ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အပိုင်ပွဲတွေ တင်ပေးပါ တပွဲကောင်းတွေ မျှပါအုန်း စသည်ဖြင့် page ၏ ချက်ဘောက်တွင် လာရောက်တောင်းဆိုကြသည်။
သို့သော် မိမိအနေဖြင့် ကန်သမျှပွဲတိုင်း တင်ပေးလို့ မရတော့ပါ ယခင်က နေ့လည်ပိုင်းကန်သည့် ဩဇီပွဲတွေကအစ freeတင်ပေးခဲ့တာကြောင့်ထိုးသားများ ဝိုင်းပြီး ဘက်ကန်ကြရာ ဆိုက်ကွဲအောင် လျော်ရသဖြင့် စီနီယာ ဆိုသူများမှ လာရောက်ခြိမ်းခြောက်တာကြောင့် ဇနီးဖြစ်သူ Mဆိုင်းလု နှင့် အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါတွင် ၃လနီးပါး ပုန်းအောင်းနေခဲ့ရသည်။
သို့သော် မြန်မာနိုင်ငံတဝန်းတွင် အရေးတကြီး ငွေလိုအပ်သူ လူငယ်ပမာဏများပြားလာပါက အပိုင်ပွဲများအား ဆရာစားမချန် freeတင်ပေးမည်။
#ဘောလုံးပွဲတွေရှိနေသရွေ့ မြန်မာနိုင်ငံမှလူငယ်များ ထမင်းမငတ်စေရ
ဒူရန်ကို ဗီလာမှာ ဆက်ရှိစေချင်တယ်လို့ အူနှိုင်းအမ်မရီပြော
ဇန်နဝါရီ ၂၈
အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီက ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်မှာ အသင်းကြီးတွေရဲ့ ပစ်မှတ်အဖြစ်ရှိနေတဲ့ တိုက်စစ်မှူး ဒူရန်ကို အသင်းမှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “ဒီအခြေအနေတွေက လက်ရှိ အခိုက်အတန့်မှာ ကျနော်တို့ကို ၁၀၀ ရာခိုင်နှုန်း အာရုံစိုက်ဖို့ မကူညီနိုင်ပါဘူး။ ဒါပေမယ့် ဒူရန်ဟာ ကျနော်တို့ရဲ့ ကစားသမားဖြစ်ပြီး ကျနော်ကတော့ သူနဲ့အတူ ပျော်ရွှင်နေ ပါတယ်။ ကျနော်ကတော့ သူ့ကို ကျနော်တို့နဲ့အတူ ဒီမှာဆက်ပြီး ရှိစေချင်ပါတယ်”လို့ ဒူရန်ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး Sky Sports ကိုပြောခဲ့တာပါ။
ဒူရန်ဟာ ပြီးခဲ့တဲ့ ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာလည်း အရန်ခုံပေါ်မှာ ထိုင်ခဲ့ရပြီး ပွဲကစားချိန် နည်းပါးမှုတွေ ကြောင့် ဇန်နဝါရီအပြောင်းအရွှေ့အတွင်းမှာ ထင်ကြေးတွေ အများအပြား ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။
ဒူရန်ကို ခေါ်ယူဖို့ ချယ်လ်ဆီး၊ အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ပီအက်စ်ဂျီနဲ့ အယ်လ်နာဆာအသင်းတို့က စိတ်ဝင်စား နေတာပါ။
အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဒူရန်အတွက် ပေါင် ၅၇ သန်းနဲ့ ဝက်စ်ဟမ်းအသင်းရဲ့ ကမ်းလှမ်း မှုကို ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။
ဗြိတိန်မီဒီယာတွေက အက်စတွန်ဗီလာအသင်းဟာ ဒူရန်အတွက် အနည်းဆုံးပေါင် ၈၅ သန်း လိုချင်နေတယ်လို့ ဖော်ပြထားတာပါ။
အက်စတွန်ဗီလာအသင်း နည်းပြ အူနှိုင်းအမ်မရီက ဒူရန်ရဲ့ အပြောင်းအရွှေ့ သတင်းတွေဟာ အနှောင့်အယှက် ဖြစ်ပေမယ့် သူ့ကို ကလပ်မှာ ဆက်ရှိစေချင်တယ်လို့ ပြောခဲ့ပါတယ်။
ဘောလုံးပွဲ ဝေဖန်သုံးသပ်သူအဖြစ် ဆောင်ရွက်နေတဲ့ ကာရေဂါက အက်စတွန်ဗီလာအသင်းအနေနဲ့ ဒီရာသီမှာ အသင်းအတွက် ၁၂ ဂိုး သွင်းယူထားတဲ့ ဒူရန်ကို ရောင်းချသင့်တယ်လို့ အကြံပြုထားတာပါ။
အက်စတွန်ဗီလာအသင်းဟာ ဝက်စ်ဟမ်းအသင်းနဲ့ သရေကျခဲ့ပြီးနောက် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၈ နေရာမှာ ရပ်တည်နေကာ အဆင့် ၄ နေရာက မန်စီးတီးအသင်းနဲ့ ၄ မှတ်ကွာဟနေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ကြားရက်ထဲမှာ ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် ဆဲလ်တစ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source:Metro
ပုံ - ဒူရန်ကို တွေ့ရစဉ်
#ဘောလုံးသတင်းစုံ
တောင်ကြီး PNO ရှိတဲ့ နယ်မြေကို SSPP ဝင်လာလို့ တိုက်ပွဲဖြစ်မှာစိုးရိမ်နေကြ
ဇန်နဝါရီ ၂၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့နယ်မှာ PNO ပြည်သူ့စစ်စခန်းရှိတဲ့ နယ်မြေကို ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) SSPP/SSA တပ်သားတွေမှ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ရက်ကစတင်ပြီး ဝင်ရောက်နေထိုင်နေတဲ့အတွက် တိုက်ပွဲဖြစ်ပွားမှာ စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော်အုပ်စု၊ ကျောင်းတောရွာကို SSPP တပ်က အင်အား ၁၀၀ ကျော်နဲ့ ဝင်ရောက်လာတာဖြစ်ပြီး သေနတ်သံတွေလည်း ကြားနေရတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်နေရပြီး တကယ်လို့ တိုက်ပွဲဖြစ်ပွားလာပါက တိမ်းရှောင်နိုင်ဖို့ အခြေအနေစောင့်ကြည့်နေရတယ်လို့ သိရပါတယ်။
“သေနတ်သံတော့ ရှေ့ရက်တွေက တချက်တချက်ကြားလိုက်ရတယ်။ မနေ့နဲ့ ဒီနေ့တော့ မကြားရသေးဘူး။ တိုက်ပွဲဖြစ်မှာတော့ ကြောက်တာပေါ့၊ ဖြစ်ရင်ပြေးရအောင်လည်း အသင့်ပြင်ထားရတယ်။ အခုထိတော့ နှစ်ဖက်စလုံးက ရွာသားတွေကို ဘာမှအသိပေးလာတာတော့ မရှိသေးဘူး။ တဖက်နဲ့ တဖက် စောင့်ကြည့်နေကြတာလား၊ နားလည်မှုနဲ့ ဝင်လာတာလားလည်း မသိရသေးပါဘူး”လို့ ဒေသခံတယောက်က ပြောပါတယ်။
အဲဒီကျောင်းတောရွာမှာ ပအိုဝ်းပြည်သူ့စစ်(PNO)ရဲ့ တပ်ခွဲ(၉) စခန်းတည်ရှိနေတာ ကြာမြင့်နေပြီဖြစ်ပြီး SSPP တပ်ကတော့ အခုမှသာ စတင်ဝင်ရောက်လာတာဖြစ်ပေမယ့် ရွာအနီးပါတ်ဝန်းကျင်မှာတော့ အရင်က ရံဖန်ရံခါ လှုပ်ရှားသွားလာလေ့ရှိတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ဒုတိယပါတ်ကစတင်ပြီးတော့လည်း တောင်ကြီးမြို့နယ်၊ နန်းဟောင်းမွေတော်အုပ်စု၊ ဘန်ကွဲကျေးရွာမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) က ကြိုးနဲ့တားကာ စစ်ဆေးရေးဂိတ်ပြုလုပ်ထားပြီး ဖြတ်သန်းသွားလာတဲ့ ကားတွေကို တားဆီးစစ်ဆေးပြီးနောက် ပြောင်းဖူးတင်ဆောင်လာတဲ့ ကားတွေကို တစ်စီး ၃၀၀၀၀ကျပ် ကောက်ခံနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံ-gg
Credit - VOM News Agency
#သတင်းဟင်းလေးအိုးကြီး
ြေအောက်မြိုတော်မှာ နေကြတဲ့ရှေးဟောင်း မံမီသုံးကောင်ဟာ ယနေ့ခေတ်လန်ဒန်မြိုပေါ်ကို မတော်တဆရောက်လာတဲ့အခါ.....
Mummies ( 2023 ) 📱
================
ဟာသကာတွန်းရုပ်ရှင်အသစ်လေးတစ်ခုလာပါပြီ ။ နာမည်အတိုင်းပဲ ဇာတ်ကောင်တွေက မံမီတွေဖြစ်ပါတယ်။
ရှေးခေတ်အီဂျစ်လူမျိုးတွေဟာ သေလွန်ပြီးတဲ့နောက်မှာ တမလွန်ခေါ် မြေအောက်ကမ္ဘာကို ရောက်သွားတယ်လို ယုံကြည်ကြပါတယ်။
အစပထမမှာတော့ မြေအောက်ကမ္ဘာခရီးအဆုံးမှာ သူတိုရဲ့အလောင်းတွေဟာ အသက်ပြန်ဝင်နိုးထလာမယ်လို ယုံကြည်ခဲ့ကြပါတယ်။
ဒါပေမဲ့ အလောင်းတွေဟာ ပုပ်ဆွေးသွားတယ်ဆိုတာကို သိလာပြီးနောက်မှာတော့ တမလွန်ခရီးကအပြန် ရှင်သန်နိုင်ဖို အလောင်းတွေကို မပျက်စီးအောင်ထိန်းသိမ်းထားဖိုလိုတယ်လို ယူဆခဲ့ကြပြီး ဆေးစိမ်ပတ်တီးစည်းခဲ့ကြပါတော့တယ်။
အဲဒီအလောင်းတွေကို မံမီတွေလိုခေါ်ပါတယ်။ Mummy ဆိုတဲ့စကားဟာ ရှေးဟောင်း Arabic စကားလုံး mūmiyā ကို လက်တင်ဘာသာနဲ့ mumia လိုခေါ်ရာကနေ ဆင်းသက်လာတာပါ။
အဓိပ္ပါယ်ကတော့ မပုပ်သိုးအောင်ထိန်းသိမ်းထားတဲ့အလောင်းဆိုတာပါပဲ။
မြန်မာနိုင်ငံရဲ့ နာမည်ကြီး မွန်အနုပညာရှင်တွေဖြစ်ကြတဲ့
အိချောပို၊ နန္ဒာလှိုင်၊မေပန်းချီနဲ့ နီနီလင်းအိမ်...ဘယ်မွန်မလေးကို အကြိုက်ဆုံးလဲ နော်
#crd#entertainment #mychannel #myanmarcelenews #myanmarceleberity #အိချောပို #နန္ဒာလှိုင် #မေပန်းချီ #နီနီလင်းအောင်
ပြည်မြို့ရှောင်လမ်းပေါ် ပေါက်ခေါင်း-ရန်ကုန်ပြေးဆွဲတဲ့ Express ယာဥ် မီးလောင်ပြီး တစ်စီးလုံး ဆုံးရှုံး
ဇန်နဝါရီ ၂၈
ပြည်မြို့ မြို့ရှောင်လမ်းပေါ်မှာ ပေါက်ခေါင်း-ရန်ကုန်ပြေးဆွဲတဲ့ Express ယာဥ်တစ်စီး ဒီညနေပိုင်းက မီးလောင်မှုဖြစ်ပွားပြီး တစ်စီးလုံး မီးလောင် ဆုံးရှုံးသွားတယ်လို့ ကနဦး သိရပါတယ်။
ဖြစ်စဥ်မှာ ဇန်နဝါရီ ၂၇ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ နဝဒေးရပ်ကွက်၊ မိုင်တိုင်အမှတ်(၁၇၇/၁) မှာ ခရီးသည်တင်ယာဉ်(၁)စီး မီးလောင်မှုဖြစ်ပွားတယ်လို့ သတင်းရရှိတာကြောင့် ပြည်မြို့နယ်မီးသတ်စခန်းက မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မြို့ခံပရဟိတအသင်းအဖွဲ့တွေ ထွက်ခွာငြှိမ်းသတ်ခဲ့ရာမှာ ၄ နာရီ မိနစ် ၂၀ ခန့်အချိန်မှာ မီးငြိမ်းသွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။
“ဖြစ်သွားတာက မြို့ရှောင်လမ်းပေါ်က ရွှေဗျိုင်းဖြူဆီဆိုင်နားမှာ။ ကားက တစ်စီးလုံးလိုလို အကုန်လောင်ပြီးမှ ငြိမ်းသွားတာ။ ပေါက်ခေါင်း ရန်ကုန်ပြေးတဲ့ ဘုန်းမြတ်ပိုင်ယာဥ်လိုင်းကယာဥ်လို့ သိရပါတယ်” လို့ ကူညီပေးတဲ့ ပရဟိတသမားတစ်ဦးက ဆိုပါတယ်။
ယာဥ်မီးလောင်မှုဖြစ်ပွားမှုကို ကနဦးမှာ အပူလွန်ကဲတယ်လို့ သုံးသပ်ထားပြီး ယာဉ်မီးလောင်မှုကြောင့် ခရီးသည်ယာဥ်ပေါ် လိုက်ပါလာတဲ့ လူ ၁၂ ဦးစလုံး ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘူးလို့ သိရသလို အသေးစိတ်ဖြစ်စဥ်တွေကိုတော့ တာဝန်ရှိသူတွေက ဆက်လက်စိစစ်နေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ – ပျူနှလုံးသား လူမှုကူညီရေးအသင်း & CJ
#centralnewsnaypyitaw
မြန်မာ့အားကစားလောက ဖွံ့ဖြိုးတိုးတက်လာစေရန် ဖူဆယ်အသင်းတည်ထောင်ထားသော်လည်း မျိုးဆက်သစ်လူငယ်ကစားသမားများ ရှားပါးလာတာကြောင့် ကိုမာန်ဟိန်းမှ သူ့ကလပ်မှာ အသင်းခေါင်းဆောင် လုပ်ပြီး ကိုယ်တိုင်ဝင်ကန် နေကြောင်း သိရပါတယ်။
ထိုကိစ္စနဲ့ ပတ်သတ်ပြီး အမေရိကန်မြန်မာ သတင်းဌာနမှ ဂိုရှယ်လေးက ဆက်သွယ်မေးမြန်းရာ
“ငါကန်ချင်လို့ ငါ့ဘာသာ အသင်းထောင်ထားတာလေ”ဟု ဖြေကြားသွားကြောင်း သတင်းရရှိပါသည်။