1 နှစ် - ဘာသာပြန်ပါ။

ခြံအမှတ်(၅၄)ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်

ဇန်နဝါရီ ၃၀

ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ ခြံအမှတ်(၅၄)နေအိမ်ကို ဖေဖော်ဝါရီ ၆ ရက်တွင် တတိယအကြိမ်မြောက် လေလံတင်မည်ဖြစ်ကြောင်း တရားရုံးနှင့်နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

အဆိုပါခြံနှင့်အိမ်ကို နှစ်ကြိမ်တိတိ လေလံတင်ရောင်းချသော်လည်း ဝယ်ယူမည့်သူမရှိကြောင်း၊ ထို့ကြောင့် ထပ်မံဈေးလျှော့ချ၍ လေလံတင်ရောင်းချခြင်းဖြစ်ကြောင်း သိရသည်။

"လေလံတင်လည်း အတင်ပဲရှိမှာ။ ဘယ်သူကမှ မဝယ်ရဲဘူး။ ဘယ်သူမှဝယ်မှာမဟုတ်ဘူး" ဟု နေအိမ်လေလံပွဲစောင့်ကြည့်သူတစ်ဦးက ယနေ့ခေတ်သို့ ပြောသည်။

ပထမအကြိမ်လေလံပွဲတွင် လေလံပစ်ဝယ်ယူမည့်သူ မရှိခြင်းကြောင့် ယခင်ဈေး ကျပ်ငွေ ၃၁၅ ဘီလီယံမှ ဈေးလျှော့ပြီး ကျပ်ငွေ ၃၀၀ ဘီလီယံ(သိန်းပေါင်း ၃ သန်းတိတိ)နှင့် လေလံပစ်ရန် တရားရုံးကခွင့်ပြုခဲ့ပြီး ထိုဈေးနှင့် ဒုတိယအ ကြိမ်မြောက် လေလံတင်ရာတွင်လည်း ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

ယခုတတိယအကြိမ် လေလံတင်ကြမ်းခင်းဈေးကို ၂၉၇ ဘီလီယံ သတ်မှတ်ထားကြောင်း သိရသည်။

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

နေအုံးချီးပါချင်တယ်ဆိုတာတွေမလိုချင်ဘူး
ကိစ္စရှိရင် ဒဲ့ရှင်းချင်သူများအတွက်သာ 👌

image

မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော (၅)နှစ်အရွယ်ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီကယ်တင်နိုင်ခဲ့

ဇန်နဝါရီ ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ အိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေသော အသက်(၅)နှစ်အရွယ်ရှိ ကလေးကို ပြန်ပေးဆွဲမှုဖြစ်ပွားခဲ့သော်လည်း အချိန်မီ ပိတ်ဆို့ကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးထံမှ သိရသည်။

အဆိုပါ ပြန်ပေးဆွဲမှုဖြစ်စဉ်မှာ (ပြီးခဲ့သည့် ဇန်နဝါရီလ ၂၅ ရက်)၊ ညနေပိုင်း ၅ နာရီ ၃ဝ မိနစ်ဝန်းကျင်အချိန်ခန့်က မုံရွာမြို့ ၊ သလ္လာရပ်ကွက်တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အထက်ပါရပ်ကွက်ရှိ နေအိမ်ရှေ့လမ်းဘေးတွင် စက်ဘီးစီးနေစဉ် ယာဉ်အက္ခရာစိစစ်ဆဲဖြစ်သည့် ယာဉ်နံပါတ် (.... /၆၃၆၂) ပါ Toyota van အမျိုးအစားအဖြူရောင် ယာဉ်ပေါ်မှ အသက်(၂၀)နှစ်ဝန်းကျင်အရွယ်ရှိ လူငယ်(၄)ဦးက လက်နက်ငယ်(၂)လက် ကိုင်ဆောင်၍ ဆင်းလာပြီးနောက် ကလေးငယ်ကိုပွေ့ချီ၍ ကားပေါ်ဆွဲတင်ကာ မောင်းနှင် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်ကို ကလေးငယ်၏ အဖွားဖြစ်သူက တွေ့မြင်သောကြောင့် ပတ်ဝန်းကျင်သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ပြီးနောက် ကလေး၏ မိခင်က သမီးဖြစ်သူ ပြန်ပေးဆွဲခံရသည့်အကြောင်းကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံ ဖုန်းဖြင့် သတင်းပေးပို့ တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ ချက်ခြင်းပိတ်ဆို့ ရှာဖွေမှုများပြုလုပ်ခဲ့ရာ ပြန်ပေးဆွဲခေါ်ဆောင်သွားသော အကြမ်းဖက်သမားများက ကလေးငယ်ကို အောင်ချမ်းသာရပ်ကွက်၊ သီရိလမ်းမဘေးတွင် စွန့်ပစ်၍ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြန်ပေးဆွဲခံရသော ကလေးငယ်ကို ထိခိုက်မှုမရှိ၊ ဘေးအန္တရာယ်ကင်းစွာဖြင့် လုံခြုံရေးတပ်ဖွဲ့များမှ ပြန်လည် ကယ်ဆောင်နိုင်ခဲ့ပြီး မိဘများ၏ လက်ဝယ်သို့ ပြန်လည်အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။

Credit - NP News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 နှစ် - ဘာသာပြန်ပါ။

စတင်ထွက်ရှိပြီး 8 နှစ်နဲ့ 8 လကြာအပြီးမှာ ဇာတ်သိမ်းသွားခဲ့ပြီဖြစ်တဲ့ Komi Can't Communicate Manga 🎉

image
1 နှစ် - ဘာသာပြန်ပါ။

အေးဆေး
ရော့

1 နှစ် - ဘာသာပြန်ပါ။

တစ်နှစ်အတွင်း အရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထား

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၏ တစ်နှစ်တာအတွင်းအရန်ဆန်အိတ်ရေ (၂၀၀၀၀၀) နီးပါးရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည်အစီရင်ခံစာအရ သိရသည်။

ပို့ကုန်အခြေပြုအရန်ဆန်များကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပို့ကုန် တန်ချိန်အပေါ်မူတည်၍ ဝယ်ယူစုဆောင်းခဲ့ကြောင်း သိရသည်။

အဆိုပါအရန်ဆန်များကို ကဏ္ဍ(၆) ခုသို့သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ရောင်းချပေးမှုအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်ဆိုင် (၅၈) ဆိုင်မှတဆင့်ရောင်းချပေးခြင်း၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ် (၉) ခုရှိတပ်ရင်းတပ်ဖွဲ့မိသားစုဝင်များအတွက် လစဉ်ရောင်းချခြင်း၊ဝန်ကြီးဌာန၊ ဌာနဆိုင်ရာ(၃) ခုသို့ရောင်းချခြင်း၊ အမ်းဒေသသို့ရောင်းချခြင်း ပထမအကြိမ် ဧပြီလ (၆၂၀၅) အိတ်၊ ဒုတိယအကြိမ်မေလ (၆၁၇၀) အိတ်‌၊ အခြား(ကုမ္ပဏီနှင့် အသင်း အဖွဲ့များသို့ ရောင်းချပေးခြင်း)၊ရေဘေးအလှူအတွက် ရောင်းချပေးခြင်း စုစုပေါင်း (၁၉၉၂၀၄) အိတ်ရောင်းချပေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် အရန်ဆန်များကို ဈေးနှုန်းမြင့်တက်ချိန်တွင် သက်သာစွာ ရောင်းချပေးနိုင်ရန်နှင့် သဘာဝဘေးအန္တရာယ် ကျရောက်ချိန်တွင် ကူညီဆောင်ရွက်နိုင်ရန် အရန်ဆန်ကို စုဆောင်းခြင်းဖြစ်ကြောင်း သိရသည်။

1 နှစ် - ဘာသာပြန်ပါ။

လှိုင်သာယာတွင် Light Truck ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်နောက်လိုက် အမျိုးသား သေဆုံး၊ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီး ဒဏ်ရာရ

ဇန်နဝါရီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်၊ ဘုရင့်နောင်တံတား အမှတ်(၂)လှိုင်သာယာ အဆင်းတွင် Light Truck ခရီးသည်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်နောက်လိုက်သည့်အမျိုးသားတစ်ဦး သေဆုံးပြီး၊ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာအနည်းငယ်ရရှိကြောင်း သိရသည်။

ဇန်နဝါရီလ ၂၉ ရက် ည ၇ နာရီ ၃၀ အချိန်တွင် မော်တော်ယာဉ်တစ်စီးတိမ်းမှောက်ကြောင်း အနီးအနား ပတ်ဝန်းကျင်ရှိ ပြည်သူများမှ မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းသို့ ဖုန်းဆက်အကြောင်းကြားသော ကြောင့် ဖြစ်စဉ်နေရာသို့ ရှာဖွေကယ်ဆယ်ရေးယာဉ် (၃)စီးဖြင့်သွားရောက်ခဲ့ပြီး ဒဏ်ရာရရှိသူနှင့် သေ ဆုံးသူတို့ကို လှိုင်သာယာဆေးရုံသို့ ပို့ဆောင်ပေးလိုက်ကြောင်း သိရသည်။

“လိုက်ထရပ်အောက်ဆိုက်ကားမှောက်တာ။ ကားမောင်းတဲ့သူက ထွက်ပြေးသွားတယ်။ စပါယ်ယာအမျိုးသား သေတယ်။ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးကတော့ နဖူးဖုသွားတယ်” လို့ မြတ်ကုသိုလ်လူမှုကယ်ဆယ် ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးမှ ပြောသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသည့် အမျိုးသားမှာ အသက် (၂၃)နှစ်အရွယ် ဖြစ်ကြောင်း၊ ဒဏ်ရာရရှိသူ ခရီးသည်ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အသက်(၂၉) နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။

Photo – Credit

#centralnewsnaypyitaw

image
1 နှစ် - ဘာသာပြန်ပါ။

ဘားအံ့ကမ်းနား ညမုန့်စျေးတန်း မြင်ကွင်းလေးပါရှင့် ..🫶🏻🥰

အဝေးရောက်နေသူလေးတွေ
အလွမ်းပြေစေဖို့တင်ပေးလိုက်ပါတယ်နော် ...💕


#ဘားအံ
#ကမ်းနားညဈေး

image
1 နှစ် - ဘာသာပြန်ပါ။

ဘားအံ့ကမ်းနား ညမုန့်စျေးတန်း မြင်ကွင်းလေးပါရှင့် ..🫶🏻🥰

အဝေးရောက်နေသူလေးတွေ
အလွမ်းပြေစေဖို့တင်ပေးလိုက်ပါတယ်နော် ...💕


#ဘားအံ
#ကမ်းနားညဈေး

image
1 နှစ် - ဘာသာပြန်ပါ။

ဘားအံ့ကမ်းနား ညမုန့်စျေးတန်း မြင်ကွင်းလေးပါရှင့် ..🫶🏻🥰

အဝေးရောက်နေသူလေးတွေ
အလွမ်းပြေစေဖို့တင်ပေးလိုက်ပါတယ်နော် ...💕


#ဘားအံ
#ကမ်းနားညဈေး

image