Deli သမားကို ကိုယ်ဘယ်မှာ
နေကြောင်း ရှ၊င်းပြနေတဲ့ငါ :

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
image
image
image

တိုက်စစ်မှူးခေါ်ယူဖို့ အလုပ်လုပ်နေတယ်လို့ အာတီတာပြော

ဇန်နဝါရီ ၂၇

အာဆင်နယ်အသင်းဟာ လူစာရင်းအင်အား တောင့်တင်းအောင် ဈေးကွက်ထဲမှာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး နည်းပြအာတီတာက သူတို့ဟာ တိုက်စစ်မှူးခေါ်ယူဖို့ အလုပ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက "ကျနော့်ရဲ့ အတွေးအမြင်က ရှင်းပါတယ်။ ကျနော်တို့ဟာ ဆာကာနဲ့ ဂျီးဆပ်စ်တို့လို အလွန် အရေးပါတဲ့ ကစားသမား ၂ ဦးကို ဆုံးရှုံးထားပါတယ်။ ကျနော်တို့ဟာ သွင်းဂိုးတွေ နည်းပါးနေသလို လူအင်အားလည်း မရှိပါဘူး။ ရွေးချယ်စရာလည်း မရှိဘူးဆိုတာ ရှင်းပါတယ်။ ကျနော်တို့ဟာ မှန်ကန်တဲ့ ကစားသမားကို ရမလားဆိုတာ ရှာဖွေနေပြီး ကျနော်တို့ကို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့သူ လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့အလုပ်လုပ်နေပါတယ်"လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ နံပါတ် ၉ နေရာကို ရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာ တိုက်စစ်မှူး ဂျီးဆပ်စ်ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီးနောက် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် တိုက်စစ်မှူး ရှာဖွေမှုကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတာပါ။

အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အဓိက ပစ်မှတ်ထားနေသလို ဝုလ်ဗ်စ်အသင်း တိုက်စစ်မှူး ကွန်ညာကိုလည်း စိတ်ဝင်စားနေပါတယ်။

အာတီတာကတော့ အသင်းကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မှန်ကန်တဲ့ ကစားသမားကိုသာ ခေါ်ယူမယ်လို့ ပြောထားပါတယ်။

ဆောင်းရာသီ အပြောင်းအရွှေ့ဟာ ပိတ်ဖို့ တစ်ပတ်ကျော်သာ လိုတော့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဈေးကွက်ထဲမှာ တိုက်စစ်မှူးရှာဖွေဖို့ကို အမြန်ဆုံးလုပ်ပြီး ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဆက်စ်ကို,ကို ခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်အဖြစ် ကြိုးစားမယ်ဆိုရင် ဒီကစားသမား အတွက် လိုက်ပ်ဇစ်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ လိုအပ်နေတာပါ။

လိုက်ပ်ဇစ်အသင်းကတော့ ဆက်စ်ကို,ကို ခေါ်ယူဖို့ ဘယ်အသင်းကမှ ဆက်သွယ်ထားခြင်းမရှိလို့ သူဟာ အသင်းရဲ့ဂျာစီကို ဆက်ပြီးဝတ်ဆင်မယ်လို့ ပြောထားတာဖြစ်ပါတယ်။

Source: Goal

ပုံ - အာတီတာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း

 ဇန်နဝါရီ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိရောင်းချရမယ့် စားအုန်းဆီတစ်ပိဿာရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၇၂၅၅ ကျပ် ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၂၄၅ ကျပ်ဖြစ်တာကြောင့် ၁၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

#centralnewsnaypyitaw

image

မန္တလေးမြို့ပေါ်ရှိ ဘား၊ ကေတီဗီ၊ ကလပ်တို့တွင် ဖြန့်ဖြူးရောင်းချမည့် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများ ဖမ်းဆီးရမိ

ဇန်နဝါရီ ၂၇

မန္တလေးမြို့ပေါ်ရှိ ဘား၊ ကေတီဗီ၊ ကလပ်တို့တွင် ဖြန့်ဖြူးရောင်းချမည့် ကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများကို မဟာအောင်မြေမြို့နယ်တွင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က သတင်းအရ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၁)ရပ်ကွက်၊ ၆၈ လမ်း၊ ၄၀ x ၄၁ လမ်းကြားရှိ ဖူရီဟွ (၃၁)နှစ်၊ (ဘ)ဦးဖာချင်း၏ နေအိမ်ကိုရှာဖွေရာ နေအိမ်အိပ်ခန်းအတွင်းမှ စိတ်ပြောင်းဆေးဝါး Happy Water ၃ ကီလို သိမ်းဆည်းရမိခဲ့သည်။

ကွင်းဆက်စစ်ဆေးဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၅ နာရီအချိန် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၁) ရပ်ကွက်၊ ၄၂ လမ်းနှင့် ၆၇(A)လမ်းထောင့်ရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ဖြန့်ဖြူးရောင်းချသူ ဖူရှီးရံ(ခ)အားရှုန်း(၂၈)နှစ်၊ (ဘ)ဦးဖူဖာမို အား ကက်တမင်း ၃ ဒသမ ၆ ကီလို၊ Happy Water ၈ ဒသမ ၆၃၅ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြား၊ အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့နှင့်အတူ ဆက်လက်ဖမ်းဆီးရမိခဲ့၍ မန္တလေးမြို့ပေါ်ရှိ KTV၊ BAR၊ CLUB နှင့် ENTERTAINMENT များတွင် ဖြန့်ဖြူးရောင်းချမည့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၄ ဘီလျံကျော်တန်ဖိုးရှိ Happy Water ၁၁ ဒသမ ၆၃၅ ကီလို၊ ကက်တမင်း ၃ ဒသမ ၆ ကီလို၊ အက်တက်စီဆေးပြား ၄၀ ပြား၊ Happy-5 ဆေးပြား ၁၅၀ ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား ၂၈၀ ပြားနှင့် အိုက်စ်(မက်သ်အဖက်တမင်း) ၅ ဂရမ်တို့ကို ဖမ်းဆီးရမိခဲ့သည်။

ထို့​ကြောင့် ဖမ်းဆီးရမိသူနှစ်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Credig - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

တစ်ခါတစ်လေ ခန္ဓာကြီးက
လူတစ်ယောက်ကို ချစ်မိတော့မယ်လို့
အချက်ပြနေရင်
ကိုယ့်မှာ ထိန့်ထိန့်လန့်လန့်ရယ် ။
ချစ်မိဖို့က သိပ်လွယ်ပါတယ် …
ချစ်တတ်ဖို့နဲ့ဆက်ချစ်ဖို့ကသာ
သိပ်ခက်တာ ။
#မယ်ညို