၁နှစ်‌အတွင်း မြန်မာနိုင်ငံကို နိုင်ငံပေါင်း၃၁နိုင်ငံကတရားမဝင် ဝင်ရောက်လာသူတွေ ငါးသောင်းကျော်ရှိ

ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံအတွင်းသို့ ပြည်ပနိုင်ငံပေါင်း ၃၁နိုင်ငံကနေ တရားမဝင် ဝင်ရောက်လာသူတွေဟာ ၁နှစ်ကျော်အတွင်းမှာ အရေအတွက် ၅၅၇၁၁ ဦးရှိနေတာကို စီစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း လဝက စာရင်းတွေအရ သိရပါတယ်။

အဆိုပါ တရားမဝင်ဝင်ရောက်လာတဲ့ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဌာနက စီစစ်ဖော်ထုတ်တာတွေ ဆောင်ရွက်ရာမှာ အများစုဟာထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်းကာ မြန်မာနိုင်ငံ နယ်နိမိတ်အတွင်းကို ကိုယ်ကျိုးစီးပွားအတွက် အလုပ်လုပ်ကိုင်ရန် တရားမဝင် ဝင်ရောက်လာကြသူများဖြစ်ကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။

မြန်မာပြည်ကို တရားမဝင်ဘဲ ဝင်ရောက်လာသူတွေအနေနဲ့ Online လိမ်လည်မှုများ၊ Online လောင်းကစားမှုများကို မြန်မာနိုင်ငံအတွင်း‌ နေထိုင်ကာကျူးလွန်နေကြသူတွေအများစုဖြစ်တယ်လို့စစ်ဆေးတွေ့ရကာ နယ်စပ်ဒေသများဖြစ်တဲ့ လောက်ကိုင်၊ မူဆယ်၊ တာချီလိတ်၊ မြဝတီ မြို့များနဲ့နယ်စပ်မြို့တွေကနေဖမ်းမိကြတာဖြစ်ကြောင်း သိရပါတယ်။

" တရားမဝင်ဘဲ မြန်မာကိုဝင်လာတဲ့ပြည်ပနိုင်ငံသားတွေအများဆုံးလုပ်တဲ့ Online လိမ်လည်မှု ဆိုတာ အခု နာမည်ကြီးနေတဲ့ ကျားဖြန့်လုပ်ငန်းအမျိုးအစားတွေပါ။ ငွေကိုလိမ်တာတွေအပြင် လူကိုအသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်စေတဲ့မကောင်းမှုလုပ်ငန်းတွေပေါ့။ အဲ့ဒီ့ကျားဖြန့် လုပ်ငန်းတွေက လူမှုကွန်ယက်အသုံးပြုမှုတွေကနေတဆင့် လိမ်လည်နေတာပါ။ ဂိမ်းပုံစံ၊စတော့ပုံစံ မျိုးတွေနဲ့ လိမ်လည်ကြတာပါ။ ပထမတော့သူတို့က ဂိမ်းစဆော့တာနဲ့ ငွေရသလို မက်လုံးတွေပေးထားပြီးနောက်မှ ကိုယ့်ပိုက်ဆံကိုလိမ်ယူတာမျိုးတွေအစုံပါပဲလို့ ကျားဖြန့်လုပ်ငန်းအကြောင်းသိရှိသူတယောက်က ပြောပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်မှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက်အထိ ၁နှစ်ကျော်ကာလအတွင်း မြန်မာကိုတရားမဝင်ဝင်ရောက်လာသူ ပြည်ပနိုင်ငံသားတွေ အနေနဲ့တရုတ်နိုင်ငံမှ ၅၃၃၈၈ ယောက်၊ ထိုင်းနိုင်ငံမှ၆၄၈ ယောက်၊ ကိုရီးယားနိုင်ငံက ၂၀‌ ၊လာအို၂၂ ယောက်၊ ဗီယက်နမ်နိုင်ငံ ၁၁၄၉ ယောက်၊ ဖိလစ်ပိုင်နိုင်ငံသား ၁၉ ယောက်၊ မလေးရှားနိုင်ငံမှ ၁၄၂ ယောက်၊ ထိုင်ဝမ်မှ၂၁ ယောက်၊ စင်္ကာပူနိုင်ငံမှ ၂ယောက်၊ ပိုလန်နိုင်ငံမှ ၁ ယောက်၊ စပိန်နိုင်ငံမှ၁ ‌ ယောက်၊ ရုရှား နိုင်ငံမှ၁၃ ယောက်၊ အင်ဒိုနီးရှားနိုင်ငံမှ၃၈ ယောက်၊ ယူဂန်ဒါနိုင်ငံမှ၃ ယောက်၊ အီဂျစ်နိုင်ငံမှ၂ ယောက်၊ ကမ္ဘောဒီးယားနိုင်ငံမှ၃ ‌ ယောက်၊ အိန္ဒိယနိုင်ငံမှ ၉၆ ယောက်၊ မော်ရိုကိုနိုင်ငံမှ၁၃ ယောက်၊ အီသီယိုး ပီးယားနိုင်ငံမှ၂၉ ယောက်၊ နီပေါနိုင်ငံမှ ၂၆ယောက်၊ ပါကစ္စတန်နိုင်ငံမှ ၃ ယောက်၊ မြောက်အိုင်ယာ လန်နိုင်ငံမှ၂ ယောက်၊ ကာဇက်စတန်နိုင်ငံမှ၁ ယောက်၊ ကင်ညာနိုင်ငံမှ၂ ယောက်၊ သီရိလင်္ကာနိုင်ငံမှ၆၀ ယောက်၊ တောင်အာဖရိကနိုင်ငံမှ၁ ‌ယောက်၊ ဟောင်ကောင်မှ၁ ‌ယောက်၊ ဆီရီယာလီယွန်နိုင်ငံမှ ၂ ယောက်၊ ဂါနာနိုင်ငံမှ ၁ ယောက်၊ ဘူရွန်ဒီနိုင်ငံမှ ၁ ယောက်၊ တာ့ခ်မင်နစ္စတန်နိုင်ငံမှ၁ ယောက် စုစုပေါင်း ၅၅၇၁၁ ယောက် က ပြည်ပနိုင်ငံ‌တွေကနေ မြန်မာကိုတရားမဝင် ဝင်ရောက်လာကြတယ်လို့ သိရပါတယ်။

ယင်းပြည်ပမှ တရားမဝင် ဝင်ရောက်သူများကို အစိုးရအနေနဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှုပြီးတရားဥပဒေနဲ့အညီ စစ်ဆေးကာ သက်ဆိုင်ရာနိုင်ငံေတွဆီ ပြန်လည် လွှဲပြောင်းပေးလျက်ရှိနေတယ်လို့ သိရှိရပါတယ်။

Photo- Cj

Credit - VOM News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image

*အခြေခံ လူ့အခွင့်အရေးများ
ဒီမိုကရေစီ အစိုးရများ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်တတ်ကြသည့် နိုင်ငံသားတို့၏ မူလ အခွင့်အရေးများထဲတွင်
• မိမိ ယုံကြည်ချက်၊ ထင်မြင်ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊
• လွတ်လပ်စွာ ရေးသားဖြန့်ဝေခွင့်၊
ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊
• အသင်းအဖွဲ့ သို့မဟုတ် အစည်းအရုံးများ ထူထောင်ခွင့်၊ စည်းရုံး လှုပ်ရှားခွင့်၊
• မိမိ နှစ်သက်ယုံကြည်ရာကို လွတ်လပ်စွာ ကိုးကွယ်ခွင့်၊
• ရိုးရာ ဓလေ့ ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်၊
• ဥပဒေအရာ၌ တန်းတူညီမျှရှိ၍၊ ဥပဒေ၏ အကာအကွယ်ကို တန်းတူ ညီမျှ ခံစားခွင့်...စသည်တို့ ပါဝင်ရာ
သည်အထဲတွင် လူနည်းစုတို့၏ ရပိုင်ခွင့်များဟု ခေါ်ဆိုရမည့် အချက်များလည်း ပါရှိနေတာ တွေ့ရ လိမ့်မည်။
ကိုးကွယ်သည့် ဘာသာ၊ ပြောဆိုသည့်စကား၊ ဒေသဓလေ့ လူမျိုးဓလေ့၊ ရိုးရာယဉ်ကျေးမှု စသည်တို့နှင့်
နှီးနွှယ်သော အချက်များ။ ရံဖန်ရံခါ လူများစု ကိုယ်စားပြုထားသည့် ဒီမိုကရေစီ အစိုးရတစ်ရပ်နှင့်
လူမျိုးစုတစ်စု၊ ဒေသတစ်ခု၊ ဘာသာဝင်တစ်စု စသည်တို့အကြား ထုံးဓလေ့ တစ်ရပ်နှင့် စပ်လျဉ်း၍
သဘောထားကွဲလွဲတာမျိုးလည်း ရှိတတ်သည်။ ဥပမာ၊ ဓလေ့တစ်ရပ်သည် သက်ဆိုင်သူ လူနည်းစုတို့အတွက်
အထွတ်အမြတ် ကိစ္စ သို့မဟုတ် ချိုးဖောက်မရသည့် ကိစ္စဖြစ်နေချိန်တွင် အများစု ကိုယ်စားပြုသူတို့ အမြင်၌
မယဉ်ကျေးမဖွယ်ရာ ကိစ္စ၊ ပယ်ဖျက်သင့်သည့် ကိစ္စမျိုး ဖြစ်နေနိုင်သောကြောင့် ဖြစ်သည်။
သည်အခါမျိုးတွင် ပြဿနာ အဖြေရှာရခက်တာမျိုး ကြုံရနိုင်ပါသည်၊ သို့သော်၊

#ဆက်ရန်ရှိ

1 y - Translate

Joking Jazz 4G (2016)

ဂျက် အဖြစ် Jazz Chuanchuen

ဇာတ်လမ်အကျဥ်း...

စော်ကြည်ပြီး ကောင်မလေးတွေ ၀ိုင်းဝိုင်းလည်နေတဲ့ ဂျက်တစ်ယောက် ကောင်မလေးနှစ်ယောက်ကို ကိုယ်ဝန်ရှိအောင် လုပ်ခဲ့မိတဲ့အတွက် ဦးဇင်းဝတ်ပြီး သာသနာ့ဘောင်ထဲကို ဝင်ခဲ့ပါတယ်။

သာသနာ့ဘောင်ထဲဝင်ပြီးနောက် ဘန်ကောက်က ဘုန်းကြီးကျောင်းကို စာသင်သားအဖြစ် ပညာသင်ထွက်လာခဲ့ပါတယ်။ တောဘုန်းကြီးဂျက်တစ်ယောက် မြိုမှာ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာကိုတော့ တစ်ကားလုံး ပါးစပ်မပိတ်ဘဲ ကြည့်ရှုရမယ့် ကားလေးတစ်ကားပဲဖြစ်ပါတယ်...
#movie

image

image
1 y - Translate

UCL Havertz” 🔥
• ကိုင်ဟာဗက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ချန်ပီယံလိဂ် ၃ ပွဲလုံးမှာ ဂိုးသွင်းယူထားခဲ့ပြီး ဂိုးပေါက်တိုက်ရိုက်ပါဝင်ပတ်သက်မှု ၄ ကြိမ်အထိ ပြုလုပ်ထားတာဖြစ်ပါတယ်။ 🔴

image
1 y - Translate

မနေ့ညက ယှဉ်ပြိုင်သွားခဲ့ကြတဲ့ UCL ရလဒ်များ


AC Milan 1–0 Girona
Arsenal 3–0 Dinamo Zagreb
Celtic 1–0 Young Boys
Feyenoord 3–0 Bayern Munich
Paris Saint-Germain (PSG) 4–2 Manchester City
Real Madrid 5–1 Red Bull Salzburg
Sparta Prague 0–1 Inter Milan
RB Leipzig 2–1 Sporting CP
Shakhtar Donetsk 2–0 Brest

image
1 y - Translate

ဟယ် ကပ်သင့်တဲ့နေရာမှာဘဲ ကပ်ကြပါဟ 🥹🥲

image

မအေးအေးဝင်း ဆီစင်သည်

image

image