28 w - Translate

အရောင်စုံပိုက်တွေက ဘာအဓိပ္ပါယ်လဲ။

ပိုက်တွေမှာ အရောင်တွေပါပါတယ်။ အရောင်ပေါ်မူတည်ပြီး အသုံးပြုပုံတွေကလဲကွာခြားပါတယ်။

အနီရောင်ပိုက်တွေဟာ မြင့်မားတဲ့အပူချိန်ကို ခံနိုင်ရည် ရှိပါတယ်။

အပြာရောင်ကတော့ အပူနဲနဲပဲခံနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်ပါ။

အစိမ်းရောင်ကတော့ ကျန်းမာရေးမထိခိုက်နိုင်အောင်ပြုလုပ်ထားတာမို့ သောက်ရေလိုနေရာတွေမှာ သုံးပါတယ်။

အဝါရောင်ပိုက်ကိုတော့ ဓါတ်ငွေ့ သွယ်ရာမှာသုံပါတယ်။

dark color လို ခပ်မွဲမွဲ အရောင်ပိုက်တွေကတော့ ဖိအားများများခံနိုင်ပါတယ်။

အနက်ရောင်က နေရောင်အောက်မှာအသုံးပြုဖို့ဖြစ်ပြီး

မီးခိုးရောင်ကတော့ အဆိပ်လို အက်စစ်လို အရာတွေမှာသုံးရပါကြောင်း။

image

မန်ချက်စတာယူနိုက်တက်အသင်းနည်းပြရူဘင်အာမိုရင်က တကယ်လို့ ဒီဇန်ဝါရီကာလမှာအသင်းတိုက်စစ်ကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ အသင်းမပြောင်းရွှေ့ဘူးဆိုရင်တော့ အခွင့်အရေးပေးဖို့အဆင်သင့်ဖြစ်နေပေမဲ့ ကစားသမားအနေနဲ့ကိုယ့်ကိုကိုယ်ပြုပြင်ပြောင်းလဲရမှာဖြစ်ကြောင်းပြောဆိုလာခဲ့ပါတယ်။

အသက် ၂၇ နှစ်အရွယ်ကစားသမားဟာ ပြီးခဲ့တဲ့ဒီဇင်ဘာလကတည်းက အသင်းမှာမရှိတော့ဘဲ ပေါ်တူဂီနည်းပြကြီးအနေနဲ့အသင်းဆီဝင်ရောက်လာခဲ့ပြီးနောက်ပိုင်းမှာဖြစ်ပါတယ်။နည်းပြအနေနဲ့လည်းဒီတိုက်စစ်ကစားသမားကိုအသုံးပြုမှာမဟုတ်ကြောင်းထပ်ခါတလဲလဲပြောဆိုထားခဲ့တာကြောင့်ဒီစျေးကွက်ကာလမှာအသင်းကနေပြောင်းရွှေ့ဖို့ကောလဟာလသတင်းတွေထွက်ပေါ်စေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့လည်း အဆိုပါအဂ်လန်ကစားသမားအနေနဲ့ အသင်းကနေပြောင်းရွှေ့ထွက်ခွာမဲ့အရိပ်အယောင်မရှိဘဲ စိတ်ဝင်စားမှုတွေရှိနေပေမဲ့လည်းနောက်ဆုံးမှာတော့ အာမိုရင်အနေနဲ့ အခွင့်အရေးပေးဖို့အဆင်သင့်ဖြစ်နေကာ ကစားသမားအနေနဲ့ပြုပြင်ပြောင်းလဲဖို့သာလိုတယ်လို့ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

ငါတို့အသင်းနဲ့ကစားသမားရဲ့ပရိုဖိုင်ကိုကြည့်ကြည့်ရမယ်ဆိုရင် ရက်ရှ်ဖို့ဒ်ရဲ့ပုံရိပ်ရော အသင်းပါ ဒီထက်မကအများကြီးပိုကောင်းလာနိုင်ပေမဲ့ သူ့အနေနဲ့ပြုပြင်ပြောင်းလဲရုံပဲ့လုပ်ဆောင်ရပါမယ်။

တကယ်လို့သူ့အနေနဲ့ပြုပြင်ပြောင်းလဲနိုင်မယ်ဆိုရင်ငါတို့အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့အစွမ်းအစတွေကိုအသုံးချလို့ရပါတယ်။ဒါပေမဲ့လက်ရှိမှာတော့ ငါတို့စံချိန်စံနှုန်းတွေသတ်မှတ်ဖို့လိုအပ်ပါတယ်။ငါတို့အနေနဲ့မားကပ်စ်ကိုစောင့်နေပါတယ်။တကယ်လို့သူ့အနေနဲ့အခွင့်အရေးတကယ်လိုချင်ရင်တော့ဒီဟာက ကျနော့်နဲ့မားကပ်စ်ရဲ့ပုဂ္ဂိုလ်ရေးကိစ္စမဟုတ်တော့ပါဘူး။ဒါပေမဲ့လူတိုင်းစည်းမျဉ်းတခုတည်းအောက်မှာရှိရပါမယ်။

ကစားသမားအားလုံးဟာအတူတူပါပဲ့။ရက်ရှ်ဖို့ဒ်လည်းရွေးချယ်မခံခဲ့ရသလိုမျိုးပါပဲ့။ဒီဟာက ကျနော့်ရဲ့ရွေးချယ်စရာလမ်းကြောင်းဖြစ်ပါတယ်။သူလေ့ကျင့်မှုကောင်းကောင်းမလုပ်နိုင်တာဟာ ကျနော်သူ့ကိုပြောလို့ရတဲ့အရာဖြစ်ပါတယ်။ငါတို့မှာ မားကပ်စ်ရှိမယ်ဆိုရင်ဒီထက်ပိုကောင်းတဲ့အသင်းဖြစ်လာမှာဖြစ်ပြီးသူ့မှာအရည်အသွေးတွေရှိပါတယ်။ဒါပေမဲ့ မှန်ကန်လာမဲ့အချိန်ရောက်လာမှဖြစ်ပြီးဒီလိုမဟုတ်ရင်တော့ကျနော့်အနေနဲ့ပြောင်းလဲမှာမဟုတ်ဘူးလို့အာမိုရင်ကပြောဆိုခဲ့ပါတယ်။

#ဘောလုံးသတင်းစုံ

image

ပြည်ထောင်စုအစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်း၊ နိုင်ငံတော်ဝန်ကြီးချုပ်ရုံးဝန်ကြီးဌာနတစ်ခု ထပ်တိုးကာ ဒေါက်တာသက်သက်ခိုင် အပါအဝင် ဝန်ကြီး ၃ ဦး အနားပေး

ဇန်နဝါရီ ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်ကို ပိုမိုမြန်ဆန်ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရန်အလို့ငှာ ဖွဲ့စည်းပုံအခြေခံဥပ‌ဒေပုဒ်မ ၄၁၉ အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၈/၂၀၂၅) ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ကြောင်း ယနေ့တွင် ကြေညာထားသည်။

ယင်းကဲ့သို့ ဖွဲ့စည်းပြင်ဆင်ရာတွင် ယခင်က ဝန်ကြီးဌာန ၃၄ ခုသာ ရှိခဲ့ရာမှ ယခုပြင်ဆင်ဖွဲ့စည်းမှုတွင် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး ဝန်ကြီးဌာနတစ်ခုအား ထပ်မံတိုးကာ ဝန်ကြီးဌာန ၃၅ ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးဌာနအသစ် နိုင်ငံတော်ဝန်ကြီးချုပ်ရုံး၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးတင်အောင်စန်းက တာဝန်ယူမည်ဖြစ်သည်။

ထို့အတူ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်တို့အား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် တာဝန်မှအနားယူခွင့်ပြုလိုက်သည်။

သို့သော် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်အား နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးအား ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၉/၂၀၂၅) ဖြင့် ပြောင်းရွှေ့တာဝန်ပေးအပ်ခဲ့သည်။

အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ပြင်ဆင်ဖွဲ့စည်းလိုက်ပြီး (၁) ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဥက္ကဋ္ဌ)၊ (၂) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း (ဒုတိယဥက္ကဋ္ဌ)၊ (၃) ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး (အတွင်းရေးမှူး)၊ (၄) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး(တွဲဖက်အတွင်းရေးမှူး)၊ (၅) ဗိုလ်ချုပ်ကြီး မြထွန်းဦး (အဖွဲ့ဝင်)၊ (၆) ဗိုလ်ချုပ်ကြီး တင်အောင်စန်း(အဖွဲ့ဝင်)၊ (၇) ဗိုလ်ချုပ်ကြီး မောင်မောင်အေး(အဖွဲ့ဝင်)၊ (၈) ဗိုလ်ချုပ်ကြီး ညိုစော(အဖွဲ့ဝင်)၊ (၉) ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်(အဖွဲ့ဝင်)၊ (၁၀) ဦးဝဏ္ဏမောင်လွင်(အဖွဲ့ဝင်)၊ (၁၁) ဒေါ်ဒွဲဘူ(အဖွဲ့ဝင်)၊ (၁၂) (အဖွဲ့ဝင်)၊ ပိုးရယ်အောင်သိန်း(အဖွဲ့ဝင်)၊ (၁၃) မန်းငြိမ်းမောင်(အဖွဲ့ဝင်)၊ (၁၄) ဒေါက်တာ မှုထန်(အဖွဲ့ဝင်)၊ (၁၅) ဒေါက်တာ ဘရွှေ(အဖွဲ့ဝင်)၊ (၁၆) ခွန်စံလွင်(အဖွဲ့ဝင်) တို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။

ယခင်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှစ်ဦးဖြစ်သည့် ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်အား အနားပေးလိုက်ကာ ၎င်းတို့နှစ်ဦးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် (၁၅/ ၂၀၂၅) ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဗဟိုအကြံပေးအဖွဲ့ အဖွဲ့ဝင်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။

#centralnewsnaypyitaw

imageimage
+7
28 w - Translate

အားလုံးနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ ဖိုက်တာ မိသားစု ကားလေး ❤️

The Incredibles ( 2004 ) 📱
====================

ဇာတ်လမ်းကတော့ Mr.Incredibles က ပထမဆုံးအခန်းမှာ သူ့ကို အရမ်းကြိုက် အရမ်းလေးစားတဲ့ ကောင်လေး တစ်ယောက်ကို သူက ဂရုမစိုက်မိသလို ၊

သူ့နောက်လိုက်အဖြစ်လည်း လက်မခံတာကြောင့် နှစ်တွေကြာလာတဲ့အခါမှာ ပြန်ကလဲ့စားချေတာဖြစ်ပါတယ်။

ဇာတ်လမ်းကရှင်းပေမယ့် မိသားစု အကြောင်း၊ ဟီးရိုးအကြောင်း ဖြစ်တာကြောင့် အပျင်းပြေကြည့်လို့ကောင်းရုံတင်မ ဇာတ်လမ်း ဇာတ်အိမ်လည်း အရမ်းကောင်း ပါတယ်။

အက်ရှင်တွေလည်းကောင်းသလို စိတ်ဝင်စားစရာကောင်းအောင်လည်း ရိုက်ကူးထားနိုင်သလို ဒီနေ့အထိ ဘယ်လိုကြည့်ကြည့် မရိုးနိုင်ပါဘူး။

ဒီဘက်ခေတ် ကလေးတွေ လူငယ်တွေ အကြိုက်တွေ့မယ့် ကာတွန်းကားကောင်းလေးဖြစ်ပါတယ် ။

မိသားစု အတူတူကြည့်ဖို့ ကောင်းတဲ့ကား ဖြစ်ပြီး၊ ကြည့်သင့်တဲ့ကားကောင်း တစ်ကားပါ။

#crd
#storymode

image

ပြည်မြို့မှာ မြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက်ရေနစ်လို့ နှစ်ယောက်သေဆုံး

ဖေဖော်ဝါရီ ၁

ပဲခူးတိုင်း အနောက်ပိုင်း၊ပြည်မြို့မှာ ဇန်နဝါရီ ၃၁ ရက်နေ့က ဧရာဝတီမြစ်ထဲရေဆင်းကူးတဲ့ ကျောင်းသားသုံးယောက် ရေနစ်လို့ နှစ်ယောက်သေပြီး တယောက်သာအသက်ရှင်တယ်လို့ လူမှုကူညီရေးအဖွဲ့တွေက ပြောပါတယ်။

ဘောတံတားအနီး၊ဧရာဝတီမြစ်အတွင်းရေဆင်းကူးတဲ့ သုံးယောက်စလုံးက ကျောင်းသားတွေဖြစ်ပြီး သေဆုံးတဲ့အထဲမှာ ကိုးတန်းကျောင်းသားပါဝင်တယ်လို့သိရပါတယ်။

" ကလေးတွေကမနေ့ကမနက်ကတည်းက ကျောင်းမတက်ဘဲ မြစ်ဘေးမှာ ရေလာကူးနေကြတာ။သူတို့ အင်္ကျီတွေဘေးမှာ ခေါင်ရည်လိုမျိုးထည့်ထားတဲ့ဗူးတွေ့ရတယ်။ဆင်းတာတော့ကမ်းစပ်ကိုဆင်းကူးရင်းကနေ မြစ်ထဲမှာကသဲတွေစုပ်ထားတဲ့ စုပ်ခွက်တွေရှိတော့ အဲဒီထဲတွေရောက်သွားတာဖြစ်နိုင်တယ်။ တယောက်ပဲအသက်ရှင်တယ်။ နှစ်ယောက်ကတော့ဆုံးတယ်။၁နာရီကျော်မှာ ရုပ်အလောင်းတလောင်းတွေ့တယ်။၄နာရီမှာနောက်တလောက်တွေ့တယ်။" လို့ မြေပြင်ကူညီရေးလုပ်ခဲ့တဲ့ နှလုံးသားမေတ္တာရှင်လူငယ်များပရဟိတအဖွဲ့ဝင်က ပြောပြပါတယ်။

အဆိုပါ ရေဆင်းကူးတဲ့ကျောင်းသားသုံးယောက်လုံးက ပြည်မြို့ပေါ်ရှိ စကားတောင်ရပ်ကွက်နေထိုင်သူတွေဖြစ်ပြီး အသက် ၁၄ နှစ်နဲ့ ၁၆ နှစ်အရွယ်တွေဖြစ်တယ်လို့သိရပါတယ်။

လက်ရှိမှာတော့ အသက်ရှင်တဲ့ ကျောင်းသားကလေးကို သူရဲ့နေအိမ်ကို့ပို့ဆောင်ပေးထားပြီး သေဆုံးကျောင်းသားရုပ်အလောင်းတွေကိုတော့ ပြည်မြို့ဆေးရုံကြီးကိုပို့ဆောင်ထားတယ်လို့သိရပါတယ်။

၂၀၂၃ ခုနှစ်က ဧပြီလတုန်းကလည်း ပြည်မြို့ဧရာဝတီမြစ်အတွင်း ရေဆင်းကူးရာကနေ ကလေးအပါအဝင် လူသုံးယောက်ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

Photo - နှလုံးသားမေတ္တာရှင်

#သတင်းဟင်းလေးအိုးကြီး

image
image
image
image
28 w - Translate

စိတ်ကောင်းရှိသူနဲ့ ဆုံရတာဟာ
အရိပ်ကောင်းရှိတဲ့ သစ်ပင်ရိပ်မှာ
နားခိုလိုက်ရသလိုပါပဲ

#crd

image
28 w - Translate

ပျားရည်စစ်ရင် ချိုပါတယ်လို့ တံဆိပ်ကပ်ထားစရာမလိုပါဘူး။
သူ့ရဲ့ innate quality ကိုက ချိုတာပါ။

မွှေးတဲ့ပန်းတစ်ပွင့်ကလည်း
ကျွန်မမွှေးပါတယ်လို့ ပြောနေစရာမလိုပါဘူး။
ပျားပိတုန်းတွေက အလိုလိုလာတာပါ။

ကိုယ်ဘယ်လိုလူပါ၊ ကိုယ့်ရဲ့ qualities တွေက
ဘာပါဆိုတာကိုလည်း တမင်ကြေငြာနေစရာမလိုဘဲ
ကိုယ့်နာမည်ကြားတာနဲ့ ကိုယ့်ဂုဏ်သတင်းကြားတာနဲ့
ကိုယ်ကျင်လည်တဲ့အသိုင်းအဝိုင်းကလူတွေကြားထဲ
လေးစားမှုရအောင် တည်ဆောက်တဲ့ ပညာကို
Image Creation လို့ခေါ်ပါတယ်။

#crd

image

*လွတ်လပ်ခွင့်ကို သုံးစွဲရာ၌
ဒီမိုကရေစီနိုင်ငံများတွင် အကြောင်းကိစ္စ အမျိုးမျိုး အလို့ငှာ စုဖွဲ့ကြသည့် လူထု အစုအဖွဲ့ များစွာရှိ၏။
စက်ရုံအလုပ်ရုံ တစ်ခုမှ အလုပ်သမားတို့ အလုပ်ရှင်နှင့် ရင်ဆိုင်ရန် စုဖွဲ့တာမျိုး ရှိနိုင်၏။ လယ်သမားတို့ လယ်ယာထွက်ကုန်ပစ္စည်းမှ အကျိုး ခံစားခွင့် ပိုမိုရရှိအောင် စုစည်း လုပ်ကိုင်ကြတာမျိုး ရှိနိုင်၏။ အစိုးရဌာနကြီးများ သို့မဟုတ် ကုမ္ပဏီ လုပ်ငန်းကြီးများ၏ စီမံကိန်း တစ်စုံတစ်ရာကြောင့် မိမိတို့ ရပ်ရွာ ထိခိုက်နစ်နာသည်ကို လျော်ကြေး တောင်းရန်၊ စီမံကိန်း ရပ်ဆိုင်းသွားအောင် တားဆီးရန် စုဖွဲ့တာမျိုးလည်း ရှိနိုင်၏။
တစ်ခါတစ်ရံ အကြောင်းရပ် တစ်စုံတစ်ရာအတွက် ယုံကြည်ချက်တူသူ၊ ခံစားချက်တူသူ၊ အကျိုးတူလူတို့ စုဝေးကာ ကန့်ကွက်ခြင်း၊ ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခြင်း၊ ဆန္ဒပြခြင်းများ ပြုတာမျိုးလည်းရှိ၏။
အဲသည် အစုအဖွဲ့များ၊ စုဝေးပွဲများသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို အပေါ်လွင် အထင်ရှားဆုံး ကျင့်သုံး ဆောင်ရွက်သည့် နေရာများ အချိန်အခါများ ဖြစ်သည်။
အဲသည်လိုနေရာ-အချိန်အခါများတွင် ကိစ္စရပ်တစ်ခုနှင့် စပ်လျဉ်းသည့် မိမိတို့၏ သဘောဆန္ဒများ၊ ထင်မြင်ယူဆချက်များကို ထက်သန်တက်ကြွစွာ ပြောဆိုလေ့ရှိကြရာ၊ တစ်ခါတစ်ရံ၌ အဆိုပါ ပြောဆိုမှုတို့သည် လွတ်လပ်စွာ ပြောဆိုခွင့်၏ အတိုင်းအတာ နယ်နိမိတ်ကို ကျော်လွန်သွားသလား အငြင်းပွားဖွယ်ရာ ဖြစ်ရတတ်သည်။
ထိုအခါ ဘယ်ဟာသည် နယ်နိမိတ်လဲ ဆိုတာလည်း စဉ်းစားဖို့ လိုလာသည်။

ပျော်ရွှင်မှုကို ငွေနဲ့ ဝ" ယ်လို့ မရဘူး**
me :

image

Part-1
*မောင်သာနိုး(သို့မဟုတ်) ကျောက်ဆောက်က ကျောက်ဆောင်
(အပိုင်း- ၁)
သူနဲ့ ပတ်သက်လို့ ဆက်စပ်ရင်းနှီးခဲ့ရပုံကို ရေးရမယ်ဆိုရင် ဝေးတဲ့အကြောင်း (ဒူရေနိဒါန်း)၊ မနီးမဝေးအကြောင်း(အဝိဒူရေနိဒါန်း)၊ အနီးကပ်အကြောင်း(သန္တိကေ နိဒါန်း)များက စရလိမ့်မယ်ထင်တယ်။ သူတို့တွေ မန္တလေးတက္ကသိုလ် ကလောင် ရှင်များအဖြစ် လှုပ်ရှားသက်ဝင်လာချိန်မှာပဲ မိမိလည်း မန္တလေး(အမရပူရ)ကိုစာသင်သားကိုရင်အဖြစ် ရောက်ရှိခဲ့တာပါ။
ဒူရေနိဒါန်းဆိုတာကတော့-
မိမိတို့နယ်၊ သံလမ်းနှစ်ခုကြားလို့ခေါ်တဲ့ ပျော်ဘွယ်အနောက်လက် နတ်မောက်အရှေ့လက်ဒေသတစ်ဝိုက်မှာ တောရွာစာသင်တိုက်ကြီးအဖြစ် မန်ကျည်း ကုန်းကျောင်းရွာ ကျောင်းတိုက်မှာ ပညာသင်ကြားဖူးကြတာများပါတယ်။ အဲဒီ ဆရာတော်က ပါဠိသဒ္ဒါနဲ့ပတ်သက်လို့ “ကန်မြဲဇောင်းကျမ်းဆရာကြီး ဦးကြွက် (ဦးဂုဏလူထွက်)ဆီမှာ သင်ကြားခဲ့တာဖြစ်လို့” ကန်မြဲဇောင်းကျမ်းအနွယ်စဉ်ဆက် ဖြစ်ပါတယ်။
မန္တလေးစာသင်သွားတော့လည်း စစ်အတွင်းက မန်ကျည်းကုန်းကျောင်းရွာမှာ လာနေပြီး စာသင်ခဲ့ဖူးတဲ့ ဘုရားကြီးတိုက်၊ အမရပူရကျောင်းဆရာတော် ဘဒ္ဒန္တ ဥက္ကံသာဘိဝံသဆီ ဦးတည်ရောက်ကြရတာပါ။ အမရပူရ၊ တူမောင်းတိုက်ဆိုတာ စစ်မဖြစ်မီက ညဝါအကျော်တိုက်ကြီးအဖြစ် ထင်ရှားခဲ့ပြီး စစ်ကြီးနဲ့အတူ စာသင်တိုက် ပျက်သွားခဲ့ရာက မန်းရာပြည့်လွန် (၁၃၂၂-ခု)မှာ ဒုတိယအကြိမ် စာသင်တိုက် အဖြစ် အဲဒီအမရပူရကျောင်းကပဲ စာချရော စာသင်သားပါ ခွဲပိုပြီး စတင်ခဲ့တာပါ။ ဦးဆောင်စာချဆရာတော်က မန်ကျည်းကုန်းကျောင်းထွက်ဆရာတော်ဖြစ်လို့ မိမိတို့ စာသင်သားတွေလည်း တူမောင်းတိုက်ရောက်ကြပါတယ်။

#ဆက်ရန်ရှိ