ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ခရီးအရှည်ကြီးထွက်ဖို့ အိပ်မက်ရှိသလို
လူတစ်ယောက်ကိုလဲ နှစ်တွေအကြာကြီး
ချစ်သွားဖို့လဲ ဆန္ဒရှိပါတယ် ။ 💭
#စာတို
တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်
ဖေဖော်ဝါရီ ၁၁
တောင်ကြီးမြို့နယ်၊ တောင်နီရွာက ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင် မီးလောင်မှု ဒီနေ့မနက်ဖြစ်ပွားခဲ့ပြီး ဒီမီးလောင်မှုမှာ စက်သုံးဆီဆိုင်နဲ့အတူ ၁၂ ဘီးယာဥ်တစ်စီးလည်း လောင်ကျွမ်းပျက်စီးမှုဖြစ်ခဲ့ပါတယ်။
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ တောင်နီစံပြကျေးရွာ မြောက်ဘက်အထွက်ရှိ ဗိုလ်အောင်ဒင်စက်သုံးဆီဆိုင်မှာ ဒီနေ့မနက် ၁၀ နာရီခွဲဝန်းကျင်က မီးလောင်ကျွမ်းခဲ့တာဖြစ်ပြီး အဆိုပါ မီးလောင်မှုဖြစ်စဥ်မှာ ၁၂ ဘီးကားကတစ်ဆင့် မီးလောင်ကျွမ်းတာလို့လည်း ဖြစ်စဥ်ကို Live လွှင့်တဲ့ ဒေသခံတွေက ပြောဆိုတာကို တွေ့ရသလို ဒေသတွင်းသတင်းဌာနတွေကလည်း ဝါယာရှော့ခ်ကနေ မီးလောင်တာလို့ ရေးသားနေ့ကြပြီး ၁၂ ဘီးယာဥ်ပေါ်ကနေ ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်းဖြစ်ပေါ်ခဲ့တာကိုလည်း တွေ့ရပါတယ်။
တောင်နီရွာဟာ ရွှေညောင် – ရပ်စောက်သွားတဲ့လမ်းပေါ်မှာ တည်ရှိတဲ့ မိုင်းသော်(အရှေ့) ကျေးရွာအုပ်စုက လူ ၁၅၀၀၀ ခန့်နေထိုင်ရာ ရွာကြီးဖြစ်ပြီး လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှာတော့ ကနဦးမှာ ဆိုင်နဲ့ကားဟာ မီးတောက်တွေ၊ မီးခိုးလုံးတွေနဲ့ အဟုန်ပြင်းစွာလောင်ကျွမ်းနေတာ တွေ့ရပြီး ခဏအကြာမှာတော့ မီးသတ်ကားသုံးစီး ရောက်ရှိငြှိမ်းသတ်တာကြောင့် ပတ်ဝန်းကျင်နေအိမ်အများအပြား မီးကူးစက်မှုမရှိဘဲ ငြိမ်းသွားခဲ့တယ်လို့ သိရပါတယ်။
ဒီဖြစ်စဥ်မှာ လူထိမှုမရှိဘူးလို့လည်း သိရပြီး မီးလောင်ကျွမ်းမှု အသေးစိတ်ဖြစ်စဥ်နဲ့ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကိုတော့ တာဝန်ရှိသူတွေက စိစစ်တွက်ချက်နေဆဲလို့ သိရပါတယ်။
#centralnewsnaypyitaw




