1 y - Translate

Solar ပြား နှင့် Controller သိကောင်းစရာ

မြန်မာပြည် မှာဆိုလာပြားနှင့်ဘက်တရီကြောင့် မီးလောင် လူသေမူများရှိလာ၍ ဗဟုသုတ အဖြစ်တင်ပြပါသည်
(၁) ဆိုလာအလင်းလျှပ်စစ်ဆိုသည်မှာ
=======================
နေရောင်ခြည်အလင်းစွမ်းအင်မှ လျှပ်စစ်စွမ်းအင်သို့တိုက်ရိုက်ပြောင်းလဲပေးနိုင်သောနည်းပညာ ဖြစ်ပါသည် နေအလင်းရောင်တွင်ပါ၀င်သော အလင်းမှုန်များမှဆိုလာပြားအတွင်းရှိလျှပ်စစ်ဓာတ်မှုန်များကို ရိုက်ထုတ်ခြင်းဖြင့် လျှပ်စီးကြောင်းကိုဖြစ်ပေါ်စေခြင်းဖြစ်ပါသည်
(၂) ဆိုလာဆဲလ် ဆိုသည်မှာ အဘယ်နည်း
=========================
ဆိုလာဆဲလ် ဆိုသည်မှာအလင်းစွမ်းအင်ကိုလျှပ်စစ်စွမ်းအင်အဖြစ်ပြောင်းလဲပေးသောအရာ ဖြစ်ပါသည် ဆဲလ်များသည်မည်သည့် စွမ်းအင်ကိုမျှသိုလှောင်ပေးနိုင်ခြင်းမရှိသောကြောင့် မည်သည့်အလင်းရောင် (နေရောင်ခြည်) မှမရရှိတော့သည့်အခါ ဆဲလ်အတွင်း၌ လျှပ်စစ် စီးဆင်းမှုမရှိတော့ပေ
(၃) Charge Controller ဆိုတာ ဘာလဲ
========================
Charge Controller ဆိုသည်မှာ ဘက္ထရီအား အနည်းအများပေါ်မူတည်ပြီး အားသွင်းခြင်းအား ထိန်းညှိပေးသောစက်ကိရိယာဖြစ်ပါသည် ထိုကိရိယာအသုံးပြုခြင်းဖြင့် ဘက္ထရီအားသွင်းစဉ် အားလွန်ခြင်းမဖြစ်ပေါ် နိုင်၍ အားလွန်ခြင်းကြောင့် ဘက္ထရီပျက်စီးခြင်းမှ ကာကွယ်ပေးပါသည်
(၄) Charge Controller
ဘာကြောင့် အသုံးပြုရတာလဲ
=========================
သင်သည် ကျွမ်းကျင်သော လျှပ်စစ်ပညာရှင်တစ်ယောက် မဟုတ်ခဲ့လျှင် ဘက္ထရီအားပြည့်၊ မပြည့်အလွယ်တကူ သိနိုင်မည်မဟုတ်ပါ ထိုကြောင့် အားလွန်သွားခဲ့လျှင် သင့်၏ဘက္ထရီ ပျက်စီးမှုကို ကာကွယ်ရန်အတွက် Charge Controller ကိုအသုံးပြုရပါသည်
(၅)ဆိုလာပြား မှမီးလောင်ရခြင်းများ
=======================
ဆိုလာပြားမှ တစ်ဆင့် မီးလောင်မှုအချို့မှာ အားသွင်းရာ တွင် အဓိကအရေးပါသည့် (Charge Controller) ဘက်ထရီ အားပြည့်ခါနီးနှင့် ပြည့်သောအ ခါ လျှပ်စီးနှုန်းကို ထိန်းချုပ်ပေး သည့် ကိရိယာမတပ်ဆင်
ကြခြင်းကြောင့်ဖြစ်ပွါးနိုင်ပါတယ်
‘‘ဆိုလာကနေထွက်တဲ့ ကြိုးကို သင့်တော်တဲ့ကြိုးမသုံးတအရည်အသွေးပြည့်မီတဲ့ ကြေး ကြိုးမသုံးတာ ဆိုလာပြားကိုသယ်လာ သယ်သွားလုပ်ရင်း ဝိုင်ယာကြိုးတစ်လျှောက် ကြိုးပေါက်တာကို ဂရုမစိုက်မိတာ ဆိုလာပြားကိုခေါင်မိုးပေါ်ထားတဲ့အခါ သေချာစွာ တပ်ဆင်တုပ်နှောင်ခြင်းမပြုမိဘဲ ဘက်ထရီရော ဆိုလာပြားအနောက်မှာပါ အပေါင်း အနုတ်ငုတ်မှာ ကြိုးချောင်နေတာ ကြားထဲမှာ ကြိုးဆက်ထားတဲ့အပိုင်းတွေမှာမသေချာတာ က မီးလောင်ဖို့အတွက် ဖြစ်စေနိုင်ပါတယ် "
၆/ ဆိုလာပြား မှမီးလောင်ခြင်းများ
မဖြစ်ပွါးရအောင်
=========================
၁/Controller ခံသုံးပါ
၂/အဝင်ကြိုးကို သတိမှတ်ထား သော original ဝါယာကြိုးကိုသာအသုံးပြုပါ
၃/အိမ်၌ လူမရှိသည့်အခါမျိုး ခရီးရှည်ထွက်သည့်အခါမျိုးတွငိ Controller or breaker main switch ပိတ်ထားပါ
၄/ ဘက်တရီမှာ အားအဝင်များ၍အသုံးမပြုနိုင်သောအခါမျိုးတွင် မီးလောင်မှုများမဖြစ်ပွါးရလေအောင် ဆိုလာအဝင်ကြိုးကို breaker ခံပါ ပီးလျှင် controller ခံထားပါ ခရီးရှည်ထွက်လျှင်လုံးဝ ပိတ်ထားခဲ့ပါ
၅/ နေပူပြင်းသောနွေရာသီအချိန်ကာလမျိုးတွင်ဆိုလာပြားနှင့် ဘက်ထရီအိုးကြား ချိတ်ဆက်အသုံးပြုသည့် ဆိုလာဝိုင်ယာကြိုးကို နေအပူဒဏ်ခံနိုင်ရန်နှင့် အပူချိန်မလွန်ကဲရန် ပိုက်လုံးထဲထည့်၍ အသုံးပြုသင့်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

image
image
image

ရွှေသောင်ယံမြို့တွင် တိုက်ပွဲများဖော်ဆောင်မည်ဆိုသော သတင်းများကြောင့် ချောင်းသာ၊‌ ငွေဆောင် ခရီးစဉ်များ ခေတ္တရပ်နားမှုနှင့် ပယ်ဖျက်မှုများရှိနေ

ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရွှေသောင်ယံမြို့တွင် AA လက်နက်ကိုင်အဖွဲ့မှ တိုက်ပွားများဖော်ဆောင်မည်ဆိုသော သတင်းများကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေများသို့ ပြည်တွင်းခရီးသွားလုပ်ငန်းများ ခေတ္တရပ်နားထားသလို ကြိုတင်စီစဉ်ထားသော ခရီးသည်များကလည်း ခရီးစဉ်များ ပယ်ဖျက်မှုများရှိနေကြောင်း ပြည်တွင်းခရီးသွားလုပ်ငန်းများထံမှ သိရသည်။

“လောလောဆယ် တောင်ကြီးဘက်သွားနေတာ။ ဒီရက်ထဲတော့ သတင်းတွေတော့ကြားတယ်။ တချို့ကတော့လည်း မသွားဘူး။ နေ့တိုင်းပြေးဆွဲနေတဲ့ကားတွေတော့ သွားတယ်ကြားတယ်။ ကျွန်မတို့က Travel Package တွေလုပ်တာဆိုတော့။ ပြီးခဲ့တဲ့ တစ်ပတ်ကတော့ ငွေဆောင်ကနေ ပြန်လာတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ဘာမှမဖြစ်ဘူး။ မနေ့ကမှ ချောင်းသာလမ်းတွေ ပိတ်လိုက်တယ်ကြားတော့ တောင်ကြီးဘက်ရောက်နေတာဆိုတော့ နေ့စဉ်ပြေးဆွဲတဲ့ ယာဉ်လိုင်းတွေ ထွက်မထွက်တော့ မသိဘူး” ဟု ပြည်တွင်းခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ခရီးသွားရာသီဖြစ်သော်လည်း အဆိုပါသတင်းကြောင့် ပြည်တွင်း ခရီးသွားလုပ်ငန်းများက ချောင်းသာ-ငွေဆောင်ခရီးစဉ်များကို ရှောင်ပြီးခရီးစဉ်များရေးဆွဲနေသည့်အပြင် ကြိုတင်စီစဉ်ထားသော ခရီးသည်များကပင် ခရီးစဉ်များကို ပြန်လည်ပယ်ဖျက်မှုများရှိနေပြီး ငွေဆောင်ခရီးစဉ်ထက် ချောင်းသာခရီးစဉ်များအတွက် ပယ်ဖျက်မှုပိုများကြောင်း သိရသည်။

“အခုလောလောဆယ် Cancel ဖြစ်တဲ့ဟာတွေလည်း ရှိတယ်။ ပြည်တွင်းကဟာတွေကတော့ အချို့ Cancel လုပ်ကြတယ်။ အဓိကတော့ ဟိုတယ်တွေအပိုင်းမှာ ပိုပြီးတော့သိမှာပေါ့။ ခရီးသွားကုမ္ပဏီတွေအနေနဲ့ကတော့ Cancel တွေဖြစ်တယ်လို့ ကြားတယ်။ ဘယ်လောက်ပမာဏအထိ ဖြစ်တယ်ဆိုတာတော့ မသိရသေးဘူး။ ချောင်းသာထက်စာရင် ငွေဆောင်ကတော့ Cancel ဖြစ်တာနည်းတယ်။ နည်းနည်းပါးပါးလောက်ပဲဖြစ်တယ်” ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း နာယက ဦးနောင်းနောင်းဟန်က ပြောသည်။

ထို့ပြင် ချောင်းသာနှင့် ငွေဆောင်သို့ နေ့စဉ်ပြေးဆွဲပေးနေသည့် ယာဉ်လိုင်းအချို့မှာလည်း တစ်ရက်လျှင် ခရီးသည် သုံး၊ လေးဦးသာ သွားရောက်မှုရှိသဖြင့် ကားအသေးများဖြင့် လူပြည့်သည့်ရက်အထိစောင့်ကာ ခရီးစဉ်များ ပြေးဆွဲပေးနေရကြောင်း သိရသည်။

သို့သော် လက်ရှိတွင် ခရီးသွားများအနေဖြင့် စိုးရိမ်စိတ်များကြောင့် ယခု ခရီးသွားရာသီကာအတွင်း ချောင်းသာ၊ ငွေဆောင် ခရီးစဉ်များကို ရှောင်ပြီးအခြားခရီးစဉ်များကို ဦးစားပေး‌ရွေးချယ်နေသလို ပုံမှန်ခရီးသွားသည်ပင် သွားလာမှုနည်းလာခြင်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

နိုင်ငံရေးဆွေးနွေးမှု ဖြစ်ပေါ်လာရေး 7 EAO Alliance ဆွေးနွေး

ဇန်နဝါရီ ၁၄

သက်ဆိုင်သူ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာစေရေး တိုင်းရင်းသား လက်နက်ကိုင် (၇)ဖွဲ့၏ မဟာမိတ်အဖွဲ့ 7 EAO Alliance က အစည်းအဝေး တစ်ရပ် ကျင်းပ၍ ဆွေးနွေးခဲ့ကြသည်။

7 EAO Alliance သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၁၄ ရက်က အစည်းအဝေး ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပေါ်လာနိုင်မည့် နိုင်ငံရေး အခင်းအကျင်းနှင့်အညီ ဆောင်ရွက် နိုင်ရေး ကြိုတင်ပြင်ဆင်ထားရှိရေး၊ သက်ဆိုင်သူများ အားလုံးပါဝင်သော နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ် လာစေရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖော်ဆောင်ရေး၊ EAO များအတွင်း Coordination and Cooperation ပိုမို ရရှိ လာစေရေး၊ ပြည်တွင်းနိုင်ငံရေးဘောင် ချဲ့ထွင်ရေးလုပ်ငန်းစဉ်အား တိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။

7 EAO Alliance ကို တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ထိုးထားသည့် ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU)၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ(ALP)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ဒီမိုကရက်တစ် ကရင်အမျိုးသားတပ်မတော်(DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO) တို့ဖြင့် စုဖွဲ့ထားသည်။

#centralnewsnaypyitaw

image
1 y - Translate

စတောင်မဆော့ရသေးဘူး
ငါ့ကောင်တော့ အပြင်မှာပါရှယ်တီးခံနေရပြီ 🤣

ထိုင်းမုန့်တီသုပ် လွဟ်လွယ်ကူကူ သုပ်နည်း

- ထိုင်းမုန့်တီသုပ် သို့ မုန့်တီထောင်း -

- ပဲသီး ခရမ်းကြွပ်သီး သင်္ဘောသီး ခရမ်းချဉ်သီး
(နှစ်သက်ရာ) လှီးထားပါ

- ကြက်သွန်ဖြူ+မြေပဲ ( ကြိုက်ရင်ထည့်ပါ )

- ငရုတ်နီ ထောင့် ထန်းလျက် ကိုထောင်းထား ပြီးတော့
အရည်ပုံစံရစေရန် ထောင်းထားတာထဲ ရေနွေးအနည်းငယ်ထည့်
( ထိုင်းငပိရည်သုံး တာမကြိုက်သူများအတွက်ပါ )

ငံပြာရည် ပုဇွန်ခြောက်မှုန့် အချို မှုန့် သံပုရာရည် ထည့်ပြီး
အရည်ဖျော်ပါ။ ပြီးမှ မုန့်ဖတ်ထည့်ပြီး အသာလေးသုပ်ပေးပါ။

ဒါဆို ထိုင်းမုန့်တီသုပ် နှစ်သက်ရာနဲ့တွဲဖက်စားသုံးလို့ရပါပြီး ။
#crd

image
1 y - Translate

Stri k ing Res cue (2024)
================
သမီးနဲ့မိန်းမအတွက်ဘိန်းရာဇာဂိုဏ်းတစ်ခုလုံးကိုအမှုန့်ချေပစ်ခဲ့သူ.
ong bak မင်းသား တိုနာဂျားပါတဲ့ တရုတ် အက်ရှင် ရုပ်ရှင်အသစ်ပါ။
မွေ့ထိုင်းသမားနဲ့ တရုတ်သိုင်းသမားတွေတွေ့တာပေါ့။ဒါရိုက်တာကလည်း အက်ရှင်ဒါရိုက်တာ Siyu Cheng မို့အတိုက်အခိုက်ခန်းတွေ ကောင်းပါတယ်။
ဇာတ်လမ်းအကျဉ်း
+++++++++
ပိုင်အန်းဆိုတဲ့လူဟာ ဂိုထောင်ညစောင့်တစ်ယောက်ပါ။တစ်နေ့မှာ သူ့ရဲ့သမီးနဲ့မိန်းမကို ဘိန်းမှောင်ခိုဂိုဏ်းတစ်ခုကသတ်တာ ခံလိုက်ရယ်။ အဲဒီသတ်တဲ့လူတွေနောက်ကို လိုက်ရင်ဘိန်းမှောင်ခိုဂိုဏ်းခေါင်းဆောင်ကို သတ်နိုင်တဲ့အထိလိုက်ကြိုးစားပါတော့တယ်။ အဲဒီအချိန်မှာပဲ သူသတ်ရမဲ့သူရဲ့သမီးကို ကယ်ဖို့အကြောင်းဖန်လာပြီး သူနဲ့ ကလေးမလေးနဲ့နှစ်ယောက် အခြားရန်သူတွေလက်ကလည်းလွတ်အောင်ပြေးရင်းသူ့အဖေကို ကယ်ဖို့နဲ့ သတ်ဖို့ အတူတူကြိုးစားကြရပါတော့တယ်။
#credit

image
1 y - Translate

ဂျပန်ကလာတဲ့ သတင်းအချို့အရ Demon Slayer Infinity Caslte Arc Movie 3 ခုက 2 နှစ်ကို တစ်ကားသာထွက်မယ်လို့ကြားနေရပါတယ်။
Arc တစ်ခုအတွက်ကို 6 နှစ်လောက်အချိန်ယူမလို့လား မသိပါဘူး။ 🥲
AOT လိုပဲ မရရအောင် အရည်ညစ်တော့မှာလားပဲ။

image

hair style

1 y - Youtube

1 y - Translate

14 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,580
USD Sell - MMK 4,680
EUR Buy - MMK 4,680
EUR Sell - MMK 4,805
SGD Buy - MMK 3,280
SGD Sell - MMK 3,380
THB Buy - MMK 132.45
THB Sell - MMK 136.05
JPY Buy - MMK 28.95
JPY Sell - MMK 29.73
MYR Buy - MMK 1,010
MYR Sell - MMK 1,040
CNY Buy - MMK 622
CNY Sell - MMK 639

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,210,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,600,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image