Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသရောင်းချမည်
နိုဝင်ဘာ ၁၉
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်း ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ ကျောက်မျက်ရတနာပြပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ၂၀၂၄ ခုနှစ် နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ၌ ရောင်းချရန် မဏိရတနာကျောက်စိမ်းခန်းမအတွင်း ပြသထားသော ကျောက်စိမ်း၊ ကျောက်မျက်အတွဲများနှင့် ပုလဲအတွဲများကို လိုက်လံကြည့်ရှုခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ကြောင်း၊ ယခုပြပွဲတွင် ပုလဲအတွဲပေါင်း ၂၈၀၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၄၈၀၀တို့ကို ပြည်တွင်း ပြည်ပ ရတနာ ကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် အမေရိကန်ဒေါ်လာ၊ ယူရိုငွေ၊ ယွမ်ငွေ၊ ထိုင်းဘတ်ငွေ၊ မြန်မာ ကျပ်ငွေနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က လက်ခံသည့် နိုင်ငံခြားငွေအမျိုးအစားများဖြင့် စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ပြပွဲကို နိုဝင်ဘာ ၁၈ ရက်မှ ၂၇ ရက်အထိ ခင်းကျင်းပြသရောင်းချပေးသွားမည်ဖြစ်ကြောင်းနှင့် ယနေ့တွင် ဖွင့်ပွဲအခမ်းအနား၌ ပြည်တွင်း၊ ပြည်ပမှ ကျောက်မျက်လုပ်ငန်းရှင် ၄၅၀၀ ကျော်လာရောက်ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
#centralnewsnaypyitaw
လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု
နိုဝင်ဘာ ၁၉
လူမှုစီးပွားမြှင့်တင်ရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှ ကြေညာသည်။
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ (၂၈)လမ်း (မြောက်ဘက်)၊ အောင်သာယာရပ်ကွက်တွင် ပါတီရုံးချုပ်ဖွင့်လှစ်ထားရှိသော လူမှုစီးပွားမြှင့်တင်ရေးပါတီကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့်ပြုကြောင်း ကြေညာလိုက်သည်။
လူမှုစီးပွားမြှင့်တင်ရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၅၄) ဖြစ်ကြောင်း သိရသည်။
Credit - NV Media
#သတင်းဟင်းလေးအိုးကြီး
KIA ခေါင်းဆောင်များ အရေးပေါ်အစည်းအဝေး ကျင်းပပြီး စစ်ဆင်ရေး ရပ်ဆိုင်းထားရန်နဲ့ PDF အဖွဲ့များကို ထောက်ပံ့မှု ရပ်ဆိုင်းရန် ဆုံးဖြတ်
နိုဝင်ဘာ ၁၉
တရုတ်အစိုးရရဲ့ ဖိအားကြောင့် KIA ခေါင်းဆောင်များရဲ့ အရေးပေါ်အစည်းအဝေးကို နိုဝင်ဘာလ တတိယပတ်၌ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည်။
အဆိုပါ အစည်းအဝေး ဆုံးဖြတ်ချက်အရ စစ်ဆင်ရေးများကို ယာယီ ရပ်ဆိုင်းထားရန်နဲ့ PDF အဖွဲ့များကို ထောက်ပံ့မှု ယာယီရပ်ဆိုင်းထားရန် ဆုံးဖြတ်ခဲ့ကြောင်း KIA ခေါင်းဆောင်ပိုင်းနဲ့ နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
လက်ရှိ၌ တရုတ်အစိုးရသည် တရုတ်-မြန်မာနယ်စပ်ရှိ မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့ဝင် MNDAA ခေါင်းဆောင် ဖုန်တာရွှင် အပါအဝင် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့ခေါင်းဆောင်များကို ဖမ်းဆီးထားသည်။
တရုတ်-မြန်မာနယ်စပ်၌ အခြေချ လှုပ်ရှားသည့် KIA/UWSA/TNLA/MNDAA အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် ၎င်းတို့၏ မိသားစုဝင်များသည် တရုတ်နိုင်ငံတွင် နေထိုင်ကြပြီး တရုတ်နိုင်ငံသားအဖြစ် ခံယူထားသူများဖြစ်သည်။
#centralnewsnaypyitaw
သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်ပြေးသွားမှု ဝေါမြို့တွင် ဖြစ်ပွား
နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်၊ အလင်းရောင်ရပ်ကွက် ၊လှိုင်ထိပ်ခေါင်တင်(၁)လမ်း နေအိမ်တွင် သားနှင့်ချွေးမ ဘုရားဖူးခရီးသွားချိန် တစ်ဦးတည်းကျန်ခဲ့သည့် မိခင်ဖြစ်သူကိုသတ်ဖြတ်ကာ စိန်နှင့် ရွှေထည်ပစ္စည်းများ လုယက်ထွက်ပြေးသွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အသတ်ခံရသူမှာ အသက် (၅၂)နှစ်အရွယ် ဒေါ်သီတာဆိုသူဖြစ်ပြီး ၎င်း၏ သားနှင့် ချွေးမဖြစ်သူတို့ ဘုရားဖူးခရီးသွားနေသော နိုဝင်ဘာလ ၁၄ ရက်မှ ၁၇ ရက်အတွင်း နေအိမ်တွင် တစ်ဦးတည်း ကျန်ရှိနေခိုက်တွင် လုယက်အသတ်ခံရခြင်းဖြစ်သည်။
ကျုးလွန်သူက နေအိမ်ထဲရှိ ရွှေ ၂ ကျပ်သားဆွဲကြိုး ၁ ကုံး၊စိန်ဆွဲသီး၊ စိန်လက်စွပ် ၁ ကွင်း၊ စိန်နားကပ်၊ လက်ကိုင်ဖုန်းနှင့် ရွှေတုံးများကိုပါ လုယက်ယူဆောင်သွားကြောင်း သိရသည်။
မိသားစုဝင် တစ်ဦး၏ ပြောကြားချက်အရ သားနှင့်ချွေးမတို့ ဘုရားဖူး စတင်သွားရောက်သော နိုဝင်ဘာ ၁၄ ရက် ည ၇ နာရီခန့်အထိ ဖုန်းအဆက်အသွယ် ရှိခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ဖုန်းစက်ပိတ်ထားကာ ဖုန်း ခေါ်ဆို၍မရတော့ကြောင်း သိရသည်။
"သားနဲ့ချွေးမက အိမ်ပြန်ရောက်လာတဲ့ နိုဝင်ဘာလ ၁၇ ရက် မနက်ပိုင်းမှာ အိမ်တံခါးတွေ ပိတ်ထားလို့ သူသွားနေကြ အသိအိမ်ကို သွားမေးတော့လည်း မလာဘူးပြောလို့ ခြံကျော်ဝင်တော့ အပုပ်နံ့ရလို့ အိမ်တံခါးဖျက် ဝင်ကြည့်မှ သေဆုံးနေတာကို သိတာ"ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
လူသတ်မှုနှင့်ပတ်သက်၍ အသေးစိတ်ကို ရဲတပ်ဖွဲ့က စစ်ဆေးလျက်ရှိပြီး ကျုးလွန်သူကို ဝေါမြို့မ ရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၉၄တို့ဖြင့် အမှုဖွင့်ကာ အမြန်ဆုံး ဖမ်းမိနိုင်ရေးအတွက် စုံစမ်းရှာဖွေနေကြောင်း သိရသည်။
Credit - MT News
#သတင်းဟင်းလေးအိုးကြီး
ခရီးသည်တင်ယာဉ် (၃)စီးနဲ့အတူ ငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဖမ်းဆီးရမိ
နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း၊ မြောက်ဉက္ကလာပမြို့နယ်ထဲက သီရိရတနာ ကားဝင်းမှာ ခရီးသည်တင်ယာဉ် (၁)စီးကို သတင်းများအရ ရှာဖွေစစ်ဆေးရာ စားသောက်ကုန်များအတွင်း သိုဝှက်သယ်ဆောင်လာတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၁၃ ဒသမ ၁ သိန်းကို နိုဝင်ဘာ ၁၃ ရက်နေ့က ဖမ်းဆီးရမိခဲ့တယ်လို့ နစက ထုတ်ပြန်ချက်အရ သိရပါတယ်။
အဲ့မူးယစ်ဆေး၀ါတွေဟာ ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဒသမ ၃၁ ဘီလီယံရှိပြီး ခရီးသည်တင်ယာဉ်မောင်း၊ ယာဉ်အကူနဲ့ ယာဉ်နောက်လိုက် တို့နဲ့ ခရီးသည်တင်ယာဉ်ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
ယာဉ်ပိုင်ရှင်ဖြစ်တဲ့ ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြိုနယ်၊ လိပ်ကုန်းကျေးရွာနေ အောင်ခိုင်ထူးနဲ့ ဇနီး မမိုးစံပယ်တို့ အစီအမံနဲ့ တောင်ကြီးကနေ ရန်ကုန်သို့ မူးယစ် ဆေးဝါးများ သယ်ဆောင်ရောင်းဝယ်နေတာလို့ ဆိုပါတယ်။
မူးယစ်ဆေးဝါး ရောင်းဝယ်ရာကနေ ရရှိတဲ့ အကျိုးအမြတ်နဲ့ ဝယ်ယူထားတဲ့ KING LONG အမျိုးအစားနဲ့ HIGER အမျိုးအစား ခရီးသည်တင်မှန်လုံယာဉ် (၂) စီးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို စစ်ဆေးဖော်ထုတ်နေပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ရာမှာ ရရှိတဲ့ ငွေကြေး အကျိုးအမြတ်တွေ၊ ပိုင်ဆိုင်မှုတွေကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားနိုင်ဖို့ လုပ်ဆောင် နေတယ်လို့ သိရပါတယ်။
Credit - MCNA
#သတင်းဟင်းလေးအိုးကြီး
ရုရှားအတွင်းပိုင်းကို တိုက်ခိုက်ဖို့ အမေရိကန်တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးလိုက်တာဟာ တတိယ ကမ္ဘာစစ် ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ထရမ့်မဟာမိတ်တွေ ပြော
နိုဝင်ဘာ ၁၉
ရုရှားနိုင်ငံအတွင်းပိုင်းကို တိုက်ခိုက်ဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်က အမေရိကန်ထုတ်လက်နက်တွေကို ယူက ရိန်းကို အသုံးပြုခွင့်ပေးလိုက်တာဟာ တတိယကမ္ဘာစစ်ဖြစ်လာနိုင်တဲ့ အန္တရာယ်ရှိကြောင်း ရွေးကောက်ခံအကြို သမ္မတဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်တွေက ပြောကြားလိုက်ပါတယ်။
ယူကရိန်းနိုင်ငံဟာ လက်ရှိအချိန်မှာ မြောက်ကိုရီးယားတပ်ဖွဲ့ဝင် ၁၀,၀၀၀ အပါအဝင် ရုရှားတပ်ဖွဲ့ဝင် ၅၀,၀၀၀ စုဖွဲ့ထားတဲ့ ရုရှားနိုင်ငံ ကာ့စ်ခ်ဒေသထဲက စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နိုင်ပြီဖြစ်ကြောင်း အမေရိကန် ထိပ်တန်းအရာရှိတွေက Fox News ကို ပြောပါတယ်။
ယူကရိန်းတပ်ဖွဲ့ဝင်တွေဟာ အခုနှစ် အစောပိုင်းက ရုရှားပိုင်နယ်မြေတချို့ကို ဝင်ရောက်တိုက်ခိုက်ပြီး ထိန်းချုပ် ထားပါတယ်။
“ဒါက နောက်ထပ် တင်းမာမှုမြင့်တက်လာအောင် အဆင့်မြှင့်လိုက်တာပါပဲ။ ဘယ်နေရာကနေ စဖြစ်လာမလဲဆို တာကတော့ ဘယ်သူမှ မသိပါဘူး။” လို့ ထရမ့်က အမျိုးသားလုံခြုံရေးအကြံပေးအရာရှိခန့်အပ်ဖို့ လျာထားတဲ့ ဖလော်ရီဒါပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ်မိုက်ကယ်လ်ဝါ့ဇ်က ပြောပါတယ်။
“အကူးအပြောင်းကာလမှာ ဂျိုးဘိုင်ဒန်က ယူကရိန်းမှာ စစ်ရှိန်မြှင့်တင်ထားခဲ့လိမ့်မယ်လို့ ဘယ်သူမှ မျှော်လင့်မ ထားပါဘူး။ ဒီလုပ်ရပ်က သူက စစ်ပွဲအသစ်တစ်ခုကို ဖန်တီးလိုက်သလိုပါပဲ။” လို့ ထရမ့်ရဲ့ အမျိုးသားထောက် လှမ်းရေးဌာနခေတ္တညွှန်ကြားရေးမှူး ရစ်ဂရိန်းနဲလ်က X လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။
“အခုတော့ အားလုံး ပြောင်းလဲကုန်ပါပြီ။ အရင်က တွက်ချင်ထားသမျှအကုန်လုံး ပျက်ပြယ်သွားပါပြီ။ နိုင်ငံရေး အတွက် အကုန်လုပ်တော့တာပါပဲ။” လို့ ၎င်းက ပြောပါတယ်။
“ကျွန်တော့်အဖေက ငြိမ်းချမ်းရေးဆောင်ကျဉ်းပြီး လူတွေရဲ့အသက်ပေါင်းများစွာ ကယ်တင်ဖို့ အခွင့်အရေးမရ ခင်မှာ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးကွန်ရက်ကြီးက တတိယကမ္ဘာဖြစ်လာအောင် လုပ်ချင်နေပုံရပါတယ်။ အဲဒီဒေါ်လာ ၃ ထရီလီယန်ကို ကန့်သတ်ထားရမှာဖြစ်ပါတယ်။ နောက်ဆက်တွဲအကျိုးရလဒ်တွေကို ဂရုမစိုက် ကြဘူး။ အတော်မိုက်မဲတဲ့ပုဂ္ဂိုလ်ပါပဲ။” လို့ ထရမ့်ရဲ့သား ဒေါ်နယ်ထရမ့်ဂျူုနီယာက X မှာရေးသားထားပါတယ်။
“သမ္မတရုံးကနေ ဆင်းခါနီးလေးမှာ ရုရှားနိုင်ငံထဲက တာဝေးပစ်လက်နက်တွေပစ်ခတ်ဖို့ ယူကရိန်းကို အသုံးပြု ခွင့်ပေးပြီး တတိယကမ္ဘာစစ်ဖြစ်လာအောင် ဂျိုးဘိုင်ဒန်ဟာ အလွန်အန္တရာယ်ကြီးစွာ ဖန်တီးနေပါတယ်။” လို့ ဂျော်ဂျီယာပြည်နယ် ရီပတ်ဘလီကန် အောက်လွှတ်တော်အမတ် မာဂျရီးတေလာဂရိန်းကလည်း X မှာ ရေးသား ခဲ့ပါတယ်။
“အဲဒီ အမေရိကန်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်တွေကို ကန့်ကွက်ဆန့်ကျင်ဖို့ အမေရိကန်ပြည်သူတွေက နိုဝင်ဘာ လ ၅ ရက်နေ့မှာ လုပ်ပိုင်ခွင့် ပေးခဲ့ပြီးပါပြီ။” လို့ ၎င်းက ပြောပါတယ်။
တာဝေးပစ်လက်နက်တွေအသုံးပြုခွင့်ပေးတာနဲ့ပတ်သက်ပြီး ဘာမှပြောကြားခြင်းမရှိပေမဲ့ အိမ်ဖြူတော်က ဘာ့ ကြောင့် အခုလိုဆုံးဖြတ်ချက်ချရသလဲဆိုတာကို စဉ်းစားရာမှာ မြောက်ကိုရီးယားတပ်တွေ ရုရှားကိုရောက်ရှိလာ ပြီး စစ်ပွဲမှာပါဝင်ပတ်သက်လာတာကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်ကြောင်း အမျိုးသားလုံခြုံရေး ဒုတိယ အကြံပေးအရာရှိ ဂျွန်ဖိုင်းနားက နိုဝင်ဘာ ၁၈ ရက်နေ့က ပြောပါတယ်။
“စစ်မြေပြင်မှာ တွေ့ရှိရတဲ့ အခြေအနေတွေပေါ်အခြေခံပြီး မူဝါဒဆုံးဖြတ်ချက်တွေကို ဆောင်ရွက်သွားမှာဖြစ် တယ်ဆိုတာ စစ်ပွဲကာလတစ်လျှောက် အမေရိကန်ပြည်ထောင်စုက ပြတ်ပြတ်သားသား ရှင်းရှင်းလင်းလင်း ပြောကြားလာခဲ့ပြီးဖြစ်ပါတယ်။ အဲဒီအခြေအနေတွေထဲမှာ မကြာသေးခင်ကာလက ရုရှားတွေဟာ စစ်ရှိန်မြင့် တက်လာအောင်လုပ်နေသလို နိုင်ငံခြားတပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ချထားလာတာကိုလည်း ထည့်သွင်းစဉ်းစား ရမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Trump allies warn Biden risking 'World War III' by authorizing long-range missiles for Ukraine: Fox News
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
နိုဝင်ဘာ ၁၉ ရက်
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၆၁၈ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၂၈၀၀၂၉ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၀၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၉၉၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၈၃၀၀၀၀ ကျပ်
ဝယ်ဈေး ၅၇၉၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၂၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၉၀ ကျပ်
ဝယ်ဈေး - ၃၃၂၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၉၅ ကျပ်
ဝယ်ဈေး - ၄၆၇၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၀.၇၂ ကျပ်
ဝယ်ဈေး - ၁၂၇.၃၉ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၁၅ ကျပ်
ဝယ်ဈေး - ၉၈၅ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၂၆ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၂၈ ကျပ်
ဝယ်ဈေး - ၂၈.၅၄ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၆၀ ကျပ်
ဝယ်ဈေး - ၅၂.၂၃ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၄ ကျပ်
ဝယ်ဈေး - ၃.၁၆ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၄၀ ကျပ်
ဝယ်ဈေး - ၅၅၉၅ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၅၀ ကျပ်
ဝယ်ဈေး - ၂၈၇၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၃၀ ကျပ်
ဝယ်ဈေး - ၃၁၄၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၂ ကျပ်
ဝယ်ဈေး - ၅၆၇ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၅ ကျပ်
ဝယ်ဈေး - ၁၂၀၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
Credit - Voice of Myanmar
#သတင်းဟင်းလေးအိုးကြီး
19 Nov 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````
USD Buy - MMK 4,410
USD Sell - MMK 4,510
EUR Buy - MMK 4,670
EUR Sell - MMK 4,795
SGD Buy - MMK 3,320
SGD Sell - MMK 3,390
THB Buy - MMK 127.39
THB Sell - MMK 130.72
JPY Buy - MMK 28.54
JPY Sell - MMK 29.28
MYR Buy - MMK 985
MYR Sell - MMK 1,015
CNY Buy - MMK 610
CNY Sell - MMK 626
Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,000,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,100,000
*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application
JB Gold
Delete Comment
Are you sure that you want to delete this comment ?