1 နှစ် - ဘာသာပြန်ပါ။

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
“တော်စမ်းပါ။ ဟိုတုန်းက အခြေအနေနဲ့တောင် နင့်ကိုငါ ဘာတစ်ခုများ အခွင့်အရေး တောင်းခဲ့ဖူးသလဲ ဟင် ။ စဉ်းစားကြည့်စမ်း ။ ငါဘာတွေများ နင့်ဆီ တောင်းဖူးလို့လဲ ။ ဘယ်တုန်းကများ မျက်ရည်ခံထိုးခဲ့ဖူးလဲ။ ငါ့မျက်ရည်ကြောင့် နင့်ဆုံးဖြတ်ချက်မှားမှာစိုးလို့ ငါငိုချင်ရင်တောင် နင့်ကွယ်ရာ မှာ ငိုခဲ့တာ ။ အခုလဲ နင့်ကို မယူဘူး ။ ကမ္ဘာပေါ်မှာ ယောကျာ်းဆိုလို့ နင်တစ်ယောက်တည်း ကျန်ပါစေ ။ ငါနင့်ကို မယူဘူး”
မောင်သည် ကျွန်မ ပခုံးကို တအား ဆုပ်ညှစ်၍ ခပ်ဖြည်းဖြည်း ရယ်မောသည်။
“ဟုတ်တယ် .. အဲဒါ နင့်ရဲ့ တကယ့် ဟန်ဆောင်မှု မပါတဲ့ စိတ်ဓာတ်ပဲ။ ဒါပေမယ့် ငါ ကြောက်တာလဲ အဲဒီ စိတ်ဓာတ်ပဲ။ နင် နားလည်ပါ့မလားမသိဘူး။ အဲဒီစိတ်ဓာတ်မျိုးရှိတဲ့ မိန်းမတစ်ယောက်ဟာ ချစ်သူတစ်ယောက်ကို ယူပြီဆိုရင်လဲ အချစ်အတွက်သာ ပေါင်းသင်းမယ့် မိန်းမ။
အချစ်နည်းနည်းလျော့တာနဲ့ တစ်ပြိုင်တည်း သားသမီး သံယောဇဉ် လူမှုရေး ပြဿနာ ဘာဆိုဘာမှ မငဲ့ဘဲ ငါ့ကို ထားပစ်ခဲ့မယ့် မိန်းမ ၊
ငါ တစ်ကိုယ်ကောင်းဆန်မိတာ ဖြစ်နိုင်ပါတယ် ၊ နင့်ကို ငါ မယူရဲတာပေါ့လေ ၊ နန်းက အဲဒီလို မိန်းမ မဟုတ်ဘူး”
“တော်တော့”
ကျွန်မ ထိုနာမည်ကို ယခုတစ်ကြိမ် အမုန်းတီး အခါးသီးဆုံး ဖြစ်ပါသည်။
“အချစ်လျော့သွားရင်တောင်မှ အကြောင်းအမျိုးမျိုးကြောင့် ငါနဲ့ ဆက်ပြီး ပေါင်းသင်း… …”
“ကျေးဇူးပြုပြီး တော်ပါတော့ကွယ် … ဘာဆို ဘာမှ မပြောနဲ့တော့”
ဘာကြောင့်ပဲ ထားခဲ့ ထားခဲ့ ကျန်ရစ်ခဲ့သူက ကျွန်မသာလျှင် မဟုတ်လား ။
ကျွန်မ ပါးပေါ်မှာ အေးစက် စိုမြနေသော မျက်ရည်စများကို မောင့်ပါးဖြင့် ကပ်၍ ပွတ်သပ်ဖယ်ရှားပေးပါသည်။
“ကြိုးတစ်ချောင်းဟာ ဖြတ်သင့်တဲ့ အချိန်ရောက်လာရင်တော့ ဖြတ်ကို ဖြတ်ရမှာပေါ့လေ”
နာကျင်ပြင်းပြသော နောင်တတရားဖြင့်ကျွန်မ ရေရွတ်လိုက်သောအခါ မောင်က ပင့်သက်တစ်ချက်သာ လေးပင်စွာ ရှိုက်ပြန်သည်။

#ဆက်ရန်ရှိ

image
1 နှစ် - ဘာသာပြန်ပါ။

ဇင်ယော်ငှက်တွေလို...
ကြင်ဖော်ရှက်ပြီး ဝေးသွားတဲ့ဇာတ်လမ်းမှ၊
မေံမရတာမဟုတ်ပါဘူး၊
"မနှင်းဆီ"
မစခင်မှာ ဆုံးသွားတဲ့
ဇာတ်လမ်းကိုလည်း မေ့မရခဲ့ပါဘူး။
#စာရယ်ကဗျာရယ်

1 နှစ် - ဘာသာပြန်ပါ။

ပေးစာလေးတွေ ရေးရအောင် ✍️

#englisheverywhere
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ပေးစာလေးတွေ ရေးရအောင် ✍️

#englisheverywhere
#crd_photo

image
1 နှစ် - ဘာသာပြန်ပါ။

ပေးစာလေးတွေ ရေးရအောင် ✍️

#englisheverywhere
#crd_photo

imageimage
1 နှစ် - ဘာသာပြန်ပါ။

#ဘဲဥသံပုရာ

ဆီမပါတဲ့ဟင်းတစ်ခွက်ပါ။
ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။ ဘဲဥကို တစ်နေ့တစ်လုံးစားသုံးခြင်းဖြင့် ဒူးနာခါးနာရောဂါတွေ သက်သာပျောက်ကင်းစေပါတယ်။
ချဉ်ငံစပ်အရသာလေးနဲ့မို့ ထမင်းမြိန်မှာ သေချာပါတယ်။
ကဲ ဘော်ဒါတွေ ချက်ကြည့်ရအောင်

ဘဲဥသံပုရာအတွက် ပါဝင်ပစ္စည်းများ
ဘဲဥ - ၅ လုံး(ဆားထည့်ပြုတ်ပါ)
သံပုရာသီး - ၃ လုံး(အရည်ညှစ်ထားပါ)
စပါးလင် - ၁ ပင် (ရိတ်ရိတ်လှီး)
ငရုတ်သီးစိမ်းအနီတောင့် - ၁၀ တောင့်(လှီးထားပါ)
ကြက်သွန်ဖြူ - ၁ လုံး(နုတ်နုတ်စင်း)
ဂျင်း - လက် ၂ ဆစ်(နုတ်နုတ်စင်း)
နံနံပင် - အနည်းငယ်
ရှမ်းနံနံ - အနည်းငယ်

ပြုတ်ထားတဲ့ဘဲဥတွေကို ထက်ခြမ်းခြမ်းထားပါ

ဆော့စ်ရည်အတွက်
သံပုရာရည် - စားပွဲတင်ဇွန်း ၄ စွန်း
ငံပြာရည် - စားပွဲတင်ဇွန်း ၂ စွန်း
ဆား - လက်ဖက်ရည်ဇွန်း ၁ စွန်း
ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း ၁ ဝက်
သကြား - လက်ဖက်ရည်ဇွန်း ၂ စွန်း
ရေနွေး - ပန်းကန်လုံး ၁ လုံး

ပန်းကန် ၁ ခုထဲသို့ လှီးထားတဲ့အစာတွေထည့် ၊ အပေါ်က ပါဝင်ပစ္စည်းတွေထည့်ပြီး သမအောင်ရောပေးပါ။ အရသာမြည်းပါ။လိုသလိုပြင်ပါ။

ပြီးရင် ဆော့စ်ရည်ကို ဘဲဥပန်းကန်ထဲ လောင်းထည့်ပါ။ သံပုရာသီး ၁ လုံးကို အကွင်းလိုက်လှီးပြီး စီထည့်ပါ။

အခုဆိုရင် ချဉ်ငံစပ်အရသာလေးနဲ့ ဘဲဥသံပုရာကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိုင်ပါပြီ 😁😁😁

#credit : Kyaw Min Htwe

image

cute dogs

1 နှစ် - ဘာသာပြန်ပါ။

နွေဦးရယ် လက်ပံရယ်
ရာသီချိန်မှီပွင့်ခဲ့တဲ့ ပန်း
အညာမြေနဲ့ခွဲထားလို့မရတဲ့ အညာမြေရဲ့ အမှတ်အသားလက်ပံပင်နဲ့ လက်ပံပွင့်
#သွားမယ်

image
1 နှစ် - ဘာသာပြန်ပါ။

နွေဦးရယ် လက်ပံရယ်
ရာသီချိန်မှီပွင့်ခဲ့တဲ့ ပန်း
အညာမြေနဲ့ခွဲထားလို့မရတဲ့ အညာမြေရဲ့ အမှတ်အသားလက်ပံပင်နဲ့ လက်ပံပွင့်
#သွားမယ်

image
1 နှစ် - ဘာသာပြန်ပါ။

နွေဦးရယ် လက်ပံရယ်
ရာသီချိန်မှီပွင့်ခဲ့တဲ့ ပန်း
အညာမြေနဲ့ခွဲထားလို့မရတဲ့ အညာမြေရဲ့ အမှတ်အသားလက်ပံပင်နဲ့ လက်ပံပွင့်
#သွားမယ်

image