1 y - Translate

အမေရိကန်ဘဏ္ဍာရေးဌာနကို တရုတ်ဖောက်ထွင်းဝင်ရောက်ခဲ့ဟု ကန်တာဝန်ရှိသူများဆို
............

အမေရိကန်ဘဏ္ဍာရေးဌာနအတွင်းမှာရှိတဲ့ စနစ်အချက်အလက်တွေကို တရုတ် နိုင်ငံက ဟက်ကာတစ်ဦးက ဖောက်ထွင်းဝင်ရောက်ခဲ့တယ်လို့ အမေရိကန်တာဝန်ရှိသူတွေကပြောပါတယ်။
အမေရိကန်ဘဏ္ဍာရေးဌာန အတွင်းပိုင်း စနစ်တွေကို ဖောက်ထွင်းဝင်ရောက်ကာ အရေးကြီးစာရွက်စာတမ်းတွေ၊ ဝန်ထမ်းတွေရဲ့ ကိုယ်ရေးကိုယ်တာ‌အချက်အလက်တွေကို ဝင်ရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖောက်ဖျက်မှုက ဒီဇင်ဘာလအစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဖောက်ထွင်းဝင်ရောက်မှုရဲ့ နောက်ဆက်တွဲသက်ရောက်မှု ဖြစ်စဉ်ကို အမေရိကန်အေဂျင်စီက စုံစမ်းစစ်ဆေးဖို့အတွက် FBI အပြင် အခြားသော အေဂျင်စီတွေနဲ့ လက်တွဲလုပ်ဆေင်နေတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ဆိုက်ဘာလုံခြုံရေးနဲ့ အခြေခံအဆောက်အအုံလုံခြုံရေးအေဂျင်စီတို့ကလည်း ချိုးဖောက်မှု အလုံးစုံအကျိုးသက်ရောက်မှုကို ဆုံးဖြတ်နိုင်ဖို့အတွက် မှုခင်းစုံစမ်းစစ်ဆေးရေးမှူးတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။
အခုလို အမေရိကန်ဘက်က စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သတ်ပြီး ဝါရှင်တန်ဒီစီရှိ တရုတ်သံရုံးက ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါစွပ်စွဲချက်ဟာ “အပုပ်ချတိုက်ခိုက်မှု” တစ်စိတ်တစ်ပိုင်းသာဖြစ်ပြီး တိကျသေချာတဲ့ သက်သေအရင်းမြစ်မရှိဘူးလို့တုံ့ပြန်ပြောကြားပါတယ်။

image
1 y - Translate

ဥရောပသို့ ရုရှားဂက်စ်တင်ပို့မှု ယူကရိန်း ရပ်ဆိုင်း
-------------------
ယူကရိန်းနိုင်ငံက သူ့နိုင်ငံတွင်းက ဖြတ်သန်းပြီး ဥရောပကို ရုရှားဂက်စ်ပိုက်လိုင်းကနေ ဂက်စ်တင်ပို့နေမှုကို ဗုဒ္ဓဟူးနေ့က အဆုံးသတ်လိုက်ပါတယ်။ ရုရှားပိုင် ဂတ်စ်ပရွန်နဲ့ ယူကရိန်းကြား ၂၀၁၉ ခုနှစ်က ချုပ်ဆိုထားတဲ့ ဂက်စ် ဖြတ်သန်းတင်ပို့မှုဆိုင်ရာ သဘောတူညီချက် သက်တမ်းကုန်ုဆုံးသွားပြီးနောက် ယူကရိန်းက စာချုပ် ပြန်ချုပ်ဖို့ ငြင်းဆန်ပြီး ရပ်ဆိုင်းလိုက်တာပါ။

အခုလို ဂက်စ်တင်ပို့မှု ရပ်ဆိုင်းလိုက်တာဟာ အမျိုးသားလုံခြုံရေးဆိုင်ရာ အကျိုးစီးပွားကြောင့်လို့ ယူကရိန်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုလို ရပ်ဆိုင်းမှုဟာ မော်စကိုအတွက် အကြီးမားဆုံး အရေးနိမ့်မှု တွေထဲက တစ်ခုလို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောလိုက်ပါတယ်။

မော်စကိုဟာ စွမ်းအင်ကို လက်နက် သဖွယ်အသုံးချပြီး စွမ်းအင်ဝယ်ယူသုံးစွဲတဲ့ မိတ်ဖက်တွေကို အကြပ်ကိုင်မှု တွေ လုပ်နေကြောင်းနဲ့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ဥရောပကို ဂက်စ်ထောက်ပံ့မှု တိုးမြှင့်ပေးဖို့ မျှော်လင့် ကြောင်း ဇယ်လန်စကီးက သူရဲ့ တယ်လီဂရမ်ပို့စ်မှာ ရေးသားထားပါတယ်။

အခု ရပ်ဆိုင်းမှုအတွက် ယူကရိန်းက ရုရှားဆီကနေ ဂက်စ်ပိုက်လိုင်း ဖြတ်သန်းတင်ပို့ခအဖြစ်ရရှိတဲ့ အမေရိကန် ဒေါ်လာ သန်း (၈၀၀) ဆုံးရှုံးမှာဖြစ်ပြီး ဂက်စ်တင်ပို့တဲ့ ဂက်စ်ပရွန်ကတော့ အမေရိကန်ဒေါ်လာ (၅)ဘီလီယံ လောက် နစ်နာဆုံးရှုံးမှာ ဖြစ်ပါတယ်။

image
1 y - Translate

ဒိုပေါက်နဲ့အတူတူ တွဲသရုပ်ဆောင်ရတော့မယ့် နီနီလင်းအိမ်❤️🥰

image

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း ထုတ်ပြန်

ဇန်နဝါရီ ၆

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့်ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ ၁၂ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ၇၂၈၀ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

အဆိုပါဈေးနှုန်းသည် ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့သည့် နိုင်ငံများ၌ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာလည်း ၇၂၈၀ ကျပ် ဖြစ်ခဲ့သဖြင့် ယခုတစ်ပတ်တွင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ နှစ်ပတ်ဆက်တိုက် တည်ငြိမ်နေသည်ကို တွေ့ရသည်။

အဆိုပါ စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

image
1 y - Translate

Double Tuckerr (2024)”ကံဆိုးသူ အာရဗင်”
=========================

လူနဲ့ animation တွဲဖက်ရိုက်ကူးထားတဲ့ IMDb 8.4 ရ
တမီလ်စကားပြော စိတ်ကူးယဉ် ဟာသဒရာမာရုပ်ရှင်လေးကို
ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။
442
အာရဗင်ဟာ ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့်
မိဘနှစ်ပါးကိုဆုံးရှုးခဲ့ရတဲ့ မိဘမဲ့လေးတစ်ယောက်ပါ။အဲဒီမတော်တဆမှုကြောင့် အာရဗင်ဟာ မိဘမဲ့ဖြစ်သွားရုံတင်မကဘဲ
မျက်နှာတခြမ်း မီးလောင်ကာ အရုပ်ဆိုးကျည်းတန်သွားခဲ့တဲ့အတွက်
အားလုံးကလည်း အာရဗင့်ကို ခွဲခြားဆက်ဆံကြပါသေးတယ်။ဒါပေမဲ့ ဘယ်သူမှ မသိကြတာကတော့ အာရဗင့်မှာ သူ့ကို မွေးကတည်းက
စောင့်ရှောက်ပေးနေတဲ့ ကိုယ်စောင့်နတ်နှစ်ပါး ရှိနေတယ်ဆိုတာပါပဲ။
ဒါပေမဲ့ အာရဗင့်ရဲ့ ကံဆိုးမှုတွေဟာ မရပ်တန့်သွားဘဲ အဲဒီထဲက
ကိုယ်စောင့်နတ်တစ်ပါးရဲ့ အမှားကြောင့် အနိစ္စရောက်သလို စိတ်နဲ့ ခန္ဓာကွဲသွားခဲ့ရပါတယ်။အာရဗင်ဟာ အဲဒီနတ်နှစ်ပါးနဲ့အတူ အချိန်မနှောင်းခင် စိတ်နဲ့ခန္ဓာကို
ပြန်ပေါင်းဖိုကြိုးစားရင်း ထူးဆန်းတဲ့အဖြစ်တွေကြုံရပုံကို ဒီရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်…။

#crd
#storymode

image

ကမ္ဘာ့အသက်အကြီးဆုံး လူသား ၁၁၆ နှစ်မှာ ကွယ်လွန်

တိုကျို၊ ဇန်နဝါရီ ၅

ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်အဘွားအို တိုမီကိုအီတိုကာဟာ အသက် ၁၁၆ နှစ်မှာ ကွယ်လွန်သွားပြီလို့ ဂျပန်တာဝန်ရှိသူတွေက ပြောပါတယ်။ သူမဟာ ဟိုင်ဂိုစီရင်စု အာရှီယာမြို့ရှိ သူနေထိုင်တဲ့ ဘိုးဘွားရိပ်သာမှာ သေဆုံးသွားတာလို့ ဆိုပါတယ်။

စပိန်နိုင်ငံမှ ကမ္ဘာ့အက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ မာရီယာဘရန်ရက်စ်မိုရီရာ ၂၀၂၄ ခုနှစ် ဩဂုတ်လမှာ ကွယ်လွန်ပြီးနောက် တိုမီကိုအီတိုကာဟာ ကမ္ဘာ့အသက်အကြီးဆုံး လူသားအဖြစ် ဂင်းနစ်စံချိန်အဖွဲ့က သတ်မှတ်ခဲ့ပါတယ်။

မစ္စ အီတိုကာဟာ မိမိတို့ကို သတ္တိနဲ့ မျှော်လင့်ချက်တွေ ပေးခဲ့တယ်လို့ အိုင်ရှီယာမြို့တော်ဝန်က ပြောပါတယ်။ သူမဟာ ကမ္ဘာစစ်မဖြစ်ခင် ခြောက်နှစ်အလို ၁၉၀၈ ခုနှစ် မေလမှာ မွေးဖွားခဲ့ပြီး ရှေးအကျဆုံး Ford Model T ကားကို အမေရိကန်မှာ စတင်ရောင်းချချိန်ဖြစ်ပါတယ်။

မွေးချင်းသုံးယောက်ရှိတဲ့ထဲက တယောက်ဖြစ်တဲ့ မစ္စမီတိုကာဟာ ကမ္ဘာစစ်တွေ၊ ကပ်ရောဂါတွေအပြင် နည်းပညာဆိုင်ရ အထင်ကရအောင်မြင်မှုတွေကိုလည်း ကြုံတွေ့ခဲ့ရသူဖြစ်ပါတယ်။ သူမဟာ ငှက်ပျောသီနဲ့ နို့အချိုရည်ကို နှစ်သက်သူလို့ ဆိုပါတယ်။

အသက် ၂၀ မှာအိမ်ထောင်ကျခဲ့တဲ့ သူမဟာ ကွယ်လွန်ချိန်မှာတော့ သမီးနှစ်ယောက်နဲ့ သားနှစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူကတော့ ၁၉၇၉ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့တာပါ။

ဂျပန်နိုင်ငံရဲ့ လူဦးရေး ၁၂၄ သန်းမှာ သုံးပုံတပုံနီးပါးဟာ အသက် ၆၅ နှစ်အထက်တွေဖြစ်ပြီး စက်တင်ဘာလမှာ ထုတ်ပြန်တဲ့ စာရင်းအရ အသက် ၁၀၀ နှစ်အထက် လူပေါင်း ၉၅၀၀၀ ရှိပြီး ဒီထဲက ၈၈ ရာခိုင်နှုန်းဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။

Ref:BBC
Photo:AFP

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

Natural Spinal (Mogok)❤️

အငြိ မျက်နာရှင်း ကျောက်သားပြောင်ပြောင်လေး
အရွယ်ထွားတွေကြီးပဲ

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

အငြိ မျက်နာရှင်း ကျောက်သားပြောင်ပြောင်လေး
အရွယ်ထွားတွေကြီးပဲ

#gems

image
1 y - Translate

Natural Spinal (Mogok)❤️

အငြိ မျက်နာရှင်း ကျောက်သားပြောင်ပြောင်လေး
အရွယ်ထွားတွေကြီးပဲ

#gems

imageimage

လူတွေကို အစွဲလမ်းနိုင်ဆုံးအရာ

အချိုတွေကတော့ ပိုက်ဆံလို ပြောပါလိမ့်မယ်၊
အချိုတွေကတော့ ကျော်ကြားမှုပေါ့၊
အချိုကတော့ အောင်မြင်မှု၊
အချိုက ရုပ်ချောခြင်း၊

စသဖြင့် ပြောကြ ထင်ကြပါလိမ့်မယ်။ တကယ်​တော့ ထိုအချက်တွေက စွဲလမ်းနိုင်သော်လည်း လူတွေကို အစွဲလမ်းနိုင်ဆုံးအရာ မဟုတ်သေးပါဘူး။

လူတွေက အစွဲလမ်းနိုင်ဆုံးအရာကတော့ "ယုံကြည်စိတ်ချရတဲ့သူဖြစ်ခြင်း၊ အားကိုးရတဲ့သူဖြစ်ခြင်း" ဆိုတဲ့အချက်ပါပဲ။

ဘယ်သူပဲဖြစ်နေပါစေ လူကောင်းပဲဖြစ်ဖြစ် လူဆိုးပဲဖြစ်ဖြစ် ယုံကြည်ရမယ့်သူ၊ အားကိုးရမယ့်သူ များနိုင်သမျှများများ လိုချင်ကြပါတယ်။

ဒါ့ကြောင့် လူတွေကိုယ့်ကို သဘောကျတာ၊ စွဲလမ်းတာကို လိုချင်ရင် မှန်တာကိုပြောတာ၊ မှန်တာကိုလုပ်ပါ၊ အားကိုးလိုရတဲ့သူဖြစ်အောင် ကြိုးစားပါ။

#crd

image