45 w - Translate

ကိုယ်က ထိရှလွယ်နေတယ် ထင်ပါတယ်

image
45 w - Translate

လောကကြီးမှာ လူဖြစ်လာရတာ...
လိမ္မာဖို့ သက်သက်လည်း ဘယ်ဟုတ်မလဲ။
မိုက်ဖို့လည်း ပါသေးတာပဲ။
လူဟာ အစုံပဲ တွေ့ရ၊ ဖြစ်ခဲ့ရတာပဲ။
လူတိုင်းဟာ အပြစ်နဲ့ချည်းပေါ့။

ပျော်တုန်း သေရတာဟာ
အနိုင်နဲ့ပိုင်းလိုက်တာပေါ့နော် ။

- ကြည်အေး

image
45 w - Translate

ကျွန်တော် ခင်ဗျားကို လက်လျှော့လိုက်ပြီမို့ ...
နေပျော်သလိုသာ နေပါ

စကားတွေ အများကြီးမပြောတော့ဘူး
မျှော်လင့်ချက်တွေ အများကြီး မထားတော့ဘူး
စကားတွေ အများကြီးပြောရင်
ရန်တွေ ဖြစ်ရတယ်
ဖြစ်ချင်စိတ်နဲ့ မျှော်လင့်ချက်တွေထားလို့
ဖြစ်မလာခဲ့ရင် ကိုယ်ပဲ ရင်မောရတယ်

ပြီးတော့ ...
မမျှော်တော့ဘူးသိလား
ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ မမေးတော့ဘူး
ဘယ်တော့လဲဆိုတဲ့အချိန်တွေ မစောင့်တော့ဘူး
မျှော်နေရင်း မောသွားတဲ့
လူတစ်ယောက်လို့ပဲထားပါ

ပြီးတော့ ... ကျွန်တော်က
အတွေးသိပ်များပြီး
ပွစိပွစိလုပ်တတ်တဲ့
လူတစ်ယောက်လို့ပဲ ထားပါ ...
နေပျော်သလို နေလို့ရပါပြီ

ပြီးတော့ ...
ခင်ဗျား ပျော်မယ်လို့ထင်တာကိုပဲ လုပ်ပါ
ကျွန်တော် ... ပင်ပန်းနေပြီမို့
ကျွန်တော် ... လက်လျှော့လိုက်ပါပြီ ။

#ကျေးကို

image
45 w - Translate

ဆရာဂျီးတွေကတော့ အများကြီးပဲ
ဒါပေမဲ့ ၁၀၀တန်တွေ:3

image
45 w - Translate

ချစ်ခြင်းမေတ္တာတွေ ဝေနေလို့
တန်းစီလိုက်တဲ့အခါတိုင်း ...

ကျနော့်အလှည့်ရောက်ရင်
အတိအကျကို ကုန်သွားပြီလို့ပဲ
အပြောခံရပါတယ် ... ။

#ကောက်ရိုး

image
45 w - Translate

မဝေးရဲဘူးဆိုတာကလည်း
တကယ့်
တကယ်
မဝေးကြသေးလို့ပါ ။ ။

#မောင်ခက်လူ
#နှစ်တစ်ရာပြက္ခဒိန်
𝙈𝙤𝙙𝙚𝙧𝙣 𝙋𝙤𝙚𝙩𝙧𝙮

image
45 w - Translate

အခုတလော ညညဆို တော်ရုံနဲ့အိပ်မရဘူး
ခန္ဓာကိုယ်က အိပ်ချင်ပေမဲ့ စိတ်နဲ့အတွေးက
အိပ်မရဘူး တကယ် ပင်ပန်းရတယ်
အိပ်ဖို့ကြိုးစားလေ မအိပ်လေပါပဲ

#1918a

image
45 w - Translate

မောင်လေး အမ နည်းနည်းမြည်းမယ်နော်

image
45 w - Translate

ဘဝမှာ
ဘယ်တော့မှ ပြန်မတွေ့ချင်တဲ့ လူတစ်ချို့နဲ့

ဘယ်ဆေးလိမ်းလိမ်း
မပျောက်တော့မယ့် ဒဏ်ရာတွေရှိတယ်

သတိရရင် တိမ်တွေကိုကြည့်ပါ
နာကြည်းတဲ့အခါ မြေပြင်ကိုကြည့်ပေါ့

စိတ်ရှိလက်ရှိ ငေးခွင့်ရှိသလို
စိတ်ပျက်လက်ပျက် နင်းခွင့်လည်းရှိတယ် ။

#နွေသစ်ငြိမ်း

image
45 w - Translate

တစ်ကယ်တော့ အဆင်မပြေရင်
တစ်ယောက်ထဲ ငြိမ်နေလိုက်တာ အကောင်းဆုံးပါ

ဘယ်သူ့စီကမှ နွေးထွေးမှုကို သွားမလိုချင်ပါနဲ့ ကိုယ်ထင်ထားသလို ဖြစ်မလာရင် ပိုသိမ်ငယ်သွားစေတယ်

အဆင်မပြေတဲ့အရာက ပိုအဆင်မပြေတော့ပဲ ဖိအားတွေများလာပြီး ကိုယ်ပဲ ပိုပင်ပန်းရတယ်

အဆင်မပြေရင် တစ်ယောက်ထဲ ငြိမ်နေလိုက်ပါ ဒါဟာ ကိုယ့်အတွက် ပိုအဆင်ပြေပါလိမ့်မယ်

ဘယ်သူ့စီကမှ မေတ္တာတွေ နွေးထွေးမှုတွေကို မလိုအပ်တော့လေ ပိုကောင်းလေပါပဲ

image