Khine Su Zin မျှဝေသည်။ ပို့စ်  
28 ပတ်

28 ပတ်

Type-C Adapter Micro USB Female to USB C Male Connector Data Sync Fast Charging
စျေးနုန်း ၂၀၀၀ကျပ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho

28 ပတ် - ဘာသာပြန်ပါ။

The Jester (2023)

မိမိနားမှာ ​ရောဂါတစ်ခုလို စွဲကပ်​နေရင်း​ တခြားသူ​တွေကို လိုက်ဒုက္ခ​ပေးတတ်တဲ့ မ​ကောင်းဆိုးဝါး Jester အ​ကြောင်းကို ရိုက်ပြထားတဲ့ သည်းထိတ်ရင်ဖိုဇာတ်ကား​​လေးဖြစ်ပါတယ်။

~ ဇာတ်လမ်းအညွှန်း ~
ငယ်ငယ်တည်းက ဖခင်ကပစ်သွားလို ဖခင်အ​ပေါ် မုန်းတဲ့စိတ် ​ဒေါသ​တွေနဲ့ ကြီးပြင်းလာရတဲ့ အမ်မာတစ်​ယောက် တစ်​နေ့ ဖခင်က ဆက်သွယ်လာရာက​နေ စကား​ပြောဖို ငြင်းဆိုလိုက်ရာက​နေ ​ဟော်လိုးဝင်းတစ်ညလုံး မြို​သေး​လေးတစ်မြိုနီးပါးကို ဝါးမျိုသွားတဲ့ အဖြစ်အပျက်​တွေနဲ့ ကြုံ​တွေ့သွားရတာ​တွေကို ရိုက်ကူးတင်ဆက်​ပေးထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးပဲဖြစ်ပါတယ်။
#horror

image
28 ပတ် - ဘာသာပြန်ပါ။

စစ်ကိုင်းနှင့်ရှမ်းမှ သကြားစက်များ ပြန်လည်လည်ပတ်လာသဖြင့် သကြားဈေးကွက် ကျဆင်းလာနိုင်

ဇန်နဝါရီ ၃၁

ယခုနှစ် ကြံရာသီ၌ စစ်ကိုင်းတိုင်းနှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်မြောက်ပိုင်း)မှ သကြားစက်များ အပြည့်အဝလည်ပတ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းအတွင်း မောင်းကုန်းသကြားစက်၊ MEC သကြားစက်၊ Ever Green သကြားစက်၊ ရှမ်းမြောက်ဒေသမှ ငွေရည်ပုလဲ သကြားစက်၊ ရှမ်းတောင်ဒေသမှ မြဘုရင်သကြားစက်တို့ အပြည့်အဝလည်ပတ်မည်ဟု အထက်ပါအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပြည်တွင်းသကြား အထွက်နှုန်း လျော့ကျစရာမရှိသလို သကြား အထွက်တိုးလာပါမယ်”ဟု အသင်းတာဝန်ရှိသူက ဆက်ပြောသည်။

(၂၀၂၄-၂၀၂၅)ခုနှစ်ထုတ် ပြည်တွင်းသကြားဈေးနှုန်း မှာ တည်ငြိမ်နေပြီး တစ်ပိဿာ (၄၈၀ဝ)မှ (၅၁၀ဝ)ကျပ်အထိ ပေါက်ဈေးရှိသည်။ ယခုနှစ်အတွက် ကြံတစ်တန်ပေါက် ဈေးမှာ (၁၈၀ဝဝဝ)မှ (၂၀ဝဝဝ၀)ကျပ် သတ်မှတ်ပြီး စက်ရုံ များမှတစ်ဆင့် ဝယ်ယူနေကြခြင်းဖြစ်သည်။

လက်ရှိ ပြည်တွင်းသကြားအရောင်းအဝယ်မှာ ကျဆင်းမှုမရှိဘဲတည်ငြိမ်နေပြီး လာမည့် လများအတွင်း သကြား အသစ်များထွက်ရှိလာချိန်တွင် ပြည်တွင်းဈေး အနည်းငယ်ကျဆင်းနိုင်ကြောင်းလည်း ကုန်သည်အသိုင်းအဝိုင်းမှ ခန့်မှန်းထားသည်။

ယခင်နှစ် ကြံရာသီတွင် ပြည်ပကို သကြား တန်ချိန် (၅၀ဝဝဝ - ၆၀ဝဝဝ) ခန့်သာ တင်ပို့နိုင်ခဲ့ပြီး တင်ပို့နိုင်မှု လျော့ကျခဲ့ကြောင်းသိရသည်။

လက်ရှိ နိုင်ငံတကာသကြားပေါက်ဈေးမှာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ (၅၄၀) ဈေးရှိပြီး ပြည်တွင်းဈေး ထက်လျော့ကျနေကြောင်း သကြားကုန်သည်များထံမှ သိရသည်။

#centralnewsnaypyitaw

image

#ပူစီနံ
ပူစီနံအရည်ကို သောက်ခြင်းဟာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေသလို အဆီလည်း ကျစေပါတယ်တဲ့။
မိတ်ဆွေများ လိုသလို အသုံးပြုနိုင်ကြပါစေ.....
အိန္ဒိယ အစားအစာတွေထဲမှာရော အတို့အမြုပ် အနေနဲ့ပါ စားနိုင်တဲ့ ပူစီနံ စားရုံနဲ့ လေ့ကျင့်ခန်းတွေ ထူးထူး ထွေထွေ သိပ်လုပ်စရာ မလိုပဲ ကိုယ်အလေးချိန် ကောင်းကောင်း လျော့ချနိင်ပါတယ်။ ပူစီနံက သင့်ကို ဘယ်လို ကျန်းမာရေး ကောင်းကျိုးတွေ ဖြစ်စေပါသလဲ။
(၁) အစာကြေစေတယ်
- ခံတွင်းကိုလည်း ရှင်းစေတယ်၊ အစာကိုလည်း ကြေစေတယ်၊ အစာမာ စားတာ များရင်၊ ဒါမှမဟုတ် အစာမကြေ ဖြစ်နေရင် ပူစီနံ နည်းနည်းလောက် စားပေးရုံနဲ့ အစောကြေ အဆင်ပြေစေပါလိမ့်မယ်။
(၂) အာရုံကြော အားကောင်းစေတယ်၊ ခေါင်းကိုက်ပျောက်ကင်းစေတယ်
- ပူစီနံကို ပုံမှန် စားသုံးပေးခြင်းက အာရုံကြော အားကောင်းစေတာ တွေ့ရသလို ခေါင်းကိုက်နေချိန်မှာလည်း စားသုံးပေးမယ် ဆိုရင် ပူစီနံရဲ့ အနံ့ကြောင့် ခေါင်းကိုက်ပျေက်ကင်းစေတာ တွေ့ရပါတယ်။
(၃) ချွဲကျစေတယ်၊ ချောင်းဆိုးပျောက်စေတယ်
- ချောင်းဆိုးပျောက်ဆေး အများစုမှာ ပူစီနံရဲ့ ဓါတ်ကို ထည့်သွင်း ထုတ်လုပ်ထားတာ တွေ့နိုင်သလို အနည်းငယ် ပူရှိန်တဲ့ ဓါတ်ကြောင့် ချွဲကျစေသလို ချောင်းဆိုလည်း ပျောက်ကင်းစေတာ တွေ့ရပါတယ်။
(၄) ပန်းနာရင်ကျပ်လည်း သက်သာစေနိုင်တယ်
- အများဆုံးသော ပန်းနာရင်ကျပ် သမားတွေရဲ့ လက်စွဲတော် အစားအစာလည်းဖြစ်၊ အကောင်းဆုံး စားသုံးသင့်တဲ့ အရွက်က ပူစီနံပါ၊ လည်ချောင်းရှင်းပြီး အသက်ရှုလမ်းကြောင်း ကောင်းမွန်စေတာ တွေ့ရပါတယ်။
(၅) မိခင်များ နို့ထွက်ကောင်းစေတယ်
- နို့တိုက်မိခင်တွေ နို့ထွက်ကောင်းစေချင်တယ် ဆိုရင်လည်း ပူစီနံ အနည်းငယ် ပုံမှန် စားသုံးပေးသင့်ပါတယ်။ နို့ထွက်အားကောင်းလာစေနိုင်ပါတယ်။
(၆) အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တယ်
- ပူစီနံရွက်ထဲမှာ ပါရှိတဲ့ ပူရှိန်တဲ့ ဓါတ်ဟာ သွေးထဲက အဆီခဲတွေကို ဖယ်ရှားပေးနိုင်ပြီး အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၇) အသားရေစိုပြေစေတယ်
- အရွယ်ကို ပုံမှန် စားသုံးပေးခြင်းက အရေပြားကို စိုစွတ် အေးမြစေတယ်၊ စိုပြေစေတယ်၊ နေပူဒဏ် ခံနိုင်စေတယ်၊ ပူစီနံနဲ့ ဖော်စပ်ထားတဲ့ အရေပြား လိမ်းဆေးတွေက အရေပြား ကူးစက်ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။
(၈) သတိမေ့ခြင်းကို သက်သာစေနိုင်တယ်
- အသက်အရွယ် ကြီးမားလာခြင်း အတွက်ရော စိတ်ဖိစီးမှု များခြင်းကြောင့် သတိမေ့ခြင်းကို ပူစီနံက ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာ တွေ့ရပါတယ်။
(၉) ကိုယ်အလေးချိန် မှန်စေတယ်
- အ၀လွန်ခြင်းကို ကာကွယ်ပေးနိုင်သလို ကိုယ်အလေးချိန် များနေသူတွေ၊ အ၀လွန်နေသူတွေကိုလည်း သွေးထဲက အဆီတွေဖယ်ပေးနိုင်တာကြောင့် ကိုယ်အလေးချိန် မှန်ပြီး ပိန်စေနိုင်တာလည်း တွေ့ရပါတယ်။
(၁၀) ကင်ဆာကိုလည်း ကာကွယ်ပေးနိုင်တယ်
- အထိရောက်ဆုံး ကာကွယ်မှု ပေးနိုင်တာ မဟုတ်ပေမယ့် နောက်ဆုံး လေ့လာတွေ့ရှိချက်တွေ အရတော့ ကင်ဆာဖြစ်စေမယ့် ဆဲလ်တွေ ဖြစ်တည်မှုနဲ့ ကင်ဆာဆဲလ်တွေ သေစေနိုင်မှုကို ပူစီနံဓါတ်က ကူညီ တိုက်ဖျက်ပေးနိုင်တာ တွေ့ရပါတယ်။

image

ဖားကန့်က ကျောက်တူးဖော်ရေးလုပ်ငန်းခွင်မှာ မြေပြိုကျမှုကြောင့် အလုပ်သမား ၃ ဦး သေဆုံးပြန်

ဇန်နဝါရီ ၃၁

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဘဇံချောက်ကျေးရွာအနီးမှာရှိတဲ့ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တစ်ခုမှာ ဇန်နဝါရီ ၃၀ ရက်၊ ည ၁၀ နာရီခန့်အချိန်ခန့်က မြေပြိုကျမှုဖြစ်ပေါ်ပြီး အလုပ်သမား ၃ ဦး သေဆုံးသွားခဲ့တယ်လို့ ဒေသဆိုင်ရာသတင်းတွေအရ သိရပါတယ်။

သေဆုံးသူအလုပ်သမားတွေက မြိုင်နဲ့ အရာတော်မြို့နယ်တို့ကနေ လာရောက် အလုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ သိရပြီး သူတို့ဟာ မြေပြိုတဲ့အထဲကို မြေတူးစက် သုံးစီးနဲ့အတူ ပါသွားခဲ့ရာကနေ သေဆုံးသွားခဲ့ရတာလို့ ဆိုပါတယ်။

အဲဒီသေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဒီနေ့မနက်ပိုင်းမှာမှ ရှာဖွေတွေ့ရှိခဲ့တာလို့ သိရပြီး ယင်းဖြစ်စဥ်အတွင်း ပျောက်ဆုံးသူအရေအတွက်ကို အတိအကျ မသိရသေးပေမယ့် ရှာဖွေရေးလုပ်ငန်းတွေကိုတော့ ဆက်လက်ဆောင်ရွက်နေဆဲပဲလို့ သိရပါတယ်။

အခုမြေပြိုတဲ့ ဘဇံချောက်လုပ်ကွက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်မှာ နွံကန်ပြိုကျလို့ လူ ၃၁ ယောက် သေဆုံးခဲ့တဲ့ စပေ့ါရွာနားမှာရှိတာလို့လည်း ဒေသခံတွေရဲ့ပြောဆိုမှုတွေအရ သိရပါတယ်။‌

#သတင်းဟင်းလေးအိုးကြီး

image
image
image
28 ပတ် - ဘာသာပြန်ပါ။

နှစ်ပေါင်း ၄၀ ခန့်ကြာပြီးနောက် ရှန်ဟိုင်းမြို့🇨🇳

image
28 ပတ် - ဘာသာပြန်ပါ။

Micro to C
Type-C Adapter Micro USB Female to USB C Male Connector Data Sync Fast Charging
စျေးနုန်း ၂၀၀၀ကျပ်။
#shop, #kbzmarketplace , #uab market , Page chat တို့မှ တစ်နိုင်ငံလုံးသို့ အိမ်အရောက်ငွေခြေ. Banking တို့ဖြင့် ကြိုက်နှစ်သက်ရာရွေးခြယ် ဝယ်ယူနိုင်ပါသည်။
ဖုန်း၀၉၈၉၄၂၇၃၉၁၁ . အမှတ် ၂၈. သိန္ဒီလမ်း. သီတာရပ်ကွက်. ကြည့်မြင်တိုင်.ရန်ကုန်မြို. ဆိုင်တွင်လာရောက်လေ့လာဝယ်ယူလိုသူများ ဖုန်းကြိုတင်ဆက်သွယ်မေးနိုင်ပါသည်။
အသေးစိတ်အချက်လတ်များကို အောက်ပါလင့်မှဝင်ရောက်လေ့လာနိုင်ပါသည်။
www.shop.com.mm/shop/zaycho

28 ပတ် - ဘာသာပြန်ပါ။

ပင်လယ်ဓားပြကြီး Shara Magomedov ဟာ ငယ်ငယ်ကAbdulmanap Nurmagamedov ရဲ့ gym ကနေ အထုတ်ခံထားရပါသတဲ့
နည်းပြကြီး Abdulmanap ရဲ့ gym မှာ အဓိက စည်းကမ်းကြီး ၃ခုရှိပါသတဲ့
၁။ ဆံပင်အရှည်မထားရ
၂။ ညဘက် အပြင်ထွက်မလည်ရ
၃။ training ကို အချိန်မှီလာရောက်ရမည် တဲ့
ဓားပြကြီးက ပထမတချက်နဲ့တင် တန်းညိတော့တာပဲ
နည်းပြကြီးရဲ့ အကြောင်းပြချက်ကတော့
"ဆံပင်ရှည်ထားတာက ကောင်မလေးတွေကြိုက်အောင် မြူဆွယ်နေသလိုပဲတဲ့..အဲ့အရာတွေက တက်လမ်းကို ပိတ်စေမယ့်အရာတွေ" တဲ့
တကယ်လည်း စည်းကမ်းကြီးတဲ့နည်းပြကြီးပါပဲ
သူ့တပည့်တွေ အောင်မြင်မှုတွေအများကြီးရတာလည်း မဆန်းပါဘူးလေ..

image
28 ပတ် - ဘာသာပြန်ပါ။

ပါရေချမ်းနဲ့ Dunk တို့က (၁၄၀) ပေါင်တန်းမှာ ထိုးကြတာပါ။ ပွဲမစခင်တည်းက Dunk ဟာ သက်သောင့်သက်သာဖြစ်နေတယ်။ စူပါရေချမ်းက Head Movement ကို အားပြုပြီး ဘောက်ဆင်စတိုင် ထိုးသွားတယ်။ မိုက်တိုင်စံလို Peak A Boo စတိုင်ရှေ့တိုးဝင်လာတာပါ။ Dunk က အကွက်ပိုစုံပါတယ်။ ခြေကန်ချက်တွေ ပိုထွက်ပြီး ထိချက်အသာစီးယူနိုင်တယ်။
ပထမအချီအစောပိုင်းမှာ စူပါရေချမ်းနိမ့်နေပါတယ်။ Dunk ကပဲ ဖိဖိစီးစီးထိုးထားတယ်။ စူပါရေချမ်းက ဘယ်ညာခေါင်းယိမ်းလို့ ရှေ့တိုးဝင်ပြီး အပိုင်ကြိတ်ချင်တာပါ။ ဒါပေမယ့် မထင်မှတ်ဘဲ Dunk က အမှားလုပ်မိသွားတယ်။ စူပါရေချမ်းကို အပိုင်ထိုးတာမှာ ကောင်တာမိပြီး ယိုင်ထွက်သွားတာပါ။ စူပါရေချမ်းက အတင်းလိုက်ဖြတ်တယ်။
Dunk ကလည်း မိုက်သွေးပါတယ်။ အထိနာရင် လှဲချလိုက်ရင်လည်း ကြိုးဝိုင်းဒိုင်က အမှတ်စဉ်ပဲ ရေတွက်မှာပါ။ အဲလိုလုပ်ရင်တောင် အခုလို ပထမအချီမှာတင် အလဲထိုးခံရမှာ မဟုတ်ပါဘူး။ ကြိုးဝိုင်းထောင့်မှာ ဆိုင်ထိုးပြိုင်ထိုးလုပ်ကြတယ်။ ဒါပေမယ့် အမူးမပြေသေးတော့ Dunk ရဲ့ လက်သီးချက်တွေက ထိချက်မမှန်ဘူး။ စူပါရေချမ်းရဲ့ ဝိုက်လက်သီးတွေကပဲ မိုးသီးမိုးပေါက်ရွာသလို ဆက်ခါဆက်ခါထိနေတယ်။ နောက်ဆုံးမှာ ဘယ်လိုမှ မခံနိုင်တော့ဘဲ လဲကျသွားပါတယ်။ နိဂုံးချုပ်ပြောရရင် စူပါရေချမ်းက Dunk ကို ပထမအချီမှာ အလဲထိုးသွားပါသတည်း။ ဆရာသမားရဲ့ ဘောက်ဆင်စကေးက အားရစရာပါ။

image
28 ပတ် - ဘာသာပြန်ပါ။

Samingdam က မိုးထက်အောင်ကို အမှတ်ပြတ်နိုင်ပါတယ်။ အမှတ်ပေးဒိုင်လူကြီး (၃) ဦးလုံးက အနိုင်ပေးခဲ့တာပါ။ မိုးထက်အောင်ရဲ့ မာဂုဏ်ကြီးက အကြမ်းစားကြီးပါ။ ဒါပေမယ့် ပတ်တံတောင်ရိုက်ပြီး ပွဲသိမ်းချင်တာလား မသိဘူး။ ပတ်တံတောင်ရိုက်ချက်တွေ မလိုအပ်ဘဲ သုံးနေတယ်။ Samingdam က အကွက်ပိုစုံပါတယ်။
Samingdam က မိုးထက်အောင်ထက် ပွဲတွင်းဝိတ်များပါတယ်။ ပထမအချီမှာတည်းက ဆိုင်ထိုးနေကြတာ ကြောက်စရာကြီးပါ။ ဒုတိယအချီမှာ Samingdam က တော်တော်သာတယ်။ မိုးထက်အောင်က ပတ်တံတောင်ရိုက်ချင်ပေမယ့် တိုင်မင်လွဲနေတယ်။ Samingdam ကပဲ ထိချက်အသာစီးယူနိုင်တယ်။ မာဂုဏ်ကြောင့်သာ မိုးထက်အောင်က အလဲထိုးမခံရတာပါ။
Samingdam ရဲ့ Head Movement ကိုပဲ ချီးကျူးချင်ပါတယ်။ မိုးထက်အောင်ရဲ့ အပိုင်လက်သီးတွေကို အေးဆေးရှောင်ပြတာပါ။ လက်သီးထိုးတာ အားလွန်နေတာမို့ အသာရှောင်နိုင်တာလည်း ပါတယ်။ ပြီးတော့ ဝိုက်လက်သီးနောက်မှာ ကပ်လာပါလာတဲ့ ပတ်တံတောင်ကိုလည်း အသာလေးရှောင်ပြသွားတယ်။ မိုးထက်အောင်ကလည်း ဝိုက်လက်သီးနဲ့ ပတ်တံတောင်ကို တွဲစပ်အသုံးပြုလွန်းတာမို့ မှတ်မိနေတယ်ထင်ပါတယ်။
တတိယအချီမှာလည်း Samingdam က ပိုကောင်းတယ်။ မိုးထက်အောင်က အတင်းပွဲဖြတ်ဖို့ ကြိုးစားပေမယ့် အရာမထင်ဘူး။ Samingdam က ချိန်ထိုးတဲ့ မိုးထက်အောင်ရဲ့ လက်သီးလမ်းကြောင်းကို တွက်ဆမိနေတာပါ။ လက်သီးလွဲရင် Spinning Back Fist လာတယ်။ အလွတ်ရနေတဲ့ Combo ကြီးပါ။ အမှတ်ပေးဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်လို့ ဆိုချင်ပါတယ်။

image