တောင်ကိုရီးယားမင်းသား ဂေါင်ရိုးနဲ့ ဆောင်းဟေကို ဒရာမာအသစ်မှာ တွဲဖက်ပါဝင်မည်

ဇန်နဝါရီ ၁၄

တောင်ကိုရီးယား နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်ကြတဲ့ မင်းသမီး ဆောင်းဟေကိုနဲ့ မင်းသား ဂေါင်ရိုးကို ဒရာမာ ဇာတ်လမ်းသစ်မှာ နှစ်ယောက်တွဲ မြင်တွေ့ရမယ်လို့ သိရပါတယ်။

ဇာတ်လမ်းနာမည်ကတော့ “Slowly but Intensely” ဖြစ်ပြီး ဇန်နဝါရီ ၁၂ ရက်မှာ တရားဝင် စတင်ရိုက်ကူးနေပြီဖြစ်တယ်လို့ သိရပါတယ်။ "Slowly but Intensely” ဇာတ်ကားကို ယခင် "It's Okay, That’s Love,” “Dear My Friends,” “Our Blues” စတဲ့ နာမည်ကြီး ဇာတ်ကားတွေကို ရေးသားခဲ့သူ စာရေးဆရာ နော့ဟီးကွမ်က ဇာတ်ညွှန်းရေးသားထားတာဖြစ်ပြီး ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ် အချိန်ကာလရဲ့ဇာတ်လမ်းကို အခြေတည်ထားတယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ ဆောင်းဟေကိုက ဒီဒရာမာအတွက် ပြင်ဆင်မှုဖြစ်တဲ့ ဆံပင်အတိုကို ချပြထားပါတယ်။ မင်းသား ဂေါင်ရိုးဟာလည်း "Slowly but Intensely” ဇာတ်ကားအတွက် ဒါရိုက်တာ လီယွန်ဂျန်နဲ့ တွေ့ဆုံနေတယ်လို့ သိရပါတယ်။ ဇာတ်လမ်းကတော့ ၂၀၂၅ ခုနှစ်အတွင်းထွက်ရှိမှာဖြစ်ပြီး ဘယ်ရက်ထွက်ရှိမယ်ဆိုတာတော့ မသိရသေးပါဘူး။

Credit - MP News Agency

#သတင်းဟင်းလေးအိုးကြီး

image

1 နှစ် - ဘာသာပြန်ပါ။

ပဲခူးမြို့တွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသည့် Main မှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား

ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်၊ ကလျာဏီ(၅)လမ်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထား သည့် Main မှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့ဇန်နဝါရီလ ၁၄ ရက် နံနက်အစောပိုင်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ပဲခူးတိုင်း မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁) စီး၊ မီးသတ်ရေယာဉ်(၁) စီး၊ ပဲခူးတိုင်းခရိုင်မီးသတ်စခန်းမှ မီးငြှိမ်း သတ်ယာဉ်(၁) စီး၊ မီးသတ်ရေသယ်ယာဉ်(၁) စီး၊ ပဲခူးတိုင်းမြို့နယ်မီးသတ်စခန်းမှ အထောက်အကူပြုယာဉ်(၁) စီး၊ မီးငြိမ်းသတ်ယာဉ်(၁) စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လူမှုကူညီရေး အသင်းတို့မှ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

“ခြံဝန်းထဲက သစ်သားအိမ်နှစ်အိမ်လုံးလောင်တာ။ နောက်ကအိမ်ကနေစလောင်တာ။ အဲ့အိမ်က ရေခဲသေတ္တာ သွယ်ထားတဲ့ မိန်းထုတ်အပူလွန်ပြီး လောင်တာ။ ပြီးတော့ အဲ့အိမ်ကလူတွေကခရီးထွက်နေတာ။ မီးလောင် တော့ အဲ့ဒီခြံထဲက သစ်သားအိမ်နှစ်လုံးစလုံးပြာကျသွားတယ်။ မီးက ဘေးခြံက အိမ်ကိုတော့နည်းနည်းလောင် သွားသေးတယ်” လို့ မြေပြင်အားသွားရောက်ကူညီသည့် မြို့ခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါမီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်းလည်း သိရသည်။

#centralnewsnaypyitaw

imageimage
+4
1 နှစ် - ဘာသာပြန်ပါ။

အလုပ်ဝင်နေရသော်လည်း
ရေသည်ပြဇာတ် မှ စာတွေ အတွေးဝင်လာသောအခါ

image
1 နှစ် - ဘာသာပြန်ပါ။

ကိုယ့်အတွက်တော့ 'မေ'ဟာ ဘဝတစ်ခုလုံးကို
ရင်းပြီးချစ်မြတ်နိုးခဲ့ရတဲ့သူပဲ ။ နာမည်လေး
တစ်ဖွဖွခေါ်နိုင်ဖို့ အပြုံးလေးတစ်ခဏမြင်တွေ့
ဖို့တောင် ရှိရှိသမျှနဲ့လဲရတဲ့တစ်ဦးတည်းသော
သူ ။ 'မေ'ချစ်တယ်လို့မပြောခင်ထဲက
ကိုယ်က'မေ့'ကိုချစ်မိနေခဲ့တာ ။ 'မေ့'ရဲ့တစ်နေ့တာလေးတွေကို ခိုးခိုးကြည့်ခဲ့ရတဲ့ကောင်လေးပေါ့ …..
ချစ်ခြင်းမေတ္တာတွေ ထပ်တူကျခဲ့တဲ့နေ့လေးကို
မှတ်မိနေပါသေးတယ် ။ 'မေ့'အပြုံးချိုချိုလေးတွေအောက်မှာ အရာအားလုံးကိုစတေးခဲ့တဲ့နေ့ပေါ့ ..ရုန်းလည်းမထွက်ချင်ခဲ့ဘူး ။ ပြေးလို့လည်းမလွတ်ချင်ခဲ့ဘူး ။ အမှားဆိုလည်းခံယူပါမယ် ။
ဝဋ်ကြွေးဆိုလည်းကျေအောင်ဆပ်ပါ့မယ် ။
ဆုံတွေ့ခွင့်ရခဲ့တာကိုပဲ ကျေနပ်မိတယ် ။
ကိုယ်ရဲ့ဒုက္ခလှလှလေးကိုပြပါဆိုရင်တော့
'မေ့'မျက်ဝန်းညိုတွေပေါ့ ..
#စာရယ်ကဗျာရယ်

1 နှစ် - ဘာသာပြန်ပါ။

“Success is walking from failure to failure with no loss of enthusiasm.”
_Winston Churchill

1 နှစ် - ဘာသာပြန်ပါ။

မိဘပံ့ပိုးမှုမပါပဲ Facebook ကရတဲ့ဝင်ငွေနဲ့ ကမ္ဘာပတ်နေတဲ့ Travel Blogger ချမ်း
#celestarmedia
#celebritynews
#crd

image
1 နှစ် - ဘာသာပြန်ပါ။

Feel the music

image
Thaw Zin Soe မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

လူကုန်ကူးမှုများကြောင့် ဟောင်ကောင်က ထိုင်းသို့ အထူးတပ်ဖွဲ့စေလွှတ်

ဟောင်ကောင်၊ ဇန်နဝါရီ ၁၄

ဟောင်ကောင်ဒေသခံများသည် ထိုင်းနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံများတွင် လူကုန်ကူးပြီး အတင်း အဓမ္မ အလုပ်စေခိုင်း ခံခဲ့ရသည့် သတင်းများ ထွက်ပေါ်လာခဲ့ပြီးနောက် ဟောင်ကောင်သည် အထူးတပ်ဖွဲ့တစ်ဖွဲ့ ကို ထိုင်းနိုင်ငံသို့ စေလွှတ်ပြီး ဖြန့်ကြက်ချထားခဲ့ကြောင်း Thai PBS World မှ ဖော်ပြခဲ့သည်။

လုံခြုံရေးဗျူရို (S တပ်ဖွဲ့ဝင်များသည် ထိုင်းနိုင်ငံရှိ တရုတ်သံရုံးမှ အရာရှိများ၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိများ အပါအဝင် ထိုင်းကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ခဲ့သည်ဟု Hong Kong Free Press က ဇန်နဝါရီ ၁၂ ရက်တွင် ဖော်ပြခဲ့သည်။

ပြီခဲ့သည့် နှစ်လယ်ပိုင်းကတည်းက ဟောင်ကောင်အာဏာပိုင်များသည် အကူအညီ တောင်းခံသည့် တောင်းဆို ချက် ၂၈ ခုကို လက်ခံရရှိခဲ့ကြောင်း ဇန်နဝါရီ ၁၂ ရက်က ထုတ်ပြန်ခဲ့သည်။

ထိုဖြစ်စဉ်များအနက် လူ ၁၆ ဦးသည် ဟောင်ကောင်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး ကျန် ၁၂ ဦးသည် ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ၎င်းတို့သည် ဘေးကင်းလုံခြုံပြီး မိသားစုနှင့် အဆက်အသွယ် ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

ထိုအမှုများနှင့်ပတ်သက်ပြီး ဟောင်ကောင်၏ SB အရာရှိများ ဟောင်ကောင်ရဲတပ်ဖွဲ့ ကိုယ်စားလှယ်များနှင့် လူဝင်မှုကြီးကြပ်ရေးဌာနမှ အရာရှိများသည် ထိုင်းသို့ ဇန်နဝါရီ ၁၂ ရက်တွင် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

လူမှောင်ခို ကူးခံရသူများအနက် တစ်ဦး၏ မိသားစုကမူ ကယ်လ်ဗင် (Kelvin) အမည်ရှိ ၎င်းတို့၏ မိသားစုဝင် တစ်ဦးသည် မြန်မာနိုင်ငံ၏ စိုက်ခင်းတစ်ခုတွင် အလုပ်လုပ်ရမည်ဟု လိမ်ညာ ခေါ်ဆောင်ခံခဲ့ရသည်ဟု ပြောကြားခဲ့သည်။

မကြာသေးမီက ထိုင်း-မြန်မာ နယ်စပ်တွင် တရုတ်သရုပ်ဆောင်မင်းသား ဝမ်ရှင်း (Wang Xing) ကို ပြန်လည် ကယ်တင်နိုင်ခဲ့ပြီးနောက် ကယ်လ်ဗင်သည် ၎င်းအား ကယ်ထုတ်ပေးရန် ဟောင်ကောင်ရှိ ထိုင်းကောင်စစ်ဝန်ရုံးထံ အသနားခံလျှောက်ထားခဲ့သည်။

တရုတ်မင်းသား ဝမ်အား ကယ်တင်နိုင်ခဲ့မှုသည် တရုတ်အာဏာပိုင်များ အနေဖြင့် လူကုန်ကူးခံခဲ့ရသည့် တရုတ် နိုင်ငံသားများကို ပြန်လည် ကယ်တင်နိုင်စွမ်းရှိသည်ကို ပြသရာရောက်ကြောင်း နစ်နာသူများ၏ မိသားစုများက ယုံကြည်ထားကြသည်။

Source: Thai PBS World

ပုံ - လူကုန်ကူးခံရတဲ့ တရုတ်မင်းသား ဝမ်ရှင်းကို ထိုင်းရဲက ကယ်ထုတ်လာစဉ်

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

The Paradise Of Thorns (2024)
ပရိတ်သတ်တွေစောင့်မျှော်နေသောရုပ်ရှင်ဇာတ်ကားကြီးထွက်ရှိလို့လာပါပီ
မင်းသားချော Jeff Satur နဲ့ နာမည်ကြီးမင်းသမီး Engfa Waraha တို့ပါဝင်ထားတဲ့
ရုပ်ရှင်ဇာတ်ကားကြီး ထွက်ရှိလာပါပြီ...မထွက်ခင်ကတည်းက ပရိသတ်တွေ မျှော်လင့်နေကြတဲ့
ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး Thriller / Drama အမျိုးအစားဖြစ်လို့ ရင်တဖိုဖိုနဲ့ ရှုစားရမှာဖြစ်ပါတယ်...
ဇာတ်လမ်းအကျဉ်း
--------------
တရားဝင် လက်မထပ်ရသေးတဲ့ ဆက်နဲ့ထုန်ခမ်ဆိုတဲ့ လိင်တူအတွဲလေးက နှစ်ကိုယ်တူ ဘဝစတင်ဖို့အတွက်
ကြိုးစားပြီး အိမ်ဆောက် ခြံဝယ်နဲ့ ဒူးရင်းသီးစိုက်ပြီး ဒူးရင်းခြံစီးပွားရေးကို စလုပ်ခဲ့ကြပါတယ်...
ဒါပေမဲ့ ဆက်ဆုံးပါးသွားချိန်မှာတော့ ဆက်ရဲ့မိသားစုတွေက သူတို့အတွဲ နှစ်ကိုယ်တူကြိုးစားရှာဖွေခဲ့ရတဲ့ပိုင်ဆိုင်မှုတွေကို
တရားဝင်လက်ထပ်ထားတာမရှိလို့ ဆိုတဲ့အကြောင်းပြချက်နဲ့ လက်ဝါးကြီးအုပ်ပါတော့တယ်...
အသက်ရှင်ကျန်ခဲ့တဲ့ ထုန်ခမ်ကလည်း သူနဲ့ဆက်တို့ကြိုးစားခဲ့ရတဲ့ ပိုင်ဆိုင်မှုတွေပြန်ရဖို့ကြိုးစားရုန်းကန်ရင်း
ဘယ်လိုအခက်အခဲတွေနဲ့ကြုံရမလဲဆိုတာမျိုးကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဗျ....
#movie

image