1 y - Translate

မမကလွဲရင်
နှုတ်ခမ်းမွေး ရိတ်ခိုင်းသူ
မှန်သမျှဟာ ရန်သူပါပဲ။
#ဂန္ဓမာ

image

Rating ပိုင်းမှာ အားရနေတဲ့ The Last of Us Season 2
The Last of Us Season 2 ကတော့ အစောပိုင်းသုံးသပ်ချက်တွေနဲ့အတူ Rating ပိုင်းမှာ အားရနေပါတယ်။
သမိုင်းမှာ အအောင်မြင်ဆုံး ဗီဒီယိုဂိမ်းကနေ ရုပ်သံဇာတ်လမ်းတွဲအဖြစ် ပြောင်းလဲလာတဲ့ The Last of Us ကတော့ Season 1 အောင်မြင်မှုနဲ့အတူ Season 2 ကိုပါ ၂၀၂၅ ခုနှစ် ဧပြီလ ၁၃ ရက်နေ့ HBO မှာ ထုတ်လွှင့်ပြသသွားတော့မှာဖြစ်ပါတယ်။ စုစုပေါင်း အပိုင်း ၇ ပိုင်းပါဝင်သွားမှာဖြစ်ပါတယ်။
ဇာတ်လမ်းထဲမှာတော့ Pedro Pascal က Joel Miller အနေနဲ့ပါဝင်လာမှာဖြစ်ပြီး Bella Ramseyကတော့ Ellie Williams အနေနဲ့ ပြန်လည် သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဝေဖန်သူတွေက ဇာတ်လမ်းတွဲရဲ့ ပွဲဦးထွက်ကို ချီးကျူးခဲ့ကြပြီး၊ Rotten Tomatoes မှာတော့ အဆင့်သတ်မှတ်ချက် ၄၈၆ ခုအပေါ် အခြေခံပြီး Rating ၉၆% ရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ The Last of Us Season 2 အပေါ် ကောင်းတဲ့ တုံ့ပြန်မှုတွေ ရထားပြီး အပြုသဘောဆောင်တဲ့ မှတ်ချက်တွေများစွာလည်းရထားတဲ့ ဇာတ်လမ်းတွဲဖြစ်လာခဲ့ပါပြီ။
The Last of Us Season 2 ကိုတော့ မကြာခင် ကြည့်ရှုရတော့မှာဖြစ်ပါတယ်။

image
1 y - Translate

မြနှင်းဝေရေ ... လူဟာ အိုမင်းလာတဲ့အခါ
သူ့ရဲ့ အရေးမပါမှု တွေကို ပိုပြီး
အရေးပါအောင် လုပ်ရလို့ ပိုပြီး
မောပန်းလာတယ် မဟုတ်လား။
ငြိမ်ငြိမ်သက်သက်လေး နေခဲ့သူအဖို့ကတော့
အရေးပါတာတွေ၊ အရေးမပါတာတွေက
ဘာမှ အဓိပ္ပာယ်မရှိတဲ့၊ အနှစ်သား မရှိတဲ့
အရာတွေ ဖြစ်နေတတ်တယ်။ ကျွန်တော်က
ငြိမ်ငြိမ်လေး နေခဲ့သူ တစ်ယောက်ပါ။
အချိန်တွေရဲ့ ချိုမြိန်မှုကို စားသုံးသူ
တစ်ယောက်အဖြစ်နဲ့ ဒီကမ္ဘာကို လာခဲ့ပါတယ်။
တကယ်မရှိတဲ့ ကမ္ဘာထဲမှာ နေထိုင်ခဲ့ပါတယ်။
တယ်လီ ဖုန်းကြိုးတွေ၊ ကားမှတ်တိုင်တွေ၊
အမှိုက်ပုံတွေ၊ နောက်ဖေးလမ်းကြား တွေ
ညထဲမှာ တိတ်တိတ်ဆိတ်ဆိတ်။
ကတ္တရာလမ်းမပေါ်မှာ ခေတ်အဆက်ဆက်က
လမ်းသရဲတစ်ယောက်လို
လေကလေး ချွန်လို့ ကျွန်တော် အိမ်ပြန်ခဲ့ပါတယ်။
- - လွင်မောင်မောင် -

image

“EDDINGTON” ရုပ်ရှင်ထဲက Joaquin Phoenix နဲ့ Pedro Pascal တို့ရဲ့ New Look.

image
1 y - Translate

ချစ်တယ်ဆိုတာ
လွတ်လပ်ခွင့်ကို မကျူးကျော်ခြင်းပါ ။
ဘယ်တော့မှ မလေးလံစေခြင်းပါ ။
တကယ်တော့ ချစ်တယ်ဆိုတာ
အသက်ရှူပေးနေရုံနဲ့တင်
ကျေးဇူးတင်နေရခြင်းပါ ။
#မြကျေး

image
1 y - Translate

တံတားပျက်ကြီးရဲ့လက်ကျန်တိုင်တွေက
ရေလယ်မှာထိုးထိုးထောင်ထောင်နဲ့
လှမ်းပြီးနှုတ်ဆက်တယ်
အင်မတန်အထီးကျန်လှပေမယ့်
အခုထိ လဲပြိုခွင့်မရသေးပါဘူးကွာတဲ့။
#သန်းတင့်

image
1 y - Translate

သမီးလေး နှစ်ယောက်နဲ့ အိမ်အကူမိန်းကလေးကို အပေါ်က အုပ်မိုးပြီးကာပေးခဲ့တဲ့ ဖခင် 💔💔💔

ဒီလိုမျိုး ကလေးတွေအပေါ်မှာ ဖခင်တစ်ယောက်ပီသစွာ ကာကွယ်ပေးခဲ့ပေမယ့် ၁၃ ရက်မြောက်ပြီးနောက်မှာတော့ ရုပ်အလောင်းတွေကိုသာ ပြန်လည်တွေ့ရှိခဲ့ရပါတော့တယ်။ ဖခင်ရဲ့ အကာအကွယ် အုပ်မိုးမှုနဲ့အတူ သမီးလေးတွေဟာ အသက်ဆုံးပါးသွားပေမယ့် ရုပ်မပျက်ဘူးလို့ မိသားစုဝင်တစ်ဦးက ပြောထားပါတယ်။ အချိန်သာ ဒီထက်စောပြီး ရှာဖွေတွေ့ရှိခဲ့မယ်ဆိုရင် သူတို့တွေကိုသေချာပေါက်ကယ်ဆယ်နိုင်မှာဖြစ်တယ်လို့ မိသားစုဝင်တွေက ယုံကြည်ခဲ့ကြပါတယ်။ မိခင်ဖြစ်သူဟာလည်း မိသားစုရဲ့ Body တွေ ရှာမတွေ့မချင်း Great Wall Hotel ရှေ့မှာပဲ နေ့ရောညပါမကျန် ရှာဖွေကယ်ဆယ်ပေးဖို့တောင်းဆိုခဲ့တာလည်း တွေ့ရပါတယ်။

#crd
#celenews

image
1 y - Translate

ပွဲအပြီး ယူနိုက်တက်အဝတ်လဲခန်းထဲထိလာပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ နှုတ်ဆက်ခဲ့သလို သားဖြစ်သူအတွက်ပါ ယူနိုက်တက်ကစားသမားတစ်ချို့ရဲ့အင်္ကျီတွေ တောင်းသွားခဲ့တဲ့ မာတစ် ❤️

image
1 y - Translate

ပွဲအပြီး ယူနိုက်တက်အဝတ်လဲခန်းထဲထိလာပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ နှုတ်ဆက်ခဲ့သလို သားဖြစ်သူအတွက်ပါ ယူနိုက်တက်ကစားသမားတစ်ချို့ရဲ့အင်္ကျီတွေ တောင်းသွားခဲ့တဲ့ မာတစ် ❤️

image
1 y - Translate

ပွဲအပြီး ယူနိုက်တက်အဝတ်လဲခန်းထဲထိလာပြီး နည်းပြအဖွဲ့ဝင်တွေနဲ့ နှုတ်ဆက်ခဲ့သလို သားဖြစ်သူအတွက်ပါ ယူနိုက်တက်ကစားသမားတစ်ချို့ရဲ့အင်္ကျီတွေ တောင်းသွားခဲ့တဲ့ မာတစ် ❤️

imageimage