Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရှမ်းတောင်မှာ ကြက်သွန်နီဈေး နှစ်ဆနီးပါးခုန်တက်လာပြီး အာလူးအကြော်သီးတွေ ပစ္စည်းပြတ်နေ
နိုဝင်ဘာ ၁၉
ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်စိမ်းဈေးကွက်ဖြစ်တဲ့ အောင်ပန်းကုန်စည်ဈေးကွက်မှာ အခုနိုဝင်ဘာလ၊ ဒုတိယပါတ်အတွင်း ကြက်သွန်နီဈေး နှစ်ဆဆနီးပါးခန့် ခုန်တက်လာခဲ့ပြီး အာလူးအကြော်သီးတွေဟာ ပစ္စည်းပြတ်သလောက် နီးပါးဖြစ်နေတယ်လို့ အောင်ပန်းကုန်စည်အမျိုးမျိုးရောင်းဝယ်ရေး-အောင်ပန်းကုန်စိမ်းပွဲရုံထံကနေ သိရပါတယ်။
အောင်ပန်းကုန်စိမ်းဈေးကွက်မှာ နိုဝင်ဘာလ၊ ပထမပါတ်အတွင်းက ကြက်သွန်နီတစ်ပိဿကို ၂၇၀၀ကျပ်ကနေ ၃၀၀၀ကျပ်ဝန်းကျင်အထိသာ ပေါက်ဈေးရှိခဲ့ပေမယ့် အခုနိုဝင်ဘာလ၊ ဒုတိယပါတ်အတွင်း ရုတ်တရက် ဈေးတက်သွားခဲ့ပြီး တစ်ပိဿကို ၅၀၀၀ကျပ်ကနေ ၆၀၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
“အဓိကကတော့ ကုန်စည်ထွက်ရှိမှုနဲ့ ဝယ်လိုအားက မမျှမတဖြစ်နေတော့ ဈေးတက်လာတာပေါ့။ ဘာတွေ အခက်အခဲဖြစ်လာနိုင်လဲဆိုရင် ပြည်သူတွေက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကို ပိုခံရမှာပေါ့။ Demand နဲ့ Supply မမျှတဲ့အချိန်မှာ ဘယ်ကုန်သီးနှံမဆို ဈေးတက်လေ့ရှိပါတယ်။ အောက်ပြည်ဖက်က ကုန်စိမ်းတချို့ ထွက်ရှိလာမှပဲ ကုန်စိမ်းဈေးနှုန်းက ပြန်ကျမယ့်သဘောရှိပါတယ်”လို့ ပွဲရုံပိုင်ရှင်တယောက်က ပြောပါတယ်။
အာလူးတွေလည်း အောင်ပန်းကုန်စိမ်းဈေးကွက်ကို ပစ္စည်းအဝင်နည်းနေပြီး စျေးအအမြင့်ဆုံး ရောက်ရှိနေသလို အကြော်သီးတပိဿာကို ၈၅၀၀ကျပ်အထိ ပေါက်ဈေးရှိနေပြီး ပစ္စည်းပြတ်သလောက်နီးပါး အခြေအနေရှိနေတာကြောင့် အောင်ပန်းက နာမည်ကြီး အာလူးကြော်လုပ်ငန်း အများစုဟာ လုပ်ငန်းရပ်နားထားရတယ်လို့ သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ ရှမ်းတောင်မှာ ရေကြီးရေလျှံမှုဖြစ်စဉ်တွေ မတိုင်ခင်က တပိဿကို ၂၅၀ကျပ်ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့လို့ လွှင့်ပစ်ခဲ့ရတဲ့ ခရမ်းချဉ်သီးတွေ ဟာလည်း လက်ရှိမှာ တပိဿကို ၆၈၀၀ကျပ်ကနေ ၇၀၀၀ကျပ်ဝန်းကျင်အထိ ပေါက်ဈေးရှိလာနေသလို တလအတွင်း ဈေးထပ်တက်မယ့် အနေအထားရှိတယ်လို့လည်း ကုန်စိမ်းပွဲရုံတွေထံကနေ သိရပါတယ်။
ဓာတ်ပုံ-Aungban Trading
Credit - Myanmar News Network
#သတင်းဟင်းလေးအိုးကြီး
❝လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု❞
နိုဝင်ဘာ ၁၉
နေပြည်တော်တွင်အခြေစိုက်သည့် လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် ( ၇ / ၂၀၂၄ ) ဖြင့် နိုဝင်ဘာလ ၁၈ ရက်တွင် အသိပေးထုတ်ပြန်ခဲ့သည်။
အဆိုပါ လူမှုစီးပွားမြှင့်တင်ရေးပါတီသည် နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈) လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသည့်ပါတီဖြစ်သည်။
ယင်းပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်ခြင်းဖြစ်ပြီး ၎င်းပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄) ဖြစ်သည်ဟု သိရသည်။
#centralnewsnaypyitaw
အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ စစ်ထောက်လှမ်းရေးအချက်အလက် မျှဝေဖို့ သဘောတူ
နိုဝင်ဘာ ၁၉
အမေရိကန်နဲ့ ဖိလစ်ပို်ငတို့အကြား ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေဖို့အတွက် စစ်ထောက်လှမ်းရေးအချက်အလက် အပြန်အလှန်မျှဝေရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမှာဖြစ်ပါတယ်။
ဒီသဘောတူညီချက်ကိုတော့ ဖိလစ်ပိုင်ကိုရောက်ရှိနေတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး ဂျီဘာတိုသီအိုဒိုတို့ မနီလာမှာ ဒီနေ့လက်မှတ်ထိုးမှာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
လုံခြုံရေးနဲ့ ကာကွယ်ရေးသတင်းအချက်အလက်ဆိုင်ရာ GSOMIA သဘောတူညီချက်အရ နှစ်နိုင်စလုံးရဲ့ စစ်ဘက်ဆိုင်ရာ အချက်အလက်တွေကို လုံခြုံစွာမျှဝေဖို့ ခွင့်ပြုထားပါတယ်။ တောင်တရုတ်ပင်လယ်ရေး၊ ထိုင်ဝမ်အရေးတို့ကိုဆန့်ကျင်တဲ့ ဂျိုးဘိုင်ဒင်နဲ့ ဖာဒီနန်မားကို့စ်ဂျူနီယာတို့လက်ထက်မှာ အမေရိကန်နဲ့ ဖိလစ်ပိုင်တို့အကြား လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေ ပိုမိုနက်ရှိုင်းခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်အရေးအပါအဝင် နှစ်နိုင်ငံကို တိုက်ခိုက်မှုတစုံတရာရှိလာပါက အပြန်အလှန်ကာကွယ်ပေးရမယ့် ၁၉၅၁ ခုနှစ်ကတည်းက ချုပ်ဆိုထားတဲ့ ကာကွယ်ရေးဆိုင်ရာ သဘာတူစာချုပ်လည်း နှစ်နိုင်ငံအကြားမှာ ရှိနှင့်ပြီးဖြစ်ပါတယ်။
အမေရိကန်သမ္မတသစ်ဖြစ်လာမယ့် ဒေါ်နယ်ထရန့်ရဲ့ အစိုးရနဲ့လည်း ဖိလစ်ပိုင်နဲ့အမေရိကန်တို့အကြား မဟာမိတ်ဆက်ဆံရေး ဆက်လက်ကောင်းမွန်မယ်လို့ မျှော်လင့်ကြောင်း ဖိလစ်ပိုင်သမ္မတ မားကို့စ်ဂျူနီယာက ထုတ်ဖော်ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ တောင်တရုတ်ပင်လယ်မှာ တရုတ်နိုင်ငံရဲ့ နယ်မြေတောင်းဆိုမှု၊ စစ်ရေးလှုပ်ရှားမှု တိုးမြှင့်လာတာတွေနဲ့ ထိုင်ဝမ်အရေးတို့ကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ ဆက်လက်မြင့်တက်နေပါတယ်။
Ref:Reuters
Photo: Reuters
Credit - Myanmar International News
#သတင်းဟင်းလေးအိုးကြီး
နေတတ်ခြင်း-အနုပညာ
""""""""""""""""''''"
မြင်တယ်
မပြောရက်လို့
သိတယ်
ငဲ့,ညှာနေလို့
ငြင်းခုံလိုက်ချင်တယ်
လက်မခံမှန်း သိနေလို့
လုပ်သင့်တယ်
အားနာနေလို့
အမှားတွေထောက်ပြလိုက်ချင်တယ်
မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာစိုးလို့
ပေါက်ကွဲလိုက်ချင်တယ်
ကိုယ့်ကြောင့်
သူတစ်ပါးအနှောက်အယှတ်ဖြစ်မှာစိုးလို့
အချေအတင်ပြောလိုက်ချင်တယ်
ခင်မင်မှုတွေပျက်မှာစိုးလို့
အမှန်တွေကိုပြောချင်တယ်
အမုန်းတွေနဲ့လမ်းခွဲရမှာစိုးလို့.
ဒီလိုနဲ့ပဲ
ရင့်ကျက်လာအောင်
အဆင်ပြေအောင်
ပြဿနာမဖြစ်အောင်
သည်းခံပြီး နေတတ်လာခဲ့တယ်။
#crd