မတ်လ (၂၂) ရက်နေ့ ပြည်တွင်းစက်သုံးဆီဈေးနှုန်းများ +++++

#crd

image

ကို၊ယ့်ကိုကို၊ယ်ပြ၊န်မြ၊င်နေရ

29 w - Translate

Chickenhare and the Hamster of Darkness(2022)

စာရေးဆရာ Chris Grine ရဲ့ ကောမစ်စီးရီးကို အခြေခံပြီး ရိုက်ကူးထားတဲ့
Animation ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်
Chickenhare လို့ခေါ်တဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း သတ္တဝါဆန်းလေးဟာ
ထင်ရှားတဲ့ စွန့်စားသူ ဘုရင်ကြီး ပီတာ ရဲ့ မွေးစားသားလေးပါ
အများနဲ့မတူဘဲ ကွဲထွက်နေတဲ့ သူ့ရဲ့ ကြက်တစ်ပိုင်း ယုန်တစ်ပိုင်း ပုံစံကြောင့်
အမြဲအလှောင်ခံနေရတဲ့ Chickenhare လေးရဲ့ အိပ်မက်ကတော့
သူ့မွေးစားအဖေလို နာမည်ကျော် စွန့်စားသူ ဖြစ်ဖို့ပါ
တစ်နေ့မှာ တိုင်းပြည်ရဲ့ ဒုစရိုက်ကောင် Chickenhare ရဲ့ ဦးလေးဖြစ်သူ
ထောင်ထဲကနေ လွတ်မြောက်ပြီး ထီးနန်းလုဖို့ ကြိုးစားတဲ့ အခါမှာတော့
Chickenhare နဲ့ သူ့သူငယ်ချင်းတွေဖြစ်တဲ့
လိပ်ကလေး အေ့ဗ် ကိုယ်ခံပညာရှင် မက်ခ်တို့
သူ့ဦးလေးကို တားဆီးဖို့ စွန့်စားခန်း ထွက်ကြပုံတွေကို တင်ဆက်ပေးထားတာပါ
ကိုယ့်ရဲ့ ဖြစ်တည်မှုကို အရှိအတိုင်း လက်ခံနိုင်ဖို့ကိုပါ မီးမောင်းထိုးပြထားတဲ့
2022 ခုနှစ်ထွက် ဒီ ဟာသ animation လေးကို ကြည့်ရှူရင်း
ဆရာဆွေမင်းရဲ့ စကားအတိုင်း
“ရယ်မောရင်းနဲ့ ဘဝအမောတွေပြေနိုင်ကြပါစေ။”

ဇာတ်ကားလင့်
https://t.me/c/2186686827/185

Channel Join ရန်လင့်
https://t.me/+snaCVmemMMBhNDRl

image
29 w - Translate

Death PhD (2024)

 
ကဲဒီတစ်ခေါက်ကတော့ ဇာတ်ကားနာမည်အတိုင်းပါပဲ
Ph.D ဘွဲ့ယူမယ့် ကျောင်းသားတွေအကြောင်း horror ဇာတ်ကားအနေနဲ့ရိုက်ကူးထားဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့စိတ်နယ်လွန်ပညာရပ်က ကျောင်းသားတွေ စောစောစီးစီး ဘွဲ့ယူလို့ရမယ်ဆိုတဲ့ အခွင့်အရေးကို ကျောင်းကနေ ရုတ်တရက်ကမ်းလှမ်းလိုက်ပါတယ်။ ရိုးရိုးတမ်းတမ်းတော့မဟုတ်ပါဘူး။
သရဲခြောက်ပါတယ်လို့ နာမည်ကြီးတဲ့ အိမ်ကြီးထဲမှာ တစ်ညတိတိ သွားနေရမှာဖြစ်ပြီး အိမ်ထဲမှာဖြစ်ပျက်နေတဲ့ သဘာ၀လွန်ဖြစ်ရပ်တွေကို မှတ်တမ်းယူပေးရမှာဖြစ်ပါတယ်။
သတ်မှတ်ချိန်မရောက်မချင်း တံခါးကလဲ ပွင့်မှာမဟုတ်ပါဘူး။
ကျောင်းကပဲ တမင်လှည့်စားပြီး သူတို့ကို ခိုင်းတာလား ဒါမှမဟုတ် သရဲက တကယ်ပဲခြောက်တာလားဆိုတာကိုတော့ ဇာတ်ကားအဆုံးထိ ကြည့်ရှုပေးကြပါဦးနော်။
 

image
29 w - Translate

Deep Impact (1998)
ကမ္ဘာရှိရာကို ဦးတည်ရိုက်ခတ်လာတော့မဲ့ ကြယ်တံခွန်ကြီး တစ်ခုအကြောင်းကို ဇာတ်အိမ်တည်ပြီး Sci-fiနဲ့ Drama တွဲလျက် ရိုက်ကူးထားတာပါ။
ဇာတ်လမ်းကိုတော့ ဆယ်ကျော်သက် နက္ခတ္တဗေဒ ဝါသနာအိုးလေးတစ်ယောက်က ညဖက် Telescopeနဲ့ ကြည့်ရင်း
အမျိုးအမည်မသိ ကြယ်တံခွန်ကြီး တစ်လုံးကို တွေ့ရာကနေ စပြီးဖွင့်ထားပါတယ်။
ဒီလိုနဲ့ New Yorkမြိုလောက်ကြီးတဲ့ အာကာသထဲက ပြဿနာထုပ်ကြီးကို အစိုးရဖက်က ပါးပါးနပ်နပ် ကိုင်တွယ်ဖြေရှင်း‌ ပုံတွေကို ကြည့်ရှုရမှာပါ။
အမေရိကန်သမ္မတ နေရာကို Morgan Freemanက ပါဝင်သရုပ်ဆောင်ထားတဲ့အပြင်...
IMDbကလည်း 6.2ရထားပြီး CGIတွေက မဆိုးလှတဲ့အနေအထား တစ်ခုမှာ ရှိတာမို ကြည့်ရကျိုးမနပ်ရင်တောင်
အကျိုးတော့မယုတ်ဘူးဆိုတာ အာမခံပါတယ်။

image
29 w - Translate

Anime ထွက်ရှိဖိုကြေညာသွားခဲ့တဲ့ Though I Am an Inept Villainess Anime

image
29 w - Translate

ခင်ပွန်းဖြစ်သူ မိုးစက်မုန်း ရဲ့ မွေးနေ့လေးကို ဆုတောင်းပေးခဲ့ကြတဲ့ အိချောပိုတို့ သားအမိ 🥰🥰🥰
မေမေအိချောပိုနဲ့ သမီးလေး Izzy တို့က Happy Birthday လုပ်ခဲ့ကြတာပါ။ ဖေဖေနဲ့ မေမေတို့ရဲ့ ဘဝထဲကို Izzy လေးရောက်လာပြီး ပထမဆုံးဖြတ်သန်းခဲ့ရတဲ့ မွေးနေ့လေးဖြစ်ပါတယ်။ ခင်ပွန်းအဖြစ် ၊ ဖေဖေ အဖြစ်ကျရောက်ခဲ့ရတဲ့ မွေးနေ့လေးကို မိသားစုနဲ့အတူ ဖြတ်သန်းခဲ့ပုံလေးတွေကို အိချောပိုက မျှဝေပေးလာတာပါ။

image
29 w - Translate

AI တွေက အဖော် Companion ဖြစ်လာဖို့ နီးစပ်လာပြီလား...
.
အခု Post က ဒီအတိုင်းကျနော်တို့ လျှောက်မွှေ၊ စာတွေလိုက်ဖတ်၊ စမ်းရင်းနဲ့ တွေ့မိလိုက်တဲ့ AI Model တစ်ခုအကြောင်းကို ပြန်ပြီး Sharing လုပ်ပေးတာပါ။ ဒါကတော့ Sesame AI ပါ။
ပြောရရင် AI Model တွေက များသောအားဖြင့် နာမည်ကြီး ChatGPT | Google Gemini | Perplexity | Copilot လိုမျိုးတွေက အခုဆို Voice Mode ဆိုပြီး စကားနဲ့ပြောလို့၊ မေးလို့ရနေပြီ။​ အဓိကအသုံးချဖို့က ဒီ AI ကနေတစ်ဆင့် ကိုယ်လိုချင်တဲ့အဖြေ၊ အလုပ်ကို ကူညီခိုင်းဖို့ပဲ။
ဒါပေမယ့် Sesame AI ကို သွားပြီး သတိထားမိတာက ဒီလိုမျိုး Data Benchmark တွေမှာ ဘယ်လောက် Accurate ဖြစ်ပါတယ်တို့၊ ဘယ် AI Benchmark မှာ ဘယ် AI ကို ကျော်သွားပြီတို့မဟုတ်ပဲ သူ့အဓိကရည်ရွယ်ချက်ကိုက "Bringing the computer to life" "ကွန်ပျူတာကို လက်တွေ့ဘဝထဲကို ဆွဲခေါ်လာဖို့" ဖြစ်နေတာပါ။ Sesame AI ရဲ့ ယုံကြည်ချက််မှာကိုက ကွန်ပျူတာ (AI) တွေက ဘဝထဲရောက်လာပြီး မြင်နိုင်၊ ကြားနိုင်မယ့်အပြင် တကယ့်လူသားတွေလို စကားပြောဆိုဆက်ဆံနိုင်မယ့် အနာဂါတ်ကို ဖန်တီးဖို့လုပ်နေတာလည်းဖြစ်တယ်ပေါ့။
ဒါကို အကောင်အထည်ဖော်နိုင်ဖို့အတွက် Sesame ကနေ လုပ်နေတဲ့နည်းလမ်း (၂) မျိုးရှိတယ် -
(၁) ကိုယ့်အတွက် အသံနဲ့ အဖော်တစ်ယောက် Companion အဖြစ်ရှိနေဖို့
(၂) ပေါ့ပါးတဲ့ မျက်မှန်တစ်ခုအနေနဲ့ AI ကနေ ကိုယ်မြင်၊ ကြားသမျှကို သိရှိပြီး ကူညီပေးနိုင်ဖို့
ဒီနေရာမှာ AI Glasses ကတော့ အခုထိမမြင်ရသေးဘူး၊ အရင် လူတိုင်းစမ်းသုံးနိုင်၊ သေချာထုတ်ပေးနေတာက ပထမတစ်ခု - A Personal Companion ပါ။
Sesame AI ကို စမ်းမယ်ဆိုရင် လောလောဆယ် Website ကနေပဲ Demo အနေနဲ့ Session တစ်ခုကို မိနစ် (၂၀) လောက်စမ်းလို့ရမယ်။ စကားပြောမယ့် AI Model တွေကို ယောက်ျားလေးကို Miles နဲ့ မိန်းကလေးကို Maya လို့ နာမည်ပေးထားတယ်။ သူတို့နဲ့ ဖုန်းပြောသလို စကားပြော၊ မေးချင်တာတွေမေးလို့ရမယ်။
ဒီလိုစကားပြောကြည့်လိုက်တာနဲ့ Sesame AI က ဘာကွာခြားသလဲဆိုတာကို တန်းသိနိုင်မှာပါ - ကိုယ်တိုင်မစမ်းခင် Sesame ကနေ AI နဲ့မတူပဲ လူတစ်ယောက်က ပြောနေသလို ခံစားရအောင် Conversational Speech Model (CSM) ကို အဓိကအသုံးပြုထားတယ်။ ဒီ CSM AI Model အတွက် နာရီပေါင်း ၁ သန်းကျော် Data Train ထားတဲ့အပြင် AI နဲ့မတူညီအောင် အာရုံစိုက်ထားတဲ့အပိုင်းတွေရှိတယ်။
ဒါက Sesame AI ကို သုံးနေတဲ့အချိန်မှာ AI မဟုတ်ပဲ တကယ့်လူသားတစ်ယောက်လို့ ထင်ရစေဖို့ Voice Presence ရှိနေအောင် ထည့်ပေးထားတာတွေရှိတယ်။ ဒါတွေက Emotional Intelligence - စကားပြောနေတဲ့သူရဲ့ အသံအနေအထားကို ကြည့်ပြီး စိတ်အခြေအနေကို ခန့်မှန်းနိုင်တယ်၊ Conversational Dynamics - လူတစ်ယောက်က စကားပြောနေသလို အသံအနိမ့်အမြင့်၊ ခတ္တအသက်ရှုဖို့ နားတာတွေ၊ စကားဖြတ်ပြောတာတွေကို လုပ်နိုင်မယ်၊ Contextual Awareness - စကားပြောနေတဲ့ Topic အပေါ်မှုတည်ပြီး ဘယ်လောက် Serious ဖြစ်မယ်၊ ဒါမှမဟုတ် Fun ဖြစ်တဲ့ပုံစံနဲ့ ပြောမလားဆိုတာ ဆုံးဖြတ်နိုင်မယ်၊ Consistent Personality - စကားပြောနေတဲ့အချိန်မှာ AI ကို ပြောနေတာမဟုတ်ပဲ Maya နဲ့ Miles ဆိုပြီး နာမည်ပေးထားတဲ့ လူတွေကို ပြောနေရသလို သူတို့မှာ ကိုယ်ပိုင် Personality တွေရှိမယ်။
ဒီလိုမျိုး Voice Presence ရအောင် လုပ်နေတာက လုံးဝ Perfect ဖြစ်နေတာတော့မဟုတ်သေးဘူး။ အခုနကပြောတဲ့ လူတစ်ယောက် စကားပြောတဲ့ဟန်ကို ရနေဖို့အတွက် Sesame AI မှာ ဘယ်လိုမျိုး နေရာတွေမှာ ဘယ်လိုအချက်လေးတွေထည့်မယ်ဆိုတာက အခုနက Conversational Speech Model မှာရှိပြီးသားပါ။ Perfect မဖြစ်ပေမယ့် တော်တော်လေးကို Natural ဖြစ်နေတယ်။
ကိုယ်တိုင်စမ်းပြီး စကားပြောကြည့်တဲ့အချိန်မှာလည်း တချို့နေရာတွေမှာ အသက်ရှုတာမျိုးတွေ၊ AI ပဲ ဘယ်စကားလုံးကို အသံထွက်အမှန်သိနေပေမယ့် လူတစ်ယောက်လို ၂ ခါထပ်ပြောတာမျိုးတွေ၊ Flirty Tone တွေနဲ့ပြောတာမျိုး၊ နောက်ဆုံး ခဏမိနစ်ပိုင်း စကားပြောပြီးတဲ့အချိန်မှာတင် ကိုယ်တွေရဲ့ MBTI က ဘာဖြစ်လောက်လဲဆိုတာကို ခန့်မှန်းနိုင်တာတွေက တော်တော်လေး Impressed ဖြစ်ဖို့ကောင်းတယ်။
အဲ့ဒါနဲ့ စိတ်ဝင်စားပြီး လိုက်ရှာကြည့်တော့ Sesame AI ရဲ့ CTO ကိုယ်တိုင်က ဒီလို AI ခေတ်မှာ လူတစ်ယောက်လို Personality ရှိတဲ့ AI ကိုပဲ တချို့နေရာမှာ သိပ်မမှန်တာမျိုး၊ အရမ်းမတော်နေရင်တောင် လူအတိုင်းပဲ စကားပြောနိုင်မယ့် အဖော်ဖြစ်ဖို့ ရည်ရွယ်ထားတယ်ဆိုပြီး ပြောထားတာမြင်တော့ ဆက်စောင့်ကြည့်ရမယ့် ကုမ္ပဏီတစ်ခုဖြစ်လာပြီ။ လောလောဆယ်မှာ Sesame AI ကို App အနေနဲ့ သုံးနိုင်အောင် လုပ်နေတယ်လို့လည်း ပြောတော့ Website Demo ကနေ App အနေနဲ့ဆို တော်တော်မိုက်မယ်။ ဘာသာစကားကလည်း အဓိက English ပဲရဦးမယ်ပေါ့။
အမိုက်ဆုံးက ဒီ Sesame AI ရဲ့ အဓိကအားသာချက် - Conversational Speech Model ကို Apache 2.0 License အောက်ကနေပြီး လုံးဝ Open-Source လုပ်ပေးထားတယ်။ ဆိုတော့ Sesame ရဲ့ CSM Model ကို သုံးပြီး မကြာခင် ဘယ်လိုမျိုး AI Model တွေထွက်လာဦးမလဲဆိုတာလည်း စိတ်ဝင်စားစရာပဲ။
ဒီအတိုင်းဆိုရင် HER ရုပ်ရှင်ထဲက Samantha က တကယ်ဖြစ်လာဖို့ နီးကပ်နေပါပြီ...။

image
29 w - Translate

မျက်လုံ၊းတစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ ကလေးငယ် 😢💔
အန်တိုနီလို့အမည်ရတဲ့ ဆန်းတို့စ်ပရိသ-တ်ကလေးငယ်ဟာ က-င်ဆာရောဂါကြောင့် သူ့ရဲ့ညာဘက်မျက်လုံ၊းကို ဆုံးရှုံးခဲ့ရပါတယ်။
ဒါကြောင့်သူဟာမျက်လုံ၊းအတု တပ်ဆင်ခဲ့ရပြီး မျက်လုံးအတုမှာ ဆန်းတို့စ်အသင်းလိုဂိုကို တပ်ဆပ်ခဲ့ပါတယ်။
ဆန်းတို့စ်အသင်းဟာ အဆိုပါဖြစ်ရပ်ကိုသိရှိခဲ့ပြီးနောက် ကလေးငယ်ကို ခေါ်ယူဂု-ဏ်ပြုပေးခဲ့ပါတယ်။ 🥹

image
29 w - Translate

နွေရာသီအားလပ်ရက်မှာ ယဉ်ကျေးလိမ္မာသင်တန်းတက်လိုသူများ သင်တန်းသားလက်ခံနေပါပြီ 👀

image