1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

image
1 y - Translate

SCORPIONES

imageimage
+6

ဂါဇာစစ်ပွဲ အပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးသဘောတူညီချက် မကြာခင် အပြီးသတ်ဖွယ်ရှိ

ဝါရှင်တန်၊ ဇန်နဝါရီ ၁၄

အစ္စရေးနဲ့ ဟားမတ်စ်တို့အကြား ဂါဇာစစ်ပွဲအပစ်ရပ်ရေးနဲ့ ဓါးစာခံလွတ်မြောက်ရေး သဘောတူညီချက်ကို အပြီးသတ်ဆွေးနွေးနေပြီလို့ ဆွေးနွေးမှုကိုသိရှိတဲ့ ပါလက်စတိုင်းတာဝန်ရှိသူတယောက်က ပြောပါတယ်။

ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး သဘောတူညီချက်တခုအကောင်အထည်ပေါ်ဖို့ နီးစပ်လာနေပြီး အမေရိကန်အစိုးရအနေနဲ့ ဒီကိစ္စအပေါ် အရေးတကြီး လုပ်ဆောင်နေတယ်လို့ သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြာဆိုပြီးနောက် ခုလိုသတင်းထွက်လာတာဖြစ်ပါတယ်။

အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ဂါဇာစစ်ပွဲအဆုံးသတ်ရေးနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအပြင် ကာတာခေါင်းဆောင်နဲ့လည်း ပြီးခဲ့တဲ့နေ့က တယ်လီဖုန်းဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။

အပစ်ရပ်စဲရေးနဲ့ ဓါးစာခံလွတ်မြောက်ရေးအတွက် အဆင့်မြင့်ဆွေးနွေးပွဲတွေ လုပ်ဆောင်နေပြီး နာရီအနည်းငယ်၊ ရက်အနည်းငယ်အတွင်း အပစ်အခတ်ရပ်စဲရေး ရရှိနိုင်တယ်လို့ ပါလက်စတိုင်း တာဝန်ရှိသူက ဆိုပါတယ်။

သဘောတူညီချက်ပထမနေ့မှာ ဟားမတ်စ်တို့ဟာ ဓါးစာခံသုံးယောက်ကို လွှတ်ပေးဖို့နဲ့ နောက်ပိုင်းမှာ လူနေထူထပ်တဲ့ဒေသတွေ့နေ အစ္စရေးတပ်တွေ ရုပ်သိမ်းရမှာဖြစ်ပါတယ်။ ခုနှစ်ရက်အကြာမှာတော့ ဟားမတ်စ်တို့က နောက်ထပ်ဓါးစာခံလေးယောက်ကို လွှတ်ပေးမှာဖြစ်ပြီး အစ္စရေးကလည်း ဂါဇာတောင်ပိုင်းက ဒုက္ခသည်တွေကို ကမ်းရိုးတန်းလမ်းကြောင်းနေတဆင့် မြောက်ပိုင်းကို ခြေလျင်ပြန်ခွင့်ပေးမှာဖြစ်ပါတယ်။

သဘောတူညီချက် ပထမအဆင့်မှာတော့ အစ္စရေးတပ်တွေဟာ ဖီလာဒယ်ဖီးယား စင်္ကြံဆက်လက်ထားရှိဖို့နဲ့အရှေ့ဘက် ၊ မြောက်ဘက်နယ်စပ်တွေမှာ မီတာ ၈၀၀ ကြားခံဇုန်ထားရှိဖို့တွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဆွေးနွေးမှုတွေအရ အစ္စရေးဟာ ထောင် ၁၅ နှစ်အထက်ကျခံနေတဲ့ အကျဉ်းသား ၁၉၀ အပါအဝင် ပါလက်စတိုင်းအကျဉ်းသား ၁၀၀၀ ကိုလွှတ်ပေးမှာဖြစ်သလို ဟားမတ်စ်တို့ကလည်း ကျန်ရှိနေတဲ့ ဓါးစာခံ ၃၄ ယောက်ကို ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။

အပစ်အခတ်ရပ်စဲရေး ဒုတိယအဆင့်နဲ့ တတိတအဆင့်ဆွေးနွေးမှုတွေကို အပစ်ရပ် ၁၆ ရက်မြောက်နေ့မှာ စတင်မှာဖြစ်တယ်လို့ ပါလက်စတိုင်းတာဝန်ရှိသူက ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒင်၏ အစိုးရသက်တမ်းမကုန်ဆုံးမီ နောက်ဆုံးသီတင်းပတ်မှာ သဘောတူညီချက်အဆုံးသတ်ရရှိနိုင်တယ်လို့ အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်ကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Getty Images

#သတင်းဟင်းလေးအိုးကြီး

image