Khine Su Zin shared a post  
1 y

1 y

အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချဖို့
နည်းလမ်း (၁၁) ချက်💪❤️
✅အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။
✅အချိုရည်တွေ မသောက်ပါနဲ့
✅အစာမစားခင် ရေသောက်ပါ။
✅ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ။
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
✅အမျှင်ဓာတ်များများစားပါ။အသီးအနှံ/အသီးအရွက်များ။
✅ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ။Green Tea ကြိုက်ရင်သောက်လို့ရပါတယ်
✅အစားအစာကို ဖြည်းဖြည်းချင်း‌ ကျေညက်အောင်ဝါးစားပါ။
✅အိပ်ရေးဝဝအိပ်ပါ
✅သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
✅လေ့ကျင့်ခန်း တစ်နေ့နာရီဝက်ခန့်ပြုလုပ်ပါ။
✅အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါတယ်
#dietplanbysu
#dietmealplanner
#weightlosstransformation
#knowledgesharing
#crd

image

အန္တရာယ်ကင်းစွာကိုယ်အလေးချိန် အမြန်လျှော့ချဖို့
နည်းလမ်း (၁၁) ချက်💪❤️
✅အသားများများနဲ့ မနက်စာစားပါ။
မနက်စာမှာ အသားများများစားတဲ့အခါ ဆာလောင်တာကို လျှော့ချပေးပြီး စားသုံးမှု ကတဆင့်ရမယ့် ကယ်လိုရီပမာဏပါ နည်းစေမှာပါ။
✅အချိုရည်တွေ မသောက်ပါနဲ့
✅အစာမစားခင် ရေသောက်ပါ။
✅ဝိတ်ကျစေတဲ့ အစားအစာတွေပိုစားပါ။
ဥပမာ အမဲသား၊အာလူးပြုတ်၊ဟင်းသီးဟင်းရွက်များ၊ပဲ အမျိုးမျိုး၊ အစေ့အဆန်များ၊တူနာငါး၊ဒိန်ချဉ်
✅အမျှင်ဓာတ်များများစားပါ။အသီးအနှံ/အသီးအရွက်များ။
✅ရေနွေးကြမ်း၊ကော်ဖီ နေ့စဉ်သောက်ပါ။Green Tea ကြိုက်ရင်သောက်လို့ရပါတယ်
✅အစားအစာကို ဖြည်းဖြည်းချင်း‌ ကျေညက်အောင်ဝါးစားပါ။
✅အိပ်ရေးဝဝအိပ်ပါ
✅သကြား၊ဆီကြော်ရှောင်၊ကစီဓာတ် လျှော့စားပါ။
✅လေ့ကျင့်ခန်း တစ်နေ့နာရီဝက်ခန့်ပြုလုပ်ပါ။
✅အိပ်ခါနီး ၂နာရီ အတွင်း ဘာမှ မစားပါနဲ့။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်creditပေးပါတယ်
#dietplanbysu
#dietmealplanner
#weightlosstransformation
#knowledgesharing
#crd

image

Deli သမားကို ကိုယ်ဘယ်မှာ
နေကြောင်း ရှ၊င်းပြနေတဲ့ငါ :

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
1 y - Translate

ML Updates

image
image
image
image

တိုက်စစ်မှူးခေါ်ယူဖို့ အလုပ်လုပ်နေတယ်လို့ အာတီတာပြော

ဇန်နဝါရီ ၂၇

အာဆင်နယ်အသင်းဟာ လူစာရင်းအင်အား တောင့်တင်းအောင် ဈေးကွက်ထဲမှာ တိုက်စစ်မှူးတစ်ဦးကို ရှာဖွေနေပြီး နည်းပြအာတီတာက သူတို့ဟာ တိုက်စစ်မှူးခေါ်ယူဖို့ အလုပ်လုပ်နေတယ်လို့ ပြောခဲ့ပါတယ်။

အာတီတာက "ကျနော့်ရဲ့ အတွေးအမြင်က ရှင်းပါတယ်။ ကျနော်တို့ဟာ ဆာကာနဲ့ ဂျီးဆပ်စ်တို့လို အလွန် အရေးပါတဲ့ ကစားသမား ၂ ဦးကို ဆုံးရှုံးထားပါတယ်။ ကျနော်တို့ဟာ သွင်းဂိုးတွေ နည်းပါးနေသလို လူအင်အားလည်း မရှိပါဘူး။ ရွေးချယ်စရာလည်း မရှိဘူးဆိုတာ ရှင်းပါတယ်။ ကျနော်တို့ဟာ မှန်ကန်တဲ့ ကစားသမားကို ရမလားဆိုတာ ရှာဖွေနေပြီး ကျနော်တို့ကို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့သူ လိုအပ်ပါတယ်။ ဒီအတွက် ကျနော်တို့အလုပ်လုပ်နေပါတယ်"လို့ ပြောခဲ့တာပါ။

အာဆင်နယ်အသင်းဟာ ပြီးခဲ့တဲ့ရာသီတွေမှာ နံပါတ် ၉ နေရာကို ရှာဖွေနိုင်ဖို့ ရုန်းကန်ခဲ့ရသလို ဒီရာသီမှာ တိုက်စစ်မှူး ဂျီးဆပ်စ်ကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရပြီးနောက် တိုက်စစ်မှူးတစ်ဦးကို ခေါ်ယူနိုင်ဖို့ ရှာဖွေမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်မှာ ချန်ပီယံဆုကို စိန်ခေါ်နိုင်ဖို့အတွက် တိုက်စစ်မှူး ရှာဖွေမှုကို အရှိန်မြှင့်ပြီးလုပ်ဆောင်နေတာပါ။

အာဆင်နယ်အသင်းဟာ လိုက်ပ်ဇစ်အသင်း တိုက်စစ်မှူး ဆက်စ်ကို,ကို ဇန်နဝါရီအပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ အဓိက ပစ်မှတ်ထားနေသလို ဝုလ်ဗ်စ်အသင်း တိုက်စစ်မှူး ကွန်ညာကိုလည်း စိတ်ဝင်စားနေပါတယ်။

အာတီတာကတော့ အသင်းကို တိုးတက်အောင် လုပ်ပေးနိုင်မယ့် မှန်ကန်တဲ့ ကစားသမားကိုသာ ခေါ်ယူမယ်လို့ ပြောထားပါတယ်။

ဆောင်းရာသီ အပြောင်းအရွှေ့ဟာ ပိတ်ဖို့ တစ်ပတ်ကျော်သာ လိုတော့တာကြောင့် အာဆင်နယ်အသင်းအနေနဲ့ ဈေးကွက်ထဲမှာ တိုက်စစ်မှူးရှာဖွေဖို့ကို အမြန်ဆုံးလုပ်ပြီး ဆုံးဖြတ်ချက်ချရတော့မှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ ဆက်စ်ကို,ကို ခေါ်ယူနိုင်ဖို့ အဓိကပစ်မှတ်အဖြစ် ကြိုးစားမယ်ဆိုရင် ဒီကစားသမား အတွက် လိုက်ပ်ဇစ်အသင်း သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေနိုင်ဖို့ လိုအပ်နေတာပါ။

လိုက်ပ်ဇစ်အသင်းကတော့ ဆက်စ်ကို,ကို ခေါ်ယူဖို့ ဘယ်အသင်းကမှ ဆက်သွယ်ထားခြင်းမရှိလို့ သူဟာ အသင်းရဲ့ဂျာစီကို ဆက်ပြီးဝတ်ဆင်မယ်လို့ ပြောထားတာဖြစ်ပါတယ်။

Source: Goal

ပုံ - အာတီတာကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်း

 ဇန်နဝါရီ ၂၇

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုတစ်ပတ်အတွက်ထုတ်ပြန်တဲ့ စားအုန်းဆီ ရန်ကုန်အထိုင်ဈေး၊ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း အနည်းငယ်ကျဆင်းလာတာတွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်ကနေ ၂၆ ရက်အထိရောင်းချရမယ့် စားအုန်းဆီတစ်ပိဿာရဲ့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းဟာ ၇၂၅၅ ကျပ် ဖြစ်ခဲ့ရာကနေ ယခုတစ်ပတ်တာကာလဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၂၇ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ရောင်းချရမယ့် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းက ၇၂၄၅ ကျပ်ဖြစ်တာကြောင့် ၁၀ ကျပ်မျှ ကျဆင်းလာတာဖြစ်ပါတယ်။

ယခုထုတ်ပြန်တဲ့ ဈေးနှုန်းတွက အုန်းဆီအဓိကထုတ်လုပ်တင်ပို့တဲ့ မလေးရှားနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ FOB ဈေးနှုန်းတွေကို နေ့စဥ်စောင့်ကြည့်ပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်တွေနဲ့ ဘဏ်စရိတ်တွေ၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက် ထုတ်ပြန်ထားတာဖြစ်တယ်လို့ဆိုပါတယ်။

#centralnewsnaypyitaw

image