Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
" အရိုးအဆစ်နာကျင်ခြင်းကို သဘာဝအတိုင်း အလွယ်တကူ ဖယ်ရှားနိုင်မယ့် နည်းလမ်းကောင်း "
#အရိုးအဆစ်နာကျင်ခြင်းသည် လူအများကြားတွင် အဖြစ်များသော ရောဂါဝေဒနာတစ်ခု ဖြစ်ပါတယ်။ အရိုးအဆစ်နာကျင်ခြင်းက အလွန်မသက်မသာဖြစ်စေပြီး အနည်းဆုံး စိတ်အနှောက်အယှက်လည်း ဖြစ်နိုင်ပါတယ်။
အဓိက အကြောင်းအရင်းကတော့ ထိခိုက်မိခြင်းနှင့် အရိုးအဆစ် ယောင်ယမ်းခြင်းကြောင့်ဖြစ်ပါတယ်။ ဒီလိုအရိုးအဆစ် နာကျင်ခြင်းဖြစ်လာတဲ့အခါ ငွေကြေးကုန်ကျမှုမရှိတဲ့ သဘာဝဆေးနည်းလေးနဲ့ ကုသနိုင်ပါတယ်။
ဂေါ်ဖီထုပ်ဟာ ကျန်းမာပြီး အရသာရှိတဲ့ ဟင်းသီးဟင်းရွက် ဖြစ်ပါတယ်။ ဂေါ်ဖီထုပ်ကို စားသုံးတာကအကျိုးကျေးဇူးတွေ အများကြီး ရရှိစေပါတယ်။
#ဂေါ်ဖီထုပ်မှာ အင်တီအောက်ဆီဒင့်၊ အိုင်းယွန်း၊ ပိုတက်စီယမ်နှင့် မြောက်မြားစွာသော ဗီတာမင်တွေ အများကြီးပါဝင်ပါတယ်။ သွေးနဲ့ပတ်သတ်တဲ့ အဆိပ်ကိုလည်း ဖြေပေးနိုင်ပြီး အဆစ်ရောင်ခြင်းကိုလည်း သက်သာစေပါတယ်။
အရေပြားကို နုပျိုစေပြီး ဝက်ခြံတွေကို ဖယ်ရှားပေးပါတယ်။ psoriases၊ နှင်းခူနှင့် အကောင်ကိုက်ခြင်းကဲ့သို့ တခြားအရေပြားဝေဒနာတွေကိုလည်း သက်သာစေပါတယ်။
ဂေါ်ဖီထုပ်အမျိုးမျိုးမှာ မတူညီတဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ အစိမ်းရောင်ဂေါ်ဖီထုပ်ကို ဥပမာ များသောအားဖြင့် အသုပ်နှင့် ဟင်းအရံအဖြစ် ထည့်သွင်းကြပါတယ်။ ဒါက ခန္ဓာကိုယ်အတွက် ဗီတာမင်အများကြီး ပေးပါတယ်။
#အနီရောင်ဂေါ်ဖီထုပ်က ငရုပ်ကောင်းအရသာ အနည်းငယ်ရှိပြီး ခန္ဓာကိုယ်ကို အာဟာရတစ်ချို့ ပေးပါတယ်။Wombok လို့ခေါ်တဲ့ တရုတ်ဂေါ်ဖီထုပ်က ခန္ဓာကိုယ်အတွက် အလွန်အကျိုးရှိပြီး အဆစ်နာကျင်မှုအတွက် ကုသ၊ ကာကွယ်နိုင်ပါတယ်။
အရိုးအဆစ်နာကျင်မှုကို သက်သာစေဖို့ အတွက် လိုအပ်တာကတော့ ဂေါ်ဖီထုပ်(အကောင်းဆုံးကတော့ အောဂဲနစ်အနီရောင် ဂေါ်ဖီထုပ်ဖြစ်ပါတယ်)၊ အလူမီနီယမ် သတ္တုပါး (Aluminum foil)၊ စည်းနှောင်စရာပတ်တီး။
ဘယ်လိုလုပ်မလဲ – ၁။ ဂေါ်ဖီထုပ်၏ အပြင်အရွက်တစ်ခုကို ရေဖြင့် ဆေးကြောပါ။ ခြောက်သွေ့အောင်ထားပါ။ မာတဲ့ ပင်စည်တွေကို ဖယ်ရှားပါ။
၂။ ဂေါ်ဖီက ကြွပ်နေရင် လိပ်လို့အဆင်မပြေတာကြောင့် အနည်းငယ်နွမ်းသွားအောင် အရွက်ပေါ်မှာ ပုလင်းကဲ့သို့ လှိမ့်စရာတစ်ခုခုနှင့် လှိမ့်ပေးပါ။ ဒါမှမဟုတ် နွေးသွားအောင် မီးဖိုပေါ်မှာ ခဏထားပေးပါ။ ပြီးနောက် Aluminum foil ထဲမှာ ဖြန့်ပြီး နာကျင်နေတဲ့ နေရာပေါ်မှာ ပတ်ပေးပါ။
ပြီးမှ အပေါ်က ပတ်တီးတစ်ခုနှင့် ထပ်ပတ်ပေးပါ။ နာကျင်မှု သက်သာသွားတဲ့အထိ ပတ်ပေးထားလို့ ရပါတယ်။ ထိုသက်ရောက်မှုက #ချက်ချင်းနီးပါးကို ဝေဒနာကို သက်သာစေပါတယ်။
ပြန်လည်မျှဝေပါသည်