို့ လိုအပ်တယ်လို့လည်း အသိပေးထားပါတယ်။
မြန်မာ ဖုန်းနံပါတ်ပြောင်းလဲ ရန် KBZ Pay အပလီကေးရှင်းထဲရှိ ဖုန်းနံပါတ်ပြောင်း Function မှာ လုပ်ဆောင်ရမယ့် အဆင့်တစ်ခုချင်းစီကို လိုက်နာပြီး လွယ်ကူစွာ ပြောင်းလဲနိုင်တယ်လို့ ဆိုပါတယ်။
ဖုန်းနံပါတ် ပြောင်းလဲနိုင်ဖို့ KBZ Pay App ကို မကြာမီရက်ပိုင်းအတွင်း ထွက်ရှိလာမယ့် ဗားရှင်းအသစ်ကို အဆင့်မြှင့်တင်ထားဖို့ လိုအပ်တယ်လို့ သိရပါတယ်။
ဗားရှင်းအသစ် မထွက်သေးခင် ကာလအတွင်း ဖုန်းနံပတ်ကို အမြန်ပြောင်းလဲတပ်ဆင်လိုပါက Virtual Customer Support နဲ့ Booking ပြုလုပ်ပြီး ဝန်ဆောင်မှု ရယူနိုင်တယ်လို့လည်း KBZ Pay က အသိပေး အကြောင်း ကြားထားပါတယ်။
Credit

ပျားတွေမရှိရင် ကမ္ဘာကြီး ဒုက္ခရောက်လိမ့်မယ်လို့ ဘာကြောင့်ပြောရတာလဲ
ပျားတွေသာ မရှိတော့ဘူးဆိုရင် ကမ္ဘာကြီးရဲ့ အခြေအနေက ဘယ်လိုဖြစ်သွားမလဲဆိုတာ တွေးကြည့်ဖူးကြပါသလား။ ပျားလေးတွေဟာ ကျွန်တော်တို့ရဲ့ ဂေဟစနစ်မှာ အရေးပါတဲ့နေရာက ပါဝင်နေပြီး သူတို့မရှိတော့ရင် သဘာဝရဲ့ ဟန်ချက်ညီမျှမှုဟာ ပျက်စီးသွားနိုင်ပါတယ်။
ပျားလေးတွေဟာ အပင်တွေအတွက် ဝတ်မှုန်ကူးပေးတဲ့နေရာမှာ အဓိကဇာတ်ဆောင်တွေဖြစ်ပြီး၊ ကျွန်တော်တို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေရဲ့ သုံးပုံတစ်ပုံဟာ ပျားလေးတွေရဲ့ ကျေးဇူးကြောင့် ရရှိနေတာဖြစ်ပါတယ်။ ပန်းသီး၊ စတော်ဘယ်ရီ၊ ဗာဒံသီးနဲ့ တခြားအသီးအနှံတွေဟာ ပျားလေးတွေရဲ့ ဝတ်မှုန်ကူးပေးမှုမရှိရင် အသီးမသီးနိုင်တော့ပါဘူး။
သူတို့ဟာ တောရိုင်းအပင်တွေ ရှင်သန်ဖို့အတွက်လည်း အရေးပါပါတယ်။ တောရိုင်းအပင်တွေဟာ ဂေဟစနစ်ကို ထိန်းညှိပေးပြီး တိရစ္ဆာန်တွေအတွက် အစားအစာနဲ့ နေထိုင်စရာနေရာတွေကို ပံ့ပိုးပေးပါတယ်။ ပျားလေးတွေ မရှိရင် တောရိုင်းအပင်တွေ မျိုးသုဉ်းပြီး ဂေဟစနစ် ပျက်စီးသွားနိုင်ပါတယ်။
ဒါအပြင် ပျားမွေးမြူရေးဟာ ကမ္ဘာတဝန်းမှာရှိတဲ့ လယ်သမားတွေအတွက် အရေးပါတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ပါတယ်။ ပျားလေးတွေမရှိရင် ပျားမွေးမြူရေးလုပ်ငန်းတွေ ပျက်စီးပြီး စီးပွားရေး ထိခိုက်နိုင်ပါတယ်။
အချို့ဒေသတွေမှာ ပျားလေးတွေ ရှားပါးပျောက်ကွယ်သွားရတဲ့ အကြောင်းရင်းအချို့ကတော့ ပိုးသတ်ဆေးတွေ အသုံးပြုခြင်း၊ နေထိုင်စရာနေရာ ပျက်စီးခြင်း၊ ရာသီဥတု ပြောင်းလဲခြင်းနဲ့ ကပ်ပါးကောင်တွေနဲ့ ရောဂါတွေကြောင့်ပဲ ဖြစ်ပါတယ်။
ဒါကြောင့် ပျားလေးတွေ မျိုးသုဉ်းသွားရင် ကျွန်တော်တို့ရဲ့ စားနပ်ရိက္ခာလုံခြုံရေး၊ ဂေဟစနစ်နဲ့ စီးပွားရေးတွေအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်ပြီး ကမ္ဘာကြီးဒုက္ခရောက်လိမ့်မယ်လို့ ပညာရှင်တွေက ဆိုကြတာဖြစ်ပါတယ်။
#thutacity
#crd

image
29 w - Translate

• မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကသူတွေကို နေ့လယ်စာ မကျွေးဘဲ စုထားတဲ့ပိုက်ဆံတွေနဲ့ ကွင်းလယ်တိုက်စစ်ကစားသမားခေါ်ဖို့စိတ်ဝင်စားနေပြီး Yildiz နဲ့ Xavi Simons တို့ကို စောင့်ကြည့်နေပါတယ် 🔴🚨✅
[Plettigoal]🌕

imageimage
29 w - Translate

"ကျွန်တော်က လီဗာပူးလ်မှာ နံပါတ်တစ်နေရာအတွက် တိုက်ပွဲဝင်မှာပါ။

အကောင်းဆုံးထရိန်နင်ဆင်းသွားမှာဖြစ်ပြီး နည်းပြက တကယ် နံပါတ်တစ်နေရာပေးမလားဆိုတာတော့ မပြောတတ်ပါဘူး။" 🔴

🗣️ Giorgi Mamardashvili

image

နေ့စဉ်မိုးလေဝသသတင်း
------------------------
(၂၀၂၅ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်)
========================================
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပါသည်။
ယနေ့ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ကျန် တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအနည်းငယ်မှ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၄ ပေမှ ၆ ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ပါသည်။
နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အတင့်အသင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အတင့်အသင့် ဖြစ်ထွန်းမည်။
မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်ယနေ့ညနေအထိခန့်မှန်းချက်။ တိမ်အတင့်အသင့် ဖြစ်ထွန်းမည်။

image