1 နှစ် - ဘာသာပြန်ပါ။

Myawady orders most ginger from Naungtaya

Myawady made the most orders for ginger from Naungtaya in the southern Shan State, according to the ginger market in the town.
Yangon, Mandalay, and Myawady are making ginger orders, and Myawady tops among them.
“The price of old ginger is K 2,800 per viss, and that of new ginger is K 2,000. Sales are good, and we send it to Mandalay, Yangon, and Myawady. Myawady ordered more. The selling price has not increased. Ginger season nearly ends,” said a ginger trader in Naungtaya.
Ginger’s price may rise slightly in the coming months as its season nearly ends. “I think the price of ginger will improve a little in the coming months. Its season nearly ends. If it goes up, it can be around K 3,100-3,200 from K 2,800 a viss. Not very much,” he said. Ginger farmers said that the price they sold to the warehouses in last October fell slightly, and they are relying more on the local market due to the low export. — Thit Taw/ZN/ED

image
1 နှစ် - ဘာသာပြန်ပါ။

အောင်မြတ်သာနှင့်လက်ခမောင်းဘကျော်
++++++++++++++++++++++++++++++
အောင်မြတ်သာလည်း သက်ခိုင်တို့နဲ့ချိန်းထားတဲ့ အချိန်က ပြည့်တော့မှာမို့လို့ မုဆိုးထိုင်စေတီရှိရာကို ပြန်ထွက်လာခဲ့လိုက်တယ်။
ခြေဖဝါးသုံးတောင်ကိုဆုံးမယ့်အချိန်မှာ သက်ခိုင်တို့ကိုမခေါ်ခဲ့တာကလည်း စဉ်းစားစရာအကြောင်းအရာတစ်ခုဖြစ်နေခဲ့တယ်။
ခရီးဆက်လာရင်း တစ်နေရာရောက်မှာတော့ လူတွေဝိုင်းအုံနေတဲ့နေရာတစ်ခုကိုမြင်လိုက်ရတယ်။ အောင်မြတ်သာလည်း မိမိဦးတည်ရာကိုသာ သွားဖို့ဆုံးဖြတ်ရင်း ဆက်လျောက်လာခဲ့ရာ လူအုပ်ကြီးအကျော်ကိုလဲရောက်ရော အနောက်ကနေ တစ်စုံတစ်ယောက်က လွယ်အိတ်ကို လှမ်းဆွဲလိုက်သလိုဖြစ်လို့ လှည့်ကြည့်လိုက်ရာ ဆံပင်စုတ်ဖွားနဲ့အမယ်အိုတစ်ယောက်ကိုတွေ့လိုက်ရတယ်။
အမယ်အိုကိုမြင်တော့ အောင်မြတ်သာက
" ကျုပ်လွယ်အိတ်ကို ဘာကြောင့်မို့ဆွဲထားရတာလဲ"
"ဆရာလေးဒီအတိုင်းတော့ ထွက်မသွားပါနဲ့ဦး ဒီနေရာမှာဖြစ်နေတဲ့အခက်အခဲလေးတွေကို ကူညီဖြေရှင်းပေးသွားလို့ တောင်းဆိုချင်ပါတယ်"
"ဒီနေရာမှာက ဘယ်လိုအခက်အခဲတွေဖြစ်နေလို့လဲ"
" အရင်က ဒီရွာမှာ အခုလိုအဖြစ်တွေမကြုံခဲ့ဘူး လွန်ခဲ့တဲ့သုံးလလောက်မှာ ဟိုဘက်ရွာကို ကျောင်းထိုင်ဘုန်းကြီးတစ်ပါး အသစ်ပြောင်းလာတယ် အသစ်ရောက်လာတဲ့ဘုန်းကြီးက မနက်တိုင်း ညတိုင်း ပဌာန်းအကျယ်ကို အသံချဲ့စက်ကြီးနဲ့ရွတ်ဖတ်ပါတယ် ဒါက ကောင်းတဲ့အလုပ်ဖြစ်ပေမယ့် ဘုန်းကြီးကျောင်းထဲမှာရှိတဲ့ နာနာဘာဝတွေအတွက်တော့ မကောင်းဘူးပေါ့ ကျောင်းထိုင်ဘုန်းကြီးရဲ့သီလသိက္ခာသမာဓိကလည်း ကောင်းနေတော့ ကျောင်းဝင်းထဲမှာ ဘယ်နာနာဘာဝမှမနေရဲတော့ပဲ နီးစပ်ရာ ရွာတွေထဲ ဝင်လာကြတယ် ရွာတော်ရှင်တွေက တစ်ချို့ နာနာဘာဝတွေကို မောင်းထုတ်လို့ရပေမယ့် နှစ်ကြာနေတဲ့ နာနာဘာဝတွေကိုတော့ မောင်းထုတ်လို့မနိုင်ခဲ့ဘူး ခုနက လူအုပ်ကြီးကိုဆရာလေးမြင်ခဲ့တယ်မလား အဲဒါက နာနာဘာဝတွေဝင်ပူးပြီး အစာရေစာတောင်းနေတာ"
" အမယ်ကြီးက ဒီရွာရဲ့ဘယ်နားမှာနေတာလဲ"
"ကျွန်မက ခုနက ဆရာလေးဝင်လာတဲ့ ရွာထိပ်မှာ နေတာပါ ရွာကလူတွေကတော့ အဖွားစိမ်းလို့ခေါ်ကြတယ် "
" အမယ်ကြီးကရော သူတို့ကိုမကူညီနိုင်ဘူးလား"
"အခုဖြစ်နေတာတွေအားလုံးကို ကူညီနိုင်တဲ့အစွမ်းမရှိသေးပါဘူး ကျွန်မကသာမန်အဆင့်လောက်ရှိတဲ့ နာနာဘာဝတွေကိုပဲ မောင်းထုတ်နိုင်တာပါ"
" ကျုပ်နားလည်ပြီ ခရီးဆက်စရာရှိနေပေမယ့်လည်း ဒီရွာရဲ့အခက်အခဲတွေကို အတတ်နိုင်ဆုံး ကူညီခဲ့ပါမယ် အမယ်ကြီးလည်း ကိုယ့်နေရာ ကိုယ်ပြန်လိုက်ပါဦး လိုအပ်ရင် အမယ်ကြီးဆီကျုပ်ထပ်လာခဲ့ပါမယ်"
"ကျေးဇူးတင်လိုက်တာဆရာလေးရယ် ကျွန်မတတ်နိုင်သလောက်ကူညီပါ့မယ် "
အောင်မြတ်သာလည်း အရှေ့ကိုဆက်မယ့် ခြေလှမ်းတွေကို ပြန်ရုပ်ပြီး လူအုပ်နားကို မယောင်မလည်ပြန်လာခဲ့လိုက်တယ်။
" အမဲသားစားချင်တယ် နှမ်းမုန့်လဲစားချင်တယ် ငါ့ကိုဒီညမကျေွးလို့ကတော့ နင်တို့တစ်ရွာလုံးဒုက္ခရောက်အောင် လုပ်ပစ်မယ် ဟင်းဟင်း "
"ကျေွး ကျေွးပါ့မယ် ကတိပေးပါတယ် အခုဝင်ပူးနေတဲ့လူဆီကနေ ခွာပေးပါ ညနေစောင်းတာနဲ့ ငှက်ပျောဖက်နဲ့ အသားရော အချိုမုန့်တွေလာကျေွးပါ့မယ် "
"ဟင်းဟင်း ငါမထွက်နိုင်ဘူး ငါ့ကိုကျေွးတဲ့အချိန်မှထွက်မယ် ငါဒီမှာပဲနေမယ်"
" စိန်မောင် ဒီအချိန်အမဲသားဘယ်ရွာမှာရနိုင်လဲ ရတဲ့နေရာက ရှာဝယ်ခဲ့ကွာ အချိုမုန့်တွေလည်း ရှာဝယ်ခဲ့ မြန်မြန်သွား ဒီလိုဝင်ပူးတာကြာရင် ဝင်ပူးခံရသူရဲ့အသက်ကိုစိုးရိမ်ရတယ် "
" ဝယ်စရာမလိုဘူး ဘာမှလဲကျေွးစရာမလိုဘူး ကျုပ်တာဝန်ယူတယ် ဝင်ပူးခံရတဲ့သူလည်း ဘာမှမဖြစ်စေရဘူး" ဆိုတဲ့အသံက လူအုပ်ကြီးရဲ့ အနောက်ကနေ ထွက်လာခဲ့တယ်။
" ခင်ဗျားက ပယောဂကုတတ်လား ကျုပ်တို့ကို ကယ်ပါဦးဗျာ ကျုပ်သားလေးဒုက္ခရောက်တော့မယ်"
" အနည်းအကျဉ်းတော့ရပါတယ် စိတ်လဲသိပ်မပူကြပါနဲ့ "
အောင်မြတ်သာလည်း ဝင်ပူးနေတဲ့သူရဲ့ မျက်လုံးတည့်တည့်ကိုစိုက်ကြည့်လိုက်တော့ ဝင်ပူးခံနေသူရဲ့ ပုံသဏ္ဍာန်ပျောက်ပြီးဝင်ပူးနေသူရဲ့ ရုပ်အမှန်ပေါ်လာခဲ့တယ်။
" ခြောက်စားလှန့်စားနေတဲ့ကောင် ငါ့ကိုမော့ကြည့်စမ်း"
အောင်မြတ်သာရဲ့ ဩဇာအပြည့်နဲ့စကားသံကိုကြားတော့ ဝင်ပူးနေတဲ့သူက
" မင်းဘယ်သူလဲ မင်းကိုဘယ်သူလွှတ်လိုက်တာလဲ ငါကိုမကျေွးရင် ဒီကလေးကိုသတ်ပစ်မှာနော် "
" မင်းမှာအဲလောက် အစွမ်းအစမရှိပါဘူး အခုပြန်ထွက်မလား မီးမြိုက်ခံပြီးမှထွက်မလား"
အောင်မြတ်သာရဲ့ ပြတ်သားလှတဲ့စကားကိုကြားတော့ ဝင်ပူးနေတဲ့သူက ငြိမ်ကျသွားတယ်။ ပြီးတော့မှ
" စားရခါနီးမှ အဖျက်ကဝင်လာတယ် နင့်ပညာတွေကိုမယှဉ်နိုင်လို့ အလျော့ပေးလိုက်မယ် ငါမစားတော့ဘူး သွားတော့မယ် " လို့ပြောပြီး ဝင်ပူးနေတဲ့ကိုယ်ကခွာလိုက်တဲ့အချိန် ဘယ်ကရောက်ဘာမှန်းမသိတဲ့ ကြိုးအနီတစ်ချောင်းက ဝင်ပူးနေတဲ့သူကို ရစ်ပတ်ပြီး ဘေးမှာရှိတဲ့ သရက်ပင်အောက်ကိုဒရွတ်တိုက်ဆွဲသွားတယ်။ ဒီအဖြစ်အပျက်တွေကို ရွာသားတွေမမြင်ရပေမယ့် မြင်ရတဲ့သူတစ်ယောက်ကရှိနေခဲ့တယ်။

image

မြန်မာနိုင်ငံသားတွေကိုလည်း ယခုလက်ရှိပေးတဲ့ Bachelor and Master Degree အတွက်ပေးတဲ့ Scholarships များကို စုထားပေးပါတယ်။ Bachelor ကနေ Master အလိုက် ပေးထားတဲ့ Scholarships များကို ကြည့်ရလွယ်အောင် စုထားပေးပါတယ်။
Application Deadline တွေက နီလာပြီးမို့ မလျောက်ရ‌သေးရင် မြန်မြန်သာ လျောက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။
Daughters Rising Scholarship
Degree: Bachelor
Deadline: March 1, 2025
For more information - https://daughtersrising.org/sc........holarship-applic
ASEAN-Maybank Scholarship
Degree: Bachelor
Fully Funded
Deadline: March 2, 2025
For more information - http://www.maybankfoundation.c........om/.../asean-may
Child’s Dream Scholarship
Degree: Bachelor
Deadline: February 28, 2025
https://www.facebook.com/share/1JVJpDRtvL/
ASEAN-UK SAGE Women in STEM Scholarships
Degree: Bachelor
Link: https://www.britishcouncil.id/.........../2025-scholar
China-AUN Scholarship
Degree: Master
Deadline: Feb 16, 2025
Link: https://www.aunsec.org/.../sch........ol.../china-aun-
University Of Twente Scholarship
Degree: Master
Deadline: Feb 1, 2025
Link: https://www.utwente.nl/.../uni........versity-of-twent
ADB-Japan Scholarship Program
Degree: Master
Deadline: Feb 14 2025
Link: https://www.adb.org/wor.../car........eers/japan-schol

#crd
#educaton

ချဲလ်ဆီးအသင်းနည်းပြအန်ဇိုမာရက်စကာက လက်ရှိအချိန်မှာအသင်းရဲ့နံပါတ်တစ်ဂိုးသမားဖြစ်တဲ့ရောဘတ်ဆန်းချက်ဇ်အနေနဲ့ သူလိုချင်တဲ့အဆင့်မှာရှိတဲ့ကစားပုံအတိုင်းမကစားနိုင်သေးဘူးလို့မြင်နေပေမဲ့ ကလပ်အသင်းကမျှော်မှန်းထားတဲ့အဆင့်အတန်းအတိုင်းတိုးတက်လာဖို့နောက်ထပ်လမ်းကြောင်းတွေအများကြီးရှိနေသေးတာဖြစ်ပါတယ်။

ဆန်းချက်ဇ်အနေနဲ့ ဒီရာသီကာလမှာဘရိုက်တန်အသင်းကနေပြောင်းရွှေ့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ဂိုးသမားနေရာမှာပထမဦးစားပေးဖြစ်နေခဲ့ပေမဲ့သူ့အနေနဲ့ ဒီရာသီကာလမှာ ၄ ကြိမ်ဂိုးပေးရတဲ့အထိအမှားကျူးလွန်ခဲ့တာဟာပရီးမီးယားလိဂ်ကစားသမားတယောက်အတွက်ဒုတိယမြောက်အမြင့်ဆုံးစံချိန်လည်းဖြစ်ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းက၀ုဗ်အသင်းကိုအနိုင်ရတဲ့ပွဲမှာလည်းဆန်းချက်ဇ်အနေနဲ့လွဲချော်ခဲ့တာကြောင့်ပထမပိုင်းမှာ ၁-၁ ဖြစ်မဲ့ခြေပဂိုးပေးလိုက်ရပြီးစတန်းဖို့ဒ်ဘရက်ချ်ကွင်းကပရိသတ်တွေအပေါ်အကျိုးသက်ရောက်မှုရှိခဲ့တာကြောင့်သူ့အနေနဲ့ဒုတိယပိုင်းမှာဘောလုံးဖမ်းယူတဲ့အကြိမ်တိုင်းနီးပါးလွဲချော်ခဲ့တာဖြစ်ပါတယ်။

သေချာတာကတော့ ဒီလိုအခြေအနေမျိုးကသူ့ရဲ့ယုံကြည်မှုအပေါ်မကောင်းမွန်ပါဘူး။သင်ယူပြီးတော့ ဒီလိုကာလမှာလက်ခံနိုင်ရပါမယ်။ဒီဟာကသူ့အတွက်ကောင်းမွန်တဲ့အတွေ့အကြုံဖြစ်ပြီးသူ့အနေနဲ့ပြုပြင်ပြောင်းလဲရမှာဖြစ်ပြီးတိုးတက်အောင်ဆက်လုပ်ဆောင်သွားရမှာပါလို့ မာရက်စကာကအင်တာဗျူးမှာပြောဆိုခဲ့ပါတယ်။

ဆန်းချက်ဇ်ရဲ့တိုးတက်မှုနဲ့ပတ်သက်ပြီးမေးမြးန်ခံရတဲ့အခါမှာတော့ မာရက်စကာက သူ့အနေနဲ့တဖြေးဖြေးကောင်းမွန်လာခဲ့ပေမဲ့ ကျနော်လိုချင်တဲ့အရာနဲ့ဝေးကွာနေပါသေးတယ်လို့ပြောဆိုပါတယ်။

ဆန်းချက်ဇ်ရဲ့နံပါတ်တစ်နေရာနဲ့ပတ်သက်ပြီးမေးမြန်းတဲ့မေးခွန်းအတွက်တော့
လက်ရှိမှာတော့ဒီရာသီကာလကိုပဲ့အာရုံစိုက်နေပါတယ်။သူ့အနေနဲ့ ဒီရာသီကာလမှာငါတို့အတွက်နံပါတ်တစ်ဂိုးသမားအဖြစ်ရှိနေသေးပေမဲ့ အနာဂတ်အတွက်တော့ဘယ်သူမှမသိကြပါဘူးလို့ မာရက်စကာပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

တရုတ်သရုပ်​ဆောင်အပါအဝင် တရုတ်နိုင်ငံသားများကို ထိုင်း - မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင် လူကုန်ကူးသည့် အဓိကတရားခံဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာ

ဇန်နဝါရီ ၂၇

တရုတ်သရုပ်​ဆောင် ဝမ်ရှင်းအပါအဝင် တရုတ်နိုင်ငံသားများကို ထိုင်း - မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင် လူကုန်ကူးခဲ့သည့် အဓိကတရားခံကို ဖမ်းဆီးရမိခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာခဲ့သည်ဟု တရုတ်နိုင်ငံပိုင် Global Times သတင်းဌာနက ဖော်ပြလာသည်။

မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်သို့ လိမ်လည်ခေါ်ဆောင်ကာ လှည့်ဖြားရောင်းစားခံရသည့် တရုတ်နိုင်ငံသားများကို တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်လှည့်ဖြားမှု ကျားဖြန့်လုပ်ငန်း အစီအစဉ်များတွင် အတင်းအကြပ်ခိုင်းစေခဲ့မှုများ၏ အဓိကတရားခံဖြစ်သူ ယန် ကို စနေနေ့ညတွင် တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကာ ထိုသို့ ပြန်လည်ခေါ်ဆောင်လာမှုကို တနင်္ဂနွေနေ့ ညနေပိုင်းတွင် ထုတ်လွှင့်ခဲ့ပြီး ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန (MPS)၊ ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ အလုပ်အဖွဲ့နှင့် ထိုင်းတရားဥပဒေစိုးမိုးရေးအေဂျင်စီများ၏ အကူအညီဖြင့် ခေါ်ဆောင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တရားခံလွှဲပြောင်းပေးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း တရုတ်နိုင်ငံပိုင် အသံလွှင့်ဌာနက ဖော်ပြခဲ့သည်။ လက်ရှိတွင် အဆိုပါအမှုနှင့်ပတ်သက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက အစွမ်းကုန် စုံစမ်းနေကြောင်း CCTV မှ သိရသည်။

လိမ်လည်လှည့်ဖြားခံရပြီး ထိုင်း-မြန်မာနယ်စပ်တွင် လူကုန်ကူးခံရကာ ပိတ်မိနေခဲ့သည့် တရုတ်သရုပ်​ဆောင်ဝမ်ရှင်းနှင့် ပတ်သက်သည့် လူကုန်ကူးမှု ဖြစ်စဉ်မှာ တရုတ်နှင့် ထိုင်းပြည်သူများကို စိုးရိမ်စရာ ဖြစ်စေခဲ့သော်လည်း အဆုံးတွင်မူ ဝမ်ရှင်းကိုကယ်ဆယ်နိုင်ခဲ့ပြီး ရှန်ဟိုင်းသို့ လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်နိုင်ခဲ့သည်။

CCTV ၏ သတင်းမှတ်တမ်းအရ တရုတ်နိုင်ငံသားအများအပြားသည် ထိုင်း-မြန်မာနယ်စပ်အနီးတွင် မကြာသေးမီက တရားမဝင် ဖမ်းဆီးခံခဲ့ရပြီး တယ်လီကွန်းနှင့် အင်တာနက် လိမ်လည်လှည့်ဖြားမှု ကျားဖြန့် အစီအစဉ်များတွင် ပါဝင်ရန် အတင်းအကြပ်ခိုင်းစေခံရမှု၏ သားကောင်များအဖြစ် လူမှုကွန်ရက်တွင် ပျံ့နှံ့လျက်ရှိသည်။ တရုတ်နိုင်ငံ၏ MPS သည် အဆိုပါကိစ္စနှင့် ပတ်သက်၍ အလေးထားဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေးနှင့် အမှုကို စုံစမ်းစစ်ဆေးရာတွင် ဝန်ထမ်းများအားလုံး အပြည့်အဝပါဝင်ဆောင်ရွက်ရန်နှင့် ဒေသဆိုင်ရာ ရဲအာဏာပိုင်များကို လျင်မြန်စွာ ဖြန့်ကျက်ကာ အခြေအနေကို ကိုင်တွယ်ရန် အလုပ်အဖွဲ့များကို ပြည်ပသို့ စေလွှတ်ခဲ့သည်။

တရုတ် ရဲတပ်ဖွဲ့သည် အဆိုပါ ကျားဖြန့်ဂိုဏ်းများကို ကြိုးပမ်းအားထုတ်မှုများစွာဖြင့် ပြင်းထန်စွာ နှိမ်နင်းသွားမည်ဖြစ်ကြောင်း သန္နိဌာန်ချထားသလို နိုင်ငံ တကာ တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစွာ ဆောင်ရွက်သွားမည်ဖြစ်ပြီး ရာဇ၀တ်မှုကျူးလွန်သူများကို ဖမ်းဆီးနိုင်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းမှုများ အားကောင်းလာစေရန်၊ ပိတ်မိနေသူများအား ကယ်ဆယ်နိုင်ရေးအတွက် အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း MPS မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ပြည်သူ့လုံခြုံရေး အာဏာပိုင်များကလည်း ပြည်သူများအား နိုးနိုးကြားကြားရှိနေရန်နှင့် ၎င်းတို့၏ ဘေးကင်းရေး ကြိုတင်ကာကွယ်မှုများကို အားကောင်းစေရန် သတိပေးထားသည်။ ရာဇ၀တ်မှုထောင်ချောက်ထဲသို့ မကျရောက်စေရန်အတွက် လူအများသည် လစာမြင့်မားသော ပြည်ပအလုပ်အကိုင်များကဲ့သို့သော သံသယဖြစ်ဖွယ်ကမ်းလှမ်းမှုများကို မယုံကြည်သင့်ဟု အာဏာပိုင်များက သတိပေး ပြောကြားခဲ့သည်။

တရုတ်သရုပ်​ဆောင်ဝမ်ရှင်းအပါအဝင် တရုတ်မော်ဒယ်၊ မီးကွင်းအကပညာရှင်၊ အမျိုးသမီးငယ်နှစ်ဦးအပါအဝင် တရုတ်နိုင်ငံသားများစွာကို ထိုင်းနိုင်ငံသို့ လိမ်လည်ခေါ်ဆောင်၍ မြန်မာနယ်စပ် မြဝတီမြို့ရှိ ကျားဖြန့်ဂိုဏ်းများကို့ လူကုန်ကူးရောင်းစားကာ အွန်လိုင်းလိမ်လည်မှုများလုပ်ဆောင်ရန် ဖိအားပေးခဲ့သူ တရားခံ ၁၂ ဦးကို ထိုင်းနှင့် တရုတ်ရဲတပ်ဖွဲ့ ပူးပေါင်းဖမ်းဆီးခဲ့ပြီးနောက် လက်ရှိတွင် အဓိကတရားခံ ယန်ကိုပါ ဆက်လက်ဖမ်းဆီးနိုင်ခဲ့ပြီး တရုတ်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

ကိုဗစ်သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ဖွယ်ရှိဟု စီအိုင်အေပြော

ဝါရှင်တန်၊ ဇန်နဝါရီ ၂၇

COVID-19 ကပ်ရောဂါသည် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း အမေရိကန် ဗဟိုထောက်လှမ်းရေး အေဂျင်စီ(စီအိုင်အေ)က ပြောကြားခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။

စီအိုင်အေက ၎င်းတို့၏ လေ့လာတွေ့ရှိချက်အပေါ် ယုံကြည်မှု အနည်းငယ်သာရှိကြောင်း ဝန်ခံခဲ့သည့်တိုင် ယခု ထုတ်ပြန်ချက်သည် တရုတ်ကို ရည်ရွယ်ခြင်းဖြစ်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ယခုလေ့လာတွေ့ရှိချက်သည့် ထောက်လှမ်းရေးသတင်း အသစ်တစ်ခု မဟုတ်သော်လည်း စီအိုင်အေ ဒါရိုက်ဟောင်း ဝီလျံ ဘန်းစ် (William Burns) နှင့် အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန် (Joe Biden) အစိုးရအဖွဲ့တို့၏ အားထုတ်ကြိုးပမ်းမှုများဖြစ်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စီအိုင်အေ ညွှန်ကြားရေးမှူးရာထူး ခန့်အပ်ခဲ့သည့် ဂျွန် ရက်ကလစ်ဖီ (John Ratcliffe) ကျမ်းသစ္စာကျိန်ဆိုပြီးနောက် ထိုလေ့လာတွေ့ရှိချက်ကို လူသိရှင်ကြား ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။

COVID-19 ကပ်ရောဂါသည် သဘာဝအလျောက် ပေါ်ပေါက်လာခဲ့ခြင်းထက် ဓာတ်ခွဲခန်း မတော်တဆမှုကြောင့် ပေါ်ပေါက်လာခြင်းဖြစ်နိုင်သည်ဟု လေ့လာချက်တွင် ဖော်ပြထားသော်လည်း ထိုအချက်ကို အတည်ပြုရန် ယုံကြည်မှုနည်းကြောင်း စီအိုင်အေက ဝန်ခံခဲ့သည်။

စီအိုင်အေ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ဝါရှင်တန်ရှိ တရုတ်သံရုံးက ချက်ချင်း မှတ်ချက်မပေးခဲ့ပေ။

တရုတ်အစိုးရကမူ COVID-19 ကပ်ရောဂါ၏ မူလဇစ်မြစ်ကို ဆုံးဖြတ်ရန် သုတေသန လုပ်ဆောင်မှုကို ထောက်ခံ ကြောင်းနှင့် ပူးပေါင်းပါဝင်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် အမေရိကန်ထောက်လှမ်းရေး အေဂျင်စီများ၏ စုံစမ်းထောက်လှမ်းသည့် အားထုတ်ကြိုးပမ်းများ နှင့်အတူ အမေရိကန်အစိုးရသည် ထိုအရေးကိစ္စကို နိုင်ငံရေးသဘော သက်ဝင်စေရန် လုပ်ဆောင်နေကြောင်း တရုတ်က စွပ်စွဲခဲ့သည်။

ထို့ပြင် COVID-19 သည် ဓာတ်ခွဲခန်းမှ ယိုစိမ့်လာသည်ဆိုသည့် ပြောကြားချက်များသည် ယုံကြည်လက်ခံနိုင်စရာ မရှိကြောင်း တရုတ်က ပြောကြားခဲ့သည်။

Source: AP

ပုံ - တရုတ်ဓာတ်ခွဲခန်းတစ်ခုကိုတွေ့ရစဉ်

#centralnewsnaypyitaw

image
Apu Lay မျှဝေသည်။ ပို့စ်  
1 နှစ်

1 နှစ်

မြန်မာနိုင်ငံသားတွေကိုဘဲ အလုပ်ခေါ်တဲ့ UN အလုပ် ၅၀ ကျော်လောက် အခုဖွင့်နေပါတယ်။ Location တွေက နေရာ အစုံဘဲဖြစ်တာမို့ စိတ်ဝင်စားရင် လျောက်ကြည့်ကြပါ။
https://unjobs.org/duty_stations/myanmar

#crd
#jobugo

image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံသားတွေကိုဘဲ အလုပ်ခေါ်တဲ့ UN အလုပ် ၅၀ ကျော်လောက် အခုဖွင့်နေပါတယ်။ Location တွေက နေရာ အစုံဘဲဖြစ်တာမို့ စိတ်ဝင်စားရင် လျောက်ကြည့်ကြပါ။
https://unjobs.org/duty_stations/myanmar

#crd
#jobugo

image
1 နှစ် - ဘာသာပြန်ပါ။

အချစ်ဆိုတာ ဘဝမဟုတ်သလို
ဘဝဆိုတာလည်း အချစ်မဟုတ်ပါ”
_______________________
အချစ်ကို ဗန်းပြပြီးကလေးဆန်ရမယ့် အရွယ်လဲမဟုတ်တော့ပါဘူး

ဘဝဆိုတာကိုလဲ ကလေးဆန်ဆန်အတွေးတွေနဲ့ ဖြတ်သန်းနေသ၍တိုးတက်လာမှာ မဟုတ်ပါဘူးအချစ်နဲ့ ဘဝ ဘာကို ရှေ့တန်းတင်မလဲပေါ့

အချစ်နဲ့ဘဝထပ်တူညီဖို့ဆိုတာကလဲအင်မတန်ကို ခက်ခဲလွန်းလှပါတယ်တစ်ခုခုကိုရှေ့တန်းတင်မိရင်တစ်ခုခုတော့ နောက်ကျကျန်နေမှာအမှန်ပါပဲ

ဒါပေမယ့်ကိုယ့်ရဲ့ရွေးချယ်မှုက ကိုယ့်ဘဝပါပဲ
ဘဝကို အရင်လှအောင် လုပ်မလား?အချစ်ကို အရင် ဦးညွှတ်မလား?ဆိုတာကိုတော့ ကိုယ့်ရဲ့ ရွေးချယ်နိုင်တဲ့အပေါ် မူတည်ပြီး ခံစား စံစားကြရမှာပါပဲ

ထမင်းရည်အပူ အတူသောက်ပြီးတဲအိုပျက်မှာ နေရ နေရဆိုတဲ့စကားကတစ်ကယ့်အပြင်လူ့ဘဝမှာ လွယ်ကူတာမှမဟုတ်ပဲ

တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီအများသူငါလို စားချင် သောက်ချင်ဝတ်ချင်လှချင် အရာရာကိုထိတွေ့ကိုင်တွယ်မက်မောချင်နေကြတာလဲ သဘာဝပါပဲ

မိုးမမြင်လေမမြင် ချစ်စခင်စကြင်နာစတုန်းကတော့ သူ့မျက်နှာလေးမြင်နေရရင်ကို ဗိုက်ပြည့်သွားသလိုလိုအရာရာပြည့်စုံသွားသလိုလိုနဲ့ပါပဲ

တစ်ကယ့် တစ်ကယ်အဆင်မပြေမှုတွေနဲ့လဲ ကြုံရောသူ့မျက်နှာလေးလဲ တစိမ့်စိမ့်ထိုင်ပြီးမငေးနိုင် မကြည့်နိုင်တော့ဘူးထမင်းရည်ပူ အတူမသောက်နိုင်တော့သလို တဲအိုပျက်မှာလဲ
မနေနိုင်ကြတော့ပါဘူး

အချစ်ကိုရှေ့တန်းတင်မိလို့နစ်မွန်းသွားတဲ့ဘဝတွေရှိသလိုဖြစ်ထွန်းသွားတာတွေလဲ ရှိပါတယ်
အဆင်မပြေမှုတွေကြားထဲ နားလည်မှုရှိရှိလက်တွဲသွားကြတဲ့သူတွေကတော့တိုးတက်လာနိုင်ပါတယ်ရှားတော့ ရှားတာပေါ့လေ

ဘဝကိုရှေ့တန်းတင်မိပြန်ရင်လဲအချစ်ဆိုတာကို မေ့နေတတ်ကြပါတယ်ခေါင်းထဲမှာ ကိန်းဂဏန်းတွေပဲရှိပြီးခုန်နေတဲ့ နှလုံးကလဲသွေးလေလည်ပတ်မှု တစ်ခုထဲအတွက်ပဲဖြစ်နေတတ်ပါတယ်

ဒါပေမယ့် ဘဝကိုသာအရင်လှအောင်လုပ်ကြည့်ပါအချစ်ဆိုတဲ့အရာ ဘယ်ကနေဝင်မှန်းမသိကို ဝင်လာပါလိမ့်မယ်

အဲ့ဒီတော့ဘာကို အရင်ရှေ့တန်းတင်မလဲဆိုတာကိုတော့ သေချာလေးစဉ်းစားဆုံးဖြတ်ပါ သူငယ်ချင်းအချစ်က ဘဝမဟုတ်သလိုဘဝဆိုတာကလဲ အချစ်မရှိလို့ မပြည့်စုံနိုင်ပါဘူး

image
1 နှစ် - ဘာသာပြန်ပါ။

တန်ဖိုး🍁
"ကိုယ်" ဘယ်လောက်ပဲ
အဖိုးတန်တဲ့လူတစ်ယောက်ဖြစ်နေပါစေ
တန်ဖိုးသိသူနဲ့ တွေ့မှ
တန်ဖိုးထားခံရမှာပါ။🍁
"ကိုယ်" ဘယ်လောက်ပဲ
ပေးဆပ်ခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပါစေ
အလေးထားတဲ့သူနဲ့ တွေ့မှ
ကိုယ့်ရဲ့ပေးဆပ်မှုဟာ
အရာထင်ပါလိမ့်မယ်။🍁
"ကိုယ်" ဘယ်လောက်ပဲ
ရိုးသားနေပါစေ မှန်ကန်တဲ့
လူတစ်ယောက်နဲ့ ဆုံတွေ့နိုင်မှသာ
ကိုယ့်ရဲ့ ကောင်းသတင်းတွေဟာ
ကျော်ဇောနိုင်မှာပါ ။🍁
"ကိုယ်" ဘယ်လောက်ပဲ
အလျှော့ပေးတဲ့ လူတစ်ယောက်
ဖြစ်နေပါစေ ကိုယ့်အပေါ်
ညှာတာထောက်ထားတဲ့ လူတစ်ယောက်နဲ့
တွေ့မှ ဒါတွေကို
သိတတ်ခံစားနိုင်မှာပါ ။🍁
တစ်ကယ်လို့ ကောင်းမွန်တဲ့
သူတွေနဲ့ မဆုံတွေ့ခဲ့ရဘူးဆိုရင်
ကိုယ့်ကိုယ်ကို ကောင်းမွန်စွာ
နေထိုင်သွားဖို့.....
သတိပေးနေရင် ရပါပြီ။🍁
နားမလည်သူများရဲ့.....
အကြည့်တွေ အပြောတွေကို
ခဏ ဖယ်ထုတ်လိုက်ပါ။🍁

image