Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဘယ်သူမှ အနိုင်မယူနိုင်သေးတဲ့ Cell Max ကိုနှိမ်နင်းကြရမယ့် Dragon Ball များ
Dragon Ball Super: Super Hero
2022 ‧ Fantasy/Action ‧ 1h 40m
ဇာတ်လမ်းအကျဥ်းက တော့
—————————–
စီးရီးမှာပါဖူးတဲ့ Red ရဲ့ Red Ribbon Armyကို မွေးစားသားဖြစ်သူ
Magnentaက ပြန်တည် ထောင်ဖိုလုပ် နေရာမှာ androidစက်ရုပ်ကျွမ်း
ကျင်သူပညာရှင် ဒေါက်တာ Geroရဲ့ မြေးဖြစ်သူ Dr.Hedoကို စည်းရုံး
ပါ တော့တယ်။ အဲ့ဒီ နောက်မှာ တော့ Hedoဟာ Gamma 1 and 2ကို
တီထွင်ပြီး Piccoloကိုသိပ်ခိုင်းရာ Piccoloကြီးကိုနိုင်သွားခဲ့ပါတယ်။
ဒါ့အပြင် Dragon ball fan တွေသိကြတဲ့ ဇာတ် ကောင် တွေအားလုံး တောင်
မနည်းချခဲ့ရတဲ့ ဒေါက်တာGeroရဲ့Cellသတ္တဝါဆိုးကြီးကို အဆင့်မြှင့်တင်
ထားတဲ့ Cell Maxကိုပါ ဒေါက်တာHedoကြီးက တီထွင် နေပြန်ပါတယ်။
ဘယ်သူမှအနိုင်မယူနိုင်တဲ့ Cell Maxကို ဘယ်လို တွေအနိုင်ယူကြမလဲ
ဆိုတာကိုကိုယ်တိုင်ပဲဆက်ကြည့်ရှုကြပါ။
DeepSeek ကို ဆရာကြီးတွေ ဘယ်လိုမှတ်ချက်ပေးကြလဲ
Trump : ဒေါ်လာ ၅၀၀ ဘီလီယမ်တန် AI Project ကြီးစဖို့ပြင်နေတဲ့ Trump ကတော့ “Wake Up Call” ပါတဲ့
Google, Microsoft, OpenAI တွေကိုလဲ Stay Competitive ဖြစ်နေဖို့ပြောထားပါတယ်
Nvidia : Stock 10% လောက် ထိုးကျသွားလို့ ဘီလီယံ ၆၀၀ လောက် အငွေ့ခနပျံသွားတဲ့ Nvidia ကတော့ “Excellent AI Advancement” လို့ပြောထားပါတယ်
Microsoft : OpenAI မှာ ငွေတွေရှယ်ထည့်ထားတဲ့ Microsoft ကတော့ “Super Impressive” ပါတဲ့ CEO ကိုယ်တိုင် Comment ပေးခဲ့တာပါ
Elon Musk : သူကတော့ကိုမွှေကြီးပါ မေးခွန်းတွေပဲထိုင်ထုတ်နေပါတယ် DeepSeek ကို Train ဖို့ သူတို့ပြောထားတဲ့ GPU ထက်ပိုလိုတဲ့ဆိုတဲ့အကြောင်းအပြင် “DeeperSeeker” လို့တောင် X ရဲ့ ပိုစ့်မှာပြောထားပါတယ်
Sam Altman : OpenAI ရဲ့ပဲ့ကိုင်ရှင်ပါ သူကတော့ DeepSeek ထွက်ပြီး အနည်းငယ် ဂယက်ရိုက်နေသူပါ ဟုတ်လဲဟုတ်တာပဲလေ DeepSeek ရဲ့ ပင်မ တားဂတ်က သူလို့တောင် ပြောလို့ရတယ်
“We’re Ready For Challenge” လို့သူကတော့ ပြောထားတယ် နောက်ပြီးပိုကောင်းတဲ့ model တွေလဲ OpenAI က ချပြပါဦးမယ်တဲ့
Mark Zuckerberg : အတိအလင်း Comment ပေးတာမျိုးတော့မရှိပါဘူး Fortune က ပြောတဲ့သတင်းအရတော့ engineer တွေကို war room (၄) ခုလောက်နဲ့ DeepSeek အကြောင်းအဖြေရှာဖို့စီစဉ်နေတယ် ပြောပါတယ်
သူတို့တိုင်ပတ်နေကြတာ ဒီလိုပါ US Tech Giants တွေက ငွေတွေကို ရေလိုသုံး Billion ချီသုံးမှ AI model အလန်းစားတွေ ထုတ်နိုင်ကြတာပါ ဒါပေမဲ့ DeepSeek က Tech Company လဲမဟုတ် HedgeFund ရဲ့ Side Project က V3 Model လိုတခုကို $10 သန်းဝန်းကျင်လောက် သုံးပြီး ဒီလို AI Model ထွက်လာလို့ပါပဲ
2025 နှစ်စကတော့ AI လောကရဲ့ ဘဝတဆစ်ချိုးလို့တောင်ပြောရမယ်
AI ပြိုင်ပွဲမှာ ထိပ်ဆုံးရောက်ခဲ့ပြီး အနားယူနေတယ်ပြောရမဲ့ ဆီလီကွန်တောင်ကြား က Tech Giant တွေ တစ်ခုခုချပြမှ DeepSeek ရေကြီးတာ ပြန်ကျမဲ့ပုံပါ
2025 မှာ AI ပြိုင်ပွဲကတော့ စောင့်ကြည့်ဖို့ အတန်ဆုံးဖြစ်မယ်လို့ ခန့်မှန်းရပါတယ်
Kill Bill: Vol.1
2003 • Action/Crime/Thriller
1h 51m
အမေရိကန်နိုင်ငံ၊ တက္ကဆပ်ပြည်နယ် အယ်လ်ပါဆို မြိုကလေးရဲ့ ဘုရားကျောင်းငယ်လေးတစ်ခုက လပ္ထပ္ပြဲတစ္ခုမွာ ကိုယ်၀န်ဆောင် သတိုသမီးတစ်ယောက်အပါအ၀င် လူကိုးဦး၊ (သတိုသမီး ဗိုက်ထဲကကလေးပါ ပါရင် ၁၀-ဦး)တိုဟာ ရက်ရက်စက်စက် အသတ်ခံခဲ့ရပါတယ်။
သူတိုကို သတ်ခဲ့တဲ့သူတွေက မရဏမြွေပွေး လိုခေါ်တဲ့ ကြေးစားလူသတ်သမားအဖွဲတစ်ခုကဖြစ်ပြီး သူတိုတစ်ကယ်သတ်ချင်ခဲ့တာကတော့ သူတိုရဲ့ အဖွဲ၀င်ဟောင်းလည်းဖြစ်၊ အဖွဲခေါင်းဆောင် ဘီလ် ရဲ့ ညာလက်ရုံးချစ်သူဟောင်းလည်းဖြစ်တဲ့ သူတိုသမီး(Uma Thurman) ကိုပဲ ဖြစ်ပါတယ်။
သတိုသမီးဟာ ကံကောင်းထောက်မစွာ အသက်မသေပဲ ဒဏ်ရာအပြင်းအထန်နဲ့ ကိုမာ(မေ့မြော)ရပြီး ဆေးရုံမှာ ဆေးကုသမှုယူနေရင်း လေးနှစ်လောက်အကြာမှ ပြန်လည်နိုးထလာခဲ့ပါတယ်။
အဲဒီအခါမှာတော့ သတိုသမီးဟာ သူနဲ့သူ့ရဲ့မမွေးလိုက်ပဲ သေဆုံးခဲ့ရတဲ့ကလေးအတွက် သူ့ရဲ့ မိတ်ဆွေဟောင်းတွေနဲ့ ချစ်သူဟောင်းဖြစ်တဲ့ ဘီလ်တိုကို လက်စားချေဖို ကြံစည်ပါတော့တယ်။
ဇာတ်လမ်အသွားကတော့ အင်မတန်ရိုးရှင်းပါတယ်။ စတင်ရိုက်ကူးစဉ်က တစ်ကားတည်းနဲ့အပြီး ထုတ်လုပ်ဖို စီစဉ်ခဲ့ပေမယ့် ပြသချိန် ၄ နာရီကျော်ကြာမြင့်မှာဖြစ်တဲ့အတွက် Kill Bill Vol.1(2003) Vol.2 (2014) ဆိုပြီး နှစ်ပိုင်းခွဲပြီး ထုတ်လုပ်ပြသခဲ့ပါတယ်။
Kill Bill (2003) ဟာ ဒါပေမယ့် အမေရိကန်-ဂျပန် ဖက်စပ်ရှင်ရှင်ဖြစ်ပြီး Box Office မှာ ဒေါ်လာ သန်း ၁၈၀ လောက်အမြတ်အစွန်းရရှိခဲ့တဲ့၊ ငွေကြေးအရရော အနုပညာအရပါ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ရိုးစင်းတဲ့ ဇာတ်လမ်းကျောရိုးပေါ်မှာ မှီတည်ပြီးရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားအောင်မြင်ခဲ့ရတာကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ညွန်းနဲ့ဒါရိုက်တာ ဖြစ်တဲ့ Quentin Tarantino ရဲ့ ဇာတ်လမ်းတင်ပြပုံ၊ ဒိုင်ယာလော့ခ် စတာတွေက အဓိကကျတယ်လို ပြောလိုရပါတယ်။