Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့သည့် မန်စီးတီးအမှု စစ်ဆေးပြီးစီး
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်ခဲ့တဲ့ မန်ချက်စတာစီးတီးရဲ့ အမှုနဲ့ပတ်သက်လို့ စစ်ဆေးပြီးစီးသွားပြီ ဖြစ်တယ်လို့ သိရပါတယ်။
မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးစည်းမျဉ်း ၁၁၅ ချက် ချိုးဖောက်ခဲ့ကြောင်း ကနဦးစွပ်စွဲထားပြီး နောက်ပိုင်းမှာ စည်းမျဉ်း ၁၃၀ အထိချိုးဖောက်ခဲ့ကြောင်း စွပ်စွဲခံထားရတာပါ။
မန်စီးတီးရဲ့အမှုအပေါ် နှစ်ဖက် ကြားနာစစ်ဆေးမှုတွေကို ပြီးခဲ့တဲ့ရက်ပိုင်းက ပြုလုပ်ခဲ့ပြီး နောက်ဆုံး အဆုံးသတ် အမိန့်ချမှတ်ဖို့သာ ကျန်ရှိတော့တယ်လို့ ဒေးလီးမေးလ်သတင်းက အတည်ပြုပါတယ်။
ပြစ်မှုထင်ရှားခဲ့မယ်ဆိုရင် ကြီးမားတဲ့ ဒဏ်ကြေးတပ်ရိုက်ခံရနိုင်သလို အမှတ်လျှော့ပြစ်ဒဏ် အပါအဝင် တန်းဆင်းကစားရမယ့် ပြစ်ဒဏ်လည်း ချမှတ်ခံရနိုင်တယ်လို့ သိရပါတယ်။
DVB
တေလာဆွိဖ်ဖျော်ဖြေရေးခရီး ဝင်ငွေအမြင့်ဆုံးအဖြစ် ဒေါ်လာသန်း ၂,၀၀၀ ကျော်ရ
ဒီဇင်ဘာ ၁၀
တေလာဆွိဖ်ရဲ့ Eras Tour ဖျော်ဖြေပွဲက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ ဒေါ်လာ သန်း ၂,၂၀၀ နီးပါး ရရှိခဲ့ပြီး နှစ်နှစ်ဆက်တိုက် ကမ္ဘာ့အဝင်ငွေအများဆုံး ဖျော်ဖြေပွဲ ဖြစ်သွားတယ်လို့ အချက်အလက်ကောက်ယူဖော်ပြတဲ့ Pollstar ရဲ့ ၂၀၂၄ နှစ်ကုန်ပိုင်း စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က တေလာဆွိဖ်ရဲ့ အထူးအောင်မြင်တဲ့ Eras Tour ဖျော်ဖြေရေးခရီးစဉ်က ဒေါ်လာသန်းထောင်ချီပြီး ဝင်ငွေရတဲ့ ပထမဆုံး ဖျော်ဖြေပွဲ ဖြစ်ခဲ့တာပါ၊ ဒီစံချိန်ကို ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ နောက်ဆုံးပွဲကျင်းပအပြီး နောက်တနေ့ မနက်မှာ ကြေညာခဲ့တာပါ။
အမေရိကန်ပြည်ထောင်စုမှာ ဝင်ငွေဒေါ်လာ သန်း ၁,၀၄၀ ( ဘီလျံနဲ့ဆိုရင် ၁.၀၄ ဘီလီယံ) ရရှိခဲ့ပြီး တကမ္ဘာလုံးအတိုင်းအတာနဲ့ဆိုရင် ဒေါ်လာ ၂.၁၉ ဘီလီယံ .. ဒေါ်လာသန်း ၂,၂၀၀ နီးပါး ရခဲ့တာပါ။ Pollstar ရဲ့ အချက်အလက်တွေက ၂၀၂၃ နိုဝင်ဘာကနေ ၂၀၂၄ ဒီဇင်ဘာအထိ လက်မှတ်အရောင်းစာရင်း၊ ပွဲကြည့်ခန်းမ လူဝင်ဆံ့မှု ခန့်မှန်းချက်၊ ယခင်က လက်မှတ်အရောင်းစာရင်းတွေနဲ့ တခြားသုတေသန အချက်အလက်တွေကို စုစည်းထားတာ ဖြစ်ပါတယ်။
"ကျွန်တော်တို့ သမိုင်းဝင်ဖြစ်ရပ်တခု ဖြစ်ပျက်နေတာကို လက်တွေ့မြင်နေကြရတာပါ။ တေလာဆွိဖ်နဲ့ Eras Tour က တိုက်ကြီး ၅ ခုမှာ အချိန်ကာလ တနှစ်ခွဲကျော် စုစုပေါင်း ၂၁ လအတွင်း ပရိသတ် ၁၀ သန်းနီးပါးရှေ့မှာ ဖျော်ဖြေပြသွားခဲ့တာက အရင်က မရှိဘူးတဲ့ အထူးခြားဆုံး ဖြစ်ရပ်ဖြစ်ပါတယ်။ သူ့ပွဲကနေ ဒေါ်လာ ၂.၂ ဘီလျံ နီးပါး ဝင်ငွေရှာနိုင်ခဲ့တာ သမိုင်းမှာ ငွေအများဆုံးရခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအများဆုံးငွေဝင်တဲ့ ပွဲမှာရတာထက် ၂ ဆနီးပါး များပါတယ်" လို့ Pollstar နဲ့ VenuesNow အယ်ဒီတာချုပ် Andy Gensler က ပြောပါတယ်။
"ဒီလုပ်ငန်းမှာရှိတဲ့ ကန့်သတ်ချက်တွေကို ဘောင်ချဲ့ပေးနိုင်တဲ့ ဥပမာလည်း ဖြစ်ပါတယ်။ တချိန်တည်းမှာ ဂီတရယ် လူ့ဘောင်အသိုင်းအဝိုင်းရယ် ဘဝရဲ့ အကောင်းဆုံးအတွေ့အကြုံဆိုတာရယ်တွေကို ပေါင်းစပ်ပြီး တကမ္ဘာလုံးက ပရိသတ်တွေဆီ အရောက်သယ်ဆောင်သွားနိုင်ခဲ့ပါတယ်" လို့လည်း သူက ပြောပါတယ်။
ဂီတဖျော်ဖြေပွဲ သမိုင်းမှာ ဒုတိယအများဆုံး ဝင်ငွေရတဲ့ပွဲကတော့ လက်ရှိကျင်းပနေဆဲ Coldplay ရဲ့ "Music of the Spheres" ဖျော်ဖြေရေးခရီးဖြစ်ပြီး ဒေါ်လာ ၁.၁၄ ဘီလီယံ ရရှိထားတာပါ။ သူတို့က ၂၀၂၅ နှစ်သစ်ထဲမှာလည်း ဆက်ပြီးဖျော်ဖြေနေဦးမှာပါ။ Coldplay အဖွဲ့က လက်မှတ် စုစုပေါင်း ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့ပြီး တေလာဆွိဖ်ရဲ့ "Eras Tour" က ၁၀ သန်းနီးပါး ရောင်းချခဲ့လို့ တကိုယ်တော် အဆိုတော်တွေထဲမှာ လက်မှတ်အရောင်းရဆုံး စံချိန်တင်သွားပါတယ်။
📸 ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့မှာ ကျင်းပတဲ့ တေလာဆွိဖ်ရဲ့တကိုယ်တော်ဖျော်ဖြေပွဲ "The Eras Tour," (ဒီဇင်ဘာ ၆၊ ၂၀၂၄)
#သတင်းဟင်းလေးပးအိုးကြီး
နာဂဒေသက ရွေးကောက်ပွဲကို စိတ်ဝင်စားမှုရှိဟု နာဂအမျိုးသားပါတီတာဝန်ရှိသူပြော
ဒီဇင်ဘာ ၁၀
လာမည့် ၂၀၂၅ ခုနှစ်တွင် ကျင်းပမည်ဟု ပြောကြားနေသည့် ရွေးကောက်ပွဲအား နာဂဒေသမှ ပြည်သူများသည် စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ သေချာပေါက် ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) နှင့် မှတ်ပုံတင်ခွင့်ပြုထားသော နိုင်ငံရေးပါတီ ၅၃ ပါတီမှ ကိုယ်စားလှယ်များ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်က UEC ရုံးမှာ တွေ့ဆုံဆွေးနွေးခဲ့သည်။
လာမည့် ရွေးကောက်ပွဲသည် ပိုကောင်းသည့် အခင်းအကျင်းတစ်ခု သို့မဟုတ် ပိုကောင်းသည့် အခြေအနေတစ်ခု ဖြစ်လာစေမည်လားဆိုကာ နာဂတိုင်းရင်းသားများမှ မျှော်လင့်နေကြပြီး စိတ်ဝင်စားမှုများရှိနေကြောင်း နာဂအမျိုးသားပါတီ (NNP)ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။
၎င်းက “နိုင်ငံရေးအနေနဲ့ကတော့၊ နိုင်ငံရေးအနေနဲ့ဆိုတာ နိုင်ငံရေးဆိုတာ ရွေးကောက်ပွဲနဲ့ဆက်စပ်တဲ့ နိုင်ငံရေး က တိုက်ပွဲဖြစ်နေတယ်ဆိုတော့ နိုင်ငံရေးက တစ်တိုင်းတစ်ပြည်လုံးဖြစ်တော့ နိုင်ငံရေးက သေနေသလို ဖြစ်တာ ပေါ့ဗျာ၊ စစ်ရေးစစ်ရာထဲမှာပဲ ဖြစ်နေတဲ့ အနေအထားမျိုးဆိုတော့ အဲဒီသဘောသဘာဝ ကျနော်တို့ဆီမှာလည်း သက်ရောက်တာပေါ့။ သို့သော်ငြားလည်း အခုက ရွေးကောက်ပွဲလုပ်မယ် ဘာညာဆိုတဲ့ အနေအထားမျိုးတွေ ရှိလာတယ်၊ ရှိလာတဲ့ အခြေအနေတစ်ခုမှာ ပြည်သူတွေက စိုးရိမ်ပူပန်မှုနဲ့ အမြဲတမ်း စိတ်ဆင်းရဲပြီး နေနေရတာ ထက်စာရင်တော့ နိုင်ငံရေးထွက်ပေါက် တစ်ခုအနေနဲ့ တိုင်းပြည်ရဲ့ အခြေအနေတစ်ခုက ပိုပြီးတော့ ကောင်းတဲ့ လမ်းကြောင်းဘက်ကို ရောက်သွားနိုင်မလားဆိုတဲ့ မျှော်လင့်ချက်မျိုးနဲ့ စိတ်ဝင်စားတာမျိုးတွေရှိတယ်၊ စိတ်ဝင်စား တာမျိုးတွေ ရှိတယ်ဆိုတာ ထောက်ခံတယ်၊ ကန့်ကွက်တယ် ဆိုတာမျိုးကို ဆိုလိုတာမဟုတ်ဘူး၊ ပိုကောင်းတဲ့ အခင်းအကျင်းတစ်ခု ပိုကောင်းတဲ့ အခြေအနေတစ်ခု၊ ဒီဟာကြီးက ဘယ်တော့ပြီးဆုံးမလဲ၊ ပြီးဆုံးမဲ့ အရာတစ်ခု အတွက် လမ်းစတစ်ခုများ ဖြစ်လာမလားဆိုတဲ့ သဘောထား အမြင်လေးတွေနဲ့ စဥ်းစားတွေးခေါ် နေကြတဲ့ နိုင်ငံရေးပုံစံမျိုးတော့ ရှိပါတယ်ဗျ” ဟု ပြောသည်။
နာဂတောင်တန်းဒေသသည် ပြည့်စုံမှုမရှိသည့် နယ်မြေတစ်ခုဖြစ်ပြီး ကျောင်းဆရာ/ဆရာမ မလုံလောက်မှု၊ ကုန်စျေးနှုန်းကြီးမြင့်မှု၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခွန်များ ကောက်ခံမှု၊ ကုန်စည်စီးဆင်းမှု နှောင့်နှေးနေခြင်းများဖြင့် ရင်ဆိုင်နေကြရသည်။
ပြည်မမှ တိုင်းရင်းသား နယ်မြေများသို့ ကုန်စည်စီးဆင်းမှုများသည် နှောင့်နှေးနေပြီး ကုန်ပစ္စည်းတစ်ခုရောက်ဖို့ အနည်းဆုံး ၆ လခန့် ကြာမြင့်ကြောင်း၊ ထို့ကြောင့် နာဂဒေသအနေဖြင့် ရှင်သန်ရပ်တည်နိုင်ရန် ထွက်ပေါက်တစ်ခု အဖြစ် အိန္ဒိယနိုင်ငံကိုသာ အားကိုးနေရကြောင်း သိရသည်။
လက်ရှိတွင် အိန္ဒိယမှ နယ်စပ်ဂိတ်(ပန်ဆောင်)များ ပြန်လည်ဖွင့်လှစ်လိုက်၍ နာဂဒေသ အနေဖြင့် ကြိုဆိုကြောင်း၊ ရေရှည်အကျိုးစီးပွားလည်း ဖြစ်ထွန်းနိုင်ကြောင်း၊ သို့သော် လွတ်လပ်စွာ ကုန်စည်စီးဆင်းခွင့်နှင့် လုံခြုံရေးထိခိုက်မှု များအား သတိပြုရမည်ဖြစ်ကြောင်း၊ လက်ရှိ နာဂဒေသတွင် စစ်ရေးလှုပ်ရှားမှုများ၊ တိုက်ပွဲများမရှိသေးသော် လည်း စိုးရိမ်ပူပန်မှုများ ပြည်သူများတွင် ရှိနေကြကြောင်း နာဂအမျိုးသားပါတီ (NNP) ဥက္ကဋ္ဌ ဦးရှုမောင်က ပြောသည်။
၎င်းက “နာဂဒေသက လောလောဆယ်တော့ စစ်ရေးလှုပ်ရှားမှုတွေတော့ တိုက်ပွဲ အနေအထားတွေတော့ ဒီလိုတော့မရှိပါဘူး၊ ဒါပေမယ့် တိုက်ပွဲမရှိတော့ လောလောဆယ်တော့ ကျနော်တို့ ငြိမ်းချမ်းသေးတယ်လို့ ပြောလို့ ရတာပေါ့နော်၊ အဲလိုတော့ရှိတယ်။ သို့သော်ငြားလည်း ဒီဘယ်နေ့ဘယ်ချိန်မှာပဲ ကျနော်တို့ဆီ တိုက်ပွဲတွေ ဖြစ်လာ မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတွေ ပြည်သူတွေကြားမှာတော့ ရှိပါတယ်။ အဲလိုမျိုးရှိတယ်၊ နောက်ကျန်တဲ့ ဟာတွေက တော့ ပုံမှန်လည်ပတ်နေတဲ့ နယ်မြေတစ်ခု အဲလိုတော့ ပြောလို့ရပါတယ်” ဟု ပြောသည်။
ပြည်သူများ၏ လုံခြုံမှုကင်းမဲ့နေသည့် အခြေအနေ၊ စားဝတ်နေရေး၊ ကုန်စျေးနှုန်း၊ ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်အခွင့်အလမ်း အားလုံးသည် ရွေးကောက်ပွဲမှ ပေါ်ထွန်းလာမည့် အစိုးရအနေဖြင့် အာဏာခွဲဝေမှု ပုံသဏ္ဍာန် ပြန်ပေါ်လာလျှင် ဆက်လက်ဆောင်ရွက် သွားနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးပါတီများက ပြောသည်။
၂၀၂၅ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း၊ အနိုင်ရသည့်ပါတီကို နိုင်ငံတော်အာဏာလွှဲပြောင်း ပေးသွားမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောကြားထားသည်။
ပုံ - ဦးရှုမောင်ကို တွေ့ရစဥ်
#centralnewsnaypyitaw