45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

image
45 w - Translate

Small Bedroom Inspo 🤍✨

imageimage
+6
45 w - Translate

လုံခြုံရေးဆက်ဆံမှုခိုင်မာရေးနှင့်အိန္ဒိယနှင့်နိုင်ဂျီးရီးယား ကတိပြု

နိုင်ဂျီးရီးယားနှင့် အိန္ဒိယခေါင်းဆောင်များ သည် တနင်္ဂနွေနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ရေကြောင်းလုံခြုံရေးနှင့် အကြမ်းဖက်မှုတန်ပြန်ရေးဆိုင်ရာ ဆက်ဆံမှုများပိုမိုခိုင်မာရေးကို ကတိပြုခဲ့ကြသကဲ့သို့ ကမ္ဘာ့တောင်ခြမ်းနိုင်ငံများကို ပိုမိုထောက်ပံ့ရန် သဘောတူညီခဲ့ကြသည်။

နိုင်ဂျီးရီးယားနိုင်ငံသို့ ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိခဲ့သော အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီကို သမ္မတ ဘိုလာ တီနူဘူက မြို့တော် အဘူဂျာတွင် လက်ခံတွေ့ဆုံခဲ့ပြီး ခေါင်းဆောင်နှစ်ဦးသည် ကာကွယ်ရေး၊ စွမ်းအင်၊ နည်းပညာ၊ ကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နယ်ပယ်များတွင် ၎င်းတို့၏ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အခန်းကဏ္ဍအသစ်အတွက် ပြောဆိုဆွေးနွေးခဲ့ကြသည်။

နိုင်ဂျီးရီးယားအပြင် တရုတ်နှင့် ချမ်းသာကြွယ်ဝသော ပါရှန်းပင်လယ်ကွေ့နိုင်ငံအချို့လည်းပါဝင်ပြီး အဓိကအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများဟုမှတ်ယူထားသော နိုင်ငံများအုပ်စု တောင်ကမ္ဘာခြမ်းကို ကိုယ်စားပြုသူအဖြစ် မိုဒီက အိန္ဒိယကို မကြာခဏရည်ညွှန်းပြောဆိုခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် အကြမ်းဖက်မှုတန်ပြန်ချေမှုန်းရေး၊ ပင်လယ်ရေကြောင်း လုံခြုံရေးနှင့် အိန္ဒိယသမုဒ္ဒရာနှင့် ဂူနီယာပင်လယ်ကွေ့၊ ကမ္ဘာ့အန္တရာယ်အများဆုံး ပင်လယ်ဓ-ါးပြ ရေလမ်းကြောင်းတစ်ခုဖြစ်သော အနောက်အာဖရိကကမ်းလွန် ဧရိယာများတွင် မြင့်တက်လာသော ခြိမ်းခြောက်မှုများနှင့်ပတ်သက်၍ ထောက်လှမ်းရေးအချက်အလက် ဖလှယ်ရေးတို့တွင် ပိုမိုပူးပေါင်းဆောင်ရွက်ရန် ကတိပြုခဲ့ကြသည်ဟု ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

image
45 w - Translate

ဟားခါးတွင် ရေခဲအမှတ်နားနီးလာပြီး ပုံမှန်ထက်အေးလာသည့်မြို့(၄)မြို့ရှိနေ

ချင်းပြည်နယ်၊ဟားခါးမြို့၌ နေ့အပူချိန်များကျဆင်းလာပြီး ရေခဲအမှတ်နားနီးလာကာ (၁.၀) ဒီဂရီဆဲလ်စီးယပ်သာရှိခဲ့ကြောင်း ယနေ့တွင် ထုတ်ပြန်သော မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

မိုးဇလ၏ ထုတ်ပြန်ချက်တွင် ထူးခြားသည့် ညအပူချိန်များ၌ ဟားခါးမြို့၌ (၁.၀)ဒီဂရီဆဲလ်စီးယပ်၊ တီးတိန် မြို့၌(၆.၅) ဒီဂရီဆဲလ်စီးယပ်၊ ပူတာအိုမြို့၌(၁၀.၀) ဒီဂရီဆဲလ်စီးယပ်၊ မြစ်ကြီးနားမြို့မှာ (၁၁.၆) ဒီဂရီဆဲလ်စီးယပ်နှင့် ပြင်ဦးလွင်မြို့မှာ(၁၂.၂)ဒီဂရီဆဲလ်စီးယပ်တို့ ရှိခဲ့ခြင်း ဖြစ်သည်။

နေ့အပူချိန်ကျဆင်းသည့် ဒေသများအပြင် မိုးရွာသွန်းသည့်ဒေသများလည်းရှိနေပြီးနောက်(၂) ရက်အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်း ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးရွာသွန်းနိုင်ကြောင်း သိရသည်။

image