2 yrs - Translate

ကျူးဘားတွင်ကျင်းပသည့် ကမ္ဘာ့စကိတ်မာရသွန်ပွဲကို စကိတ်သမားရာချီ ပါဝင်ဆင်နွှဲ

ကမ္ဘာတဝန်း ရာချီတဲ့ စကိတ်သမားတွေဟာ စတုတ္ထအကြိမ်ကျင်းပတဲ့ ဟာဗားနား စကိတ်မာရသွန်ပြိုင်ပွဲကို ဒီဇင်ဘာ ၈ ရက်က ပါဝင်ဆင်နွှဲခဲ့ကြပါတယ်။

ဒီပွဲဟာ ကမ္ဘာ့စကိတ်မာရသွန် ၂၀၂၄ ရဲ့ ကြီးကျယ်ခမ်းနားတဲ့ နောက်ဆုံးဗိုလ်လုပွဲလည်း ဖြစ်ပါတယ်။

တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့နဲ့ အီတလီနိုင်ငံ၊ ပီစကာရာမြို့တို့က ပြိုင်ပွဲတွေအပြီး နိုဝင်ဘာလက ဟာရီကိန်းမုန်တိုင်းကြောင့် ကျူးဘားနိုင်ငံက ပြိုင်ပွဲကို ရွှေ့ဆိုင်းခဲ့ရတာပါ။

ကမ္ဘာ့အကောင်းဆုံးစကိတ်သမားတွေဟာ ကျူးဘားမြို့တော်ရဲ့ သမိုင်းဝင်ဗဟိုချက်မဖြစ်တဲ့ မာလေကွန် ခြေကျင်လမ်းတလျှောက် ၂၆ ဒသမ ၁ မိုင် ခရီးကို စကိတ်စီးခဲ့ကြပါတယ်။

ပြင်သစ်လူမျိုး Nolan Bediaff နဲ့ အီကွေဒေါနိုင်ငံက Gabriela Vargas တို့လို ထိပ်တန်း စကိတ်စီးသမားတွေ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဟာဗားနား ကမ္ဘာ့စကိတ်ပွဲတော်ကို ၂၀၁၉ ခုနှစ်မှာ စတင်ခဲ့ပြီး လာကစားသူအများစုက ကျူးဘားကလေးတွေနဲ့ ဆယ်ကျော်သက်တွေပါ။

ဒီပွဲမှာ အသက်အရွယ်မရွေး စကိတ်သမားတွေ ပါဝင်မှုက ထူးခြားချက် ဖြစ်လာပါတယ်။ မာရသွန်ပြိုင်ပွဲအပြင် စကိတ်စွမ်းရည် ပညာရပ်ဆိုင်ရာ ပြိုင်ပွဲတွေလည်း ပါဝင်ပါတယ်။
DVB
Source : Reuters

image
2 yrs - Translate

9 Dec 24
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,350
USD Sell - MMK 4,450
EUR Buy - MMK 4,600
EUR Sell - MMK 4,720
SGD Buy - MMK 3,310
SGD Sell - MMK 3,380
THB Buy - MMK 129.03
THB Sell - MMK 132.45
JPY Buy - MMK 28.97
JPY Sell - MMK 29.51
MYR Buy - MMK 985
MYR Sell - MMK 1,015
CNY Buy - MMK 600
CNY Sell - MMK 616

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 5,750,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,110,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
2 yrs - Translate

ဖီးဆင့်စက်ဘီးဆိုတာ ...
မဆလခေတ်၊ နဝတခေတ်မှာကြီးပြင်းခဲ့ရတဲ့ ကျနော်တို့မျိုးဆက်အတွက် သူဌေးတွေသာတတ်နိုင်သော ဇိမ်ခံပစ္စည်းတမျိုးပဲ ဖြစ်ပါတယ်။
ငယ်ငယ်က ကျောင်းကို ဖီးဆင့်စက်ဘီးနဲ့ တက်နိုင်သူတွေဟာ သူဌေးသူကြွယ်သားသမီးတွေပဲ ဖြစ်ကြကာ လက်ချိုး ရေနိုင်ပါတယ်။
သူ့နောက်မှာ မိကျောင်းဘီးက နည်းနည်းပေါ်ပြူလာဖြစ်မယ် ထင်ပါတယ်။
နောက် အိန္ဒိယထုတ် ဟီးရိုးဘီးနဲ့ တရုတ်ပြည်ထုတ် ဆိတ်ငါးကောင်ဘီးတွေက လူစီးများကြပါတယ်။
မြန်မာပြည် ကစလထုတ် မောင်ဗမာစက်ဘီးကတော့ လူလတ်တန်းစား၊ ဝန်ထမ်းမိသားစုတွေပဲ စီးကြပါတယ်။
ကျနော်ကတော့ အိမ်မှာ ဘာစက်ဘီးမှ မရှိလို့ ဖိနပ်စီးပြီး ကျောင်းတက်ခဲ့ရပါတယ်။
စက်ဘီးစီးတတ်ဖို့ရာ စက်ဘီးရှိတဲ့ဆွေမျိုးအိမ်တွေက စက်ဘီးနဲ့သွားရတဲ့ခရီးကိုခိုင်းရင် အင်မတန်ပျော်ပါတယ်။
သင်ရော ဖီးဆင့်စကါဘီးနဲ့ ကျောင်းတက်ခဲ့ရဖူးပါသလား?
photo - credit
Francis Zin

image
2 yrs - Youtube

2 yrs - Translate

ထားသွားတဲ့ ex ပြန်လာတာကို အမှတ်မရှိ လက်ခံလိုက်သောအခါ
အော်သံလေးကိုက 😁

2 yrs - Youtube

image
Seinn Lei Hnin shared a post  
2 yrs

2 yrs

ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအ၀င် အဆောက်အအုံ (၄၀) ခုကို ရှေးဟောင်းအဆောက်အအုံများအဖြစ် သတ်မှတ်

ဒီဇင်ဘာ ၉

ရန်ကုန် ဘွဲ့နှင်းသဘင်ခန်းမ အပါအဝင် အဆောက်အအုံ (၄၀)ခုကို ရှေးဟောင်း အဆောက်အအုံများအဖြစ် သတ်မှတ်လိုက်တယ်လို့ သာသနာရေးနဲ့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ပြောပါတယ်။

အဲ့ဒီလို သတ်မှတ်လိုက်တဲ့အထဲမှာ ဗိုလ်ချုပ်အောင်ဆန်း ပြတိုက်လည်း ပါဝင်ပြီး က‌မ္ဘောဇရိပ်သာ ချင်းချောင်းနန်းတော်နဲ့ ရေနံချောင်းတက္ကသိုလ် ပင်မဆောင်တို့လည်း ပါဝင်တယ်လို့ သိရပါတယ်။

ယဉ်ကျေးမှုသမိုင်းတန်ဖိုး၊ အနုပညာနဲ့ ဗိသုကာလက်ရာကျန်ရှိမှု စသည့်အချက်တွေနဲ့ ကိုက်ညီတဲ့ တက္ကသိုလ်တွေ၊ အခြေခံပညာအထက်တန်းကျောင်းတွေက အဆောင်များနဲ့ ရုံးတွေကို ရှေးဟောင်းအဆောက်အုံများကာကွယ်ထိန်းသိမ်းရေး ဥပဒေပုဒ်မ ၃၄ ၊ ပုဒ်မခွဲ (ခ)အရ သတ်မှတ်ခဲ့တာလို့ သိရပါတယ်။

ရှေးဟောင်းအဆောက်အအုံတွေ အဖြစ်သတ်မှတ်ရာမှာ ရန်ကုန်တိုင်းမှာ (၁၅) ခု၊ မန္တလေးတိုင်းမှာ (၅) ခု၊ ဧရာဝတီတိုင်းမှာ (၂) ခု၊ ပဲခူးတိုင်းမှာ (၆) ခု၊ မကွေးတိုင်းမှာ (၂) ခု၊ မွန်ပြည်နယ်မှာ (၉) ခု နဲ့ ရှမ်းပြည်နယ်မှာ (၁)ခုတို့ ပါဝင်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image

အိန္ဒိယက မြန်မာနိုင်ငံကို ဆန် မက်ထရစ်တန်ချိန် ၂၀၀၀ ကျော် ပေးပို့ကူညီမည်

ဒီဇင်ဘာ ၉

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီအဖြစ် ဆန် မက်ဒရစ်တန်ချိန် ၂၂၀၀ ကို ပေးပို့ကူညီသွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Randhir Jaiswal ကလည်း မြန်မာနိုင်ငံကို ဆန်မက်ထရစ်တန်ချိန် ၂၂၀၀ ကူညီပေးပို့မည်ဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့သည်။

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူက “အိန္ဒိယအစိုးရရဲ့ အရှေ့မျှော်မူဝါဒနဲ့ အိမ်နီးချင်းနိုင်ငံတွေကို ပထမ ဦးစားပေးမူဝါဒတွေအရ မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေ ပေးပို့သွားမယ်” ဟုပြောသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံသို့ ပေးပို့မည့်ဆန်များကို ချန်နိုင်းဆိပ်ကမ်းမှတစ်ဆင့် ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံအတွက် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် သဘာဝဘေးအန္တရာယ် ဆိုင်ရာအခက်အခဲများကို တုံ့ပြန်နိုင်ရန်အတွက် မြန်မာနိုင်ငံသို့ ယခင်ကလည်း ကူညီထောက်ပံ့ပေးခဲ့ဖူးကြောင်း ပြောသည်။

အိန္ဒိယအစိုးရသည် ပြီးခဲ့သော စက်တင်ဘာလကလည်း လူသားချင်းဆိုင်ရာစာနာမှုအကူအညီနှင့် သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအတွက် တန်ချိန် ၃၂ တန် ရှိ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများပေးပို့ခဲ့ဖူးကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်က နိုင်ငံရေးပြဿနာများ ဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခများကြောင့် လူသားချင်းဆိုင်ရာစာနာမှုအကူအညီ လိုအပ်သူအရေအတွက်မြင့်တက်လာခဲ့ပြီး နေရပ်စွန့်ခွာသူအရေအတွက် ၃ သန်းအထိ မြင့်တက်လာခဲ့ကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားသည်။

Ref ,nenews

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image

So sad

2 yrs

Franky ရဲ့ voice actor Kazuki Yao က ကျန်းမာရေးအခြေအနေအရအနားယူပါတော့မယ်တဲ့
သူရဲ့ Superr ဆိုတဲ့ အသံကတော့ သတိရနေတော့မယ် 🥲

#anihub
#admin_hidan

image