38 ပတ် - ဘာသာပြန်ပါ။

ငှက်ကလှောင်အိမ်ကို မချစ်ဘူး...
လှောင်အိမ်က ငှက်ကိုချစ်တယ်။
ဒီအတ္တမျိုးနဲ့ တစ်ဖက်လူကို
ဒုက္ခမတွေ့စေချင်ပါဘူး....
#စာတို

38 ပတ် - ဘာသာပြန်ပါ။

ကျွန်တော်က အနုပညာအလုပ်တွေနဲ့ပဲ လုံးပန်းပြီး နေတော့ သမီးတွေ ရှိမှန်းတောင် သိပ်မသိကြဘူး။ ကျွန်တော့မှာ တိမ်ပန်းချီပျိုပျိုမေ ရယ်၊ ရတုပျိုပျိုမေ ရယ် ဆိုပြီး သမီး (၂) ယောက် ရှိတယ်။ သမီးကြီးက ရွှေကြို ဝင်ပြိုင်တော့ အဖေ တစ်ယောက် အနေနဲ့ ပံ့ပိုးပေးဖြစ်တယ်။ သမီးတွေ ဖြစ်ချင်တာကို လုပ်ခွင့် ပေးထားတယ်လေ။ အောင်မြင်မယ်လို့လည်း ယုံကြည်တယ်။ နှစ်ယောက်လုံးကလည်း အရွယ်ရလာတော့ အနုပညာကို စိတ်ဝင်စားလာကြတာ ဝမ်းသာမိပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပါ အနုပညာပဲ ဖြစ်ဖြစ် ဘာအလုပ်ပဲ ဖြစ်ဖြစ် သူတို့ လုပ်ချင်တာလေးကို လမ်းကြောင်းပြ အားပေးပြီး ပံ့ပိုးသွားမှာပါ ဆိုပြီး သမီးလေးတွေအတွက် သူ့ရဲ့ ခံစားချက်ကို ထုတ်ပြောလာတဲ့ ဇာတ်ပို့ သရုပ်ဆောင် ဇင်မျိုး။

#crd

image
38 ပတ် - ဘာသာပြန်ပါ။

ကလေးတွေကိုပဲ ဖမ်းစားတဲ့ စုန်းမတွေရဲ့ ကျိန်စာတိုက်တာကို ခံလိုက်ရတဲ့အတွက် ကလေးတွေကြွက်ဖြစ်သွားတဲ့အခါ

The Witches
2020

ပရိသတ်တွေကို ဒီတစ်ခေါက် တင်ဆက်ပေးမှာကတော့
October 22 ကမှ လောလောလတ်လတ်ထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ
မင်းသမီးချော Anne Hathaway ပါဝင်သရုပ်ဆောင်ထားပြီး
မထွက်ခင်ကတည်းက နာမည်ကြီးနေတဲ့ ဇာတ်ကားဖြစ်ပါတယ်
ဇာတ်လမ်းလေးကတော့ စုန်းမတွေက ကလေးတွေကို အရမ်းမုန်းကြပါတယ်
အဲ့တာကြောင့်မို့ သူတို့ကို အမြဲဖျက်ဆီးဖို့ ကြံစည်နေကြပါတယ်
တစ်နေ့မှာတော့ စုန်းမတွေရဲ့ခေါင်းဆောင် စုန်းမချုပ်ကြီးက
ကလေးတွေအကုန်လုံးကို ကြွက်အဖြစ်ပြောင်းဖို့ အကြံရခဲ့ပါတယ်
တခြားတစ်ဖက်မှာလည်း မိဘတွေကိုဆုံးရှုံးလိုက်ရပြီး
အဖွားနဲ့နေနေတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်
အဲ့ကောင်လေးက စုန်းမတစ်ယောက်ရဲ့ ပစ်မှတ်ဖြစ်လာတဲ့အခါ
ကောင်လေးနဲ့ သူ့အဖွားဘယ်လိုရင်ဆိုင်ကြမလဲ Anne Hathaway ရဲ့
သရုပ်ဆောင်ချက်တွေကလည်း အရမ်းဗီလိန်ပီသလွန်းတယ်လို့ မှတ်ချက်တွေပေးခံနေရတာပါ
ကောင်လေးက ကြွက်အဖြစ်ပြောင်းသွားမလား
တခြားကလေးတွေကိုရော ဘယ်လိုကယ်တင်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ရှုစားလိုက်ကြပါဦးဗျ
#movie

image
38 ပတ် - ဘာသာပြန်ပါ။

~~~အမှတ်တရ ~~~ { ၉ } (ဇာတ်သိမ်းပိုင်း)
#ဂျူး
အခန်း -၉
±±±±±±±
အစစအရာရာ
ဆန့်ကျင်နေသည့်
ကျွန်မတို့
နှစ်ဦးအတွက်
တစ်သက်တာ
ခွဲခွာရခြင်းသည်
သိပ်တော့ အံ့သြစရာ
မရှိဘူး ထင်ပါရဲ့လေ
~~~~~~~~
~~~•••~~~•••~~~•••
ဂျူး
၁၉၈၇ စက်တင်ဘာ
မေတ္တာဖြင့်
ရသလွင်ပြင် စာပေပေ့ခ်ျထဲမှ ထပ်ဆင့်ကူးယူမျှဝေပေးပါသည်။
စာပေချစ်မြတ်နိုးသူများအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းကြပါစေ...

#ပြီးပါပြီ

image

Part-1
အမှတ်တရ ဆရာနိုး
ဆရာဦးသာနိုးကို ရင်းနှီးသူများက ‘ဆရာနိုး’လို့ ချစ်ခင်စွာ ခေါ်လေ့ရှိကြပါ တယ်။ ဆရာနိုးဟာ အပေါ်ယံအားဖြင့် အလွန်တင်းမာဟန်ရှိပေမဲ့ ခင်မင်ရင်းနှီးပြီး သူများအပေါ် သံယောဇဉ်ကြီးတတ်သူ၊ ချစ်ခင်တတ်သူ ဖြစ်ပါတယ်။ စကားကို ပြတ်ပြတ်မာမာပြောတတ်သူ ဖြစ်ပေမဲ့ စိတ်ထားအားဖြင့် ကြင်နာတတ်သူ၊ နူးညံ့သူ ဖြစ်ပါတယ်။ ကျွန်တော်က ဆရာနိုးနဲ့တွဲပြီး နှစ်ပေါင်းများစွာ အလုပ်လုပ်ခဲ့ရ၊ အတူတူ ခရီးရှည်ကြီးတွေ သွားခဲ့ရတာများတော့ ဆရာနိုးရဲ့စိတ်ရင်းကို နားလည်ခွင့် ရခဲ့ပါတယ်။ ဒါကြောင့် ခုချိန်ထိ ဆရာနိုးကို ချစ်ခင် သတိရနေရဆဲ ဖြစ်ပါတယ်။
ဆရာနိုးဟာ ပုပ္ပါး၊ ပုဂံ၊ မန္တလေး...စတဲ့ မြန်မာမြို့ကြီးတွေအပေါ်လည်း သံယောဇဉ်ကြီးတတ်ပါတယ်။ ၁၉၈၄ ခုနှစ်လောက်မှာ ရန်ကုန်က ဆရာနိုးဟာ မန္တလေး နန်းရှေ့ ဒေသကောလိပ်ထဲနေတဲ့ ကျွန်တော့်ဆီ ရောက်လာပါတယ်။ ပုပ္ပါးသွားရအောင်တဲ့ ကျွန်တော် ဝမ်းသာအားရ လိုက်သွားဖြစ်ပါတယ်။ ပုပ္ပါး တောင်ကလပ်မှာ ဘုရားဖူးတွေ တည်းခိုဖို့ နေရာချထားပေးတဲ့ဆရာတော်က ဆရာနိုး အလျှောက်ကောင်းလို့ စာရေးဆရာတွေ လွတ်လွတ်လပ်လပ်နေကြဆိုပြီး နှစ်ထပ် တိုက်ကြီးတစ်လုံးကို ပေးပါတယ်။ ပုပ္ပါးဘုရားဈေးက ဈေးသည်တွေက 'ဘယ်လို လူတွေမို့ နှစ်ထပ်တိုက်တစ်ခုလုံး ပေးထားရတာလဲ... လို့ ကျွန်တော်တို့ကြားအောင်
တမင်ပြောကြပါတယ်။
တောင်ကလပ်မရောက်မီ ကျောက်ပန်းတောင်းမြို့ နေတဲ့ ဆရာနိုးမိတ်ဆွေ၊ ပထမဆုံးဝင်ခဲ့ပါသေးတယ်။ အဲဒီကမှ ခ/၂၄ ဆိုတဲ့ ယာဉ်အိုကြီးနဲ့ ပုပ္ပါးဘက် တက်ခဲ့ကြတာပါ။ အဲဒီခရီးက ရန်ကုန်ပြန်ရောက်တော့မှ “ခ/၂၄ ပုပ္ပါးခန့်" ဆိုပြီး မိုးဝေမဂ္ဂဇင်းမှာ ဆရာနိုးက အခန်းဆက်ဆောင်းပါး ရေးပါတယ်။
#ဆက်ရန်ရှိ

38 ပတ် - ဘာသာပြန်ပါ။

Bathroom Vocabularies: ရေချိုးခန်းသုံးအင်္ဂလိပ်ဝေါဟာရများ
ရေချိုးပြီးဝတ်ရုံ : bathrobe ရေပန်း - shower
ရေစိမ်ကန် - bathtub အိမ်သာ - toilet
အိမ်သာသုံးစက္ကူ - toilet paper
ရေဆွဲချသည့်နေရာ - flush ခေါင်းဖြီး - comb
မှန် - mirror ခေါင်းလျှော်ရည် - shampoo
ရေပန်းနဲ့ရေချိုုးသည် - take a shower
ရေစိမ်ချိုးသည် - take a bath
#english #bathroom #vocabulary #shower #soap #shave #learning

38 ပတ် - ဘာသာပြန်ပါ။

Fino shampoo ကတော့ တကယ်ကို စျေးကြီးပေမယ့် တန်တယ်ဟ ဆိုပြီး ထင်ရစေမယ့် shampoo ထဲပါတယ်
သူနဲ့လျှော်လျှော်ခြင်းကို shampoo texture ကလည်း အိဖက်နေတာ လျှော်ပြီးတော့လည်း ဆံသားက ဝတ်စင်းပြီး ပုံသွင်းရတာ အရမ်းလှတယ်
Moisture လည်းပါတယ် shampoo က အဲခေါင်းဆို ဗောက်အရမ်းထတာ အခုသူနဲ့လျှော်တာ ၆/၇ခါလောက်ရှိပြီ ဗောက်ပါးသွားတာ အရမ်းသိသာ လျှော်ပြီး ဦးရေပြားလုံးဝမခြောက်ဘူး
ဒါတောင် ဆောင်းတွင်းကြီးနော်
သူကလေ လျှော်ပြီး လုံးဝ oily မဖြစ်ဘူးနော်
အဲက ဦးရေပြားခြောက်တတ်တော့ moisture shampoo အများကြီးလျှော်ဖူးတယ် တချို့ shampoo တွေဆို လျှော်ပြီး ဆံသားကတော့ ပြောင်ဝင်းသွားပေမယ့် ဦးရေပေါ်မှာ အဆီတွေကျန်ခဲ့တာ လျှော်ပြီးနောက်ရက်ဆိုသိပီ အခုက အဲ့လိုလုံးဝမဖြစ်တာ ဆံပင်လည်း ကပ်ကပ်ကြီးမဖြစ်သွားဘူး
Damaged hair တွေဆို shampoo ကောင်းတာ ပိုသိသာမှာ
သုံးကြည့်ပါနော် အရွေးမမှားစေရဘူး 😉
ကြိုက်လွန်းလို့လာရေးပေးတဲ့ quick review လေးပေါ့🌚
#gloryby_ae
#comenglowwith_ae
#healthyskin_betterlifestyle

image
38 ပတ် - ဘာသာပြန်ပါ။

ဝါးတုတ် (မျှစ်) ဆီပြန်

ငရုပ်သီးခြောက် ကြက်သွန်ဖြူနီများများထောင်းပါ
မျှစ်ကိုထိပ်ပိုင်းအဝိုင်းနှစ်ကွင်းလှီး ကျန်တဲ့မျှစ်ကိုလေးခြမ်းစိတ်
ပုဇွန်ခြောက်များများထောင်းပါ
ငရုပ်သီးထောင်းဆီသတ်တဲ့အချိန် မျှင်ငါးပိကိုလက်မလောက်၂တုံးထည့်ဆီသတ်။ပြီးရင် မျစ်ကိုထည့် ပုဇွန်ခြောက်ထောင်းထားတာထည့် ဆား အချိုမှုန့်ထည့် ရေထည့် ရပြီ။ ရေကို သုံးရေခမ်းလောက်ထိတည်ပါ။ အပေါ့အငန်မြည်းပါ ဆီပြန်လာရင်ရပါပြီ

Credit TTW

image
38 ပတ် - ဘာသာပြန်ပါ။

ရှေ့နှစ်တွေကတည်းက Live-Action နဲ့ပတ်သက်ပြီး သတင်းတွေထွက်နေခဲ့တဲ့ Demon Slayer ဟာ အခုခါမှာတော့ Netflix ကနေ Live-Action စီးရီး စတင်ပြုလုပ်နေပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။
လောလောဆယ်မှာတော့ တရားဝင်ကြေညာတာမျိုးတွေ အတည်ပြုလို့ရတာမျိုးတွေတော့မရှိသေးပေမဲ့ ဒီသတင်းကတော့ အရင်လကစလို့ Anime community ထဲမှာစတင်ထွက်လာခဲ့တာဖြစ်ပါတယ်။
One Piece Live-Action မှာရခဲ့တဲ့ အောင်မြင်မှုမျိုးကိုကြည့်ရင် Demon Slayer ကို Live-Action ပြုလုပ်မယ်ဆိုရင်လည်း မထူးဆန်းပါဘူး။ Naruto စီးရီးဆိုရင်လည်း ခုချိန်မှာ Live-Action ပြုလုပ်နေတာဖြစ်ပြီး Demon Slayer ဟာလည်း Live-Action ရမယ်ဆိုရင် မထူးဆန်းလှပါဘူး။
အားလုံးကော Demon Slayer Live-Action ကိုကြည့်ချင်ကြလား success ဖြစ်နိုင်မယ်လို့ထင်ကြလား? 🤔

image
38 ပတ် - ဘာသာပြန်ပါ။

Tale of phantom : A Love story2023
မတူတဲ့လောက၂ခုကလာတဲ့ စာသင်သားလေး ချန်ချိုင်နင်နဲ့
ကြောင်မိစ္ဆာမလေး ချင်းနွီရဲ့ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းမှာတော့ အူတူတူရိုးသားတဲ့စာဂျပိုးလေးတစ်ယောက်က တောနက်ထဲမှာ
မိန်းမလှလေးနဲ့တွေဆုံပြီး သံယောဇဉ်ဖြစ်သွားခဲ့တယ်။
ဝိဉာဉ်ဖမ်းသူတစ်ယောက်ဟာ မိစ္ဆာမလေးနောက်လိုက်ရင်း စာဂျပိုးလေးနဲ့ဆုံခဲ့ကြတယ်။ကြောင်မလေးရဲ့တာဝန်ကသူ့ကိုထိန်းချူပ်ထားတဲ့မိစ္ဆာမကြီးအတွက်ဝိဉာဉ်စုဆောင်းဖြစ်ရမှာဖြစ်ပေမယ့်
သူချစ်မိနေတဲ့စာဂျပိုးလေးရဲ့ ဝိဉာဉ်ကိုတော့ မစုပ်ယူရက်ခဲ့ပါဘူး။ဆန့်ကျင်ဘက်လောက၂ခုကချစ်သူနှစ်ယောက်ရဲ့
အချစ်အတွက်စွန့်စားခန်းလေးပဲဖြစ်ပါတယ်။
ဝိဉာဉ်ဖမ်းသမားကြီးကတော့ မထင်မှတ်ပဲ Third Wheel ကြီးဖြစ်သွားတာပေါ့။
ပေါ့ပေါ့ပါးပါးနဲ့စိတ်အပန်းဖြေလို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

#crd

image