Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ယူနိုက်တက်ဖလား အမေရိကန်အသင်း ရရှိ
-------------------------
ပိုလန်တင်းနစ်မယ် ဆွီယာတက်ခ်ကို အမေရိကန် တင်းနစ်မယ် ကိုကိုဂတ်ဖ် အနိုင်ရခဲ့တာနဲ့အတူ ယူနိုက်တက် ဖလား အသင်းလိုက်တင်းနစ် ချန်ပီယံဆုကို အမေရိကန်အသင်း ရရှိသွားခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ ဆစ်ဒနီ မြို့မှာ ကျင်းပခဲ့တဲ့ ၂၀၂၅ ယူနိုက်တက်ဖလားပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ အမေရိကန်အသင်းနဲ့ ပိုလန်အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဗိုလ်လုပွဲရဲ့ ပထမပွဲစဉ်အဖြစ် အမျိုးသမီးတစ်ဦးချင်းပွဲကို ယှဉ်ပြိုင်ခဲ့ရာမှာ ကိုကိုဂတ်ဖ်က ဆွီယာတက်ခ်ကို (၆း၄၊၆း၄)နဲ့အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ဒုတိယပွဲစဉ်အဖြစ် အမျိုးသား တစ်ဦး ချင်းပွဲကို ယှဉ်ပြိုင်ရာမှာလည်း အမေရိကန်အသင်းသား တိုင်လာဖရစ်ဇ်က ပိုလန်အသင်းသား ဟာကက်ဇ်ကို (၆း၄၊၅း၇၊၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
ဒါကြောင့် တတိယပွဲစဉ်ဖြစ်တဲ့ နှစ်ယောက်တွဲပွဲကို ဆက်လက် ယှဉ်ပြိုင်ဖို့ မလိုတော့ဘဲ ၂ ပွဲပြတ်အနိုင်ရထားတဲ့ အမေရိကန်အသင်းက ချန်ပီယံဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ မှာစတင်ကျင်းပတဲ့ ယူနိုက်တက်ဖလား ပြိုင်ပွဲရဲ့ ချန်ပီယံဆုကို အမေရိကန်အသင်း ပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပြီး အမေရိကန်တင်းနစ်မယ် ကိုကို ဂတ်ဖ်အနေနဲ့လည်း မကြာခင်မှာ ကျင်းပမယ့် ဩစတြေးလျ အိုးပင်းအတွက် အဆင်သင့်ဖြစ်နေပြီဆိုတာကို အခုပြိုင်ပွဲမှာ ပြသနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၂၄ တွင် YSX ရှယ်ယာအရောင်းအဝယ် ၄၃ ရာခိုင်နှုန်းတက်ခဲ့
---------------------------
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ရန်ကုန်စတော့အိတ်ချိန်းမှာ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးက ၂၀၂၃ ခုနှစ် ထက် ၄၃ ရာခိုင်နှုန်းလောက် တက်လာတယ်လို့ ရန်ကုန်စတော့အိတ်ချိန်းရဲ့ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးမင်းသူက ပြောပါတယ်။
၂၀၂၃ ခုနှစ် အတွင်းက ရန်ကုန်စတော့အိတ်ချိန်း Main Board ရဲ့ စတော့ရှယ်ယာအရောင်းအဝယ်တန်ဖိုးက ကျပ် ၉ ဒသမ ၈၃ ဘီလီယံသာ ရှိခဲ့တာပါ။ ၂၀၂၄ ခုနှစ်မှာတော့ Main Board အပြင် ဒုတိယဈေးကွက်တစ်ခုဖြစ်တဲ့ Pre Listing Board ကို ထပ်မံထူထောင်ခဲ့ပြီး Main Board နဲ့ Pre Listing Board နှစ်ခုကနေ စတော့ရှယ်ယာ အရောင်းအဝယ်တန်ဖိုးက ကျပ် ၁၄ ဒသမ ၀၈ ဘီလီယံကျော် ရှိခဲ့ပါတယ်။
အခုလို ၂၀၂၄ ခုနှစ်ထဲမှာ ရှယ်ယာအရောင်းအဝယ် တန်ဖိုးမြင့်တက်တာဟာ Pre Listing Board တစ်ခုထပ်မံထူ ထောင်နိုင်တာနဲ့ စတော့ရှယ်ယာအရောင်းအဝယ်နဲ့ပတ်သက်တဲ့ အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ တာကြောင့် ရင်းနှီးမြှုပ်နှံသူတွေ များခဲ့တာဖြစ်တယ်လို့ ဦးမင်းသူက ပြောပါတယ်။
အခုနှစ်မှာလည်း စတော့ရှယ်ယာဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူတွေ ပိုမိုစိတ်ဝင်စားလာဖို့အတွက် ပညာပေး လုပ် ငန်းတွေ ဆက်လက်လုပ်ဆောင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ ရန်ကုန်စတော့အိတ်ချိန်း Main Board မှာ အများပိုင်ကုမ္ပဏီ ၈ ခုနဲ့ နေ့စဉ်အစုရှယ်ယာ အရောင်းအဝယ်တွေကို ဆောင်ရွက်နေပါတယ်။ ရန်ကုန်စတော့ အိတ်ချိန်းရဲ့ စာရင်းဝင် အကြိုဈေးကွက်(Pre Listing Board)မှာတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ ကုမ္ပဏီတစ်ခုနဲ့ အရောင်းအဝယ်တွေ ဆောင်ရွက်နေပါတယ်။