Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
hee"
ငါ့အနေထားကြီးနဲ့ ချောကလက်မရလို့မဖြစ်ဘူး”)
Virgo ♍️, Scorpio ♏️, Gemini ♊️, Leo ♌️, Capricorn ♑️, Aquarius ♒️, Taurus ♉️
ချောကလက်ရရန် နှစ်ရှည်လများပလစ်ထားသူအားပြန်အဖတ် လုပ်နေရပုံ🥲
#lunatarot
ငါ့အနေထားကြီးနဲ့ ချောကလက်မရလို့မဖြစ်ဘူး”)
Virgo ♍️, Scorpio ♏️, Gemini ♊️, Leo ♌️, Capricorn ♑️, Aquarius ♒️, Taurus ♉️
ချောကလက်ရရန် နှစ်ရှည်လများပလစ်ထားသူအားပြန်အဖတ် လုပ်နေရပုံ🥲
#lunatarot
DeepSeek ကို ကျော်ကာ Alibaba ကို ရွေးချယ်ခဲ့တဲ့ Apple
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI ဝန်ဆောင်မှုတွေအတွက် တရုတ်ကုမ္ပဏီအချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ Alibaba ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။
ထူးခြားတာက လောလောဆယ် တအားဟော့နေတဲ့ DeepSeek ကို ကျော်ပြီး Alibaba ကို ရွေးခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ မနှစ်က ဒီဇင်ဘာတုန်းကလည်း Tencent, ByteDance, Baidu တို့နဲ့ ဆွေးနွေးခဲ့ပေမဲ့လည်း နောက်ဆုံးမှာ Alibaba ကိုသာ ရွေးချယ်ခဲ့တာပါ။
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI Feature တွေပါတဲ့ iPhone တွေကို ဖြန့်ချိနိုင်ဖို့ တရုတ်အစိုးရက ခွင့်ပြုပေးမယ့် AI ဝန်ဆောင်မှုမှဖြစ်တာကြောင့် အခုလို တရုတ်နည်းပညာကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရတာပါ။ ဒါကြောင့်လည်း အခုချိန်အထိ တရုတ်မှာ Apple intelligence ကို သုံးခွင့်မရှိသေးတာပါ။
လက်ရှိမှာတော့ Apple နဲ့ Alibaba တို့က ပူးပေါင်းဖန်တီးထားတဲ့ AI Feature တွေကို တရုတ်အင်တာနက် စီမံခန့်ခွဲရေးအဖွဲ့ဆီ သွင်းတင်အတည်ပြုလိုက်ပြီးလို့တော့ ဆိုပါတယ်။ ဆိုတော့ မကြာတော့တဲ့ အချိန်တစ်ခုမှာ တရုတ်နိုင်ငံမှာ Apple Intelligence ပါတဲ့ iPhone တွေကို သုံးနိုင်တော့မယ်လို့ ယူဆရပါတယ်။
Xiaomi သူဌေး တရုတ်အချမ်းသာဆုံး ၅ ဦးမှာ ပါဝင်လာ
ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာလာတဲ့ တရုတ်သူဌေးတွေထဲမှာ Xiaomi CEO ကလည်း အတော်လေးစားဖို့ကောင်းပါတယ်။
ဟူဘေးအစွန်အဖျားက ကျောင်းဆရာမိဘတွေကနေ လူဖြစ်လာပြီး ကမ္ဘာ့တတိယအကြီးဖုန်းကုမ္ပဏီကို ထောင်နိုင်ခဲ့တဲ့ လေဂျန်က အခု တရုတ်ရဲ့ ၅ ဦးမြောက် အချမ်းသာဆုံးနေရာ ရောက်လာပါတယ်။
လေဂျန်ကို မနှစ်နှစ်န်းက ဒေါ်လာ ၁၀.၉ ဘီလျံ ချမ်းသာတယ်လို့ Forbes က ထုတ်ပြန်ခဲ့ပါတယ်။ အခု Forbes ရဲ့ အစီရင်ခံစာမှာ လေဂျန်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၃၅.၃ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်မပြည့်ခင် ၃ ဆကျော်လောက် ချမ်းသာလာတာပါ။
Xiaomi ရှယ်ယာတန်ဖိုး ၁၂ လအတွင်း ၂၅၀% ခုန်တက်သွားတဲ့နောက် အခုလောက်အထိ တဟုန်းထိုး ချမ်းသာလာတာလို့ ဆိုပါတယ်။ Xiaomi ရဲ့ အမြတ်အစွန်းများတဲ့ တန်းမြင့်ဖုန်းတွေ ရောင်းအားပိုကောင်းလာတာလည်း တစ်ချက်ပါ။
ဒီထက်ပို စိတ်ဝင်စားဖို့ကောင်းတာက Xiaomi ရဲ့ EV ကားစီးပွားရေးသစ် ဖြစ်ပါလိမ့်မယ်။ မနှစ်က Xiaomi လျှပ်စစ်ကားတင်ပို့မှုက အစီးရေ ၁၃၅၀၀၀ ကျော် သွားခဲ့ပါတယ်။ EV ထဲ အခုမှ ဝင်လာတဲ့ Xiaomi ရဲ့ ကားစီးပွားရေးက ကြမ်းတယ်လို့ ပြောရမှာပါ။
ဒီနှစ် EV ကားရောင်းအားပစ်မှတ်ကို Xiaomi က မနှစ်ကထက် နှစ်ဆကျော်တင်ပြီး ကားအစီးရေ ၃ သိန်းအထိ တင်ပို့နိုင်ဖို့ မှန်းထားပြီး ရင်းနှီးမြှပ်နှံသူတွေကလည်း ဒီအပေါ် အကောင်းမြင်နေကြပါတယ်။ အခုလဆန်းပိုင်းကပဲ Xiaomi က သူ့ရဲ့ flagship EV မော်ဒယ် SU7 Ultra အစီးရေ ၁ သောင်း ရောင်းချဖို့ ပြင်နေတယ်လို့ ပြောထားပါတယ်။
တရုတ်သူဌေးလောကမှာ အချမ်းသာဆုံးက အဖျော်ယမကာလုပ်ငန်းကုမ္ပဏီ Nongfu Spring ပိုင်ရှင် ကျုံ ရှန်ရှန်းဖြစ်ပြီး ဒေါ်လာ ၅၄.၉ ဘီလျံ ချမ်းသာပါတယ်။ သူ့နောက်မှာ Tencent Holdings ဥက္ကဌ မာ ဟွားတန် ၊ ByteDance တည်ထောင်သူ ကျန်ယိမင်း နဲ့ PDD Holdings တည်ထောင်သူ ကောလင်းဟွမ်တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။