1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

image
1 y - Translate

Skirt Style 🖤✨

imageimage
+7
1 y - Translate

ဒူရန်ကို ဗီလာတို့ ခေါ်ခဲ့စဉ်က ယူရို ၁၂ သန်းလောက်ပဲ ပေးခဲ့ရတာပါ။ အပိုဆုကြေးအပါမှ ယူရို ၁၅ သန်းမကျော်ပါဘူး။ အခု အယ်လ်နာဆာကို ရောင်းထုတ်လိုက်တာ ယူရို ၇၇ သန်းအထိ ရသွားပါပြီ။ ၄ ဆနီးပါးလောက် သူတို့ အမြတ်ထွက်သွားပါတယ်။

ဗီလာအတွက် ဒီရာသီမှာ ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းပြီး ခြေစွမ်းပြနေတဲ့ ကိုလံဘီယာသားကို အယ်လ်နာဆာတို့ ငွေအများကြီးသုံးလိုက်ရတာပါ။ ဘိုနီဖေ့စ်ကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘဲ ဒူရန်ကိုတော့ ချက်ချင်းပဲ သဘောတူညီမှု ရယူနိုင်ခဲ့တာပါ။

အသက် ၂၁ နှစ်သာရှိသေးတဲ့ ကိုလံဘီယာသားက ဗီလာအတွက် အားကိုးရမယ့်သူလို့ သတ်မှတ်ခံထားရတာပါ။ အခု မာနေး၊ ရော်နယ်ဒိုတိုနဲ့ တွဲကစားရပါတော့မယ်။ ဗီလာအတွက်တော့ ဒီအပြောင်းအရွှေ့ဟာ အများကြိးအကျိုးအမြတ်ဖြစ်ခဲ့ပါပြီ။

image
1 y - Translate

စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ သန်း ၂၀ ထုတ်ရောင်းပေးမည်

ဗဟိုဘဏ်အနေဖြင့် နိုင်ငံခြားငွေကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအား အမေရိကန်ဒေါ်လာ ၂၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်မှထုတ်ပြန်ကြေညာထားသည်။

ဗဟိုဘဏ်မှ ဇန်နဝါရီလဆန်းပိုင်းတွင်လည်း စက်သုံးဆီလုပ်ငန်းရှင်များကို အမေရိကန်ဒေါ်လာ (၂၅)သန်း ရောင်းချပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ နိုင်ငံခြားငွေများကိုဆက်တိုက် ထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့ပြင် ဗဟိုဘဏ်အနေဖြင့် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်ဩဂုတ်လ (၁) ရက်မှ နိုဝင်ဘာလ (၂၉) ရက်အထိ (၄)လအတွင်း ဒေါ်လာ (၃၃၅) သန်းကျော်၊ ထိုင်းဘတ် (၁ ဒသမ ၂၇၄) ဘီလျံကျော်နှင့် တရုတ်ယွမ် (၅၆) သန်းခန့်အထိ ထုတ်ရောင်းပေးထားပြီးဖြစ်သလို ယခုဘဏ္ဍာနှစ် (၇)လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာ (၁) ဘီလီယံကို သီးသန့်ထုတ်ရောင်းပေးထားကြောင်း ဗဟိုဘဏ်ထုတ်ပြန်ထားချက်အရ သိရသည်။

image

ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းပေး၍ ယခုဇန်နဝါရီလအတွင်း စက်သုံးလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်းရောင်းချ

ဇန်နဝါရီ ၃၀

စက်သုံးဆီဈေးနှုန်းများ ထပ်မံမြင့်တက်လာချိန် ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းချပေးမည်ဖြစ်၍ ယခု ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၀ ရက်တွင် ဇန်နဝါရီလဆန်းပိုင်းထက် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၉၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၆၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၉၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၁၁၅ ကျပ်ဖြင့် ဈေးနှုန်းတက်ခဲ့ချိန်တွင် ဗဟိုဘဏ်မှ ဇန်နဝါရီလ ၁၃ ရက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၂၅ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။

သို့သော်လည်း ယနေ့ ဇန်နဝါရီလ ၃၀ ရက်တွင် ဓာတ်ဆီ ၉၂ တစ်လီတာ ကျပ် ၃၁၃၀ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၃၂၀၀ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၈၆၅ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၅၂၅ ကျပ်သို့ ထပ်မံမြင့်တက်လာပြီး ဇန်နဝါရီဆန်းပိုင်းနှင့် နှိုင်းယှဉ်လျှင် ဓာတ်ဆီ ၉၂ တစ်လီတာ ၁၄၅ ကျပ်၊ ဓာတ်ဆီ ၉၅ တစ်လီတာ ၁၀၅ ကျပ်၊ ရိုးရိုးဒီဇယ် တစ်လီတာ ၂၅၀ ကျပ်နှင့် ပရီမီယံဒီဇယ် တစ်လီတာ ၃၀၀ ကျပ်အထိ မြင့်တက်လာခဲ့သည်။

ထို့ကြောင့် ယနေ့တွင် စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာသန်း ၂၀ ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ကြေညာခဲ့၍ ယခုဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များတွက် ဒေါ်လာ နှစ်ကြိမ်ရောင်းချပေးမှု ဒေါ်လာ ၄၅ သန်းအထိရှိသည်။ ယခုဘဏ္ဍာနှစ် ခုနစ်လအတွင်း စက်သုံးဆီ၊ စားသုံးဆီနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ဒေါ်လာတစ်ဘီလျံကိုလည်း သီးသန့်ထုတ်ရောင်းပေးထားသည်။

ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီလုပ်ငန်းရှင်များနှင့် သွင်းကုန်လုပ်ငန်းရှင်များအတွက် ယခုထပ်မံထုတ်ရောင်းပေးမှုအပါအဝင် ဇန်နဝါရီလ ၂ ရက်မှ ၃၀ ရက်အထိ တစ်လအတွင်း စုစုပေါင်း ဒေါ်လာ ၁၅၃ သန်းကျော် ထုတ်ရောင်းပေးထားသည်။

#centralnewsnaypyitaw

image