Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Ashfall (2019)
ဇာတ်လမ်းအကျဉ်း
အလွန်ပြင်းထန်တဲ့ ငလျှင်ဒဏ်ဟာ တောင်ကိုရီးယားကိုတိုက်ရိုက်သက်ရောက်ခဲ့တာကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ရပါတယ် .ဒီမီးတောင် ကြီးတစ်ခုလုံးပေါက်ကွဲသွားရင် ကိုရီးယားကျွန်းဆွယ် ရဲ့ ရာခိုင်နှုန်း ၈၀ကျော်လောက် သက်ရောက်မှာပါ.
မီးတောင်ကြီး အဆုံးထိမပေါက်ကွဲခင် ဒီမီးတောင်ကို ဖျက်စီးပစ်ခြင်းကသာလျှင် အကောင်းဆုံးရွေးချယ်မှု တစ်ခုဖြစ်နေပါတော့တယ် ..ဒါကိုဖျက်ဆီးဖို့ အဓိကလိုအပ်တဲ့အရာ က နျူးကလီးယားလက်နက်တစ်မျိုးပဲ ရှိပါတယ် ..
ခက်တာက တောင်ကိုရီးမှာ နျူးကလီးယား မရှိဘူးလေ .အဲ့တော့ မြောက်ကိုရီးယားကနေ သွားခိုးရမှာပေါ့..
အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းဖြစ်သလိုတစ်ကားလုံးလဲ စိတ်လှုပ်ရှားစရာတွေနဲ့ ရိုက်ကူးတင်ဆက်ထားတဲ့ လက်မလွတ်တမ်းကြည့်ရူ့လိုက်ကြပါအုံးနော်။
#movie
Terrifier 2 (2022)
သွေးသံတရဲရဲသတ်ဖြတ်တာကိုမှကြိုက်တဲ့သူတွေအတွက်တစ်ချိန်ကနာမည်ကြီးခဲ့တဲ့ Terrifier ရဲ့အဆက်ဖြစ်တဲ့ Terrifier 2 ထွက်ရှိလာပါပြီ။ ဒီကားထဲကအဓိကလူသတ်သမားကတော့ 1 မှာအားလုံးသိခဲ့ရကြတဲ့ Art The Clown ဆိုတဲ့လူပြက်ပဲဖြစ်ပါတယ်။ပထမပိုင်းမှာသူကလူရှစ်ယောက်ကိုသတ်ခဲ့ပြီးကျန်ခဲ့တဲ့တစ်ယောက်ရဲ့မျက်နှာကလဲလုံးဝကိုစုတ်ပြတ်သတ်နေခဲ့ပါတယ်။ သူကဟောလိုးဝင်းမှာလူတွေကိုသတ်ဖြတ်ခဲ့တာဖြစ်ပြီးတစ်နှစ်ကြာတဲ့အချိန်မှာပြန်ပေါ်လာခဲ့ပါတယ်။ အားလုံးကသူ့ကိုသေသွားပြီလို့ထင်ခဲ့ကြပေမဲ့မထင်မှတ်ထားပဲပြန်ပေါ်လာပြီးနောက်ထပ်ဟောလိုးဝင်းမှာပဲလူတွေကိုလိုက်သတ်ပြန်ပါတယ်။
ပုံမှန်လူသတ်ကားတွေထဲကလိုသူ့ကိုတားနိုင်မဲ့သူရှိနိုင်မလား ဒါမှမဟုတ်သူကပဲအားလုံးကိုအဆုံးသတ်သွားမလားဆိုတာတစ်ကားလုံးကြက်သီးတွေထပြီးကြည့်ရမဲ့ Thriller တစ်ကားပဲဖြစ်ပါတယ်။ပါဝင်တဲ့သတ်ဖြတ်ခန်းတွေကအရမ်းကြမ်းတမ်းတဲ့အတွက်ကလေးများနဲ့နှလုံးရောဂါရှိသူများမကြည့်ဖို့တော့ကြိုသတိပေးချင်ပါတယ်ဗျ။
#horrormovie
#crd