34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

image
Like
34 w - Translate

#tattooideas

imageimage
+7
Like

လေဖိအားနည်းရပ်ဝန်းအခြေအနေ
=======================
၂၀၂၅ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ မြန်မာစံတော်ချိန် ၀၇:၀၀ နာရီအချိန် ထုတ်ပြန်ချက်
(က) ယနေ့မြန်မာစံတော်ချိန် ၀၅:၃၀ နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောလေဖိအားနည်းရပ်ဝန်း (Well Marked Low Pressure Area)သည် ဘင်္ဂလားပင်လယ်အော်အနောက် အလယ်ပိုင်းသို့ ရောက်ရှိခဲ့ပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area)အဖြစ်သို့ အားလျော့သွားခဲ့ပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် မြောက်-အရှေ့မြောက် ဘက်သို့ ရွေ့လျားနိုင်ပြီး၊ နောက် ၂၄ နာရီအတွင်း ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၌ တဖြည်းဖြည်း အားလျော့သွားနိုင်သည်ဟု ခန့်မှန်းရပါသည်။
(ခ) အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်ကြောင့် ယနေ့နံနက်မှ ၁၁-၄-၂၀၂၅ ရက်နေ့ အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်း ရွာနိုင် ပါသည်။ ၁၂-၄-၂၀၂၅ ရက်နေ့မှ ၁၇-၄-၂၀၂၅ ရက်နေ့အတွင်း နေပြည်တော်၊ ရန်ကုန် တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင် ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ် နှင့် ရှမ်းပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ ဒေသများတွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။
အကြံပြုချက်
=========
သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် အဆိုပါဒေသများရှိ ကုန်းမြင့်ဒေသအနီးတွင် နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်အားလည်းကောင်း၊ မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင် ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုအန္တရာယ်များကိုလည်းကောင်း ကြိုတင်သတိပြုရှောင်ရှား နိုင်ပါရန် အကြံပြုအပ်ပါသည်။

image
Like
34 w - Translate

"ပွဲကတာကိုနားထားပြီး ဘေးတွဲမောင်းလို့ရတဲ့ ငွေကျပ်(၁)သိန်းကို ငလျှင်အတွက်လှူဒါန်းခဲ့တဲ့လူရွှင်တော် နိုင်တီး"
မြန်မာနိူင်ငံဟာသပညာရှင်များအစည်းရုံးဝင် ဟာသလူရွှင်တော် နိူင်တီး က ပွဲကတာကိုနားထားပြီး ဘေးတွဲဆိုက်တွဲမောင်းလို့ရတဲ့ ငွေကျပ်(၁)သိန်းကို မန္တလေးမှာငလျှင်ဘေးခံစားခဲ့ရသော ပြည်သူများအတွက် လှူဒါန်းပေးဖို့ လူရွှင်တော်ဝမ်းစတားမင်းထိုက်ထံကို ပေးပို့လှူဒါန်းခဲ့ကြောင်းသိရပါတယ်။
#လူရွှင်တော်နိုင်တီး
#ငလျှင်အလှူ

image
Like

10 - 4 - 2025 ( 90 am )
နိုင်ငံခြားငွေ အရွက်စျေးနှုန်းများ
🕘 1$ = 34.25 B
🕘 1B = 128.9 mmk
USD 1$ .... 4370 - 4420
GBP 1£ .... 5580 - 5680
EUR 1€ .... 4760 - 4850
SGD 1$ .... 3240 - 3280
AUD 1$ .... 2670 - 2720
AED 1 ....1180 - 1200
MYR 1 .... 970 - 990
THB 1฿ ....126.4 -128.9
JPY 1¥ .... 29.95 - 30.22
HKD 1$ .... 560 - 572
CNY 1¥ .... 590 - 603
INR 1Rp .... 48.34 - 50.27
KRW 1₩.... 2.98 - 3.06
အက်မင်သည် အရောင်းအဝယ် ကိစ္စရပ်များ လုံးဝမလုပ်ပါ။
လိုအပ်သူများ ရောင်းမှား ဝယ်မှား မဖြစ်စေရန် တင်ပေးခြင်းဖြစ်ပါတယ် ။
#ရွှေစျေး
#gdbprice

image
Like
34 w - Translate

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်လုပ်ကိုင်သူ နိုင်ငံခြားသား ၇၀၀၀ ကျော် နေရပ်ပြန်ပို့ခဲ့ပြီးဖြစ်သော်လည်း ကျားဖြန့်လုပ်ငန်းများ ဆက်လက် လည်ပတ် လုပ်ကိုင်နေဆဲ၊ လောင်စာဆီများလည်း နည်းလမ်းမျိုးစုံဖြင့် ဝင်နေဆဲ
ရန်ကုန်၊ ဧပြီ ၉
ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်း တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ဖိအားပေးမှုဖြင့် စစ်ကောင်စီ လက် အောက် ခံ BGF က ငွေလိမ်ဂိုဏ်း နှိမ်နင်းရေး လုပ်ငန်းများ လုပ်ကိုင်နေသော်လည်း လက်ရှိ မြဝတီမြို့နယ် အတွင်း ငွေလိမ်ဂိုဏ်းလုပ်ငန်း နေရာများတွင် ကျားဖြန့်လုပ်ငန်းများ ဆက်လက်လုပ်ကိုင်မှုများ ရှိနေဆဲဖြစ် ကြောင်း ဆက်စပ်လုပ်ကိုင်သူများထံမှ ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
တချို့ ငွေလိမ်ဂိုဏ်းများသည် လုပ်ငန်းနေရာတချို့ ပြောင်းလဲလုပ်ကိုင်နေပြီး တချို့ငွေလိမ်လုပ်ငန်းများသည် နေ ရာ ပြောင်းခြင်းမရှိဘဲ မူလနေရာမှာပင် အလုပ်သမားအသစ်များ ခေါ်ယူကာ ဆက်လက် လုပ်ကိုင်နေမှုများရှိနေကြောင်း ငွေလိမ်ဂိုဏ်းလုပ်ငန်းများနှင့် ဆက်စပ် လုပ်ကိုင်နေသူများက ပြောသည်။
"တရုတ်တွေ ဆက်ရှိနေတုန်းပဲ။ ကျားဖျန့်လည်းဆက်လုပ်နေတာပဲ။ မြဝတီမှာ ပုံမှန်ပဲ သွားလာ နေကြတယ်။ ကျား ဖြန့်ရုံတွေလည်း ဆက်လုပ်နေတာပဲ။ အလုပ်ပိတ် သွားတာမျိုး မရှိသေးဘူး။ BGF နဲ့ဆက်သွယ်ပြီး နေရပ်ပြန်တဲ့တရုတ်တွေ နိုင်ငံခြားသား ကပ္ပလီတွေ၊ ပါကစ္စတန်တွေက တစ်ပိုင်း၊ ကျားဖြန့် ဆက်လုပ်နေကြတဲ့ တရုတ်တွေ နိုင်ငံခြားသားတွေက တစ်ပိုင်း အဲလိုဖြစ်နေတာတွေ့ရတယ်" ဟု ကျားဖြန့် လုပ်ငန်းနှင့်ဆက်စပ်နေသူတစ်ဦးက ဆိုသည်။
လက်ရှိ မြဝတီမြို့နယ်ထဲတွင် ရွှေကုက္ကိုလ်၊ ကျောက်ခက်၊ မယ်ထော်သလေး AA Park၊ KK Park နေရာ များတွင် တရုတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) လုပ်ငန်းများ အများဆုံးရှိနေပြီး ယင်းနေရာများမှ တရုတ်၊ အန္ဒိယ၊ မလေးရှား၊ အင်ဒိုနီးရှား ၊ ဗီယက်နမ် ၊ လာအို၊ ကမ္ဘောဒီးယား၊ ပါကစ္စတန်၊ အီသီယိုးပီးယား အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်မှ ငွေလိမ် အလုပ်သမားအဖြစ် လူမှောင်ခိုကူး ရောင်းစား ခံထားရသူနှင့် ငွေလိမ်လုပ်ငန်းတွင် အလုပ်လုပ် နေသူ နိုင်ငံခြားသားများကို ရှာဖွေ ဖမ်းဆီး နှိမ်နှင်းခြင်းများ လုပ်ဆောင် နေ သည်ဟု BGF တပ်ဖွဲ့ က သတင်းမီဒီယာများသို့ ထုတ်ဖော်ပြောဆိုထားသည်။
မြဝတီမြို့ရှိ တရုတ် ငွေလိမ်ဂိုဏ်း (ကျားဖြန့်) နေရာများမှ လူမှောင်ခို ကူးခံရသူနှင့် ငွေလိမ် လုပ်သားများကို ကရင်နယ်ခြား စောင့်တပ် BGF က ရှာဖွေဖမ်းဆီးပြီး မူလ နိုင်ငံများ ထံ ထိုင်းအာဏာပိုင်များမှ တစ်ဆင့် ပြန်လွှဲပို့ရာ ယခု ဧပြီလ ၈ရက်အထိ လူပေါင်း ၇၁၀၄ ဦးကို ပြန်လည်ပေးပို့ပြီး ဖြစ်ကြောင်း မြဝတီ BGF တပ်ဖွဲ့က ပြောဆိုထားသည်။
ထိုင်းအစိုးရက ကျားဖြန့် လုပ်ငန်းများ နှိမ်နင်းရေးအတွက် မြန်မာဘက်သို့ လျှပ်စစ်မီးဖြတ်တောက်ခြင်း၊ လောင် စာဆီဖြတ်တောက်ခြင်း၊ အင်တာနက်ဖြတ်တောက်ခြင်းများ လုပ်ဆောင်လျက်ရှိသော်လည်း စက်သုံးဆီ ပီပါများမှာ အလုံးအရင်းဖြင့် နည်းလမ်းမျိုးစုံသုံး၍ မြ၀တီမြို့နယ်အတွင်းသို့ ဝင်ရောက်နေကြောင်း၊ ယင်းစက်သုံးဆီများဖြင့် မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့် လုပ်ငန်းများ ဆက်လက် လည်ပတ်လုပ်ကိုင်နေကြောင်း သိရှိရသည်။
"ထိုင်းဘက်က ပိတ်တယ်ပြောပေမယ့်လည်း နည်းပေါင်းစုံနဲ့ စက်သုံးဆီပီပါလိုက် ဝင်နေတာပါပဲ။ အရင်ထက်စျေးကြီး သွားတာကလွဲရင် ပြတ်လပ်မှုကတော့ မဖြစ်ဘူး။ ပိတ်တယ်ဆိုပေမယ့် ကမ်းကူးပြီးရောက်လာတာပါပဲ" ဟု မြ၀တီအခြေစိုက် နယ်စပ်ကုန်သည်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။
ဓာတ်ပုံ- စစ်ကောင်စီလက်အောက်ခံ BGF က ပြန်လည်ပို့ဆောင်နေသော ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားများ။

image
Like
34 w - Translate

ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ်
*****************
(ပြည်တွင်း) ဧပြီ ၉
၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာလမှာ ကျင်းပဖို့ရှိနေတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပါတယ်။

နိုင်ငံရေးပါတီတစ်ရပ် ထူထောင်လိုသူအနည်းဆုံး ၁၅ ဦးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ ပုဒ်မခွဲ(က)နဲ့အညီ ပါတီတည်ထောင်ခွင့်များလျှောက်ထားလာမှုအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥကဒေနှင့်အညီ စိစစ်၍ မှတ်ပုံတင်ခွင့်ပြုလျက်ရှိနေတယ်လို့လည်း ရွေးကောက်ပွဲကော်မရှင်က ပြောပါတယ်။

၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ကျင်းပဖို့ရှိတာကြောင့် နိုင်ငံရေးပါတီတည်ထောင်ခြင်းနဲ့ မှတ်ပုံတင်ခြင်း၊ ပါတီတွေပူးပေါင်းပြီး ပါတီတစ်ခုတည်းအဖြစ် တည်ထောင်ခြင်းလုပ်ငန်းတွေကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ရွေးကောက်ပွဲအမီ ဆောင်ရွက်နိုင်ဖို့နဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်း/မဲဆွယ်စည်းရုံး ခြင်းဆိုင်ရာလုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် အချိန်လုံလောက်စွာရရှိစေနိုင်ဖို့အလို့ငှာ နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားလိုသူတွေဟာ ၂၀၂၅ ခုနှစ် မေလ ၉ ရက်နောက်ဆုံးထားပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လျှောက်ထားကြဖို့ အသိပေးကြေညာထားပါတယ်။

image
Like
34 w - Translate

◾️Preschool Class Teacher - Yangon
Company: Nurture Preschool
Salary Range: MMK 600,000 - 700,000
https://www.joimyanmar.com/job/detail/23475

◾️အချိန်ပိုင်း Data စုဆောင်းရေး - Yangon
Company: Elevate Education Global
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23474

◾️Driver (ယာဉ်မောင်း) - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 300,000 - 400,000
https://www.joimyanmar.com/job/detail/23473

◾️Engineering Maintenance Staff (ရန်ကုန်) - Yangon
Company: Myanmar Broadband Telecom
Salary Range: MMK 200,000 - 300,000
https://www.joimyanmar.com/job/detail/23472

image
Like

ပါတိတ် ဝတ်ထားတာမမြင်ဘူးလား မမလို့ခေါ်
အန်တီခေါ်တွေ့ပြီသာမှတ်

image
Like