1 y - Translate

လာမည့် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း လေထုညစ်ညမ်းမှုဆက်လက်မြင့်တက်နိုင်မည်ဟုဆို

လာမည့် ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်းအတွင်း အထက်လေထုအလွှာအတွင်း အပူချိန်ကျဆင်းနေချိန်၌ လေထုညစ်ညမ်းမှုအခြေအနေများ ဆက်လက်မြင့်တက်မည်ဖြစ်သည်ဟု မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့တွင် အသိပေးထားသည်။

ထို့ကြောင့် မူလအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါအခံရှိနေသူများ နံနက်အစောပိုင်းအချိန်များ၌ အသက်ရှုကြပ်ခြင်း၊ အသက်ရှုရခက်ခဲခြင်းများပိုဖြစ်လာနိုင်ကာ အပြင်ထွက်ပါက Mask တပ်၍ ထွက်ရန်တိုက်တွန်ထားသည်။

ထို့ပြင် ယခုလ ဇန်နဝါရီလကုန်ပိုင်း၌ တိမ်အနည်းငယ်ဖြစ်ထွန်းနေကာ မိုးအုံ့လာခြင်းကြောင့် နေ့အပူချိန်အနည်းငယ်ကျဆင်းလာမည်ဖြစ်ပြီး ညအပူချိန်များတွင် အအေးပေါ့လာနိုင်သည်ဟု ဆိုထား သည်။

အလားတူ ဇန်နဝါရီ (၃၁) ရက်နှင့် ဖေဖေါ်ဝါရီ လဆန်းပိုင်းရက်များတွင်မူ တိမ်ဖြစ်ထွန်းမှု ပြန်လည်လျော့ကျကာ နေ့အပူချိန်များမြင်တက်ပြီး ညအပူချိန်လျော့ကျ၍ ပြန်လည်အေးလာမည်ဖြစ်ကြောင်း ဆိုထားသည်။

image
1 y - Translate

Laptop မှာ မလိုအပ်တဲ့ဖိုင်တွေကို ရှင်းလင်းဖို့ အောက်ပါအဆင့်တွေကိုလုပ်ပြီးတော့ရှင်းလို့ရပါတယ်။

1. ဖိုင်တွေကို စစ်ဆေးပါ
Downloads Folder ကို စစ်ဆေးပါ။ ဒီဖိုလ်ဒါမှာ မကြာခဏ မလိုအပ်တဲ့ဖိုင်တွေ စုပုံနေတတ်ပါတယ်။

Desktop ပေါ်က ဖိုင်တွေကို စစ်ဆေးပါ။ မလိုအပ်တဲ့ဖိုင်တွေကို ဖျက်ပစ်ပါ။

Documents, Pictures, Videos စတဲ့ ဖိုလ်ဒါတွေထဲမှာလည်း မလိုအပ်တဲ့ဖိုင်တွေ ရှိနိုင်ပါတယ်။

2. Recycle Bin ကို ရှင်းလင်းပါ
ဖိုင်တွေကို ဖျက်လိုက်ရင် Recycle Bin ထဲရောက်သွားပါတယ်။ Recycle Bin ကို ရှင်းလင်းမှသာ ဖိုင်တွေ အပြီးအပိုင် ဖျက်ပြီးသား ဖြစ်မှာပါ။

Recycle Bin ကို Right-click နှိပ်ပြီး Empty Recycle Bin ကို ရွေးပါ။

3. Disk Cleanup ကို အသုံးပြုပါ
Disk Cleanup က Windows မှာ မလိုအပ်တဲ့ဖိုင်တွေကို အလိုအလျောက် ရှင်းလင်းပေးတဲ့ Tool ပါ။

This PC ကိုဖွင့်ပြီး ဖိုင်တွေရှိတဲ့ Drive ကို Right-click နှိပ်ပါ။ Properties ကို ရွေးပါ။

Disk Cleanup ကို နှိပ်ပါ။ ရှင်းလင်းချင်တဲ့ဖိုင်တွေကို ရွေးပြီး OK နှိပ်ပါ။

4. Temporary Files ကို ရှင်းလင်းပါ
Settings > System > Storage ကိုသွားပါ။

Temporary Files ကို ရွေးပြီး မလိုအပ်တဲ့ဖိုင်တွေကို ဖျက်ပါ။

5. ဆော့ဖ်ဝဲလ်များကို ဖယ်ရှားပါ
မလိုအပ်တဲ့ဆော့ဖ်ဝဲတွေကို Control Panel > Programs > Programs and Features ကနေ Uninstall လုပ်ပါ။

6. Cloud Storage ကို စစ်ဆေးပါ
Cloud Storage (Google Drive, OneDrive, Dropbox) တွေမှာ မလိုအပ်တဲ့ဖိုင်တွေ ရှိနိုင်ပါတယ်။ ဒီဖိုင်တွေကိုလည်း ရှင်းလင်းပါ။

7. ဖိုင်တွေကို Backup လုပ်ပါ
အရေးကြီးဖိုင်တွေကို External Hard Drive သို့မဟုတ် Cloud Storage မှာ Backup လုပ်ထားပါ။

8. ပုံမှန်ရှင်းလင်းပါ
Laptop ကို ပုံမှန်ရှင်းလင်းပါ။ ဒါမှသာ Storage ကို ထိရောက်စွာ အသုံးပြုနိုင်မှာပါ။

ဒီအဆင့်တွေကို လိုက်နာပြီး Laptop ကို မြန်ဆန်စွာ အလုပ်လုပ်နိုင်အောင် ထိန်းသိမ်းနိုင်ပါတယ်။

image

ရေဘဝဲအိမ်ချက် ခပ်စပ်စပ်လေး🐙
==================

ချက်ပြုတ်ရန်ကြာမြင့်ချိန် - (၃၅) မိနစ်

ရေဘဝဲ - (၂) ကောင်
ကြက်သွန်မြိတ် (အကြီး) - (၁) ချောင်း
ဂျင်း - စားပွဲတင်ဇွန်း (၂) ဇွန်း
ကိုရီးယားငရုတ်သီးအမှုန့် - စားပွဲတင်ဇွန်း (၃) ဇွန်း
ပဲငံပြာရည် - စားပွဲတင်ဇွန်း (၃) ဇွန်း
သကြား - စားပွဲတင်ဇွန်း (၁) ဇွန်း
ပြောင်းဖူးမှုန့်/ အာလူးမှုန့် - စားပွဲတင်ဇွန်း (၁) ဇွန်း
ဂျုံမှုန့် - အနည်းငယ်
သကြားရည် (Corn Syrup) - စားပွဲတင်ဇွန်း (၁) ဇွန်း
ဆီ - အနည်းငယ်
ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း (၁) ဇွန်း
ကြက်သွန်နီ - (၂) လုံး
ကြက်သွန်ဖြူ - (၇) မွှာ
ငရုတ်ပွ - (၁) တောင့်

ချက်ပြုတ်နည်း
၁) ပထမဆုံးအနေနဲ့ ရေဘဝဲတွေကိုသန့်ရှင်းရေးပြုလုပ်ပြီး ခေါင်းပိုင်းကိုကတ်ကြေးဖြင့် တစ်ဝက်ဖြတ်ပြီးမလိုအပ်သော အရာများကိုရှင်းပြစ်ပါ။ ပြီးရင်တော့ ရေဘဝဲတွေကိုဂျုံမှုန့်ဖြင့်နယ်ပြီး ရေဆေးချလိုက်ပါ။
၂) ရေပွက်ပွက်ဆူနေသောအိုးထဲကို ရေဘဝဲများထည့်ပြီး ခဏတဖြုတ်ပြုတ်ထားလိုက်ပါ။ ပြီးရင်ပြုတ်ထားရာကနေဆယ်ပြီး မျက်လုံးဖယ်ကာ လက်နှစ်ဆစ်လောက်လှီးလိုက်ပါ။
၃) ကြက်သွန်နီကိုခပ်ပါးပါးလေးလှီးပြီး ကြက်သွန်ဖြူနှင့်ဂျင်းတို့ကို နုတ်နုတ်စဉ်းထားပါ။ ငရုတ်ပွကို ခပ်ထူထူနဲ့ရှည်ရှည်လေးတစောင်းလှီးပါ။ ကြက်သွန်မြိတ်(အကြီး) ကိုလည်း လက်တစ်ဆစ်ခန့်လှီးထားပါ။
၄) ခွက်တစ်ခုထဲတွင် ကိုရီးယားငရုတ်သီးမှုန့်၊ ပဲငံပြာရည်၊ သကြား၊ ပြောင်းဖူးမှုန့်၊ သကြားရည်နှင့် ငရုတ်ကောင်းမှုန့်အနည်းငယ်တို့ထည့်ပြီးမွှေပါ။
၅) အိုးထဲဆီအနည်းငယ်ထည့်ပြီး အပူပေးထားပါ။ ပြီးလျှင် လှီးထားသောကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ငရုတ်သီးတို့ကို မီးအေးအေးဖြင့်ကြော်ပါ။ ပြီးလျှင်ရေဘဝဲများထည့်ပြီး ကြော်ပါ။ နောက်ဆုံးအနေနဲ့ ဖျော်စပ်ထားတဲ့ဆော့စ်ပါထည့်ပြီး သေချာကျက်တဲ့အထိ ချက်လိုက်ပါ။ ရေဘဝဲများကျက်သွားတဲ့အခါ ဆယ်ပြီးမိမိတို့ကြိုက်နှစ်သက်တဲ့ ပန်းကန်ထဲထည့်ပြီး သုံးဆောင်နိုင်ပါပြီ။

image
1 y - Translate

Behind the Frame: The Finest Scenery ဂိမ်းကို အခမဲ့ရယူပါ
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
မိတ်ဆွေတို့ရေ Epic Games ရဲ့ ဒီအပတ်အတွက် အခမဲ့ရယူခွင့်ပေးထားတဲ့ ဂိမ်း‌ကတော့ Adventure၊ Puzzle နဲ့ First Person ဂိမ်းအမျိုးအစား တစ်ခုဖြစ်တဲ့ Behind the Frame: The Finest Scenery ပဲဖြစ်ပါတယ်။ ဒီဂိမ်းကို ဇန်နဝါရီလ ၂၃ရက်အထိ အခမဲ့ရယူခွင့်ပေးထားပါတယ်။ Epic Games Store မှာ အကောင့်ပြုလုပ်ပြီး အခမဲ့ရယူနိုင်ပါတယ်။
epic.gm/free-games
လာမယ့် ဇန်နဝါရီလ ၂၃ရက်နေ့မှာတော့ Adventure၊ Horror ဂိမ်းအမျိုးအစား တစ်ခုဖြစ်တဲ့ Undying ကို ရယူခွင့်ပေးသွားမယ်လို့ သိရပါတယ်။
Source: Epic Games

image

Facebook နဲ့ Instagram အကောင့်တွေ ပိတ်ပစ်တဲ့ ဇတ်ကာဘာဂ့်ကုမ္ပဏီ Meta အပေါ် သမ္မတ ဒေါ်နယ်ထရန့်က စွဲဆိုထားသောအမှုအတွက် Meta က ကျေအေးခအဖြစ် ဒေါ်လာ ၂၅ သန်းခန့်ပေးချေမည်

ဇန်နဝါရီ ၃၀

အမေရိကန်ပြည်ထောင်စု သမ္မတ ဒေါ်နယ်ထရန့်ကို Facebook နဲ့ Instagram တို့ရဲ့ ပိုင်ရှင် Meta ကုမ္ပဏီအနေနဲ့ အကြမ်းဖျင်းအားဖြင့် ဒေါ်လာ ၂၅ သန်း(ပေါင်စတာလင် သန်း ၂၀) ခန့်ပေးဆောင်ရမယ့် ဥပဒေကြောင်းအရ တရားဝင်ကျေအေးသဘောတူချက်ကို လက်မှတ်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်မှာဖြစ်ခဲ့တဲ့ ကွန်ဂရက်အဆောက်အအုံ အဓိကရုဏ်းတွေအပြီးမှာ လူမှုကွန်ရက် Facebook မှာရှိတဲ့ သူရဲ့ အကောင့်တွေကို ဆိုင်းငံ့မှုပြုခဲ့တာကြောင့် ထရန့်က Facebook လူမှုကွန်ရက်ကြီးနဲ့ သူ့ရဲ့အမှုဆောင်အရာရှိချုပ် မာ့က်ဇတ်ကာဘာဂ့်ကို ၂၀၂၁ ခုနှစ်အတွင်းက တရားစွဲခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လအတွင်း အမေရိကန်နိုင်ငံရဲ့ သမ္မတရွေးကောက်ပွဲ မကျင်းပမီကာလမှာတော့ Meta ကုမ္ပဏီက Facebook နဲ့ Instagram တို့မှာရှိတဲ့ ထရန့်ရဲ့အကောင့်တွေကို တင်းကျပ်မှုတွေအပေါ် ဖြေလျှော့ပေးခဲ့ပါတယ်။

Meta ကုမ္ပဏီရဲ့ တရားဝင်ကျေအေးသဘောတူချက်အရ ပေးဆောင်ငွေထဲက ဒေါ်လာ ၂၂ သန်းခန့်ဟာ ထရန့်ရဲ့ သမ္မတအိမ်တော်စာကြည့်တိုက်ရဲ့ ရန်ပုံငွေကို ရောက်ရှိသွားမှာဖြစ်ပါတယ်။ ကျန်တဲ့ငွေကိုတော့ တရားရေးစရိတ်တွေနဲ့ တရားစွဲမှုမှာ လက်မှတ်ထိုးခဲ့တဲ့ တခြားတရားလိုတွေအတွက်အသုံးပြုသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် Meta အနေနဲ့ ထရန့်ရဲ့ အကောင့်တွေကို ဆိုင်းငံ့ခြင်းကို အမှားကို ကျူးလွန်မိတာလို့ ဝန်ခံမှာမဟုတ်ပါဘူး။

၂၀၁၇ ခုနှစ်ကဆိုရင် ထရန့်က Facebook လူမှုကွန်ရက်ပလက်ဖောင်းကို ထရန့် ဆန့်ကျင်ရေး လှုပ်ရှားမှုအနေနဲ့ ပြင်းပြင်း ထန်ထန်ကိုဝေဖန်ခဲ့တာပါ။ သူ့ရဲ့ အကောင့်တွေ အပိတ်ခံရပြီးနောက် ပိုဆိုးလာခဲ့ပြီး ၂၀၂၄ ခုနှစ်၊ မတ်လမှာတော့ ထရန့်က Facebook ကို ‘ပြည်သူတွေရဲ့ ရန်သူ’ လို့တောင် အမည်တပ်ခဲ့သေးတာပါ။

Meta ကုမ္ပဏီက ထရန့်ရဲ့ အကောင့်တွေကို ၂၀၂၁ ခုနှစ်က ဆိုင်းငံ့ခဲ့ပြီးနောက်မှာ အနည်းဆုံးနှစ်နစ်ကြာ ထရန့်ကို လူမှုကွန်ရက်ပလက်ဖောင်းတွေကပိတ်ထားမယ်လို့ ပြောခဲ့တာပါ။ သမ္မတရွေးကောက်ပွဲမှာ ထရန့်နိုင်အပြီးမှာတော့ ဇတ်ကာဘာဂ့်က ဖလော်ရီဒါပြည်နယ် အပန်းဖြေစခန်းမှာအေလာဂိုရှိ ထရန့်ရဲ့ အိမ်တော်ကိုသွားရောက်လည်ပတ်ခဲ့ပါတယ်။ ဒါက တစ်ချိန်က ဆိုးဆိုးဝါးဝါးပျက်ပြားနေတဲ့ သူတို့ နှစ်ယောက် ဆက်ဆံရေးမှာ စတင်ပြေပြစ်လာမှုလက္ခဏာလို့ ဆိုရမှာပါ။

ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာတော့ Meta ကုမ္ပဏီက ထရန့်ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် ဒေါ်လာတစ်သန်းလှူခဲ့သေးတာမို့ သမ္မတသစ်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဇတ်ကာဘာဂ့် အနေနဲ့ ကြိုးစားနေတယ်လို့ ယူဆရချိန်မှာ သူတို့နှစ်ဦးကြားအမှုကိုလည်း ခုလို အမှုကျေအေးခအနေနဲ့ပေးခဲ့ကြခြင်းပါပဲ။

Ref- BBC

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

image
1 y - Translate

အထဲရောက်နေတုန်း လမ်းခွဲသွားတဲ့ ရဲရင့်မိုး နှမျောသွားအောင်လို့ အလှကြီး လှနေတဲ့ သူမရဲ့ သွင်ပြင်ကို ဘော်ဒီဂတ်တွေ ခြံရံပြီး ပွဲထွက်ပြလိုက်တဲ့ ပရိသတ်တို့ အသည်းကျော် မတ်မတ် သင်ဇာဝင့်ကျော်။

image

ပြည်ပဘိလပ်မြေများသည် လာမည့်ဖေဖော်ဝါရီလအတွင်းရောက်ရှိမည်

#centralnewsnaypyitaw

image
1 y - Translate

#2025အက်ရှင်ဇာတ်ကားသစ်ကြီး
Star//Trek//Section//31// (2025)
Startrek Franchise ထဲက ကားကောင်းတစ်ကားထွက်လာပါတယ်
မင်းသမီး မီချဲရို ဦးဆောင်ပါ၀င်ထားတဲ့ ဒီကားဟာ Star trekအကြောင်းကိုသေချာနားမလည်လဲကြည့်လို့ရတဲ့အထဲမှာပါတယ် ..ဖက်ဒရေးရှင်းရဲ့ အသေခံကြေးစားအဖွဲ့လို့သတ်မှတ်လို့ရတဲ့ Section 31 အဖွဲ့ဟာဖက်ဒရေးရှင်း နယ်စပ်နားမှာရောက်နေတဲ့ အင်ပါယာသခင်မဖီလစ်ပါဂျော်ဂျာက်ုဖမ်းဆီးပြီး သူ့ဆီက စကြ၀ဠာဖျက်လက်နက်ကို
အရယူဖို့ တာ၀န်ပေးလိုက်တယ် ဒါပေမယ့် ဒီအရာကိုစိတ်၀င်စားနေတာ
သူတို့ချည်းမဟုတ်ဘဲ ဗော်ကန်နဲ့ တစ်ခြား ဂြိုလ်သားတွေနဲ့ပါထိပ်တိုက်ရင်ဆိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့ Noo stop action ကြည့်ရမယ့်ကားကောင်းတစ်ကားဖြစ်ပါတယ်။
#credit

image

မြွေနှစ်မှာ မြွေလိုပဲနေတော့မယ် ရွှီးရွှီး
^=^

image

ချစ်ပါတ ယ်ရှင့်
ချစ်ပါတ ယ်ရှင့်
ဥမ္မာ
ကိုသက်မှူး

#myanmarmusic #burmamusic