50 ပတ် - ဘာသာပြန်ပါ။

ARDE တံဆိပ်
Mirror Stand
Designအသစ်
#6012 ကြိတ်သားဘောင် Mirror Stand
price = 140000 ks
အလျား = 1'4"
အနံ = 1'3"
အမြင့် = 5'3"
ရန်ကုန်မြို့တွင်း ပို့ဆောင်ခမြို့နယ်အလိုက်ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
image
image
50 ပတ် - ဘာသာပြန်ပါ။

ဘီးပါကြည့်မှန်
အမြင့် ၄ပေ ၁၀လက်မ အနံ ၁၅ လက်မ
price = 80000 ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ ၄၀၀၀ ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
50 ပတ် - ဘာသာပြန်ပါ။

ဘီးပါကြည့်မှန်
အမြင့် ၄ပေ ၁၀လက်မ အနံ ၁၅ လက်မ
price = 80000 ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ ၄၀၀၀ ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

image
50 ပတ် - ဘာသာပြန်ပါ။

ဘီးပါကြည့်မှန်
အမြင့် ၄ပေ ၁၀လက်မ အနံ ၁၅ လက်မ
price = 80000 ks
ရန်ကုန်မြို့တွင်း ပို့ဆောင်ခ ၄၀၀၀ ကျသင့်ပါမယ်ရှင်။
ph : 09451825471
09776670303

imageimage
50 ပတ် - ဘာသာပြန်ပါ။

ဖေဖော်ဝါရီ 14မှာ ငါ့ညီမ၊အစ်မတွေပေးတဲ့ ချောကလက်တွေစားနေသော မိမိ

image
Khine Su Zin မျှဝေသည်။ ပို့စ်  
50 ပတ် - ဘာသာပြန်ပါ။

hee"

50 ပတ်

ငါ့အနေထားကြီးနဲ့ ချောကလက်မရလို့မဖြစ်ဘူး”)
Virgo ♍️, Scorpio ♏️, Gemini ♊️, Leo ♌️, Capricorn ♑️, Aquarius ♒️, Taurus ♉️
ချောကလက်ရရန် နှစ်ရှည်လများပလစ်ထားသူအားပြန်အဖတ် လုပ်နေရပုံ🥲

#lunatarot

50 ပတ် - ဘာသာပြန်ပါ။

ငါ့အနေထားကြီးနဲ့ ချောကလက်မရလို့မဖြစ်ဘူး”)
Virgo ♍️, Scorpio ♏️, Gemini ♊️, Leo ♌️, Capricorn ♑️, Aquarius ♒️, Taurus ♉️
ချောကလက်ရရန် နှစ်ရှည်လများပလစ်ထားသူအားပြန်အဖတ် လုပ်နေရပုံ🥲

#lunatarot

50 ပတ် - ဘာသာပြန်ပါ။

DeepSeek ကို ကျော်ကာ Alibaba ကို ရွေးချယ်ခဲ့တဲ့ Apple
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI ဝန်ဆောင်မှုတွေအတွက် တရုတ်ကုမ္ပဏီအချို့နဲ့ ဆွေးနွေးမှုတွေ လုပ်ခဲ့ရာမှာ Alibaba ကို ရွေးချယ်ခဲ့တယ်လို့ ဖော်ပြလာပါတယ်။
ထူးခြားတာက လောလောဆယ် တအားဟော့နေတဲ့ DeepSeek ကို ကျော်ပြီး Alibaba ကို ရွေးခဲ့တာဖြစ်ပါတယ်။ Apple အနေနဲ့ မနှစ်က ဒီဇင်ဘာတုန်းကလည်း Tencent, ByteDance, Baidu တို့နဲ့ ဆွေးနွေးခဲ့ပေမဲ့လည်း နောက်ဆုံးမှာ Alibaba ကိုသာ ရွေးချယ်ခဲ့တာပါ။
Apple အနေနဲ့ တရုတ်နိုင်ငံတွင်း AI Feature တွေပါတဲ့ iPhone တွေကို ဖြန့်ချိနိုင်ဖို့ တရုတ်အစိုးရက ခွင့်ပြုပေးမယ့် AI ဝန်ဆောင်မှုမှဖြစ်တာကြောင့် အခုလို တရုတ်နည်းပညာကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေရတာပါ။ ဒါကြောင့်လည်း အခုချိန်အထိ တရုတ်မှာ Apple intelligence ကို သုံးခွင့်မရှိသေးတာပါ။
လက်ရှိမှာတော့ Apple နဲ့ Alibaba တို့က ပူးပေါင်းဖန်တီးထားတဲ့ AI Feature တွေကို တရုတ်အင်တာနက် စီမံခန့်ခွဲရေးအဖွဲ့ဆီ သွင်းတင်အတည်ပြုလိုက်ပြီးလို့တော့ ဆိုပါတယ်။ ဆိုတော့ မကြာတော့တဲ့ အချိန်တစ်ခုမှာ တရုတ်နိုင်ငံမှာ Apple Intelligence ပါတဲ့ iPhone တွေကို သုံးနိုင်တော့မယ်လို့ ယူဆရပါတယ်။

image
50 ပတ် - ဘာသာပြန်ပါ။

Xiaomi သူဌေး တရုတ်အချမ်းသာဆုံး ၅ ဦးမှာ ပါဝင်လာ
ကိုယ့်ဒူးကိုယ်ချွန်နဲ့ ချမ်းသာလာတဲ့ တရုတ်သူဌေးတွေထဲမှာ Xiaomi CEO ကလည်း အတော်လေးစားဖို့ကောင်းပါတယ်။
ဟူဘေးအစွန်အဖျားက ကျောင်းဆရာမိဘတွေကနေ လူဖြစ်လာပြီး ကမ္ဘာ့တတိယအကြီးဖုန်းကုမ္ပဏီကို ထောင်နိုင်ခဲ့တဲ့ လေဂျန်က အခု တရုတ်ရဲ့ ၅ ဦးမြောက် အချမ်းသာဆုံးနေရာ ရောက်လာပါတယ်။
လေဂျန်ကို မနှစ်နှစ်န်းက ဒေါ်လာ ၁၀.၉ ဘီလျံ ချမ်းသာတယ်လို့ Forbes က ထုတ်ပြန်ခဲ့ပါတယ်။ အခု Forbes ရဲ့ အစီရင်ခံစာမှာ လေဂျန်ရဲ့ ကြွယ်ဝမှုက ဒေါ်လာ ၃၅.၃ ဘီလျံရှိတယ်လို့ ဆိုပါတယ်။ တစ်နှစ်မပြည့်ခင် ၃ ဆကျော်လောက် ချမ်းသာလာတာပါ။
Xiaomi ရှယ်ယာတန်ဖိုး ၁၂ လအတွင်း ၂၅၀% ခုန်တက်သွားတဲ့နောက် အခုလောက်အထိ တဟုန်းထိုး ချမ်းသာလာတာလို့ ဆိုပါတယ်။ Xiaomi ရဲ့ အမြတ်အစွန်းများတဲ့ တန်းမြင့်ဖုန်းတွေ ရောင်းအားပိုကောင်းလာတာလည်း တစ်ချက်ပါ။
ဒီထက်ပို စိတ်ဝင်စားဖို့ကောင်းတာက Xiaomi ရဲ့ EV ကားစီးပွားရေးသစ် ဖြစ်ပါလိမ့်မယ်။ မနှစ်က Xiaomi လျှပ်စစ်ကားတင်ပို့မှုက အစီးရေ ၁၃၅၀၀၀ ကျော် သွားခဲ့ပါတယ်။ EV ထဲ အခုမှ ဝင်လာတဲ့ Xiaomi ရဲ့ ကားစီးပွားရေးက ကြမ်းတယ်လို့ ပြောရမှာပါ။
ဒီနှစ် EV ကားရောင်းအားပစ်မှတ်ကို Xiaomi က မနှစ်ကထက် နှစ်ဆကျော်တင်ပြီး ကားအစီးရေ ၃ သိန်းအထိ တင်ပို့နိုင်ဖို့ မှန်းထားပြီး ရင်းနှီးမြှပ်နှံသူတွေကလည်း ဒီအပေါ် အကောင်းမြင်နေကြပါတယ်။ အခုလဆန်းပိုင်းကပဲ Xiaomi က သူ့ရဲ့ flagship EV မော်ဒယ် SU7 Ultra အစီးရေ ၁ သောင်း ရောင်းချဖို့ ပြင်နေတယ်လို့ ပြောထားပါတယ်။
တရုတ်သူဌေးလောကမှာ အချမ်းသာဆုံးက အဖျော်ယမကာလုပ်ငန်းကုမ္ပဏီ Nongfu Spring ပိုင်ရှင် ကျုံ ရှန်ရှန်းဖြစ်ပြီး ဒေါ်လာ ၅၄.၉ ဘီလျံ ချမ်းသာပါတယ်။ သူ့နောက်မှာ Tencent Holdings ဥက္ကဌ မာ ဟွားတန် ၊ ByteDance တည်ထောင်သူ ကျန်ယိမင်း နဲ့ PDD Holdings တည်ထောင်သူ ကောလင်းဟွမ်တို့က အစဉ်အတိုင်း ရပ်တည်နေပါတယ်။

image
50 ပတ် - ဘာသာပြန်ပါ။

ဘူတန်မှာ Starlink ရပြီလို့ အီလွန်မတ်စ် ကြေညာ
တောင်တန်းတွေအကြားက ပျော်ရွှင်ခြင်းနိုင်ငံတော့ Starlink ဂြိုလ်တုအင်တာနက် ရသွားပါပြီ။
အီလွန်မတ်စ်ကိုယ်တိုင် ဖေဖော်ဝါရီ ၁၁ ရက်နေ့က X မှာ ကြေညာသွားတာပါ။ တောင်ကုန်းတောင်တန်းတွေ တင်းကြမ်းနဲ့ သွားလာရခက်တဲ့ ဘူတန်လို နိုင်ငံမှာ ရိုးရိုး အင်တာနက်လိုင်း ဆွဲဖို့က စိန်ခေါ်မှု ရှိပါတယ်။
ဒါကြောင့်ပဲ ကမ္ဘာ့အပြင်ကနေ ဂြိုလ်တုနဲ့အင်တာနက်ပေးတဲ့ Starlink က အလုပ်ဖြစ်မှာပါ။ Starlink ရဲ့ မြန်နှုန်းမြင့်ပြီး လိုင်းကြန့်ကြာမှု နည်းတဲ့ အင်တာနက်ဝန်ဆောင်မှုက ဘူတန်ရဲ့ ပညာရေး ၊ ကျန်းမာရေး ၊ ဆက်သွယ်မှု ၊ ကုန်သွယ်‌ရေးနဲ့ ဒီဂျစ်တယ်ဖွံ့ဖြိုးမှုတွေကို သိသိသာသာ အကျိုးပြုပါလိမ့်မယ်။
တစ်ခု ရှိတာက Starlink အင်တာနက်က လိုင်းကောင်းသလို ဈေးလည်း မြောက်လို့ လူတိုင်းသုံးနိုင်ဖို့တော့ အခက်အခဲ ရှိနိုင်ပါတယ်။ Starlink plan ကလည်း ဘတ်ဂျက်သက်သာတဲ့ အိမ်သုံး Lite plan ကနေ လိုင်းဆွဲအားမြင့် ပရီမီယမ်သုံး Mobile Priority Plan အထိ ၅ မျိုး ထွက်ပါတယ်။
ဈေးအသက်သာဆုံး အိမ်သုံး Residential Lite Plan ကို တစ်လ ဘူတန်ငွေကြေး ၃၀၀၀ (မြန်မာငွေ ၁ သိန်းခွဲကျော်) ကနေ 220Mbps အထိ ရမယ့် မြန်နှုန်းမြင့် ပရီမီယမ် Mobile Priority က Data အလိုက် တစ်လ ဘူတန်ငွေ ၂၁၀၀၀ ကနေ ၂၁ သိန်းအထိ ရှိပါတယ်။
တပ်ဆင်ခစရိတ်အနေနဲ့ Standard Kits ဘူတန်ငွေ ၃၃၀၀၀ , Flat High-performance Kit ၂၃၁၀၀၀ နဲ့ Mini Starlink Kit ၁၇၀၀၀ အပြင် ပို့ဆောင်စရိတ်ပါ ကျခံရမှာပါ။ စရိတ်မြင့်ပေမယ့် အင်တာနက်ကောင်းကောင်း သုံးခွင့်ရရင် လူနေမှုဘဝတွေ ဒီထက်ပို တိုးတက်လာမှာကိုလည်း မျှော်လင့်ရမှာပါ။

image