28 ပတ် - ဘာသာပြန်ပါ။

#ရွှေဖရုံသီးမုန့်လုံးကြော်နည်း♡
Chinese Deep Fried Pumpkin Cake


ရွှေဖရုံသီးမုန့်လုံးကိုပဲယိုအစာသွပ်ပြီးကြော်ထားတဲ့ချိုမွေးကြွပ်ရွအရသာရှိလှတဲ့ရွှေဖရုံသီးမုန့်လုံးကြော်လေးဖြစ်ပါတယ်။
ပြုလုပ်ရလွယ်ကူပြီးရွှေဖရုံနဲ့ကောက်ညင်းနှစ်သက်သူများအတွက်လုပ်နည်းလေးမျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်း (၁၇ခု)
*********
ရွှေဖရုံသီး - ၅၀၀.ဂရမ်
ကောက်ညင်းမုန့် - ၃၀၀ဂရမ်
ပဲယို - တစ်ပန်းကန်
ပေါင်မုန့် ခြောက် - တစ်ပန်းကန်
ဆီ - ကြော်ရန်
ပြင်ဆင်ပြုလုပ်ပုံ
***********
(၁)ရွှေဖရုံသီးကိုအခွံသင်ပြီးအတုံးသေးသေးတုံးကာနူးအိအောင်ပေါင်းပါ။သို့မဟုတ် မိုက်ခရိုဝေ့တွင်၅မိနစ်ခန့်ထည့်ပါ။
(၂)ရွေဖရုံသီးနူးအိပါကထွက်လာသောရေများကိုသွန်ပစ်ပြီးဇွန်းဖြင့်ကြေအောင်ဖိချေပေးပါ။
(၃)ချေပြီးသားရွှေဖရုံအနှစ်ထဲသို့ကောက်
ညင်းမုန့်ကိုဖြည်းဖြည်းဆီထည့်ပြီးမုန့်လုံးလုံးနိုင်သောအနေထိရအောင်ထည့်နယ်ပါ။
(၄)မုန့်လုံးလုံးနိုင်သောအနေရပါက၁၇လုံးအညီလုံးထားပါ။ပဲယိုကိုလည်းအသင့့်လုံး ထားပါ။
(၅)အားလုံးအသင့်ဖြစ်ပါကကောက်ညင်းလုံးကိုဖိပြားပြီးပဲယိုထည့်လုံးကာသာသာဖိပြားပြီးပေါင်မုန့်ခြောက်ကပ်ပါ။
(၆)မုန့်လုံးအားလုံးအစာသွပ်ပြီးပါကဆီပူအိုးတွင်နှစ်မိနစ်မှသုံးမိနစ်ထိရွှေရာင်ရအောင်ကြော်ပေးပြီးဆယ်ယူဆီစစ်ကပူပူနွေးနွေးတည်ခင်းသုံးဆောင်နိုင်ပါပြီ။
ပဲယိုပြုလုပ်နည်း
*********
ပဲလွန်း - ၂၅ကျပ်သား
ထန်းလျက် ၂၅ကျပ်သား
ဆီ - ၁၅ ကျပ်သား
ဆား - အနည်းငယ်
(၁)ပဲလွန်းကိုရေတညစိမ်ပြီးဆော်ဒါလ္ဘက်ဇွန်းတစ်ဇွန်းထည့်ပြီးပြုတ်ပါ။
(၂)ပဲနူးပါကရေစစ်ထားပြီးကြိတ်စက်ဖြင့်ကြေအောင်ကြိတ်ပါ။
(၃)ထန်းလျက်ကိုရေအနည်းငယ်ဖြင့်ကျိုပြီးအမှိုက်များစစ်ထုတ်ပါ။ပြီးလျှင်ညောင်စေးကျအောင်ပြန်ကျိုထားပါ။
(၄)ပဲယိုထိုးမည့်ဒယ်အိုးတွင်ဆီထည့်ပြီးထန်းလျက်ထည့်ကြော်ပါ။
(၅)မွှေးပြီးထန်းလျက်ပွလာပါကပဲကြိတ်ထားသည်ကိုထည့်ပါ။ဆားအနည်းငယ်ထည့်ပြီးရေခမ်းဆီပြန်လာသည်ထိမွေပေးပါ။
ပဲတွင်ရေကျန်ပါကထန်းလျက်တွင်ရေကျန်ပါကကျိုနေစဉ်တွင်အပူများစင်တတ်ပါတယ်။
(၆)အထားခံရန်ဆီပြန်ပြီးလုံးလာသည်ထိကျိုပေးပါ။ပြီးလျှင်အအေးခံထားကာလိုသလိုအသုံးပြုနိုင်ပါပြီ။
**ပဲယ်ိုကိုစူပါမားကတ်များတွင်အသင့်သုံးအထုပ်များလည်းဝယ်ယူအသုံးပြုနိုင်ပါတယ်။

Crd.ဆိုဖီယာ

image

တစ်ဦးတစ်ယောက်ရဲ့
အသည်းကြော် ပဲလှော်
ဘူးသီးကြော် တို့ဟူးကြော်
ကြက်သွန်ကြော် အစုံကြော်လေး
ဖြစ်ချင်လိုက်တာ ။

image
Apu Lay မျှဝေသည်။ ပို့စ်  
28 ပတ်

28 ပတ်

စက္ကန့်ပိုင်အတွင်းသက်သာစေမည့်
ဆီးကျင်.. ဆီးအောင့်..ဆီးအဖြူဖတ်
လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ..
- လ္ဘက်ခြောက် ၁ ခါခပ်
- သကြား ထမင်းစားဇွန်းနှင့် ၁ ဇွန်းခွဲ
- ရေ ဖန်ခွက် တဝက်
နာရီဝက် စိမ်ထားပြီးမှ သောက်ပါ..
စက္ကန့်ပိုင်းအတွင်း သက်သာပါမည်..
#အမစိမ်းလဲ့ညို မှ ကျန်းမာရေးဒါနပြုပါသည်။
#ကျောက်ကပ်ကြောင့်
ဆီးများခြင်း ဆီးနည်းခြင်း ဆီးပူ ဆီးနံ ဆီးဝါ ဆီးကျင် ဆီးမသွားနိုင်ခြင်း အားလုံးအတွက်တော့ အညာဖက် ရေရှားတဲ့အရပ်မှာ သဘာဝပေါက်ရောက်တဲ့ ဆူးလေးပင်ကို အပင်လိုက် ၃ခွက် ၁ခွက်တင်ကြိုသောက်ပါ။
သဘာဝတရားကြီးက ရေရှားတဲ့အရပ် ကျောက်ကပ်မကောင်းကြလို့ အဖြစ်များတဲ့ ရောဂါတွေကုသဖို့ အပင်တွေပေါက်ပေးထားပါတယ်။
လူတွေက ဂေဟစနစ်ကို ဖျက်ဆီးပြီး အနာရောဂါတွေ လူကြောင့်ပဲဖြစ်ရတယ်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

image

စက္ကန့်ပိုင်အတွင်းသက်သာစေမည့်
ဆီးကျင်.. ဆီးအောင့်..ဆီးအဖြူဖတ်
လ္ဘက်ခြောက်နှင့် သကြား စိမ်သောက်ပါ..
- လ္ဘက်ခြောက် ၁ ခါခပ်
- သကြား ထမင်းစားဇွန်းနှင့် ၁ ဇွန်းခွဲ
- ရေ ဖန်ခွက် တဝက်
နာရီဝက် စိမ်ထားပြီးမှ သောက်ပါ..
စက္ကန့်ပိုင်းအတွင်း သက်သာပါမည်..
#အမစိမ်းလဲ့ညို မှ ကျန်းမာရေးဒါနပြုပါသည်။
#ကျောက်ကပ်ကြောင့်
ဆီးများခြင်း ဆီးနည်းခြင်း ဆီးပူ ဆီးနံ ဆီးဝါ ဆီးကျင် ဆီးမသွားနိုင်ခြင်း အားလုံးအတွက်တော့ အညာဖက် ရေရှားတဲ့အရပ်မှာ သဘာဝပေါက်ရောက်တဲ့ ဆူးလေးပင်ကို အပင်လိုက် ၃ခွက် ၁ခွက်တင်ကြိုသောက်ပါ။
သဘာဝတရားကြီးက ရေရှားတဲ့အရပ် ကျောက်ကပ်မကောင်းကြလို့ အဖြစ်များတဲ့ ရောဂါတွေကုသဖို့ အပင်တွေပေါက်ပေးထားပါတယ်။
လူတွေက ဂေဟစနစ်ကို ဖျက်ဆီးပြီး အနာရောဂါတွေ လူကြောင့်ပဲဖြစ်ရတယ်။
#မူရင်းရေးသားသူအားလေးစားစွာဖြင့်

image
28 ပတ် - ဘာသာပြန်ပါ။

အာ့ Shopping mall နာမည်လေး တချက်လောက်
အညာ က လာမှာမလို့ 🥺

#funny

image
28 ပတ် - ဘာသာပြန်ပါ။

သမီးမိုက်
အပိုင်း(၁၁)
ဇာတ်သိမ်းပိုင်း

28 ပတ် - ဘာသာပြန်ပါ။

ဝက်သား လုံးချိုးချဉ်ကြော်...😋😋👇👇👇

ဝက်သားလုံးချိုးချဉ်ကြော် နည်း....👇👇👇

ဝက်သား များကို တောက်တောက်စင်ထားပြီး အရသာနယ်ပေးပါ 👇👇
ကြက်သားမူန့်...လက်ဖက်ရည်ဇွန်း... 1ဇွန်း
ခရုဆီ......... ထမင်းစာ ဇွန်း.............1ဇွန်း
ကြက်ဥ.... ,.....,....................1 လုံး
ငရုပ်ကောင် မူန့်.......လက်ဖက်ရည်ဇွန်း.. 1ဇွန်း
နှမ်းဆီမွှေး....... ,..လက်ဖက်ရည်ဇွန်း.. 1ဇွန်း
ကော်မူန့်.........လက်ဖက်ရည်ဇွန်း.... 1ဇွန်း
အကြော်ခံမူန့်....ထမင်းစာဇွန်း..... 1ဇွန်း......အားလုံး ကိုဝက်သားထဲထည့်နယ်ပေးပါ....(ဝက်သား နှယ်ချိန် ဝက်သားလေးစီလာတဲ့အထိနှယ်ပေးပါ..)နှယ်ပြီး ခဏနှပ်ထားပေးပါ...ပြီးရင် ဝက်သားလုံးလေး လုံးထားပေးပါ ပြီးရင်ဆီ ပူပူမှာ ထည့်ကြော် ပေးပါအညိုးရောင်လေးသန်လာရင်ဆယ်လို့ရပါပြီး...😍😍😍👇👇👇

ခရမ်းချဉ်သီး ဆော့ပြုလုပ်နည်...👇👇👇

ခရမ်းချဉ်သီး ဆော့.....ထမင်းစာ ဇွန်း...5ဇွန်း
သကြား...,.............ထမင်းစာဇွန်း.... 1ဇွန်း
ရှာလာကာရည်..... ထမင်းစာဇွန်း... 1ဇွန်း....
ရေ ........ဟင်းချိုး သောက်ပုဂံလုံးအသေးလေးတစ်လုံးစာထည့်ဖျော်ပေးပါ......😍😍👇👇

ဝက်သားလုံးချိုးချဉ်ကြော်ရန်....
ငရုပ်ပွ.. 🌶
ကြက်သွန်နီ... 4ခြမ်းစိတ်
ခရမ်းချဉ်သီး.. 4ခြမ်းစိတ်
ကြက်သွန်မိတ်.. 1ပင်
ကြက်သွန်ဖြူ..... ဓားပြားရိုက်
ဆီ ထမင်း စာဇွန်း.. 1ဇွန်း...👇👇👇

ဝက်သားလုံးချိုးချဉ်ကြော်ကြော်ရန်...👇👇👇

ကြက်သွန်ဖြူ......ကြက်သွန်နီ.. ဆီဆတ်ပေးပါ...အနံ့ လေးမွှေးလာရင်လှီးထားတဲ့..ငရုပ်ပွ ခရမ်းချဉ်သီး များကိုထည့်ပြီး.ဖျော်ထားတဲ့..ခရမ်းချဉ်သီး ဆော့ လောင်ထည့်ပေးပါ...ဆော့လေးဆူလာပြီး အနစ်ရေလေးပျစ်လာရင်.... ကြော်ထားတဲ့ ဝက်သားလုံးလေး တွေထည့်ပေးပါ...ကြက်သွန်မိတ်လေးထည့်ပေပြီးရင်စားလို့ရပါပြီး...😍😍😍(ကော်ရည်မသုံးထားပါ..)

image
28 ပတ် - ဘာသာပြန်ပါ။

အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရမည်ဖြစ်သည့်အတွက် ဈေးကောင်းရရန် ‌တောင်သူများမျှော်လင့်

ဇန်နဝါရီ ၃၁

လာမည့်ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းတင်ပို့ရမည်ဖြစ်ရာ ဈေးကောင်းရရှိရန် ‌တောင်သူများမျှော်လင့်ထားကြောင်း ပြောင်းစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှုကို လာမည့်ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လကုန်အထိ ၇ လ အတွင်း အခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သိရသည်။

"အဲဒီအချိန်လေးပဲ ပြောင်းကိုတင်ပို့ရတာ။ ဈေးကောင်းလေးရဖို့ မျှော်လင့်တယ်။ အဲဒီကာလကျော်ရင် ပြောင်းကဈေးကောင်းမရတတ်ဘူး။ လမ်းကြောင်းအခြေအနေလေးလည်း ကောင်းမယ်လို့မျှော်လင့်တယ်။" ဟု ပြောင်းစိုက်တောင်သူတစ်ဦးက ပြောသည်။

ထို့ပြင် ယခု ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ နိုဝင်ဘာလကုန်အထိ ပြည်ပသို့ ပြောင်းတင်ပို့မှုအနေဖြင့် တန်ချိန် ၁ ဒသမ ၈၈ သန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၈ သန်း တင်ပို့ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြောင်းကို ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ ကယား ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးတို့တွင် အများဆုံးစိုက်ပျိုးကြကြောင်း၊ တစ်နှစ်လျှင် ပြောင်းထွက်ရှိမှုနှုန်းသည် တန်ချိန် ၂၁ သန်းခန့်ရှိကြောင်း သိရသည်။

ပြောင်းထွက်ရှိမှုနှုန်း၏ ၄၀ ရာခိုင်နှုန်းကို ပြည်တွင်းရှိ အစာစက်ရုံများကသုံးစွဲပြီး ကျန်ရှိသည့် ၆၀ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိ ရသည်။

#centralnewsnayptitaw

image
28 ပတ် - ဘာသာပြန်ပါ။

မာသီးတဲလ် ထွက်ခွာချင်နေတယ်လို့ ဘိုင်ယန်မြူးနစ် အတည်ပြု

ဇန်နဝါရီ ၃၁

ယူနိုက်တက်၊ ချယ်လ်ဆီးနဲ့ အာဆင်နယ်အသင်းတို့ရဲ့ အပြောင်းအရွှေ့ ပစ်မှတ်ဖြစ်တဲ့ ပြင်သစ်ကြယ်ပွင့် မာသီးတဲလ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက အတည်ပြုခဲ့ပါတယ်။

မာသီးတဲလ်ဟာ ဒီရာသီ နည်းပြကွန်ပနီ လက်အောက် ဘိုင်ယန်မြူးနစ်အသင်းမှာ ပွဲကစားခွင့်ရဖို့ ခက်ခဲနေပြီး အိုလီဆီ၊ ကိုးမန်း၊ ဆာနေးနဲ့ ဂနာဘရီတို့ရဲ့ အနောက်မှာသာ ပွဲကစားခွင့် ရရှိနေတာပါ။

အသက် ၁၉ နှစ်အရွယ်ရှိ မာသီးတဲလ်ဟာ ပွဲကစားချိန် နည်းပါးနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းမှာ သူ့ရဲ့အနာဂတ်ကို စဉ်းစားမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မာသီးတဲလ်ဟာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ခဲ့တာပါ။

ဆလိုဗန်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့တဲ့ မာသီးတဲလ်ဟာ သူ့ကိုလူစားလဲတဲ့အချိန်မှာ အသင်းပရိသတ်တွေကို နှုတ်ဆက်မှု ပြုလုပ်သွားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်း အားကစားဒါရိုက်တာဖြစ်သူက မာသီးတဲလ်ဟာ အသင်းကနေ ထွက်ခွာခွင့် တောင်းဆို ထားတယ်လို့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဟာ မာသီးတဲလ်ကို အငှား ဒါမှမဟုတ် အပြီးသတ် ထွက်ခွာခွင့်ပေးဖို့ ရှိနေပါတယ်။

မာသီးတဲလ်ကတော့ ပွဲအပြီးမှာ သူ့ရဲ့ထွက်ခွာမှု အခြေအနေနဲ့ပတ်သက်ပြီး Sky Germany ရဲ့မေးမြန်းမှုကို သူမသိဘူးလို့သာ ဖြေသွားခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ မာသီးတဲလ်ကို ခေါ်ယူဖို့ ဇန်နဝါရီအပြောင်းအရွှေ့ အစောပိုင်းမှာကတည်းက ဘိုင်ယန်မြူးနစ်အသင်းကို စုံစမ်းမေးမြန်းမှုတွေ ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း မာသီးတဲလ်ကို ကာလရှည်ကြာ စိတ်ဝင်စားနေခဲ့ပြီး ယူနိုက်တက်အသင်းကတော့ ဂါနာချိုနဲ့ ရက်ရှ်ဖို့ဒ်တို့ ထွက်ခွာနိုင်တဲ့ အခြေအနေကြောင့် မာသီးတဲလ်ကို ခေါ်ယူဖို့ ပစ်မှတ်ထားလာခဲ့တာပါ။

၂၀၂၂ ခုနှစ်က ရီးနက်စ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ မာသီးတဲလ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ပွဲပေါင်း ၈၃ ပွဲပါဝင်ကစားထားပြီး ၁၆ ဂိုး သွင်းယူထားတာဖြစ်ပါတယ်။

Source: Metro

ပုံ - မာသီးတဲလ်ကို တွေ့ရစဉ်

#ဘောလုံးသတင်းစုံ

image

ထိုင်းနိုင်ငံ၏ လူသိများသော ခရီးသွားကျွန်းများပေါ်တွင် တရားမဝင် အလုပ်နေသည့် မြန်မာနိုင်ငံသားရှစ်ဦးအပါအဝင် နိုင်ငံခြားသား ၁၇ ဦးကို‌ ထိုင်း လူဝင်မှုကြီးကြပ်ရေး ဖမ်းဆီး

ဇန်နဝါရီ ၃၁

ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသွားများလာရောက်လည်ပတ်လေ့ရှိသော ကျွန်းသုံးကျွန်းပေါ်မှာ ဇန်နဝါရီလနောက်ဆုံးပတ်အတွင်း နိုင်ငံခြားသား ၁၇ ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ကို ဥပဒေနဲ့မညီ အလုပ် လုပ်ကိုင်နေမှုနဲ့ တခြား လူဝင်မှုကြီးကြပ်ရေးပြစ်မှုတွေနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီလို ကျွန်းသုံးကျွန်းပေါ်မှာ ဥပဒေနဲ့မညီသူတွေကို ဝင်ရောက်စီးနင်းရှာဖွေမှုတွေကို ဇန်နဝါရီလ ၂၈ ရက်ကစတင်ခဲ့တာလို့ သိရပြီး နိုင်ငံခြားသား ၁၇ ဦးနဲ့ ထိုင်းလူမျိုးတစ်ဦးတို့ကို ဖမ်းမိခဲ့တာပါ။ နိုင်ငံခြားသားတွေက မှတ်ပုံတင်ထားခြင်းမရှိတဲ့ ကလေးထိန်းကျောင်းတွေဖွင့်နေတာ၊ အလုပ်ပါမစ်မရှိဘဲ အလုပ်လုပ်ကိုင်နေတာ၊ ပြည်ဝင်ခွင့်ဗီဇာ သက်တမ်းကျော်လွန်နေထိုင်တာနဲ့ တခြား လူဝင်မှုကြီးကြပ်ရေး ပြစ်မှုတွေနဲ့ ဖမ်းဆီးမိခဲ့တယ်လို့ ရဲမှူးကြီး နာရူဝတ် ဖွတ်တာဝီရိုက ပြောခဲ့ပါတယ်။ ဖမ်းဆီးမိတဲ့ နိုင်ငံခြားသား ၁၇ ဦးမှာမြန်မာနိုင်ငံသား ရှစ်ဦးပါဝင်နေတယ်လို့လည်း သိရပါတယ်။

တစ်နေရာစီဖမ်းမိခဲ့တဲ့ ဗြိတိန်နိုင်ငံသားတစ်ဦးနဲ့ လာအိုနိုင်ငံသားတစ်ဦးတို့ကတော တစ်ဦးက ဗီဇာသက်တမ်းကျော်လွန်နေထိုင်တာဖြစ်ပြီး နောက်တစ်ဦးကတော့ တရားမဝင် ဝင်ရောက်လာသူဖြစ်ပါတယ်။ သူတို့ကို ကော့စမွီကျွန်းမှာ သီးခြားစီ ဖမ်းမိခဲ့တာပါ။

ကော့ဖါငန်ကျွန်းပေါ်မှာတော့ နိုင်ငံခြားသား ၁၂ ဦးကိုဖမ်းမိခဲ့ပြီး ရုရှားနိုင်ငံသားငါးဦး၊ မြန်မာနိုင်ငံသား ငါးဦးနဲ့ ယူကရိန်းနိုင်ငံသားနှစ်ဦးဖြစ်ပါတယ်။ သူတို့ကိုခွင့်ပြုချက်မရဘဲ ပုဂ္ဂလိကကျောင်းတစ်ကျောင်းကို ဖွင့်လှစ်နေမှု၊ နေ့ကလေးထိန်းကျောင်းတစ်ကျောင်းဖွင့်လှစ်နေမှု၊ ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်မှုနဲ့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို ငှားရမ်းမှု စွဲချက်တွေနဲ့ စွဲဆိုထားတယ်လို့ သိရပါတယ်။

ကော့တောင်းကျွန်းပေါ်မှာတော့ မြန်မာနိုင်ငံသားသုံးဦးကို ဥပဒေနဲ့မညီ အလုပ်လုပ်ကိုင်နေလို့ ဖမ်းဆီးမိခဲ့ပြီး ထိုင်းအလုပ်ရှင်တစ်ဦးကိုတော့ နေ့ကလေးထိန်းကျောင်းတစ်ခုကို ဥပဒေနဲ့မညီဖွင့်လှစ်နေပြီး တရားမဝင် ဝင်ရောက်လာသူတွေကို ငှားရမ်းလုပ်ကိုင်နေလို့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

Ref -Bangkok Post

Credit - MT News Agency

#သတင်းဟင်းလေးအိုးကြီး

image