28 w - Translate

❝The Haunted Cop Shop❞ (1987) (မြန်မာစာတန်းထိုး)

ဒီတရုတ်သရဲကားလေးကတော့ ၁၉၈၇ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ နာမည်ကြီး တရုတ်သရဲ ဟာသကားလေးတစ်ကားပါ။ ကျွန်တော်တို ရွှေပန်းသီးမှာ တင်ခဲ့ပေးဖူးတဲ့ Mr. Vampire 1 ထဲက သရဲနိုင်ဆရာကြီးရဲ့ တပည့် ဟာသကောင် Ricky Hui လည်း ပါဝင်ထားပါတယ်။ တရုတ်သရဲကားတွေကို ကြိုက်တတ်တဲ့သူ မှန်ရင် ဒီကားကိုလည်း ကျိန်းသေကြိုက်မှာပါ။ ဟိုအရင်ခေတ်က တရုတ်သရဲကားတွေရဲ့ ထုံးစံအတိုင်း အက်ရှင်လေး၊ ဟာသလေးနဲ့ကိုမှ Horror အရသာလေးကိုပါ ပေါင်းထည့်ထားလိုပါ။ ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ဖြင့် မန်ချုးဆိုတဲ့ကောင်နဲ့ မက်ကင်ဆိုတဲ့ကောင်နှစ်ကောင်ဟာ စုံထောက်တွေ ဖြစ်ပေမယ့် သရဲဆိုတာကို တစ်ခါမှ မတွေ့ဖူးသလို ယုံလည်း မယုံပါဘူး။ ဒါပေမဲ့ တစ်နေ့မှာတော့ သွေးစုပ်ဖုတ်ကောင်တစ်ကောင်နဲ့ နဖူးတွေ့ဒူးတွေ့ ကြုံလာရပါတော့တယ်။ ဒါ့အပြင် သူတိုရဲ့ အထက်အရာရှိဖြစ်သူတွေကလည်း သူတိုပြောတာကို မယုံပါဘူး။ ဒါနဲ့ သူတိုတွေ ယုံလာအောင် သူတိုနှစ်ကောင် ကြိုးစားရင်း သွေးစုပ်ဖုတ်ကောင် တစ်ကောင်နဲ့ အလွဲလွဲအချော်ချော် ဖြစ်ရပုံတွေကို ပရိသတ်ကြီး ကိုယ်တိုင်ပဲ ကြည့်ရှုဖို ပြောလိုက်ပါရစေ..
#movie

image
28 w - Translate

ယခုပုံမှာ မြင်တွေ့ရတာကတော့ ၁၉၇၂ ခုနှစ် ဒီဇင်ဘာ
လအတွင်း အပိုလို ၁၇ (Apollo 17) မစ်ရှင်မှာ အသုံးပြု
ခဲ့တဲ့ လသွားယာဉ် (Lunar Roving Vehicle - LRV) ရဲ့ ညာဘက်နောက်ဘီးနဲ့ ပျက်စီးသွားတဲ့ အကာအစိတ် အပိုင်းကိုရိုက်ကူးထားတဲ့ မှတ်တမ်း ဓါတ်ပုံပဲ ဖြစ်ပါတယ်။
ဒီမှတ်တမ်း ဓါတ်ပုံရဲ့ ဖြစ်စဉ်ကဒီလိုပါ
¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨¨
အပိုလို ၁၇ မစ်ရှင်အတွင်းမှာ အာကာသယာဉ်မှူး ယူဂျင်းဆာနန် (Eugene Cernan) စီးနင်းနေတဲ့ LRV ယာဉ်ရဲ့ ညာဘက်နောက်ဘီးအကာဟာ မတော်တဆမှုတစ်ခုကြောင့်အစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားခဲ့ပါတယ်။
အကာမရှိတော့တဲ့အတွက် LRV မောင်းနှင်တဲ့အခါ လပေါ်က ဖုန်မှုန့်တွေ အများအပြား လွင့်စင်လာပြီး အာကာသ ယာဉ်မှူးတွေ၊ ကိရိယာတွေနဲ့ ယာဉ်ကိုပါ ထိခိုက်နိုင်တဲ့ အခြေအနေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီပြဿနာကို ဖြေရှင်းဖို့အတွက် အာကာသယာဉ်မှူးတွေဟာ တီထွင်ကြံဆမှုတစ်ခု ပြုလုပ်ခဲ့ကြပါတယ်။ သူတို့ဟာ လမျက်နှာပြင်မှာ စမ်းသပ်မှုတွေ ပြုလုပ်ဖို့ ယူ ဆောင်လာတဲ့ မြေပုံ လေးခုကို အသုံးပြုပြီး ပျက်စီးသွားတဲ့ အကာနေရာမှာ အစားထိုးတပ်ဆင်ခဲ့ပါတယ်။
အဆိုပါမြေပုံတွေကို တိပ်တွေ၊ ဓါတ်မီးညှပ်ကလစ်တွေ အသုံးပြုပြီး ယာဉ်ပေါ်မှာ လုံခြုံစွာ တပ်ဆင်နိုင်ခဲ့ပါတယ်။ ဒီယာယီပြုပြင်မှုဟာ အောင်မြင်စွာ အလုပ်လုပ်ခဲ့ပြီး ဖုန်မှုန့်တွေ လွင့်စင်မှုကို သိသိသာသာ လျှော့ချပေးနိုင်ခဲ့ပါတယ်။
ဒီဓာတ်ပုံဟာ အပိုလို ၁၇ မစ်ရှင်ရဲ့ အမှတ်တရတစ်ခုဖြစ်ရုံသာမက အာကာသစူးစမ်းလေ့လာရေးမှာ ကြုံတွေ့ရတတ်တဲ့ မမျှော်လင့်ထားတဲ့ အခက်အခဲတွေကို အာကာ သယာဉ်မှူးတွေက တီထွင်ကြံဆမှုနဲ့ ဖြေရှင်းနိုင်စွမ်းရှိတယ်ဆိုတာကို ပြသနေတဲ့ သက်သေတစ်ခုလည်း ဖြစ်ပါတယ်။
ယာယီပြုပြင်ထားတဲ့ အကာနဲ့ LRV ယာဉ်ဟာ ကမ္ဘာ
မြေကို ပြန်လည်သယ်ဆောင်လာခဲ့ပြီး ဝါရှင်တန်ဒီစီမြို့
ရှိ အမျိုးသားလေကြောင်း နှင့် အာကာသပြတိုက် (National Air and Space Museum) မှာ ယနေ့တိုင်
ပြသထားလျက်ရှိပါတယ်။

image

image
28 w - Translate

“UNBEATEN "
FCSB ကို အနိုင်ယူပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းဟာ ဒီရာသီရဲ့ ယူရိုပါလိဂ် League Phase ပြိုင်ပွဲတစ်လျှောက်လုံးမှာ ရှူံးပွဲတစ်ပွဲမှ မရှိတဲ့အသင်းအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ 🔴

image
28 w - Translate

•အယ်လ်နာဆာအသင်းဟာ မီတိုမာအတွက် ယူရို ၉၅ သန်းထိ ကမ်းလှမ်းပေမယ့် ဘရိုက်တန်ကတော့ ဆက်ငြင်းသွားခဲ့ပါတယ်။ ဘရိုက်တန်အနေနဲ့ မီတိုမာကို လုံးဝမရောင်းဘူးဆုံးဖြတ်ထားတာမို့ မကြာခင် အပြောင်းအရွှေ့ဈေးကွက်ပိတ်တော့မယ့် ဆော်ဒီတို့ကတော့ ဗီလာတိုက်စစ်မှူး ဂျွန်ဒူရမ် အပြောင်းအရွှေ့ကိုပဲ အပြီးသတ်တော့မှာဖြစ်ပါတယ်။ 🇸🇦
[Fabrizio]🌕

image

image
28 w - Translate

ကနေဒါ၊ မက္ကဆီကိုနဲ့ တရုတ်တို့က ဖေဖေါ်ဝါရီ (၁) ရက်နေ့ အခွန်စည်းကြပ်မှုကို နှောင့်နှေးစေရန် မည်သို့မျှ မဆောင်ရွက်နိုင်ကြောင်း ထရမ့် ပြောကြား။

image

MMQR အသုံးပြုခြင်းဖြင့် မည်သည့် Mobile Wallet (မိုဘိုင်းပိုက်ဆံအိတ်)ကိုမဆို အပြန်အလှန် ချိတ်ဆက်ပေးချေနိုင်သည့် ငွေပေးချေမှုစနစ်တစ်ရပ်ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌပြောကြား

image
28 w - Translate

ဘူဆန် လေယာဉ် လိုင်းမီးလောင်မှုကြောင့် ဘက်ထရီ နှင့်ပတ်သက်သော စိုးရိမ်မှုများ မြင့်တက်လျက်ရှိနေ။

image
28 w - Translate

This is happiness, 💙🌊

image