31 ပတ် - ဘာသာပြန်ပါ။

ရှေ့နှစ်တွေကတည်းက Live-Action နဲ့ပတ်သက်ပြီး သတင်းတွေထွက်နေခဲ့တဲ့ Demon Slayer ဟာ အခုခါမှာတော့ Netflix ကနေ Live-Action စီးရီး စတင်ပြုလုပ်နေပြီလို့ သတင်းထွက်ရှိလာခဲ့ပါတယ်။
လောလောဆယ်မှာတော့ တရားဝင်ကြေညာတာမျိုးတွေ အတည်ပြုလို့ရတာမျိုးတွေတော့မရှိသေးပေမဲ့ ဒီသတင်းကတော့ အရင်လကစလို့ Anime community ထဲမှာစတင်ထွက်လာခဲ့တာဖြစ်ပါတယ်။
One Piece Live-Action မှာရခဲ့တဲ့ အောင်မြင်မှုမျိုးကိုကြည့်ရင် Demon Slayer ကို Live-Action ပြုလုပ်မယ်ဆိုရင်လည်း မထူးဆန်းပါဘူး။ Naruto စီးရီးဆိုရင်လည်း ခုချိန်မှာ Live-Action ပြုလုပ်နေတာဖြစ်ပြီး Demon Slayer ဟာလည်း Live-Action ရမယ်ဆိုရင် မထူးဆန်းလှပါဘူး။
အားလုံးကော Demon Slayer Live-Action ကိုကြည့်ချင်ကြလား success ဖြစ်နိုင်မယ်လို့ထင်ကြလား? 🤔

image
31 ပတ် - ဘာသာပြန်ပါ။

Tale of phantom : A Love story2023
မတူတဲ့လောက၂ခုကလာတဲ့ စာသင်သားလေး ချန်ချိုင်နင်နဲ့
ကြောင်မိစ္ဆာမလေး ချင်းနွီရဲ့ အချစ်ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။
ဇာတ်လမ်းမှာတော့ အူတူတူရိုးသားတဲ့စာဂျပိုးလေးတစ်ယောက်က တောနက်ထဲမှာ
မိန်းမလှလေးနဲ့တွေဆုံပြီး သံယောဇဉ်ဖြစ်သွားခဲ့တယ်။
ဝိဉာဉ်ဖမ်းသူတစ်ယောက်ဟာ မိစ္ဆာမလေးနောက်လိုက်ရင်း စာဂျပိုးလေးနဲ့ဆုံခဲ့ကြတယ်။ကြောင်မလေးရဲ့တာဝန်ကသူ့ကိုထိန်းချူပ်ထားတဲ့မိစ္ဆာမကြီးအတွက်ဝိဉာဉ်စုဆောင်းဖြစ်ရမှာဖြစ်ပေမယ့်
သူချစ်မိနေတဲ့စာဂျပိုးလေးရဲ့ ဝိဉာဉ်ကိုတော့ မစုပ်ယူရက်ခဲ့ပါဘူး။ဆန့်ကျင်ဘက်လောက၂ခုကချစ်သူနှစ်ယောက်ရဲ့
အချစ်အတွက်စွန့်စားခန်းလေးပဲဖြစ်ပါတယ်။
ဝိဉာဉ်ဖမ်းသမားကြီးကတော့ မထင်မှတ်ပဲ Third Wheel ကြီးဖြစ်သွားတာပေါ့။
ပေါ့ပေါ့ပါးပါးနဲ့စိတ်အပန်းဖြေလို့ရတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။

#crd

image
31 ပတ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံ နခွန်နယုတ်မှာတော့ ဘုန်းကြီးကျောင်းထဲကို ဆင်ဝင်လာလို့ ရုတ်ရုတ်သဲသဲဖြစ်သွားပါသေးတယ်။
နခွန်နရွတ်မာရှိတဲ့ Wat Tham Sarika ဘုရားကျောင်းထဲကလှိုဏ်ဂူထဲမှာ တရားထိုင်နေတဲ့ သံဃာနှစ်ပါးထံ ဆင်တစ်ကောင်က တန်းတန်းမတ်မတ်ဝင်လာတာပါ။ ကြည့်ရတာ နောက်ကဖွင့်ထားတဲ့မေတ္တာပို့သံကြောင့် တရားနာဖို့ရောက်လာတဲ့ဆင် ထင်ပါတယ်။

image

နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် တောင်ကိုရီးယားသို့ ဘလင်ကင် ရောက်လာ

ဆိုးလ်၊ ဇန်နဝါရီ ၆

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင် (Antony Blinken) သည် ဇန်နဝါရီ ၅ ရက်က တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း CNA မှ ဖော်ပြခဲ့သည်။

တောင်ကိုရီးယားနိုင်ငံတွင် နိုင်ငံရေး အကျပ်အတည်းနှင့် ကြုံတွေ့နေရချိန်တွင် ဘလင်ကင်၏ ခရီးစဉ် ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။

အဆိုပါ ခရီးစဉ်အတွင်း ဘလင်ကင်သည် တောင်ကိုရီးယား ခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ဘလင်ကင်သည် ဇန်နဝါရီ ၆ ရက်တွင် တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး ချိုတေးယူလ် (Cho Tae-yul) နှင့် ဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်သည်။

ဘလင်ကင်သည် တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ဂျပန်နှင့် ပြင်သစ်တို့ကိုလည်း သွားရောက် မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထိုခရီးစဉ်သည် အမေရိကန်ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) စတင်ရုံးမထိုင်မီ အချိန်တွင် ဘလင်ကင်၏ နောက်ဆုံး သံတမန်ခရီးစဉ်တစ်ခု ဖြစ်လာနိုင်သည်ဟုလည်း ကျွမ်းကျင်သူများက ပြောကြားခဲ့ သည်။

"ဘလင်ကင်နဲ့ ချိုတို့ဟာ တောင်ကိုရီးယား-အမေရိကန် မဟာမိတ်ဆက်ဆံရေး၊ တောင်ကိုရီးယား-အမေရိကန်-ဂျပန် ပူးပေါင်းဆောင်ရွက်ရေး၊ မြောက်ကိုရီးယားအရေး၊ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေ အကြောင်းကို ဆွေးနွေးသွားမှာပါ" ဟု တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား ခရီးစဉ်အပြီးတွင် ဘလင်ကင်က ဂျပန်နိုင်ငံ၊ တိုကျို (Tokyo) မြို့တော်သို့ သွားရောက်ရန် စီစဉ်ထားပြီး ဂျပန်နှင့် ဆက်ဆံရေးကို ဆွေးနွေးမည်ဖြစ်သည်။

တောင်ကိုရီးယားတွင် ပြီးခဲ့သည့်လက စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကြေညာခဲ့သည့် သမ္မတယွန်းဆော့ရွဲ (Yoon Suk Yeol) သည် လက်ရှိမှာတော့ စွပ်စွဲပြစ်တင်ခံထားရပြီး သမ္မတတာဝန်မှ ဆိုင်းငံ့ခံထားရသည်။

ယွန်းသည် မကြာသေးမီ လများအတွင်း အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယား ခေါင်းဆောင်များ ပြုလုပ်သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် တက်ရောက်ခဲ့ဖူးသူဖြစ်သည်။

Source: CAN

ပုံ- ဘလင်ကင်ကို တွေ့ရစဉ်

#သတင်းဟင်းလေးအိုးကြီး

image
31 ပတ် - ဘာသာပြန်ပါ။

လွိုင်စန့်လုံ(ခေါ်)ဇလုံတောင် တောင်တက်ခရီးစဉ်ကားများ ပြေးဆွဲခွင့်ပြု

ဇန်နဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ဗန်းမောက်မြို့နယ်အတွင်းရှိ ရှမ်းနီတိုင်းရင်းသားများ၏ အမွေအနှစ်များထဲက တစ်ခုဖြစ် သည့် လွိုင်စန့်လုံ(ခေါ်) ဇလုံတောင် တောင်တက်ခရီးစဉ်ကားများ ပြန်လည် ပြေးဆွဲခွင့်ပြုလိုက်ကြောင်း ဒေသခံ များက ပြောသည်။

ဗန်းမောက်မြို့ကနေ ဇလုံတောင်သို့ ပြေးဆွဲသည့် တောင်တက်ခရီးစဉ်ကားလိုင်းကို ၂၀၂၂ ခုနှစ်ကတည်းက တိုက်ပွဲများကြောင့် ပိတ်ထားခဲ့ရာမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်မှ ပြန်လည် ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

ဗန်းမောက်ဒေသခံက “ဗန်းမောက်မြို့နယ်က ရှမ်းနီတို့ရဲ့ အထင်ကရ သမိုင်းဝင် လွိုင်စန့်လုံတောင် (ဇလုံတောင်) တောင်ပေါ် ဘုရားကြီး ဖူးမျှော်နိုင်ဖို့အတွက် တောင်တက်ကားလိုင်း ပြေးဆွဲခွင့်ကို ဒီနေ့ မနက်ပိုင်းက ဖွင့်လှစ် လိုက်တယ်”ဟု ပြောသည်။

အဆိုပါ တောင်တက်ခရီးစဉ် ပြေးဆွဲမည့် ကားဂိတ်ဖွင့်ပွဲကို ဇန်နဝါရီ ၆ ရက်နေ့ နံနက်ပိုင်းက ဇလုံတောင် ဘုရားကြီး ဩဝါဒါစရိယအဖွဲ့၊ နာယကအဖွဲ့နှင့် ဂေါပကအဖွဲ့၊ ဒေသဆိုင်ရာ အာဏာပိုင်များက ပြုလုပ်ခဲ့သည်။

ပုံ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၆ ရက်က ဇလုံတောင် တောင်တက်ကားလိုင်းပြေးဆွဲခွင့် ဖွင့်ပွဲလုပ်နေစဉ်

#centralnewsnaypyitaw

image
image
image
image
image

လူတချို့ရဲ့ စိတ်ရင်းအမှန်ဆိုတာ ??

ကိုယ်ဒုက္ခရောက်ချိန်မှ သိရတာပါ ??

ကိုယ်အဆင်မပြေတဲ့အချိန်မှာတောင်??

ကိုယ့်အပေါ်စိတ်မပျက်သွားတဲ့သူက ?? &l

31 ပတ် - ဘာသာပြန်ပါ။

တံပိုးခရာနွယ်

image
31 ပတ် - ဘာသာပြန်ပါ။

တံပိုးခရာနွယ်

image
31 ပတ် - ဘာသာပြန်ပါ။

တံပိုးခရာနွယ်

image
31 ပတ် - ဘာသာပြန်ပါ။

တံပိုးခရာနွယ်

image