ဆဒ္ဒန်ဂူ
အလင်းပေါက်မှာ နေထိုးတဲ့အချိန်လေး
နေ့လယ် 1 - 2 နာရီအတွင်း ရိုက်ထားတဲ့ပုံလေးတွေပါ။
#သွားမယ်&တည်းမယ်
crd
Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဆဒ္ဒန်ဂူ
အလင်းပေါက်မှာ နေထိုးတဲ့အချိန်လေး
နေ့လယ် 1 - 2 နာရီအတွင်း ရိုက်ထားတဲ့ပုံလေးတွေပါ။
#သွားမယ်&တည်းမယ်
crd
ဆဒ္ဒန်ဂူ
အလင်းပေါက်မှာ နေထိုးတဲ့အချိန်လေး
နေ့လယ် 1 - 2 နာရီအတွင်း ရိုက်ထားတဲ့ပုံလေးတွေပါ။
#သွားမယ်&တည်းမယ်
crd
ဆဒ္ဒန်ဂူ
အလင်းပေါက်မှာ နေထိုးတဲ့အချိန်လေး
နေ့လယ် 1 - 2 နာရီအတွင်း ရိုက်ထားတဲ့ပုံလေးတွေပါ။
#သွားမယ်&တည်းမယ်
crd
ဆဒ္ဒန်ဂူ
အလင်းပေါက်မှာ နေထိုးတဲ့အချိန်လေး
နေ့လယ် 1 - 2 နာရီအတွင်း ရိုက်ထားတဲ့ပုံလေးတွေပါ။
#သွားမယ်&တည်းမယ်
crd





မင်းသားကြီး ကွီးနေထူးနိုင်နဲ့
Collaboration အကြမ်းစားကြီးတစ်ခုကို ချပြလိုက်တဲ့
𝗣𝗨𝗕𝗚 𝗠𝗼𝗯𝗶𝗹𝗲 ‼️🚨
ဒီဇင်ဘာ ၃ ရက်နေ့မှာ ထွက်ရှိလာမယ့် ဒီ Collaboration မှာတော့
ကွီးနေထူးနိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားများထဲမှာ ပရိတ်သတ်တွေ အမှတ်ရနေမယ့် ကွီးရဲ့ Voice Line ၂၃ ခုအပြင် မေ့ထားလို့မရတဲ့ (မီးလက်ဝါး ) Graffiti တစ်ခုလည်းပါဝင်တာမလို့✋🔥
အထင်ကရဖြစ်စေမယ့် Collab တစ်ခုလို့ဆိုရင်လဲ
မမှားနိုင်ပါဘူးဗျ 📱💥 ပါဝင်တဲ့ Voice Line ၂၃ ခုထဲ
မှာမှ (၃) ခု အပြင် မီးလက်ဝါး Graffiti ကိုပါ Player များအနေနဲ့ Free ရရှိနိုင်အုံးမှာဖြစ်ပါတယ် ✅
ကျန်တဲ့ Voice Line ၂၀ ကိုတော့ Lucky Spin Event မှာ ဝင်ရောက်ကံစမ်းနိုင်မှာပါ ‼️ ဒီတော့ Voice Line ၃ ခုကို Free ရယူဖို့အတွက် Game ထဲမှာ ပြုလုပ်ရမယ့် Daily Mission လေးတွေထားရှိပေးထားမှာဖြစ်ပြီး Mission ပြီးတာနဲ့ ကွီး Voice Line (၃) နဲ့ Graffiti ကိုရရှိသွားမှာပါ 🔥🔥
ကွီး Voice Pack ကိုတော့ Dec 3 ရက်နေ့ဆိုရင် PUBG Mobile ထဲမှာကျွန်တော်တို့ မြင်တွေ့ရတော့မှာပဲဖြစ်ပါတယ် 😎🤘🏻
ကဲ...အရင်ထဲက Hot နေတဲ့ ကွီးနေထူးနိုင်နဲ့ PUBG Mobile Collab ကတော့ အမှန်ဖြစ်လာပြီမို့ Player တွေလည်း ကြိုက်နှစ်သက်ကြမယ်ဆိုတာအသေအချာပါပဲ 💥
ဒါဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်ရှိ Petrified Forest အမျိုးသားဥယျာဉ်အတွင်းမှာတည်ရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း သစ်ပင်ဖြစ်ပါတယ်။
Petrified Forest National Park ထဲက ဒီကျောက်ဖြစ် ရုပ်ကြွင်းသစ်ပင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၂၅ သန်းလောက်က Triassic ကာလမှာ ဖြစ်ပေါ်ခဲ့တာပါ။
အဲဒီအချိန်တုန်းက ဒီနေရာဟာ စိမ့်မြေတွေနဲ့ ဖုံးလွှမ်းနေတဲ့ သစ်တောအုပ်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ သစ်ပင်တွေ သေဆုံးပြီးနောက် မြစ်ရေထဲမျောပါသွားပြီး ရွှံ့နွံတွေနဲ့ ဖုံးအုပ်ခံခဲ့ရပါတယ်။
အောက်ဆီဂျင်ပြတ်တောက်သွားတဲ့အခါ သစ်သားတွေ
မဆွေးမြေ့တော့ဘဲ မြေအောက်ရေထဲက သတ္တုဓာတ်တွေ (အဓိက ဆီလီကာ) က သစ်သားရဲ့ ဆဲလ်တွေထဲကို စိမ့်ဝင်ပြီး မူလအရာဝတ္ထုတွေကို အစားထိုးသွားပါတယ်။
ဒီလိုနဲ့ သစ်သားဟာ ကျောက်သားလို မာကျောသွားပြီး ကျောက်ဖြစ်ရုပ်ကြွင်းသစ်ပင်တွေ ဖြစ်လာတာပါ။
#timespectrum
#knowledgezone
ရက်ရှ်ဖို့ဒ်ထက် ဂိုးနည်းပြကို ရွေးချယ်ရတာ ပိုကောင်းတယ်လို့ အာမိုရင်ပြော
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၂၇
ယူနိုက်တက်အသင်း နည်းပြအာမိုရင်က တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ထက် အသက် ၆၃ နှစ်အရွယ်ရှိ ဂိုးနည်းပြ ဗိုင်တယ်လ်ကို ရွေးချယ်ရတာ ပိုပြီးကောင်းတယ်လို့ ဖူလ်ဟမ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲအပြီးမှာ ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောခဲ့ပါတယ်။
အာမိုရင်က “ရက်ရှ်ဖို့ဒ်ကို ချန်လှပ်ခဲ့တာက အမြဲတမ်း အတူတူပါပဲ။ အကြောင်းပြချက်ကတော့ လေ့ကျင့်မှု လုပ်ဆောင်တဲ့ အရာပါ။ အဲဒါကြောင့် အခြေအနေတွေ မပြောင်းရင် ကျနော် မပြောင်းလဲပါဘူး။ ဒါဟာ ကစားသမားတိုင်းအတွက် တူညီတဲ့ အခြေအနေတစ်ခုပါပဲ။ အမြင့်ဆုံးအရာတွေ လုပ်မယ်၊ မှန်ကန်တဲ့ အရာတွေ လုပ်မယ်ဆိုရင် ကျနော်တို့ ကစားသမားတိုင်းကို အသုံးပြုနိုင်ပါတယ်။ နေ့တိုင်း အမြင့်ဆုံးအရာတွေကို မပေးနိုင်တဲ့ ကစားသမားထက် ဗိုင်တယ်လ်ကိုပဲ လူစာရင်းထဲထည့်လာမှာပါ။ အဲဒါကြောင့် ဒါကို ကျနော်မပြောင်းလဲဘူး”လို့ ပြောခဲ့တာပါ။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းက ဖူလ်ဟမ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစာရင်းထဲ မပါဝင်ခဲ့ပြီးနောက် အသင်းနောက်ဆုံး ကစားခဲ့တဲ့ ၁၁ ပွဲစလုံး ပါဝင်ခွင့်မရခဲ့တာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ဒီဇင်ဘာ ၁၅ ရက်က မန်စီးတီးအသင်းနဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ လူစာရင်းကနေ ချန်လှပ်ခံရပြီး နောက် စိန်ခေါ်မှုအသစ်ကို ရှာဖွေဖို့ အဆင်သင့် ဖြစ်နေပြီလို့ ပြောခဲ့တာပါ။
ဒါပေမယ့် ရက်ရှ်ဖို့ဒ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ လက်ရှိအချိန်အထိ အသင်းသစ် မရရှိသေးတာ ဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အသင်းအတွက် ပြန်လည်ကစားပေးဖို့ ဆန္ဒရှိနေပေမယ့် နည်းပြအာမိုရင်က သူ့ရဲ့စိတ်နေ သဘောထားကို မပြောင်းလဲဘူးဆိုရင် အသင်းထံခေါ်ယူမှာ မဟုတ်ဘူးလို့ ပြောခဲ့တာပါ။
အင်္ဂလန်ကစားသမားဟာ ယူနိုက်တက်အသင်းအတွက် ပါဝင်ကစားခွင့် မရခဲ့ပေမယ့် ဖူလ်ဟမ်အသင်းနဲ့ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့တဲ့ သူ့ရဲ့အသင်းဖော်တွေကို ဆိုရှယ်မီဒီယာကနေ ဂုဏ်ပြုခဲ့ပါတယ်။
ယူနိုက်တက်အသင်း နည်းပြအာမိုရင်က ဖူလ်ဟမ်အသင်းနဲ့ပွဲဟာ သူတို့ရဲ့ အကောင်းဆုံးပွဲ မဟုတ်ခဲ့ပေမယ့် အနိုင်ရဖို့နဲ့ ၃ မှတ်ရယူနိုင်ခဲ့တဲ့ ခံစားချက်က အလွန်အရေးပါခဲ့တယ်လို့ ပြောခဲ့တာပါ။
ဒါအပြင် အသက် ၄၀ နှစ် ပြည့်ခဲ့တဲ့ပြီဖြစ်တဲ့ ပေါ်တူဂီလူမျိုးနည်းပြ အာမိုရင်က ယူနိုက်တက်အသင်းကို ကိုင်တွယ်အပြီးမှာ သူအသက် ပိုကြီးလာတယ်လို့ ခံစားရကြောင်းလည်း ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းဟာ ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ ပွဲ ကစားအပြီးမှာ ရမှတ် ၂၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၁၂ နေရာမှာ ရပ်တည်နေတာပါ။
ယူနိုက်တက်အသင်းဟာ ကြားရက်ထဲမှာ ယူရိုပါလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် FCSB အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
ပုံ - ရက်ရှ်ဖို့ဒ်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
- ချောင်းခြောက်ဆိုး၊ လည်ချောင်းနာ၊ သလိပ် - များအတွက်
တစ်ရက်သောက်ရုံနဲ့ပျောက်တဲ့ ပျားသံပုရာဖျော်ရည်
သံပုရာသီး ၂ ခြမ်းခွဲပြီး ဆားအနည်းငယ်ထည့်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းထည့်ပြီးရင် ရေပူ သို့ ရေနွေးထည့်၊ သံပုရာသီးက မညှစ်ဘူး ဒီတိုင်းထည့်၊ အခွံကိုပဲ အသားပေး၍ လည်ချောင်းနာတာတွေ သက်သာစေတယ် ။
မသောက်ခင် အသက်တဝရှူသွင်းပါ ။ သောက်လို့ ကောင်းတယ် ။ တနေ့ကို ၃ ကြိမ်လောက်သောက်ပြီးရင် ရောဂါလက္ခဏာရှိရင် ချောင်းဆိုး လည်ချောင်းနာတာတွေ တစ်နေ့သောက်ရုံနဲ့ သိသိသာသာ ပျောက်ကင်းစေပါတယ် ။
ကျန်းမာရေးဗဟုတုတ
crd
ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် မူဘောင်ချမှတ်ရန် ဇာလန်းစကီးပြော
ကိယက်ဗ်၊ ဇန်နဝါရီ ၂၇
ယူကရိန်း၏ မဟာမိတ်နိုင်ငံများအနေဖြင့် ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများအတွက် မူဘောင်တစ်ခု ချမှတ်လုပ်ဆောင်သင့်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး (Volodymyr Zelensky) က ပြောကြားခဲ့သည်ဟု အေပီမှ ဖော်ပြခဲ့သည်။
ထိုဆွေးနွေးပွဲများတွင် ယူကရိန်းနိုင်ငံ ပါဝင်မှသာ ရေရှည်တည်မြဲသည့် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းပေးနိုင်လိမ့် မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။
“ဆွေးနွေးညှိနှိုင်းမှုပုံစံတွေ ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျနော် သေချာမပြောနိုင်ပါဘူး။ ကျနော်တို့မှာလည်း ဘုံသဘောတူတဲ့ အစီအစဉ် မရှိသေးတာကြောင့် ဆွေးနွေးညှိနှိုင်းရေး လုပ်ငန်းစဉ် ဘာဆက်ဖြစ်လာမလဲဆိုတာ မသိသေးပါဘူး”ဟု ဇာလန်းစကီးက ပြောကြားခဲ့သည်။
ထို့ပြင် ရုရှား-ယူကရိန်းစစ်ပွဲကို အဆုံးသတ်ရန် အမေရိကန်၊ ယူကရိန်း၊ ရုရှားနှင့် ဥရောပသမဂ္ဂတို့ အစည်းအဝေး ပြုလုပ်သင့်ကြောင်း ဇာလန်းစကီးက ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင် (Vladimir Putin) ကလည်း ယူကရိန်း စစ်ပွဲနှင့်ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်(Donald Trump) နှင့် ဆွေးနွေးမှုများ ပြုလုပ်ရန် အသင့်ရှိကြောင်း ယခုသီတင်းပတ် အစောပိုင်းက ပြောကြားခဲ့သည်။
ထရမ့်သည် ယူကရိန်းစစ်ပွဲကို တားဆီးနိုင်ခြေရှိသည့် လိမ္မာပါးနပ်သော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ပူတင်က ပြောကြားခဲ့သည်။
သို့သော် ကရင်မလင်နန်းတော်ကမူ ပူတင်နှင့် ထရမ့်တို့ မည်သည့်အချိန်တွင် တွေ့ဆုံမည်ဆိုခြင်းကို ထုတ်ပြန်ခဲ့ ခြင်းမရှိပေ။
ယူကရိန်းစစ်ပွဲကို အဆုံသတ်ပေးမည်ဟု ကတိပြုခဲ့သည့် ထရမ့်ကလည်း သူသည် ပူတင်နှင့်ချက်ချင်း တွေ့ဆုံရန် ဆန္ဒရှိကြောင်း ဇန်နဝါရီ ၂၃ ရက်က ကြေညာခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်က ကျမ်းသစ္စာကျိန်ဆိုခဲ့သည့် ထရမ့်သည် ယူကရိန်းစစ်ပွဲကို အဓိပ္ပာယ်မရှိကြောင်း ပြောကြားခဲ့ ပြီး ရုရှားအနေဖြင့် ယူကရိန်းထိုးစစ်ကို ရပ်တန့်ခြင်း မရှိပါက ပြင်းထန်သော စီးပွားရေးပိတ်ဆို့မှုများ ချမှတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့သည်။
Source: အပေီ
ပုံ - ဇာလန်းစကီးကိုတွေ့ရစဉ်
#centralnewsnaypyitaw
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
ဇန်နဝါရီ ၂၇
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၅၅ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၄၅၀၀၀၀ ကျပ်
ပြင်ပ အရောင်းအဝယ်ဖြစ်တဲ့ ရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၅၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၄၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၃၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၂၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၃၅၉၃ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၈၀ ကျပ်
ဝယ်ဈေး - ၄၄၈၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၃၈၀ ကျပ်
ဝယ်ဈေး - ၃၂၈၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၇၉၀ ကျပ်
ဝယ်ဈေး - ၄၆၆၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၆.၀၅ ကျပ်
ဝယ်ဈေး - ၁၃၂.၄၅ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၄၅ ကျပ်
ဝယ်ဈေး - ၁၀၁၈ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၁ ကျပ်
ဝယ်ဈေး - ၆၁၄ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၄၅ ကျပ်
ဝယ်ဈေး - ၂၈.၆၅ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၀၀ ကျပ်
ဝယ်ဈေး - ၅၁.၆၀ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၀ ကျပ်
ဝယ်ဈေး - ၃.၁၁ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၇၀၀ ကျပ်
ဝယ်ဈေး - ၅၅၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၀၅ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၁၈၅ ကျပ်
ဝယ်ဈေး - ၃၁၀၀ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၈ ကျပ်
ဝယ်ဈေး - ၅၇၃ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၄၇ ကျပ်
ဝယ်ဈေး - ၁၂၁၄ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
***သတ်မှတ်ဈေးအတိုင်း အရောင်းအဝယ်မလုပ်ပါက အရေးယူခံရနိုင်သည်။
#သတင်းဟင်းလေးအိုးကြီး