ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကြက်ကုန်းဘာင်ကြီးကြော်နည်း
ကြက်သား၁၀သားခန့်ကိုလေးထာင့်တုံးလေးတွေလှီးထားပါ ပဲငံပြာရည်အကြည်အနည်းငယ် အသားမှုန့်အနည်းငယ် ကော်မှုန့်ဇွန်းတစ်ဝက် ထည့်နယ်ထားပါ ဆီ၅ကျပ်သားခန့်ထည့်ပြီးကြော်ထားပါ
ကြက်သွန်နီ ၅လုံး၈စိပ် စိပ်ထားပါ
ကြက်သွန်ဖြူ၅မွှာ ဂျင်းတို့ကိုဓားပြားရိုက်ထားပါ
မုန်လာဥနီ ဘိုစားပဲ ရွှေပဲသီးတို့ကို လက်တဆစ်ခန့်လှီးထားပါ ပန်း ငရုတ်ပွ ခရမ်း ချဉ်သီး လေး စိတ်ကွဲလှီးထားပါ
ငရုပ်သီးခြောက်အနည်းငယ်ကြော်ထားပါ
ကြက်သားကြော်ထားသောဆီတွင် အသီးအရွက်ထည့်ကြော်ပါ ၃မိနစ်လောက်ကြာလို့ နည်း နည်းနွမ်း သွားရင်
အရွက်တွေကို ဒယ်ဘေးမှာကပ်ပီးဆီတွေပြန်ခပ်ထုတ်ပါ ကျန်ဆီအနည်းငယ် နဲ့ ကြက်သွန်ဖြူနီ ဂျင်းတို့ထည့်ကြော်ပါမွှေးလာယင် ကြက်သားကြော်ထည့်ပီးအားလုံးရောမွှေပါ ပဲငံပြာရည်အနောက် ၁ဇွန်း အကြည်၁ဇွန်း ထမင်းစား ဇွန်း နဲ့ ပါ အချိုမှုန့်၁ဇွန်း သကြား ၂ဇွန်း ဆား အ နည်းငယ်ထည့်ပါ လဖက်စားဇွန်းနဲ့ပါ ချခါနည်း ခရမ်း ချဉ်သီး၂လုံး လေး စိတ်ကွဲ ထည့် တရုတ်မဆလာ အနည်း ငယ်ထည့် ငရုပ်သီးကြော်ထည့်ပါ နောက်ဆုံး အပေါ်က ဖယ် ထုတ်ထားသော် ဆီကြော်လေး တစ် ဇွန်းထည့် ရောပြီးချလိုက်ပါ ကြက်ကုန်းဘောင် တစ် ခွက်ရပါပြီ အဆင်ပြေပါကြပါစေ