1 နှစ် - ဘာသာပြန်ပါ။

ထရမ့်ရဲ့ကုန်သွယ်ရေးအခွန်တိုးမြှင့်ခြင်းဇာတ်လမ်းစပါပြီ။
--------------------------------------------------------------
အမေရိကန်သမ္မတထရမ့်က ကိုလံဘီယာနိုင်ငံအပေါ် ကုန်သွယ်ရေးအခွန်တိုးမြှင့်ခြင်းနဲ့ ဒဏ်ခတ်အရေးယူခြင်းပြုလုပ်ဖို့ အမိန့်ပေးလိုက်ပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို ကိုလံဘီယာဆီပြန်ပို့ဖို့ အမေရိကန်ကနေ ကိုလံဘီယာဆီ ပျံသန်းလာတဲ့ လေယာဉ် (၂) စင်းကို ကိုလံဘီယာသမ္မတက ဆင်းသက်ခွင့်မပြုခဲ့ဘူးလို့ ဆိုပါတယ်။
ကိုလံဘီယာဟာ လက်တင်အမေရိကနိုင်ငံတွေထဲမှာ အမေရိကန်နဲ့ကုန်သွယ်မှု တတိယအများဆုံးနိုင်ငံဖြစ်ပါတယ်။
ကိုလံဘီယာကနေ အမေရိကန်ကို ရေနံစိမ်း၊ ရွှေ၊ ကော်ဖီနဲ့ နှင်းဆီပန်းတွေတင်သွင်းပါတယ်။
အမေရိကန်ကနေ ကိုလံဘီယာဆီပြန်ရောင်းတာက ပြောင်း၊ soybean ပဲ၊ ဓာတ်ဆီစတဲ့ ရေနံကုန်ချောပစ္စည်းများ၊ ရေနံစိမ်းနဲ့ လေယာဉ်တွေ ပြန်ရောင်းတာဖြစ်ပါတယ်။
(ရေနံစိမ်းကဘာလို့ နှစ်ဖက်ပါနေတယ်ဆိုတာမသိပါ။ တင်ပို့ချိန်မှာ ဈေးကွာလို့လို့ ယူဆရပါတယ်။)
အမေရိကန်ဘက်ကအပြောကတော့ ကိုလံဘီယာက ပြန်ပို့တာကိုလက်ခံမယ်ပြောပြီးမှ လေယာဉ်တွေကိုဆင်းသက်ခွင့်မပြုလို့ အခုလိုဒဏ်ခတ်တာလို့ ဆိုပါတယ်။
▪️ကိုလံဘီယာကနေ အမေရိကန်ကိုတင်သွင်းတဲ့ပစ္စည်းတွေကို အခွန်နှုန်း ၂၅ ရာနှုန်းချမှတ်လိုက်တယ်၊ တစ်ပတ်အတွင်း ၅၀ ရာနှုန်းအထိတိုးမြှင့်သွားမယ်။
▪️ကိုလံဘီယာအစိုးရအရာရှိတွေကို အမေရိကန်ကို ခရီးသွားခွင့်ဘန်းတယ်၊ ဗီဇာပြန်ရုပ်သိမ်းတယ်။
▪️ဘဏ္ဍာရေးဆိုင်ရာ၊ ငွေကြေးနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ပြစ်ဒဏ်ခတ်ခြင်းတွေလုပ်မယ်။
ကိုလံဘီယာဘက်ကလည်း အမေရိကန်သွင်းကုန်တွေကို တန်ပြန် ၂၅ ရာနှုန်းတိုးလိုက်ပါပြီ။ ၅၀ ရာနှုန်းအထိတိုးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။
ကိုလံဘီယာက သူ့နိုင်ငံသားတွေကိုလက်ခံမှာဖြစ်ပေမဲ့ ရာဇဝတ်သားအဖြစ်သုံးနှုန်းလက်ထိတ်ခတ်ပြီး ပြန်ပို့တာကို လက်မခံဘူးလို့ ဆိုပါတယ်။
ကိုလံဘီယာမှာ တရားမဝင်နေထိုင်နေတဲ့ အမေရိကန်နိုင်ငံသား (၁၅,၆၆၀) ရှိပေမဲ့ အဲ့လိုဝင်ဖမ်းလက်ထိတ်ခတ်ပြီး ပြန်မပို့ပါဘူးတဲ့။
"ငါတို့က နာဇီတွေမဟုတ်ဘူး" လို့ သမ္မတပီထရိုကဆိုလိုက်ပါတယ်။
ဒီလိုပြဿနာတက်ချိန်မှာ အမေရိကန်နိုင်ငံ ရှီကာဂိုမြို့မှာ တရားမဝင်နေထိုင်သူတွေကို ဝင်ဖမ်းမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။
အမေရိကန်က ဘရာဇီး (၈၈) ယောက်ကို လက်ထိတ်ခတ်ပြီး အမေရိကန်လုံခြုံရေးအေးဂျင့် (၁၆) ယောက်ပါလေယာဉ်နဲ့ ပြန်ပို့ခဲ့ပါတယ်။
လေယာဉ်က စက်ပိုင်းဆိုင်ရာပြဿနာကြောင့် Manaus မြို့မှာဆင်းစဉ်မှာ ဘရာဇီးအရာရှိတွေက လက်ထိတ်ဖြုတ်ဖို့အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် ဘရာဇီးလေတပ်တိုက်လေယာဉ်တွေခြံရံပြီး လိုက်ပို့ဖို့ ဘရာဇီးသမ္မတကအမိန့်ပေးခဲ့ပါတယ်။
ထရမ့်သမ္မတပြန်ဖြစ်လာတာနဲ့ တရားမဝင်နေထိုင်သူတွေကို ဖမ်းဆီးပြန်ပို့ရေးနဲ့ လက်မခံတဲ့နိုင်ငံတွေကို ကုန်သွယ်ရေးဒဏ်ခတ်အရေးယူမှုပြုလုပ်ရေးကို အရှိန်အဟုန်တိုးမြှင့်လာတာကို တွေ့ရပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

ယုံယုံကြည်ကြည်နဲ့ ဆုတောင်းပါတယ်
ဖီးဆောင်🙏

မထင်မှတ်ပဲ ဖီးဆောင်ပုံလေးတွေ တက်လာတယ်

အမတော်ဖီးဆောင် ၁ လပိုင်းမှစပြီးကံကောင်းခြင်းအများကြီးရရှိပါစေ🙏🍀

ဖီးဆောင်🙏🏽

image
1 နှစ် - ဘာသာပြန်ပါ။

" ကျေးဇူးတင်လိုက်တာဆရာရယ် ဒီကောင်က အမြဲတမ်းလိုလို ဝင်ပူးကပ်ပြီး တောင်းစားနေတာ ကျုပ်တို့ရွာမှာလည်း ပယောဂကုတတ်တဲ့သူမရှိဘူး ဟိုဘက်ရွာက ဆရာတော်ကလည်း လောကီကိစ္စတွေဝင်မရှုပ်ဘူးဆိုတော့ ကျုပ်တို့ဒုက္ခရောက်နေရတာ အခုဆရာရောက်လာတော့မှ အဆင်ပြေတော့တယ် ဖြစ်နိုင်ရင် ရွာမှာတစ်ရက်နှစ်ရက်လောက်နေသွားပါဦး ကျန်တဲ့ကိစ္စတွေလည်းရှိသေးလို့ ဆရာကိုသေချာပြောချင်ပါသေးတယ်"
"ဖြစ်လာမှတော့ ဘယ်တတ်နိုင်မလဲ နေရတော့မှာပေါ့ ခင်ဗျားတို့ကျေးဇူးဆပ်ချင်တယ်ဆိုရင်တော့ ရွာထိပ်က အဖွားစိမ်းနတ်ကွန်းလေးကို သေချာလေးပြင်ပေးလိုက်ကြပါ "
"ဟင် ဆရာက အဖွားစိမ်းကိုဘယ်လိုသိတာလဲ အဖွားစိမ်းကဒီရွာအပေါ်အရမ်းသံယောဇဉ်ကြီးတာ သူ့အကြောင်းလဲပြောပြချင်သေးတယ် ဆရာအိမ်ကိုကြွခဲ့ပေးပါ"လို့ပြောပြီး အရှေ့ကနေ ခေါ်သွားခဲ့တယ်။
အောင်မြတ်သာလည်း ဘေးကသရက်ပင်ကိုကြည့်လိုက်တော့ သရက်ပင်အကိုင်းမှာကြိုးနဲ့ဇောက်ထိုးချည်ခံထားရတဲ့ ကောင်ကိုမြင်တော့
" ကြိုးပိုင်ရေ ဒီကောင်တွေ မလွတ်စေနဲ့ သေချာကြည့်ထား"လို့စိတ်ထဲကရေရွတ်ပြီး ရွာထဲကို လိုက်ခဲ့လိုက်တယ်။
ခြံဝိုင်းထဲကိုရောက်တော့ အိမ်ရှေ့မန်ကျီးပင်အောင်က ကွပ်ပြစ်လေးမှာထိုင်ပြီး
" ကျုပ်တို့ ရွာအခြေအနေကတော့ ဆရာမြင်တဲ့အတိုင်းပါပဲ ဆရာမရောက်ခင် တစ်လလောက်က ရွာမှာ လူကိုးယောက်ဆက်တိုက်သေတာ သေတဲ့လူတွေကလည်း အကောင်းကြီးကနေ ရုတ်တရက်သေကြတာ တစ်ချို့ဆို ရေသောက်နေရင်း ရေသီးလို့သေတာတောင်ရှိတယ် ကိုးယောက်တိတိပြည့်တဲ့နေ့မှာတော့ အခုလိုမကောင်းဆိုးဝါးတွေဝင်ပူးတော့တာပဲ အဲဒီထဲကမှ ထူးဆန်းတာတစ်ခုရှိတယ် သူကလည်း ဝင်ပူးတာပဲ ညဘက်သန်းခေါင်အချိန်ရောက်တိုင်း ဝင်ပူးတယ် နေ့တိုင်းလိုလိုပဲ "
" သူကရော ခုနကလို အစားတောင်းစားတာပဲလား"
"မဟုတ်ဘူးဆရာ ဒါကြောင့်ထူးဆန်းတယ်လို့ပြောတာ သူဝင်ပူးရင် လက်ခမောင်းခတ်ပြီးတော့ကိုလာတာ "
ပြောနေတဲ့သူစကားကိုကြားတော့ အောင်မြတ်သာက
" ဒါဆို အရင်ဘဝက လက်ဝှေ့သမားသေလို့ ဖြစ်မယ်"
" ဟုတ်တယ်ဆရာ သူ့ကိုယ်သူ လက်ခမောင်းဘကျော်ဆိုပြီး ပြောတယ် သူဝင်ပူးရင် လက်ဝှေ့ထိုးဖို့ပဲပြောတာ ဆရာစဉ်းစားကြည့် သရဲဝင်ပူးနေတဲ့သူနဲ့ ဘယ်သူထိုးရဲမလဲ အဲလိုမထိုးရင် အိမ်မှာရှိတဲ့ ပစ္စည်းတွေကိုရိုက်ခွဲကန်ကျောက်တာ "
" ဒီတစ်ခါဝင်ပူးတဲ့သူကထူးဆန်းတာပေါ့ ဆက်ပြောပါဦး"
" တစ်ရက်မှာတော့ သူနဲ့ထိုးမယ်ဆိုပြီး ရွာထဲက ဘသန်းတင့်ကပြောတယ် သဘန်းတင့်ဆိုတာကလည်း အရင်ရွာ‌စဉ်လှည့်ပြီး လက်ဝှေ့ထိုးစားလာတဲ့သူ သူ့ရဲ့ညာလက်သီးတစ်ချက်ထိရင် နွားမဒန်းတောင်ဖင်ထိုင်ပီးလဲတာ တကယ်ထိုးလဲထိုးရော ဘသန်းတင့်မေးရိုးပြုတ်သွားတယ် ဝင်ပူးခံရတဲ့ကောင်က လူဖလံလေးဗျ ဒါပေမယ့် သူ့လက်သီးထိတဲ့ဘသန်းတင့်မခံနိုင်ဘူး အဲဒါကို မကျေနပ်သေးပဲ အိမ်မှာရှိတဲ့ ကျောက်ပျဉ်ကို နဖူးနဲ့တိုက်ခွဲတာ ကျောက်ပျဉ်က ထပ်ပိုင်းကျိုးတယ် အဲလောက်ထိကြမ်းတယ်ဆရာ"
" ထူးတော့ထူးဆန်းတယ် ဒါမျိုးမကြုံဖူးသေးဘူး သူကဘယ်သူ့ကိုဝင်ပူးတာလဲ တစ်ခြားသူတွေကိုရောဝင်ပူးသေးလား"
"မဝင်ဘူးဆရာ ကျော်သန်းဆိုတဲ့ကောင်ကိုပဲ ဝင်ပူးတာ သူ့အိမ်မှာဆိုဘာပစ္စည်းမှမထားရဲတော့ဘူး ညဘက်တွေဆို အိမ်မှာလည်း ဘယ်သူမှမနေရဲဘူး ကျော်သန်းကိုအိမ်အပြင်ကနေ သော့ခတ်ထားခဲ့ရတာ သူ့ကိုလည်းခေါ်သွားလို့မရပြန်ဘူး သူရှိတဲ့နေရာ ဟိုကောင်က ဝင်ပူးပြီးသောင်းကျန်းတာ"
"သိပ်လဲစိတ်မပူပါနဲ့ ကျုပ်နိုင်သလောက်ကူညီပေးပါ့မယ် အခုလောလောဆယ် ရွာထဲတစ်ချက်လှည့်ကြည့်ချင်သေးတယ်"
"ဆရာလိုက်ကြည့်ပါ ကျုပ်လိုက်ပြပါ့မယ်"
အောင်မြတ်သာလည်း ခြံဝိုင်းထဲကနေ အပြင်ကိုထွက်လာတော့ ခြံအပြင်မှာ မယောင်မလည်ရပ်နေတဲ့ အသက်ဆယ်သုံးနှစ်အရွယ် လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ ထိုလူငယ်လေးက အောင်မြတ်သာကိုမြင်တော့
"ဆရာ ကျွန်တော်ပြောစရာရှိလို့ "
"အေး ပြောလေကွာ "
" ဟို သရက်ပင်ပေါ်မှာချည်ထားတဲ့ကောင်ကို ကျွန်တော်သိတယ်"
ထူးဆန်းတဲ့စကားကြောင့် အောင်မြတ်သာ လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်တယ်။
" မင်းကမြင်ရတာလား "
"ဟုတ်တယ်ဆရာ မြင်ရတယ် ရွာကလူတွေကို ပြောပြာတာကျုပ်ရူးနေတယ်လို့ပြောတယ် ကျုပ်စကားကိုဘယ်သူမှမယုံကြဘူး"
ထိုစဉ်
"ဟိုကောင် ငတေ ဆရာကိုဘာတွေလျောက်ပြောနေတာလဲ ဆရာဒီကောင်‌လေးက လွန်ခဲ့တဲ့သုံးလလောက်မှာ ဇီးပင်ပေါ်ကပြုတ်ကျပြီး သတိမေ့ခဲ့ဖူးတယ် ပြန်သတိရလာတော့ အခုလိုပေါက်ကရတွေပြောတော့တာပဲ"
ထိုလူကြီးရဲ့စကားကိုကြားတော့ ငတေက ဘာမှမပြောတော့ပဲ ငြိမ်သွားတယ်။ အောင်မြတ်သာက လူငယ်လေးကိုကြည့်ပြီး
"ကျုပ်ဒီလူငယ်ကိုခဏခေါ်သွားလိုက်မယ် မိတ်ဆွေက ဒီမှာပဲနေခဲ့ဦး "
"ဖြစ်ပါ့မလားဆရာ ဒီကောင်က စိတ်ကသိပ်မှန်တာမဟုတ်ဘူး"
"ဖြစ်ပါတယ် ကျုပ်လဲအဝေးကြီးမသွားပါဘူး "
အောင်မြတ်သာလည်း လူငယ်လေးကိုခေါ်ပြီး ရွာထဲထွက်လာခဲ့လိုက်တယ်။
" မင်းနာမည်ဘယ်လိုခေါ်လဲ"
" ကျုပ်နာမည်က ငတေဗျ "
"မင်းက ဒီလိုအရာတွေကိုမြင်ရတယ်ဆိုတော့ ဘယ်အချိန်ကစမြင်ရတာလဲ"
အောင်မြတ်သာစကားကိုကြားတော့ လူငယ်က တစ်ချက်စဉ်းစားလိုက်ပြီး
"အင်း နည်းနည်းတော့ကြာပြီ ဟိုဘက်ရွာဘုန်းကြီးကျောင်းထဲက ဇီးပင်ပေါ် ဇီးသီးတက်ခူးတဲ့နေ့ထဲကမြင်ရတာ"
"သာမန်လူတစ်ယောက်က ဇီးပင်ပေါ်တက်ခူးတဲ့အချိန်မှမြင်ရတာမဖြစ်နိုင်ဘူး အမှန်တိုင်းပြော"

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်ကို မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည်

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကာ ပင့်ဆောင်ပူ ဇော်ခြင်းမပြုမီ ထိုင်းနိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်အ ဆူပေါင်း(၁)သန်းရှိသည့် မဟာဓမ္မကာယစေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်ခြင်းအခမ်း အနားအား ယနေ့ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်ကို မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည်

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကာ ပင့်ဆောင်ပူ ဇော်ခြင်းမပြုမီ ထိုင်းနိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်အ ဆူပေါင်း(၁)သန်းရှိသည့် မဟာဓမ္မကာယစေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်ခြင်းအခမ်း အနားအား ယနေ့ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

image
1 နှစ် - ဘာသာပြန်ပါ။

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်ကို မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်မည်

ထိုင်းနိုင်ငံရှိ ဗုဒ္ဓဓာတ်တော်အား မြန်မာနိုင်ငံသို့ပင့်ဆောင်ပူဇော်သွားမည်ဖြစ်ကာ ပင့်ဆောင်ပူ ဇော်ခြင်းမပြုမီ ထိုင်းနိုင်ငံမှ ဗုဒ္ဓရုပ်ပွားတော်အ ဆူပေါင်း(၁)သန်းရှိသည့် မဟာဓမ္မကာယစေတီတော်မြတ်ကြီးကို လှည့်လည်ပူဇော်ခြင်းအခမ်း အနားအား ယနေ့ ဇန်နဝါရီ ၂၆ ရက်နံနက်ပိုင်းကကျင်းပခဲ့သည်။

imageimage
1 နှစ် - ဘာသာပြန်ပါ။

Any chance they will still honor this?

image

1 နှစ် - ဘာသာပြန်ပါ။

27 Jan 25
ယနေ့ ငွေဈေး၊ ရွှေဈေး
```````````````````````````````````

USD Buy - MMK 4,460
USD Sell - MMK 4,560
EUR Buy - MMK 4,640
EUR Sell - MMK 4,765
SGD Buy - MMK 3,275
SGD Sell - MMK 3,375
THB Buy - MMK 131.58
THB Sell - MMK 135.14
JPY Buy - MMK 28.49
JPY Sell - MMK 29.26
MYR Buy - MMK 1,013
MYR Sell - MMK 1,040
CNY Buy - MMK 610
CNY Sell - MMK 627

Gold Price
၁၅ ပဲရည် ၁ကျပ်သား - MMK 6,110,000
၁၆ ပဲရည် ၁ကျပ်သား - MMK 6,500,000

*** အထက်ပါဈေးနှုန်းများမှာ အချိန်နှင့်တပြေးညီပြောင်းလဲနိုင်ပါသည်။***
Source: Myanmar Market price application

image
1 နှစ် - ဘာသာပြန်ပါ။

😶‍🌫️😶‍🌫️😶‍🌫️

image