ပြင်သစ်အတွက် ဆက်ပြီးကစားပေးမယ်လို့ ဘတ်ပီကတိပြု

ဒီဇင်ဘာ ၉

ရီးရယ်လ်အသင်းတိုက်စစ်မှူး ဘတ်ပီဟာ ပြီးခဲ့တဲ့ ပြင်သစ်အသင်းရဲ့ အောက်တိုဘာနဲ့ နိုဝင်ဘာ လူစာရင်းတွေမှာ ချန်လှပ်ခြင်း ခံခဲ့ရပေမယ့် နိုင်ငံအသင်းအတွက် ဆက်ပြီးကစားပေးဖို့ ကတိပြုခဲ့ပါတယ်။

ဘတ်ပီက “ပြင်သစ်ဘောလုံးအသင်းက ဘောလုံးမှာ အမြဲတမ်း အမြင့်ဆုံးဖြစ်ပြီး ဒါက နိုင်ငံအသင်းပါ။ ပြင်သစ် ထက် ပိုပြီးအရေးကြီးတာ ဘာမှမရှိဘူးဆိုပြီး ကျနော် အမြဲတမ်း ပြောဖူးပါတယ်။ ပြင်သစ်အသင်းအပေါ် ကျနော့်ရဲ့ ချစ်ခြင်းတွေက ဘယ်တော့မှ မပြောင်းလဲဘဲ နိုင်ငံအသင်းအတွက် ဆက်ပြီးကစားသွားမယ်”လို့ Canal+ ကို ပြောခဲ့ တာပါ။

အသက် ၂၅ နှစ်အရွယ်ရှိ ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၈၆ ပွဲ ပါဝင်ကစားထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ချန်ပီယံဖြစ်အောင် ကူညီပေးနိုင်ခဲ့သလို အာဂျင်တီးနားအသင်းကို အ-ရေး-နိမ့်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲမှာ ဟက်ထရစ် သွင်းယူခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်း ခေါင်းဆောင် ဘတ်ပီဟာ ဒဏ်ရာကနေ သက်သာပြီးနောက် ကြိုတင်ကာကွယ်မှုအဖြစ် အောက်တိုဘာက နိုင်ငံအသင်း လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရတာပါ။

ဒါအပြင် ဘတ်ပီဟာ အကြောင်းပြချက် ရှင်းရှင်းလင်းလင်း မရှိဘဲ ပြင်သစ်အသင်းရဲ့ နိုဝင်ဘာ လူစာရင်းမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဘတ်ပီဟာ ပြင်သစ်အသင်းအတွက် ၄၈ ဂိုး သွင်းယူထားပေမယ့် ၂၀၂၄ ခုနှစ်ထဲမှာ ၂ ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး ရုန်းကန် ခဲ့ရတာပါ။

ဘတ်ပီဟာ ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ နှာခေါင်းရိုးကျိုး ဒဏ်ရာနဲ့ ပွဲတွေကို ပါဝင်ကစားခဲ့တာ ဖြစ်ပါတယ်။

ပြင်သစ်အသင်းနည်းပြ ဒက်ချမ့်စ်က ဘတ်ပီကို ပြီးခဲ့တဲ့ နိုဝင်ဘာက ယှဉ်ပြိုင်ခဲ့တဲ့ နေးရှင်းလိဂ် ပွဲတွေအတွက်သာ ချန်လှပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ပြောထားတာပါ။

ဘတ်ပီက “နိုဝင်ဘာနဲ့ပတ်သက်ပြီး ကျနော် မပြောနိုင်ပါဘူး။ ဘာကြောင့်လဲဆိုရင် ဒါက နည်းပြရဲ့ ဆုံးဖြတ်ချက် ဖြစ်ပြီး သူပြောတဲ့ အနောက်ကို လိုက်ရမှာပါ။ သူကနည်းပြဖြစ်တဲ့အတွက် သူ့ရဲ့ဆုံးဖြတ်ချက်ကို ကျနော် အပြည့်အဝ လေးစားပါတယ်။ ကျနော်က သွားချင်ပေမယ့် ဘာကြောင့်လဲဆိုတာတော့ ကျနော်မပြောနိုင်ပါဘူး”လို့ ပြောခဲ့ပါတယ်။

နွေရာသီက ပီအက်စ်ဂျီ အသင်းကနေ ထွက်ခွာပြီး ရီးရယ်လ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဘတ်ပီဟာ စပိန်ကလပ် မှာ သူ့ရဲ့အကောင်းဆုံးပုံစံ မရရှိသေးပေမယ့် ပြိုင်ပွဲစုံ ၂၁ ပွဲ ပါဝင်ကစားအပြီးမှာ ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

Source: BBC

ပုံ - ဘတ်ပီကို တွေ့ရစဉ်

#centralnewsnaypyitaw

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

image
2 yrs - Translate

Collection of my dream travels ✈️💜

imageimage
+5
2 yrs - Translate

Lunch time 🥗

image