14 w - Translate

The Demon Disorder (2024)

တစ်ကားလုံး အူတွေအသည်းတွေယားပြီး ကြည့်ရှုရမဲ့‌ သွေးထွက်သံယိုသည်း ထိပ်ရင်ဖိုဇာတ်ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားနာမည်က The Demon Disorder ဖြစ်ပြီး လက်ရှိ

IMDb Rating 5.0 အထိရရှိထားပါတယ်။

ဒီဇာတ်လမ်းရဲ့သည်းထိပ်ရင်ဖိုအမျိုးအစားက သရဲတွေလိုမျိုး

မဟုတ်ဘဲ မကောင်းဆိုးဝါး ကပ်ပါးကောင်းပုံစံမျိုးဖြစ်ပါတယ်။ပျင်းလည်းပျင်း Horror ကားလည်းတောင့်တနေတယ်ဆိုရင်တော့

ဒီကားလေးကိုကြည့်ဖို့ညွှန်းပေးလိုက်ချင်ပါတယ်။

image
14 w - Translate

Fireworks (2017)

💙❤️‍🔥 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

❤️‍🔥💙 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1744

image
14 w - Translate

Passengers
2016 ‧ Romance/Sci-fi ‧ 1h 56m

Avalon အာကာသယာဉ်ကြီးဟာ ခရီးသည် ၅ထောင်ကျော်နဲ့ အတူ ယာဉ်ဝန်ထမ်း ၂၅၈ ယောက်ကို သယ်ဆောင်ပီး ဂြိုလ်အသစ် Homestead II ဆီသိုပျံသန်းလာခဲ့ပါတယ်။ ကမ္ဘာမြေကနေ Homestead II ဆီသို ပျံသန်းချိန်ဟာ နှစ်ပေါင်း ၁၂၀ ကြာမြင့်မှာဖြစ်ပါတယ်။ ယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ သူအားလုံးဟာ Hibernation Pod လိုခေါ်တဲ့ အသက်အရွယ် အိုမင်းခြင်းမရှိဘဲ အိပ်စက်နေရတဲ့ ဖန်ပေါင်းချောင် တွေထဲမှာအိပ်စက်ရင်းလိုက်ပါနေကြတာဖြစ်ပါတယ် ( Hibernation Pod တွေကို Avator ဇာတ်ကားထဲမှာလည်းတွေ့ဖူးကြမှာပါ) ဒီလိုလိုက်ပါလာရင်း နှစ်ပေါင်း ၃၀ အကြာမှာတော့ Jim Preston ဆိုတဲ့ mechanical engineer တစ်ယောက် ဟာ Hibernation Pod ထဲကနေ စက်ချိုယွင်းပီး နိုးလာပါတယ်။ ယာဉ်တစ်ခုလုံးမှာ သူတယောက်ထဲသာ နိုးလာခြင်းဖြစ်ပီး Homestead II သိုရောက်ရှိဖို နှစ်ပေါင်း ၉၀ကျန်နေပါသေးတယ်။ Hibernation Pod ကိုပြင်ပီး ပြန်အိပ်စက်ဖို သူကြိုးစားပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ ယာဉ်ဝန်ထမ်းတွေကို နှိးပီးအကူအညီ ယူဖိုကလည်း သူတိုတွေ အိပ်စက်နေတဲ့ အခန်းတွေကို သာမန်ခရီးသည်တဦးက ဝင်ရောက်ခွင့်မရှိတဲအတွက် Jim အခက်တွေ့ရပြန်ပါတယ်။ယာဉ်တခုလုံး အဖော်ပြုစရာဆိုလို Arthur ဆိုတဲ့ ဘားကောင်တာကစက်ရုပ်တစ်ရုပ်ဘဲရှိပါတယ်။

ဒီလိုနဲ့ Jim တစ်ယောက် ယာဉ်ပေါ်မှာရှိတဲ့ ကစားစရာတွေကစားရင်း စားစရာတွေစားရင်း နေလာလိုက်တာ တစ်နှစ်ရှိသွားခဲ့ပါတယ်။ အထီးကျန်မှုကို မခံစားနိုင်လို သူ့ကိုယ်သူ သတ်သေဖိုလည်းတွေးမိခဲ့ပါသေးတယ်။ တစ်ရက်မှာတော့ အမှတ်မထင်ဘဲ Aurora ဆိုတဲ့လှပချောမောတဲ့မိန်းကလေးတစ်ယောက်ရဲ့ Hibernation Pod ကို Jim တွေ့သွားပါတယ်။ သူမရဲ့ Video file ကို ပြန်ကြည့်မိတဲ့အခါမှာတော့ သူမဟာ စာရေးဆရာမတစ်ယောက်ဖြစ်ပီး ဂြိုလ်အသစ်နဲ့ စတင်မယ့် လူတွေအကြောင်း စာအုပ်ရေးသားဖို လိုက်ပါလာတဲ့သူ ဖြစ်နေပါတယ်။ အထီးကျန်နေတဲ့ Jim အတွက် သူစွဲလန်းသွားတဲ့ မိန်းကလေး Aurora ကို နှိးလိုက်ရင် ကောင်းမလား မကောင်းဘူးလားဝေခွဲမရဖြစ်နေရာကနေ နောက်ဆုံးမှာတော့ Aurora ကို နှိးလိုက်ပါတယ်။ Aurora ကိုတော့ သူမရဲ့ စက်ဟာ သူ့စက်လို ချိုယွင်းပီး နိုးလာတာလိုဘဲ အသိပေးခဲ့တာပါ။တကယ်တော့ သူတိုနှစ်ယောက်ဟာ Hibernation Sleep ကိုပြန်မသွားနိုင်ရင် ကျန်ရှိတဲ့ နှစ်ပေါင်း ၈၉နှစ်ကို ဒီယာဉ်ကြီးပေါ်မှာသာ ကုန်ဆုံးရတော့မှာပါ။ Aurora တစ်ယောက် သူ့ကို Jim က ရည်ရွယ်ချက်ရှိရှိနဲ့ နှိးခဲ့တာ သိသွားခဲ့ရင် Jim ကို ခွင့်လွှတ်နိုင်ပါ့မလား….သူတိုတွေ Hiberbnation Sleep ကိုပြန်သွားနိုင်မှာလား ဒါမှမဟုတ် ကျန်ရှိတဲ့ နှစ်တွေကို ယာဉ်ပေါ်မှာ ဘယ်လိုကုန်ဆုံးကြမလဲ…..
Jim အဖြစ် မင်းသား Chris Pratt ကသရုပ်ဆောင်ထားပီး Aurora အဖြစ် Jennifer Lawrence က သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကတော့ 2014 တုန်းက The Imitation Game နဲ့ Oscar ဆုရာထားခံခဲ့ရတဲ့ Morten Tyldum ဖြစ်ပါတယ်။ Passenger ဟာ Sci-Fi ဇာတ်ကားဆိုပေမဲ့ လူသား နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာပေါ် အခြေ ခံထားပါတယ်။ ဇာတ်ကားကို ကြည့်ရင်းနဲ့ Avalon ယာဉ်ပျံကြီးကို စိတ်မဝင်စားတော့ဘဲ Jim နဲ့ Aurora ရဲ့ အချစ်ဇာတ်လမ်းကို ပိုအာရုံရောက်လာစေပါတယ်။ Titanic နဲ့ Wall-E ပေါင်းထားတဲ့ ပုံစံမျိုးကို ခံစားမိမှာပါ။
Jim ဘက်ကကြည့်ရင် Aurora ကို နှိးလိုက်ခြင်းဟာ သူအသက်ဆက်ရှင်သန်ဖို မျှော်လင့်ချက်ဖြစ်ပီး Aurora ဘက်ကကြည့်ရင်တော့ သူမကိုနှိးလိုက်ခြင်းဟာ သူမဘဝကို အဆုံးသတ်လိုက်ခြင်းဖြစ်နေပါတယ်။ သူတို နှစ်ယောက် တွေ့ဆုံမှုဟာ ကံကြမ္မာကြောင့်ဖြစ်လာခဲ့တယ်လိုပြောရင် သင်ယုံမလား…အကယ်၍ Jim သာ Hibernation Sleep ကနေ စက်ချိုယွင်းပီး မနှိးထခဲ့ရင်………

image
14 w - Translate

Our Seven Days War (Bokura no 7 Days War) (2019)

💬😎 ဇာတ်ကားကြည့်ရန် ချန်နယ် အရင်Joinပါ 👇

https://t.me/+nqhhs6tGKeRjZjA1

😎💬 ဇာတ်ကားကြည့်ရန်နှိပ်ပါ 👇

https://t.me/c/2088510221/1736

image
14 w - Translate

0️⃣ငှက်တွေကြောင့် ပျက်စီးသွားတဲ့ လေယာဉ်ကို ကယ်တင်ခဲ့တဲ့ လေယာဉ််မှုးကြီးရဲ့ ဖြစ်ရပ်မှန်ရုပ်ရှင်

Sully
2016 ‧ Drama ‧ 1h 36m

ဒီဇာတ်ကားက ၂၀၀၉ ခုနှစ် တစ်လပိုင်းက ဖြစ်ပျက်ခဲ့တဲ့ မြစ်ထဲကို လေယာဉ်ပျက်ကျမှုဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။ ထူးခြားမှုကတော့ လေယာဉ်ပေါ်က လူ ၁၅၅ ယောက်လုံးအသက်ရှင်နိုင်ခဲ့တာပါပဲ။ ဒီဇာတ်ကားမှာ မင်းသားကြီး တွမ်ဟန့်ခ်က အမေရိကန်ရဲ့ သူရဲကောင်းတစ်ယောက်ဖြစ်လာတဲ့ ပိုင်းလော့ကြီးနေရာကနေ သရုပ်ဆောင်ထားပါတယ်။ မြစ်ထဲကို လူအသေအပျောက်မရှိထိုးဆင်းနိုင်ခဲ့လို တကယ်ချီးကျူးစရာဖြစ်ခဲ့သလို ၂၄ မိနစ်အတွင်း သင်္ဘောတွေ လေယာဉ်တွေနဲ့ ကယ်ဆယ်ရေး လူ၁၀၀၀ ကျော်စုစည်းပြီး အားလုံးကို ကယ်တင်နိုင်ခဲ့တဲ့ နိုင်ငံရဲ့စီမံခန့်ခွဲမှုကလည်း အံသြစရာတစ်ခုလို ပြောသင့်တယ်ထင်ပါတယ်။
IMDb rating 7.8 ရထားတဲ့ဒီဇာတ်လမ်းမှာ အားလုံးက သူရဲကောင်းလိုသတ်မှတ်ထားတဲ့ ပိုင်းလော့ကြီးရဲ့ လေယာဉ်ဆင်းသက်ခဲ့ပြီး နောက်ဆက်တွဲပြဿနာနဲ့ လေယာဉ်ပေါ်က အကြောင်းအရာတွေကို ပေါင်းစပ်ပြီးပြသထားတာပါ။ ပြဿနာကတော့ လေယာဉ်ကိုစစ်ဆေးတဲ့ အင်ဂျင်ပိုင်းဆိုင်ရာ ပညာရှင်တွေနဲ့ ကွန်ပြူတာအချက်အလက်တွေက လေယာဉ်ဟာ မြစ်ထဲထိုးဆင်းစရာမလိုဘဲ လေဆိပ်ကိုအရောက်ပျံသန်းနိုင်တယ်လို ညွှန်ပြပြီး ပိုင်းလော့ကို အာမခံကုမ္မဏီက တရားခံရှာဖိုကြိုးစားလာတာပါပဲ။ ဆူလီဟာ သူရဲကောင်းတစ်ယောက်လား အားလုံးကိုအန္တရာယ်ကျရောက်စေတဲ့ ဆုံးဖြတ်ချက်မှားယွင်းသူလား? ဆူလီတစ်ယောက် သူ့အတွေ့အကြုံနဲ့ဆုံးဖြတ်ချက်ဟာ ကွန်ပြူတာတွေ ပညာရှင်တွေရဲ့ သီအိုရီတွေထက် ပိုမှန်ကန်လားဆိုတာ သက်သေပြနိုင်ဖို……

image
14 w - Translate

ငလျင်ဒဏ်ခံစားခဲ့ရတဲ့ အင်းလေးက ရွာ ၄ ရွာကို ကူညီကယ်ဆယ်ရေးပြုလုပ်ခဲ့တဲ့ နန္ဒစိုင်း
အဆိုတော် နန္ဒစိုင်းက ငလျင်ဘေးဒဏ်သင့်ခဲ့တဲ့ အင်းလေးဒေသက ရွာလေးရွာကို ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့ပါတယ်။ အခြေခံလိုအပ်တဲ့ ဖျာ၊ ရေသန့် နဲ့ ဆန်အိတ်တွေကိုလှူဒါန်းခဲ့ပြီး အားလုံးကိုလည်း ဝိုင်းဝန်းလှူဒါန်းနိုင်ဖို့ တိုက်တွန်းခဲ့ပါသေးတယ်။ မြန်မာပြည်အလယ်ပိုင်းမှာ အဆိုးဝါးဆုံးပျက်စီးခဲ့တဲ့ ငလျင်ဘေးဒဏ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူတွေ အများအပြားပဲရှိခဲ့ပါတယ်။

image
14 w - Translate

မီးဖွားပြီး ၂ ရက်အကြာမှာ ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားလှတဲ့ ငလျင်ဘေးအတွက် ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့တဲ့ နီနီခင်ဇော် 🥹
အဆိုတော် နီနီခင်ဇော်က သွေးနုသားနုအချိန်မှာ ကြားသိကြုံတွေ့လိုက်ရတဲ့ ဆိုးရွားလှတဲ့ ငလျင်ဘေးဒဏ်ကြောင့် စိတ်ထိခိုက်ကြေကွဲနေတာပါ။ မီးဖွားပြီးခါစဖြစ်တာမို့ Social Media တွေလည်း မသုံးဖြစ်သေးတဲ့အချိန်မှာ ဖြစ်ပေါ်ခဲ့တာပါ။ ကလေးမွေးထားလို့ သူမကိုယ်တိုင်သွားရောက်မကူညီနိုင်ပေမယ့် ထိထိရောက်ရောက်ကူညီပေးနိုင်မယ့် ခိုင်နှင်းဝေ ပရဟိတအသင်းကို ငွေကျပ် သိန်း ၂၀ လှူဒါန်းခဲ့ပြီး သူမကိုယ်တိုင်လည်း သမီးလေးကို ကျန်းကျန်းမာမာ အောင်အောင်မြင်မြင်နဲ့ မွေးဖွားခဲ့တယ်လို့ အသိပေးလာပါတယ်။

image
14 w - Translate

#tattooideas

image
14 w - Translate

#tattooideas

image
14 w - Translate

#tattooideas

image
//