31 w - Translate

အဓိကကတော့ ကိုယ့်အတွက်ဆိုတဲ့ စိတ်ကလေးရှိနေဖို့ပါပဲ..။

လူတစ်ယောက်က သူ့ဘာသာ ဘာကြီးဖြစ်နေပါစေ
သူ့မှာဘာတွေရှိနေလဲဆိုတာထက် သူက ကိုယ့်ကို
ဘာတွေပေးချင်တဲ့ လူလဲဆိုတာက ပိုပြီး အရေးပါလိမ့်မယ်။

သူ့မှာအများကြီးရှိနေလည်း ကိုယ့်အတွက် တစ်ခုမှမပေးချင်တဲ့လူကပေးမှာမဟုတ်ဘူး။ ကိုယ့်အတွက်ပေးချင်တဲ့လူကတော့ သူ့မှာဘာမှမရှိရင်တောင် ကိုယ့်အတွက်ဆိုပြီး ကြိုးစားပေးလိမ့်မယ်။

ချစ်ခြင်းမေတ္တာကအစ ဘဝရဲ့တစ်သက်တာ အရာအားလုံး အဆုံးပဲ။

ချစ်မပြတတ်ပါဘူး၊ ဂရုမစိုက်ပြတတ်ဘူး၊ အလိုက်မသိတတ်ဘူးဆိုတဲ့လူကလည်း တကယ်တမ်းကိုယ်နဲ့နီးစပ်ချင်ရင်တောင် ကိုယ်သူ့အချစ်ကိုယုံကြည်လာအောင် သူလုပ်ပြလိမ့်မယ်။

ကိုယ့်ဆီကိုရောက်လာတဲ့လူတွေဆီမှာ ပြည့်စုံမှုတွေပါလာဖို့မလိုဘူး ကိုယ့်အတွက်ဆိုတဲ့စိတ်တွေရှိနေဖို့ပဲ လိုတယ်..။

သိပ်ပြီးစကားပြောကောင်းတဲ့လူဖြစ်စေဦးတော့
ကိုယ့်အတွက်သာ ကောင်းမွန်တဲ့မေတ္တာတွေရှိမနေရင်
သူ့ဆီက ချိုသာတဲ့စကားကိုကြားရမှာမဟုတ်ဘူး။

ဟင်းချက်ကောင်းတဲ့လူကလည်း ချက်ကျွေးချင်စိတ်ရှိမှချက်ကျွေးမှာပါ..။ ကိုယ့်ကိုချက်ကျွေးချင်တဲ့လူကတော့ သူဟင်းတစ်ခွက်ချက်တတ်ဖို့ ကြိုးစားလိမ့်မယ်..။

လူတိုင်းကတော့ ဒဏ်ရာတွေရှိတာပါပဲ။
ကိုယ့်နဲ့နီးဖို့က သူ့ဒဏ်ရာတွေထက်ပိုအရေးကြီးနေရင်တော့ သူကအချစ်တတ်ဆုံးလူတစ်ယောက်ပဲ ဖြစ်နေလိမ့်မယ်။

ဘဝလိုအပ်ချက်တွေလည်းဒီအတိုင်းပဲ
သူ့မှာ ဘာတွေရှိလဲဆိုတာထက်သူက ကိုယ့်အတွက်
ဘာတွေဖြည့်ဆည်းပေးချင်လဲဆိုတာက အရေးကြီးတယ်။

အဲ့လိုပဲ သူ့အတွက်ဆိုတဲ့ စိတ်ကလေးလည်းရှိဖို့
မမေ့နဲ့။

#htethtetshwesin

💭 || 5.1.2025

image
31 w - Translate

လူတွေကပြောကြတယ် တစ်ယောက်ယောက်ကို
စောင့်နေရတာက နာကျင်ရတယ်တဲ့
တစ်ချို့လူတွေကတော့ တစ်ယောက်ယောက်ကို
မေ့ဖျော||က်ရတာက နာကျင်ရတယ်တဲ့။

ဒါပေမယ့်ဘယ်အချိန်ကအနာကျင်ရဆုံးလဲမင်းသိလား
စောင့်ရမလား မေ့ရမလားတောင်
သေချာမသိတဲ့အချိန်က အနာကျင်ရဆုံးပဲ။

💭 || 4..1.2025

image
31 w - Translate

တော်ပါသေးရဲ့ကွာ

image
31 w - Translate

ကျွန်တော် တစ်ယောက်ထဲနေမှ
ဒီကမ္ဘာ လှမယ် ထင်ပါတယ်

ဘယ်ကမ္ဘာထဲပဲ ဖြစ်ဖြစ်
ကျွန်တော် ဝင်လိုက်ရင်
အဆိပ်အတောက်အဖြစ်သာ ကျန်ခဲ့ရတယ်..။

#ဒဿ 2024
#tulipwine

image
31 w - Translate

ငါ့အပေါ်ငြီးငွေ့စိတ်ပျက်နေတဲ့ပုံစံ
စွန့်ပစ်အဆုံးရှုံးခံနိုင်တဲ့ပုံစံတွေကို
ငါချစ်ရပါတယ်ဆိုတဲ့လူတွေဆီကပဲ
လွယ်လင့်တကူ တွေ့ရတက်တယ် ၊
ဘယ်အရာက ပြဿနာဖြစ်စေလဲလို့
ငါရှာလိုက်တဲ့အခါ ငါကိုယ်တိုင်ကိုက
စော၊က်ပြဿနာဖြစ်နေတာ ။

image
31 w - Translate

ဟင်

image
31 w - Translate

အလုပ်သာလုပ်နေတာ
ရတဲ့ပိုက်ဆံ ဘယ်ရောက်သွားမှန်းမသိဘူး

image
31 w - Translate

တစ်ယောက်တည်း ဖြစ်နေသူတွေအတွက် အတိတ်ဟာ အိမ်တစ်လုံးလိုပ် နာကျင်ရတယ် ဒါပေမဲ့ ပျော်ခဲ့ရတယ် ။
#sun_flower?
#ဂန္ဓမာ
#lyrics #crd

image
31 w - Translate

လက်ဖက်သုပ်ပဲ ရမယ်နော်

image

ဗန်းမော်၊ မံစီဘက် တိုက်ပွဲ ပြင်းထန်

ဇန်နဝါရီ ၆

ကချင်ပြည်နယ် ဗန်းမော်မြို့နဲ့ မံစီမြို့ဘက် ဇန်နဝါရီလ ၆ ရက်နေ့ မနက် အစောပိုင်းကစ တိုက်ပွဲ ပြင်းထန် နေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

"ဗန်းမော်က ဒီနေ့ ၄၇ တပ်ဘက် တိုက်ပွဲ ပြန်ပြင်းထန်နေတယ်။ လေယာဉ်တွေလည်း ဝဲနေတယ်။ မံစီမြို့ပေါ်တော့ ဒီနေ့နေ့လယ်ထိ လေယာဉ် နဲ့ ဗုံး ၅ ခါ လောက်ကြဲပြီ။" လို့ ဒေသခံ တယောက်က ပြောပါတယ်။

ဒီနေ့ မနက် အစောပိုင်းကစ နောက်တကျော့ ထပ်မံ ထိုးစစ်ဆင်နေတယ်လို့ ကြားသိရပြီး သွားရောက် စစ်ရှောင်နေ‌‌တဲ့ ‌‌ေနရာက အမြင့်ပိုင်းမို့ လက်နက်ကြီး ပစ်ခတ်သံ၊ လေယာဉ် ဗုံးကြဲသံတွေလည်း ဆက်တိုက် ကြားနေရတယ်လို့ သူက ပြောပါတယ်။

"ဗန်းမော် ရှမ်းဝိုင်းဘက်လည်း မီးလောင်ပြာကျသွားပြီ။ မိုင်းခေါင် သွားတဲ့ လမ်းဘက်လေ။ လေယာဉ်ဗုံးကြောင့်လား၊ မီးရှို့ ခံရတာလား ဆိုတာတော့ အတိအကျ မသိရဘူး။" လို့ ဒေသခံ အမျိုးသမီး တယောက်ကလည်း ပြောပါတယ်။

ဗန်းမော်မြို့ထဲ ရပ်ကွက်တချို့ရှိ နေအိမ်တွေလည်း လေယာဉ်ဗုံးကြောင့် ပြာကျ ပျက်စီး သွားတယ်လို့ သူက ပြောပါတယ်။

မြို့ထဲ တိုက်ပွဲ ပြင်းထန် နေတာကြောင့် ပြည်သူတွေ ထိခိုက် ပိုများလာနေပေမယ့် ဆက်သွယ်ရေးအခက်အခဲအပြင် စစ်မြေပြင်လို ဖြစ်နေတာကြောင့် သွားလာလို့ မရလို့ အတိအကျ မသိနိုင်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။

နစက တပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကတော့ ဗန်းမော်မြို့ကို KIA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက ရေလမ်းရော ကုန်းလမ်းပါ ဖြတ်တောက် ပိတ်ဆို့ထားပြီး ဒေသခံအများစု ပိတ်မိနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ဗန်းမော်မြို့မှာ လူဦးရေ တသိန်းကျော်ရှိပြီး မိုးမောက်နဲ့ မံစီမြို့ဘက်က စစ်ဘေးဒုက္ခသည်တွေ ပြောင်းရွှေ့ နေထိုင်နေကြတာဖြစ်ကာ တိုက်ပွဲစတင်စဥ်ကတည်းက ဒေသခံတချို့ ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ကြပေမယ့် အများစုကတော့ လက်ရှိအချိန်အထိ ပိတ်မိနေဆဲဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“တိုက်ပွဲက အခုအချိန်အထိ ပြင်းထန်နေတုန်းပဲ။ လေယာဉ်နဲ့ရော၊ လက်နက်ကြီးပါ ပစ်နေတာ။ မြို့ထဲရော၊ ရပ်ကွက်တွေထဲရောပဲ။ လူအထိအခိုက်လည်း များနေတယ်။ တမြို့လုံးလည်း ပုပ်စော်နံနေပြီ။ ဗန်းမော်မြို့ကနေ ထွက်လို့မရဘဲ ကျန်ခဲ့တဲ့သူတွေ၊ တိုက်ပွဲကြား ပိတ်မိနေတဲ့သူတွေက အများကြီးရှိနေသေးတယ်။ လုံခြုံရေးအခြေအနေအရ တနေရာနဲ့တနေရာ ဆက်သွယ်ဖို့လည်း ခက်တယ်။ လူဦးရေ ဘယ်လောက် ကျန်နေသေးတယ်ဆိုတာက‌တော့ မသိနိုင်သေးဘူး” လို့ ဒေသခံတယောက်က ပြောပါတယ်။

ဗန်းမော်မြို့အတွင်း တိုက်ပွဲဖြစ်ပွား‌နေတာဟာ ရက်ပေါင်း တလကျော် ကြာမြင့်လာနေပြီဖြစ်ပြီး လက်ရှိမှာ KIA ပူးပေါင်းတပ်တွေက ဗန်းမော်မြို့အတွင်းရှိ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ ဌာနဆိုင်ရာရုံးတွေ အပါအဝင် ကာကင်းစခန်းတွေကို ထိန်းချုပ်ထားပြီး ကျန်ရှိနေတဲ့ တပ်စခန်းတွေကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

နစကတပ်ဘက်ကလည်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အနီးဝန်းကျင်ရှိ တပ်စခန်းတွေနဲ့ ပူးပေါင်းပြီး ပြန်လည် ခုခံနေတဲ့အတွက် တိုက်ပွဲ ပိုမိုပြင်းထန်လာတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

“လက်ရှိအချိန်အထိ ဗန်းမော်မြို့တောင်ဘက်က ခြေလျင်တပ်ရင်း (ခလရ - ၄၇)၊ ဗန်းမော်တက္ကသိုလ်နဲ့ စကခ - ၂၁ တို့မှာ တိုက်ပွဲတွေဖြစ်နေဆဲပါ။ နစကဘက်ကလည်း အပြင်းအထန် ပြန်ခုခံနေတယ်။ လေကြောင်းတိုက်ခိုက်မှုကပဲ တနေ့ကို လေး၊ ငါးကြိမ်ထက်မနည်းရှိတယ်။ ဒရုန်းတွေလည်း လွှတ်ထားတယ်။ နှစ်ဖက် ထိခိုက်၊ သေဆုံးမှုတွေလည်း ရှိတယ်။ နှစ်ဖက်လုံး အထိနာနေတယ် ပြောရမယ်။ မြို့ထဲမှာလည်း ပြာပုံဖြစ်နေပြီ။ ထိခိုက်ပျက်စီးမှု တော်တော်များတယ်” လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

ဗန်းမော်မြို့ဟာ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ - ၂၁) အခြေစိုက်ရာမြို့ဖြစ်ပြီး ခြေလျင်တပ်ရင်း (ခလရ - ၂၃၆ ၊ ၄၇) အပြင် အမြောက်တပ်တွေဖြစ်တဲ့ အမတ (၃၃၆ ၊ ၃၀၄) နဲ့ အမှတ် (၇၀၀၆) သံချပ်ကာတပ်၊ (၅၀၁၄) တင့်ကားတပ်နဲ့ လက်ရုံးတပ်ရင်း ငါးရင်းခန့် အခြေစိုက်ထားတဲ့ တပ်မြို့ဖြစ်တယ်လို့ သိရပါတယ်။

ဒါအပြင် ဗန်းမော်မြို့တောင်ဘက် ၁၃ မိုင်ခန့်အကွာမှာရှိတဲ့ မံစီမြို့အခြေစိုက် နစကတပ်တွေဖြစ်တဲ့ ခြေမြန်တပ်ရင်း (ခမရ - ၃၁၉ ၊ ၆၀၁) နဲ့ အမြောက်တပ် (အမတ - ၅၂၃) တို့ကိုပါ KIA ပူးပေါင်းတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

Photo:CJ

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image