ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အဆင်းရဲဆုံးနိုင်ငံများအတွက်ကမ္ဘာ့ဘဏ်ကိုဒေါ်လာ၄ဘီလျံ ထည့်မည်-- ဘိုင်ဒင်
အသုံးစရိတ်ဖြတ်တောက်မှုများလုပ်လာမည့် ဒေါ်နယ်ထရမ့်ပ် ရာထူးတာဝန် မထမ်းဆောင်မီတွင် အဆင်းရဲဆုံးနိုင်ငံများကို အကူအညီပေးရေးဆိုင်ရာ ကမ္ဘာ့ဘဏ်ရန်ပုံငွေသို့ အမေရိကန်ဒေါ်လာ ၄ ဘီလျံထည့်ဝင်သွားမည့် ဟုအမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့သည်။
ကမ္ဘာ့ခေါင်းဆောင်များ တွေ့ဆုံချိန်၌ သူ၏ နောက်ဆုံးအကြိမ် ပါဝင်မှုဖြစ်သော ရီယိုဒီဂျနေရိုးတွင် ပြုလုပ်နေသည့် ဂျီ-၂၀ ထိပ်သီးအစည်းအဝေး၌ ရာထူးနုတ်ထွက်တော့မည့် ခေါင်းဆောင်က နိုင်ငံတကာဖွံ့ဖြိုးရေးအဖွဲ့အတွက် ရန်ပုံငွေကို ထုတ်ဖော်ကြေညာခဲ့ခြင်းဖြစ်သည်။
“အမေရိကန်ပြည်ထောင်စုက သုံးနှစ်တာကာလအတွက် ဒေါ်လာ ၄ ဘီလျံ ကတိပြုဖို့ ရည်ရွယ်ထားတယ်ဆိုတာကို သမ္မတက ဒီနေ့မှာ ကြေညာသွားခဲ့ပြီး ဒါက တကယ့်ကို စိတ်လှုပ်ရှားစရာပါ” ဟု အမည်မဖော်လိုသည့် အမေရိကန်အစိုးရအဖွဲ့ အကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များကို ပြောဆိုသည်။
အဆိုပါ ကတိကဝတ်သည် နောက်တက်လာမည့် ထရမ့်ပ် အစိုးရအဖွဲ့အတွက် မဖြစ်မနေဆက်လက်ဆောင်ရွက်ရမည့် သဘောတူညီချက်မျိုးမဟုတ်သော်လည်း ယခင် ရီပတ်ဘလီကန်အစိုးရများလက်ထက်က ယင်းကဲ့သို့ ရန်ပုံငွေ လျာထားချက်များကို ထောက်ခံခဲ့ကြသည်ဟု အထက်ပါအရာရှိက ပြောဆိုသည်။
ယင်းရန်ပုံငွေ ကတိကဝတ်သည် သမိုင်းဝင် ကတိပြုချက်ဟု အမေရိကန်နိုင်ငံတော်လုံခြုံရေး ဒုတိယအကြံပေး ဂျွန်ဖင်နာက အစောပိုင်းတွင် ပြောဆိုခဲ့ပြီး ဘိုင်ဒင်၏ ကတိပြုချက်ကြောင့် အခြားခေါင်းဆောင်များသည်လည်း သူတို့၏ ရန်ပုံငွေထည့်ဝင်မှုကို မြှင့်တင်လိုစိတ်ဖြစ်လာစေမည်ဟု ဆိုခဲ့သည်။
နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့သည် ကမ္ဘာ့ဘဏ်၏ ချေးငွေအခွင့်အလမ်းဆိုင်ရာ အဖွဲ့တစ်ခုဖြစ်ပြီး ရာသီဥတုဆိုင်ရာ စီမံကိန်းများအတွက် အပါအဝင် ကမ္ဘာပေါ်ရှိ အဆင်းရဲဆုံးနိုင်ငံအချို့အတွက် အသုံးပြုသည်။
ဇန်နဝါရီ ၂၀ ရက်တွင် အိမ်ဖြူတော်သို့ တကျော့ပြန်ရောက်ရှိလာမည့် ရွေးကောက်ခံသမ္မတ ထရမ့်ပ် ရာထူးမယူမီ သူ၏ခြောက်ရက်တာတောင်အမေရိကခရီးစဉ်အတွင်း ဘိုင်ဒင်သည် သူထားရစ်ခဲ့မည့် နိုင်ငံတကာ အစီအမံများကို ကျားကန်ပေးရန် ကြိုးစားနေခဲ့သည်။